ကိုယ်ဝန်ဆောင်တို့ သတိပြုကာကွယ်စရာ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် လမစေ့ကလေးမွေးဖွားခြင်း

ကိုယ်ဝန်ဆောင်တို့ သတိပြုကာကွယ်စရာ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် လမစေ့ကလေးမွေးဖွားခြင်း

မိခင်နှင့်က​လေးကျန်းမာ​ရေးအတွက်အ​ကောင်းဆုံးဖြစ်​အောင်ပြင်ဆင်​စီစဥ်​ရေးဆွဲခြင်း

​လမစေ့ဘဲကလေးမွေးဖွားခြင်းကိုဖြစ်စေသည့်အ​ကြောင်းအရင်းများ

ကိုယ်ဝန်ဆိပ်တက်ခြင်းနဲ့အန္တရာယ်ရှိသည့်ကိုယ်ဝန်အတွေ့အကြုံများနဲ့ပတ်သက်ပြီး မိဘများရဲ့ အတွေ့အကြုံပြန်လည်ဝေမျှပြောကြားမှု

Prevent Preeclampsia and Preterm Birth

မိခင်တစ်ယောက်ဖြစ်တဲ့ Ms.Rinnada Jindaraဟာ ကိုယ်ဝန်ဆောင်နေစဉ်အ တွင်း သားအိမ်ထဲမှာ ၁၀ စင်တီမီတာလောက်ရှိတဲ့ အကျိတ်အဖု တစ်လုံးကို ဆရာဝန်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကိုယ်ဝန်ဆိပ်တက်ခြင်းနဲ့ လမစေ့ဘဲမွေးဖွားနိုင်တဲ့ အန္တရာယ်ကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက် သူမမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိနေတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများလာသလို သားအိမ်နဲ့အချင်းအတွင်း သွေးစီးဆင်းမှု လျော့နည်းခြင်းကြောင့် မွေးဖွားလာမယ့်ကလေးဟာ သာမန် အရွယ်အစားထက် သေးငယ်နေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမရဲ့ သားအိမ်ခေါင်းဟာလည်း တိုနေတာကြောင့် ကိုယ်ဝန်ပျက်ကျခြင်း(Miscarriage) (သို့) လမစေ့ဘဲမွေးဖွားခြင်း ဖြစ်စေနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒီအခက်အခဲကိုသူမဘယ်လိုကျော်ဖြတ်ခဲ့ပါသလဲဆိုတာ နားထောင်ကြည့် ကြပါမယ်။ Ms.Rinnada ရဲ့ အတွေ့အကြုံဝေမျှမှုကိုနားဆင်ဖို့ကလစ်နှိပ်ပါ။

Prevent Preeclampsia and Preterm Birth

အချင်းတစ်ခုတည်းသာရှိပြီးတစ်နေရာထဲမှာ အမြွှာကိုယ်ဝန်တည်ခဲ့တဲ့ Mr.Nito တို့ ဇနီးမောင်နှံကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးခဲ့ပါတယ်။ ဒီလိုမျိုးပြဿနာဟာ ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့် တကယ်တမ်းမှာ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို တိတိကျကျသိတဲ့ အထူးကုဆရာဝန်ရှာဖွေဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ သာမန်အားဖြင့် အမြွှာကိုယ်ဝန် များကို အန္တရာယ်ရှိတဲ့ ကိုယ်ဝန်များအဖြစ် သတ်မှတ်ထားကြပြီး Mr.Nito Lim ရဲ့ ဇနီးဟာ အချင်းတစ်ခုတည်းသာရှိကာ တစ်နေရာထဲမှာအမြွှာကိုယ်ဝန်(MCMA) တည်ခဲ့တာကြောင့် အန္တရာယ်ပိုများလာခဲ့ပြီး အထူးသဖြင့် ချက်ကြိုးပတ်ခြင်း (Umbilical Cord Entanglement)   ဖြစ်နိုင်ခြေရှိခဲ့ပါတယ်။  ဒီအခြေအနေဟာ ဂရုတစိုက်စောင့်ကြည့်ခြင်းမရှိဘူးဆိုရင် အန္တရာယ်ရှိတဲ့ ကိုယ်ဝန်အဆင့်ကနေ အမြွှာကလေးနှစ်ယောက်လုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အထိ ဖြစ်သွားနိုင်ပါ တယ်။ Mr.Nito Lim တို့ ဇနီးမောင်နှံဟာ ကမ္ဘောဒီးယားကနေ ထိုင်းအထိရောက်လာပြီး ဆစ်မီတဝေ့ဆရာဝန်နဲ့ တိုင်ပင်ကုသမှုမလုပ်ခင် ဆေးရုံပေါင်းမြောက်များစွာမှာ ဆွေးနွေးတိုင်ပင်ဖို့ ဆရာဝန်ရှာဖွေခဲ့ရတဲ့ အတွေ့အကြုံများကိုလည်း မျှဝေပေးခဲ့ပါတယ်။ Monochorionic-Monoamniotic twins (MCMA) အမြွှာကိုယ်ဝန်ဆောင်ခဲ့ရတဲ့ Mr.Nito Lim တို့ ဇနီးမောင်နှံရဲ့ အတွေ့အကြုံများကို သိရဖို့ဒီနေရာမှာကလစ်နှိပ်ပါ။

3P Concept ဖြင့် လမစေ့ကလေးမွေးဖွားမှုကိုကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်ချိန် (၃၇) ပတ်မတိုင်ခင် မွေးဖွားခြင်းကို လမစေ့ကလေးမွေးဖွားခြင်း(Preterm Birth) လို့သတ်မှတ်ထားပါတယ်။ လမစေ့ဘဲမွေးဖွားမယ်ဆိုရင် မွေးကင်းစအချိန်မှာသေဆုံးခြင်းဖြစ်နိုင်တဲ့ အပြင် ကလေးအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(Respiratory Disease) ဖြစ်နိုင်ခြေမြင့်မားခြင်း ၊ ဦးနှောက်သွေးယိုခြင်း(Brain Hemorrhage) ၊ အူနှင့်ဆ်ိုင်သောရောဂါပြဿနာများ ၊ အမြင်အာရုံဆုံးရှုံးခြင်း(Blindness) နဲ့ ဖွံ့ဖြိုးမှုနှေးကွေးခြင်း လိုမျိုး ကာလတို ကာလရှည် ရောဂါပြဿနာတွေရှိလာနိုင်ပါတယ်။

လမစေ့ဘဲကလေးမွေးခြင်းရာဇဝင်ရှိဖူးသူများ ၊ သားအိမ်အလျားတိုခြင်း ၊ အမြွှာကိုယ်ဝန်ဆောင်ခြင်း ၊ ဆီးချို သွေးတိုး စတဲ့ရောဂါပြဿနာများ ဟာ လမစေ့ဘဲကလေးမွေးခြင်းကို ဖြစ်စေနိုင်တဲ့ ဆက်စပ် အကြောင်းအရင်း များပဲဖြစ်ပါတယ်။

ကြိုတင်ခန့်မှန်းခြင်း(Prediction ) ၊ ကာကွယ်ခြင်း(Prevention) နဲ့ ကျန်းမာရေး အသိပညာမြှင့်တင် ခြင်း(Promotion) ဆိုတဲ့ 3P Concept နဲ့ လမစေ့ကလေး မွေးဖွားခြင်းအန္တရာယ်ကို (၅၀) ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါ တယ်။ (WHOရဲ့ ရည်မှန်းချက်နဲ့နှိုင်းယှဉ်မှုအရ)

ပိုမိုလေ့လာရန် ဒီနေရာကို နှိပ်ပါ။

คลอดก่อนกำหนด

ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့်လမစေ့ကလေးမွေးဖွားမှု ကာကွယ်ဖို့အတွက် ကူညီပေးနေတဲ့ ဆစ်မီတဝေ့ဆေးရုံမှအထူးကုဆရာဝန်ကြီးများ

Assoc. Prof. Boonsri Chanrachakul, M.D., PhD, MSc ( ဆေးဘက်ဆိုင်ရာ မျိုးရိုးဗီဇ​ဆေးပညာ) ဟာ မိခင်နှင့်သန္ဓေသားဆိုင်ရာဆေးပညာအထူးပြု သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်တစ်ဦးဖြစ်သလို ကိုယ်ဝန်ဆိပ်တက်ခြင်းနဲ့ လမစေ့ကလေးမွေးဖွားမှု ကာကွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဆရာဝန်ကြီး လည်းဖြစ်ပါတယ်။ သူဟာ အန္တရာယ်ရှိတဲ့ကိုယ်ဝန်သည်များအတွက် 3P Concept ကိုအသုံးပြုပြီး လမစေ့ ကလေးမွေးဖွားမှု ကာကွယ်ရေးအတွက် နည်းလမ်းတစ်ခုကို သုတေသနပြု တီထွင်ခဲ့သူလည်း ဖြစ်သလို ထိုင်းန်ိုင်ရဲ့ အကြီးဆုံးကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ ဖြစ်တဲ့ Bangkok Dusit Medical Services ရဲ့ ၂၀၁၈ ခုနှစ် Annual Meeting မှာ Winning Research Award ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဆေးပညာနယ်ပယ်မှာ နှစ်ပေါင်း(၂၀)ကျော်ဝါရင့်အတွေ့အကြုံများနဲ့အတူ  Assoc. Prof. Boonsri Chanrachakul, M.D., PhD, MSc (ဆေးဘက်ဆိုင်ရာမျိုးရိုးဗီဇ​ဆေးပညာ) ဟာ သုတေသန စာတမ်းပေါင်းများစွာ ပြုစုခဲ့ပြီး ပြည်တွင်းပြည်ပ ကျန်းမာရေးဂျာနယ် ပေါင်းများစွာမှာရေးသားထုတ်ဝေခဲ့သလို လန်ဒန်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ကမ္ဘာ့မိခင်နှင့်မွေးကင်းစကလေးဆေးပညာညီလာခံ ၊  ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် မိခင်နှင့်သန္ဓေသားဆေးပညာ ဆရာဝန် များညီလာခံ “ အကောင်းဆုံးမိခင်နှင့်သန္ဓေသားကျန်းမာရေး အတွက်ပူး ပေါင်းလုပ်ဆောင်ခြင်း ”  ၊ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပခဲ့တဲ့ (၁၀) က်ြိမ်မြောက် သားဖွားနှင့်မီးယပ်ပညာအမျိုးသားညီလာခံ စသည့် အခမ်းအနားများမှာ ကထိက အဖြစ် ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

Assoc. Prof. Boonsri Chanrachakul, M.D., PhD, MSc (ဆေးဘက်ဆိုင်ရာမျိုးရိုးဗီဇ​ဆေးပညာ) ဟာ ကိုယ်ဝန်ဆောင်မိခင်များရဲ့  စိုးရိမ်ပူပန်မှုနဲ့လိုအပ်ချက်များကို ကောင်းစွာ နားလည် သဘောပေါက်ပြီး မိခင်နှင့်သန္ဓေသားကျန်းမာရေး စောင့်ရှောက်မှုကို အထူး ဂရုပြုအလေးထား ပါတယ်။ ဒါ့အပြင် သူဟာ  အကောင်းမွန်ဆုံးသော ခေတ်မီနည်းပညာများ ၊  ဆေးပညာကျွမ်းကျင်နှံ့စပ်မှု ၊ လမစေ့ကလေးမွေးဖွားမှု ကိုကာကွယ်လျှော့ချနိုင်ရန်သာမက မိခင်နှင့်ကလေး အတွက် လုံခြုံစိတ်ချရမှုနဲ့ ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့များရဲ့ တိကျတဲ့ရောဂါရှာဖွေမှုများ ကို တစ်စိုက်မတ်မတ် ကြိုးစားလုပ်ဆောင် ခဲ့ပါတယ်။

 
Thewin Dejthevaporn, M.D.
မိခင်နှင့်သန္ဓေသားဆိုင်ရာဆေးပညာအထူးပြု သားဖွားနှင့်မီးယပ်ရောဂါအထူးကုဆရာဝန်ကြီး
Bonkoch Naraphut, M.D.
မိခင်နှင့်သန္ဓေသားဆိုင်ရာဆေးပညာအထူးပြု သားဖွားနှင့်မီးယပ်ရောဂါအထူးကုဆရာဝန်ကြီး
Assist. Prof. Patama Promsonthi, M.D.
မိခင်နှင့်သန္ဓေသားဆိုင်ရာဆေးပညာအထူးပြု သားဖွားနှင့်မီးယပ်ရောဂါအထူးကုဆရာဝန်ကြီး
Anyarin Preechapornprasert, M.D.
မိခင်နှင့်သန္ဓေသားဆိုင်ရာဆေးပညာအထူးပြု သားဖွားနှင့်မီးယပ်ရောဂါအထူးကုဆရာဝန်ကြီး
Chantarat Suratanakavikul, M.D.
မိခင်နှင့်သန္ဓေသားဆိုင်ရာဆေးပညာအထူးပြု သားဖွားနှင့်မီးယပ်ရောဂါအထူးကုဆရာဝန်ကြီး

 

ဘန်ကောက်မှာကလေးမွေးဖို့စီစဉ်ထားတဲ့မေမေတို့အတွက်သိမှတ်စရာများ

စုံတွဲများကို ကလေးယူဖို့ပြောလိုက်တာနဲ့ သူတို့စိတ်ထဲမှာ ရိုလာကိုစတာစီး သလို ရင်ဖိုလှိုက်မောခံစားမှု ဖြစ်သွားတတ်ကြပါတယ်။ ဒီလိုမျိုး  ဧရာမအဖြစ်အ ပျက်ကြီးဟာ သူတို့ဘဝကို ထာဝရပြောင်းလဲသွားစေမှာပါ။ ကိုယ်ဝန်ရှိနေပြီလို့ကြားလိုက်ရတာနဲ့ ဝမ်းပန်းတသာအောင်ပွဲခံမှုနဲ့ အတူ ကိုယ့်ရင်သွေးရတနာလေးအတွက် အကောင်းဆုံးဖြစ်စေဖို့ ဘာတွေဘယ်လို လုပ်ရမလဲ ဆိုတာကိုပါ စပြီး စီစဉ်ရတော့မှာပါ။ အဆင်ပြေချောမွေ့စွာ ကျန်းမာသန်စွမ်းတဲ့ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့စောင့်ရှောက်မှုများ ၊ တိကျသေချာတဲ့ ဂရုတစိုက် စောင့်ကြည့်မှုများနဲ့ အတူ ယခုပဲ စတင်လုပ်ဆောင်လိုက်ကြပါလို့ စုံတွဲမောင်နှံများကို အကြံပြုပြောကြားလိုပါတယ်။

International Accreditation and award

 

အဆင့်သတ်မှတ်ချက်
မှတ်ပုံတင်ရန်

မှတ်ပုံတင်ပြီးသားလား။