ဆေးရုံသို့လာရောက်စဉ်ကာလအတွင်း

ဆစ်မီတဝေ့မှာဆေးရုံတက်ရောက်နေချိန် ရရှိနိုင်မယ့်ဝန်ဆောင်မှုများ

ဆစ်မီတဝေ့.နိုင်ငံတကာဆေးရုံကြီးမှာ လူကြီးမင်းတို့ တက်ရောက်ကုသနေစဉ်အတွင်း ပိုပြီးသက်သောင့်သက်သာ ရှိစေဖို့ ရွေးချယ်စရာအခန်းအမျိုးအစား အစုံအလင်ရှိပါတယ်။ ဒါမှမဟုတ် လူကြီးမင်းနဲ့ လူကြီးမင်းရဲ့မိသားစုဟာ ဘန်ကောက်မှာ ရှိတဲ့ ဟိုတယ်များထဲမှ တစ်ခုမှာ တည်းခိုဖို့ စိတ်ကူးရှိကောင်းရှိပါလိမ့်မယ်။ လူကြီးမင်းတို့အကုန်အကျခံနိုင်တဲ့ ငွေကြေးပမာဏအလိုက် သင့်လျော်တဲ့ဟိုတယ်များဟာ ဆေးရုံအနီးအနားမှာတင် ရှိတာကြောင့် အဆင်ပြေသလို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ လူကြီးမင်းဟာ ရပ်ဝေးကနေလာခဲ့ရတယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေသိရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ ပြည်ပလူနာဌာနခွဲ မှာ မေးမြန်းစုံစမ်းလို့ရပါတယ်။

လူကြီးမင်းတို့အိမ်မှာကျန်နေခဲ့တဲ့ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ အခမဲ့အသုံးပြုနိုင်တဲ့ အင်တာနက် နဲ့ ဖုန်းများကို အခန်းတိုင်းမှာ ထားရှိပေးပါတယ်။ လူနာနဲ့ဆရာဝန်ကြား မည်သည့်ဘာသာစကားနဲ့မဆို ထိထိရောက်ရောက်ေြ ပာဆိုနိုင်ဖို့ အခမဲ့စကားပြန်ဝန်ဆောင်မှု ကိုလည်း စီစဉ်ပေးထားပါတယ်။ လူနာများအနေနဲ့ ဆေးရုံရဲ့ စားသောက်ဆိုင်များနဲ့ စျေးဆိုင်များ မှာ စိတ်တိုင်းကျဝယ်ယူစားသောက်နိုင်ပါသေးတယ်။