ကျွန်တော်တို့ရဲ့ လူနာများအားကြိုဆိုပါတယ်

 

အကောင်းဆုံးသော ကုသစောင့်ရှောက်မှုကို  သင့်တို့ရဲ့ ယခုလက်ရှိဆေးကုသချိန်မှာ ပေးစွမ်းနိုင်ရန်အတွက် အကျိုးသက်ရောက်မှုရှိနိုင်တဲ့ ယခင်ဆေးဝါးကုသမှု မှတ်တမ်းများကို သင့်ရဲ့ဆရာဝန်များက သိရှိနေဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့လိုအပ်တဲ့ သတင်းအချက်အလက်များအားလုံးကို သေချာစွာ လက်ခံရရှိစေဖို့အတွက် လူနာများကို ဆေးရုံတက်ရန်စာရင်းပေးသွင်းချိန်တွင် ယခင် ဆေးဝါးကုသမှု မှတ်တမ်းများကို ယူဆောင်လာရန် သတိပေးပြောကြားထားပါတယ်။ ယခင်ဆေးဝါးကုသမှုမှတ်တမ်းများ၏ မိတ္တူများ၊ သို့မဟုတ် ဓာတ်ပုံများ ၏ scan များ ပါဝင်သော CD-ROM များ ပါဝင်နိုင်ပါတယ်။

 

ကြိုတင်၍ ဖုန်းနှင့်ဖြစ်စေ E-Mail နှင့်ဖြစ်စေ ဆွေးနွေးတိုင်ပင်ချင်သော လူနာများအတွက် ချိန်းဆိုထားချိန်မတိုင်မှီ မိမိတို့၏ ဆေးဝါးကုသမှုမှတ်တမ်းအသေးစိပ်ကို ကြိုတင်အကြောင်းကြားထားရန် လိုအပ်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ထားခြင်းက ကျွန်တော်တို့ရဲ့ ဆရာဝန်များကို သင့်ကိုကုသချိန်မှာ များစွာအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။

 

ဒီအပိုင်းအတွင်းမှာ သင်တို့လာရောက်ချိန်ရဲ့ အဆင့်အားလုံးအတွက် ကူညီနိုင်တဲ့ အချက်အလက်တွေကို လာရောက်ကုသဖို့ ပြင်ဆင်ခြင်း၊ Samitivej တွင် လာရောက် ဆေးကုသစဉ် နဲ့ အိမ်ပြန်ဖို့ ပြင်ဆင်ခြင်း ကဏ္ဍတွေမှာ ကျွန်တော်တို့မျှဝေပေးထားပါတယ်။