ကျွန်ုပ်တို့၏ မျှော်မှန်းချက်၊ တာဝန် နှင့်

အရှေ့တောင်အာရှ၏ JCI အသိအမှတ်ပြုဆေးရုံတစ်ရုံအနေဖြင့်
အောက်ဖော်ပြပါ မျှော်မှန်းချက်၊ တာဝန် နှင့် တန်ဖိုးထားမှုများ ကို ထိန်းသိမ်းလိုက်နာရန် ကတိကဝတ်များ ရှိပါသည်။

မျှော်မှန်းချက်

ထိုင်းနိုင်ငံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို ဦးဆောင်ရန်။ လူနာများအတွက် အပြည့်စုံဆုံး ဆေးကုသမှုစောင့်ရှောက်မှုပေးရေးအစွမ်းကုန်ကြိုးပမ်းရန်။ ဆရာဝန်များအတွက် နောက်ဆုံးပေါ် နည်းပညာများနှင့် လုပ်ငန်းတာဝန်များ၊ အကောင်းဆုံးဆောင်ရွက်နိုင်ရန်လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ ပံ့ပိုးမှုပေးရန်။

“ ကျွန်ုပ်တို့ဝန်ထမ်းများအပေါ်တွင် တရားမျှတစွာ ပြုမူဆက်ဆံရေးနှင့် အပြုသဘောဆောင်သည့် လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ပေးရေးတို့အတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိကြောင်း လေးနက်စွာ ကတိသစ္စာပြုပါသည်။ ”

နောက်ဆုံးအချက်အနေဖြင့် ကျွန်ုပ်တို့၏ တော်တည့်ဖြောင့်မတ်မှု ၊ ဒေသခံပြည်သူများနှင့် တစ်သားတည်းဖြစ်မှု၊ လူမှုတာဝန်သိလုပ်ငန်းဆောင်ရွက်ချက်များမြှင့်တင်မှုများ အတွက် ဆောင်ရွက်သွားရန် ကတိပြုပါသည်။

ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ

ဆစ်မီတဝေ့ဆေးရုံသည် လူတိုင်း၏ အသက်ကိုတန်ဖိုးထားပါသည်။ လူနာနှင့် မိသားစုများ၏ အခြေခံအခွင့်အရေးများကို လေးစားစွာအသိအမှတ်ပြုလက်ခံပြီး ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်အညီ ကုသမှုပေးပါသည်။ လူနာများ၏ ကုသမှုနှင့် စပ်လျှဉ်းသည့် အတွင်းရေးများကိုလည်း အထူးထိန်းသိမ်းလျှို့ဝှက်ပေးထားမှာဖြစ်ပါသည်။ ကုသရာတွင် ကြုံတွေ့လာနိုင်သည့် အဆင်မပြေမှု များကို အနည်းဆုံးသို့ လျှော့ချနိုင်ရန် နှင့် ပြုစုကုသမှုအဆင့်အတန်းကို အမြင့်ဆုံးသို့ မြှင့်တင်ပေး နိုင်ရန် ရည်ရွယ်ထားပါသည်။ မိမိတို့အနေဖြင့် လူ့ဘဝ၏ အဖိုးတန်မှုကို အပြည့်အဝ နားလည်မှုရှိပြီး ကုသမှုဆုံးဖြတ်ချက်များကိုလည်း စာနာမှု၊ တာဝန်ယူမှုများနှင့်အတူ လူနာ၏ သဘောတူညီချက်ကို ရယူပြီးမှ ကုသမှုပေးမည်ဖြစ်ပါသည်။ ကျွန်ပ်တို့၏ ပန်းတိုင်မှာ လူဘဝများ၊ လူနာများနှင့် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးပင် ဖြစ်ပါသည်။ “ ဆစ်မီတဝေ့က အားလုံးကို စေတနာအမှန်ဖြင့် အရေးထားသည့်အတွက် ကူညီမှုများ ပေးပါရစေ” ဟု တောင်းဆို အပ်ပါသည်။