ပွင့်လင်းမြင်သာမှု နှင့် ဆေးမှတ်တမ်းများ ရယူနိုင်မှု

လူနာတိုင်း၏ ပြီးပြည့်စုံသော ဆေးမှတ်တမ်း မိတ္တူများ
ကို ဆစ်မီတဝေ့မှ ဝမ်းမြောက်စွာဖြင့် ပေးအပ်ပါမည်။

လူနာများရဲ့ဆေးကုသမှုမှတ်တမ်းထုတ်ယူခြင်း

လိုအပ်တဲ့အချက်အလက်များကို စီစဉ်နိုင်ဖို့ လူကြီးမင်းတို့ဆေးကုသမှုမှတ်တမ်းထုတ်ယူရာမှာ (၇)ရက်မှ (၁၀) ရက် ကြိုပြီး လျှောက်ထားဖို့ အကြံပေးချင်ပါတယ်။ လူကြီးမင်းအနေနဲ့ ဆေးကုသမှုမှတ်တမ်းသဘောတူညီချက်ဖြည့်သွင်းရမည်ဖြစ်ပြီး ပတ်စပို့စ်(သို့မဟုတ်) ဓာတ်ပုံပါတဲ့ အထောက်အထားတစ်ခုရဲ့မိတ္ထူကို ကျွန်တော်တို့ဆီပေးပို့ ဖို့ လိုပါတယ်။

အတွင်းလူနာများရဲ့လတ်တလော
ဆေးကုသမှုမှတ်တမ်းထုတ်ယူခြင်း

ဆစ်မီတဝေ့ဆေးရုံမှာ တက်ရောက်တဲ့ အတွင်းလူနာတွေအတွက် သက်ဆိုင်ရာဆေးကုသမှုမှတ်တမ်းအားလုံးကို ဆေးရုံမဆင်း ခင်ရရှိနိုင်အောင် သေချာစီစဉ်ပေးထားပါတယ်။ ဒါပေမယ့် လူကြီးမင်းအနေနဲ့ ဆေးကုသမှုမှတ်တမ်းထုတ်ယူဖို့ ဆေးရုံစတက် တဲ့ နေ့မှာ တောင်းဆိုရမှာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ဘက်က ကုသမှုအချက်အလက်အားလုံးစုစည်းပြင်ဆင်ဖို့ အချိန်ရမှာဖြစ်ပါတယ်။

ပုံရိပ်ဓာတ်မှန်မှတ်တမ်းများကိုထုတ်ယူခြင်း

ကျွန်တော်တို့အနေနဲ့ ဆစ်မီတဝေ့မှာ ရိုက်ယူခဲ့တဲ့ X-Ray ဓာတ်မှန်(သို့မဟုတ်) ပုံရိပ်ဓာတ်မှန်များကို electronic file များ နဲ့ ပြည်လည်ထုတ်ပေးလျက်ရှိပါတယ်။ လူကြီးမင်းအနေနဲ့ ပုံရိပ်ဓာတ်မှန်မိတ္ထူများကို တခြားအသုံးပြုမှုများအတွက် ထုတ်ယူချင် တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ တောင်းယူနိုင်ပါတယ်။ ပုံရိပ်ဓာတ်မှန် များကို CD-Rom ထဲ ထည့်သွင်းပေးမှာဖြစ်ပြီး လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်သလို စာတိုက်ကနေလည်း ပို့ပေးပါတယ်။ ပုံရိပ်ဓာတ်မှန် မှတ်တမ်း တွေကို E-Mail နဲ့ ပို့လို့မရတာကို သတိပြုစေလိုပါတယ်။

တကယ်လို့တစ်စုံတစ်ရာကြောင့် မိမိတို့ရဲ့ ကျန်းမာရေးမှတ်တမ်းများကို ကိုယ့်နိုင်ငံအရောက် ပြန်လည်ပို့ပေးစေချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Email Correspondence Team မှတစ်ဆင့် မေးမြန်းပြီး ကျွန်တော်တို့နဲ့ဆက်သွယ်ချင်တယ်ဆိုရင် အောက်ပါအီးမေးလ်ကိုဆက်သွယ်ပါ ။ info@samitivej.co.th.