အချိန်မရွေးအသုံးပြုနိုင်သည့်ဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှု

အင်တာနက်အသုံးပြုမှု

ကျွန်တော်တို့ရဲ့ လူနာများအနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိတ်ဆွေများ၊ မိသားစုများ၊ ချစ်ခင်ရသူများနဲ့ အဆက်အသွယ်မပြတ်စေဖို့ လူကြီးမင်းတို့ တက်ရောက်ကုသနေချိန်အတွင်း အခမဲ့ အင်တာနက်အသုံးပြုခွင့်ကို စီစဉ်ပေးထားပါတယ်။ အင်တာနက်အသုံးပြုဖို့အတွက် လိုအပ်တဲ့ username နဲ့ password ကို Customer Service ကောင်တာ မှာ မေးမြန်းရယူနိုင်ပါတယ်။

တယ်လီဖုန်းခေါ်ဆိုမှု

လူနာဆီ ဖုန်းနဲ့ဆက်သွယ်မယ်ဆိုရင် လူနာတက်ရောက်နေတဲ့ ဆေးရုံရဲ့ အဓိကနံပါတ်ကို လွယ်လွယ်ကူကူ ခေါ်ဆိုလိုက်ရုံပါပဲ။ လူနာအခန်းကိုခေါ်ဆိုဖို့ ဆေးရုံဝန်ထမ်းနဲ့ ဖုန်းပြောတဲ့အချိန်မှာ လူနာရဲ့ First Name နဲ့ Last Name ကို ပြောပြပေးဖို့တော့လိုပါတယ်။ ဆစ်မီတဝေ့ဆေးရုံများရဲ့ ဖုန်းနံပါတ်များကို အောက်မှာဖော်ပြထားပေးပါတယ်။

Samitivej Sukhumvit Hospital

+66 (0) 2022-2222

Samitivej Srinakarin Hospital

+66 (0) 2022-2222

Samitivej Thonburi Hospital

+66 (0) 2438-9000

ဆစ်မီတဝေ့ ကလေးဆေးရုံကြီး

+66 (0) 2022-2222

Samitivej Sriracha Hospital

+66 (0) 3832-0300

Samitivej Chonburi Hospital

+66 (0) 3303-8888

Samitivej Chinatown Hospital

+66 (0) 2118-7888

ဆေးရုံမှာတပ်ဆင်ထားတဲ့တယ်လီဖုန်းများဟာ ပြည်တွင်းဖုန်းခေါ်ဆိုမှုသာမက နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေကိုပါ ပြုလုပ်နိုင် ပါတယ်။ ပြည်တွင်းဖုန်းခေါ်ဆိုမှု(သို့) နိုင်ငံတကာဖုန်းခေါ်ဆိုမှု အတွက် လူနာများအနေနဲ့ အော်ပရေတာနံပါတ် သုည ကို နှိပ်ပြီး အကူအညီရယူနိုင်ပါတယ်။ ပြည်တွင်းနဲ့နိုင်ငံတကာဖုန်းခေါ်ဆိုမှု နှစ်ခုလုံးအတွက် အခကြေးငွေပေးရမည်ကို လူနာများ သိထားရမှာဖြစ်ပါတယ်။