ကျွန်ုပ်တို့ ၏ဆရာဝန်များ

ကျွန်ုပ်တို့ ရည်ရွယ်ထားသည့်

ဆရာဝန်များအဖွဲ့

“ဆရာဝန်များကို အကောင်းဆုံးလေ့ကျင့်ပျိုးထောင်ခြင်းသည်သာ အောင်မြင်မှု၏သော့ချက်”
ဆိုသည့်မူကို ဆစ်မီတဝေ့က ကိုင်စွဲထားပါသည်။
တစ်တိုင်းပြည်လုံးရှိ အတော်ဆုံး ဆေးကုသမှုပါရဂူများကို တစ်စုတစ်ဝေးတည်းခေါ်ယူပြီး နှစ်ပေါင်းများစွာ ပြည်တွင်း(ထိုင်းနိုင်ငံ)နှင့် ပြည်ပနိုင်ငံများမှ ရရှိလာသည့် လက်တွေ့အတွေ့အကြုံများဖြင့် ပေါင်းစည်းစေကာ မိမိအလုပ်ထဲမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားတတ်သော ကုသရေးအဖွဲ့များအဖြစ် စုစည်းပေးထားပါသည်။ အမှုကိစ္စ ကြီးသည် ငယ်သည်မဟူ ကျွန်ုပ်တို့ ဆရာဝန်များမှ ကူညီရန် အသင့် ရှိပါသည်။

ခွဲစိတ်အဖွဲ့

ကျွန်ုပ်တို့၏ ဆရာဝန်များသည် ပြည်တွင်းဘွဲ့များသာမက ခွဲစိတ်အထူးကုအများစုတွင် အမေရိကန်ခွဲစိတ်ကုဘုတ်အဖွဲ့(ABS)နှင့် ဥရောပ ခွဲစိတ်ကုသမှု အရည်အချင်းမြင့်မားရေး ဘုတ်အဖွဲ့(EBSQ) တို့မှ အသိအမှတ်ပြုလက်မှတ် ရထားသူများဖြစ်ကြပါသည်။ ဆရာဝန်များအားလုံးသည် လက်တွေ့အောင်မြင်မှုမှတ်တမ်းများစွာကို ပိုင်ဆိုင်ထားကြပြီး သက်ဆိုင်ရာ အထူးပြုနယ်ပယ်များတွင် အတွေ့အကြုံ မြောက်မြားစွာလည်း ရရှိထားသူများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့ ခွဲစိတ်ကုသရေးအဖွဲ့အနေဖြင့်
လူနာများအတွက် တတ်နိုင်သမျှ အကောင်းဆုံး ကုသမှုများကို
ပေးအပ်သွားမည်ဖြစ်ကြောင်း
အာမခံပါသည်။

ကျွန်ုပ်တို့၏ ခွဲစိတ်ကုသမှုပါရဂူများသည် ထိခိုက်မှုအနည်းဆုံးခွဲစိတ်ကုသမှု (MIS) မျိုးစုံတွင်လည်း ကျွမ်းကျင်သူများဖြစ်သလို ထိုခွဲစိတ်မှုအားလုံးမှာလည်း ခွဲစိတ်ပြီး(နာလန်ထချိန်) နေကောင်းနှုန်း မြန်ဆန်သည့်အတွက် လူနာကိုအိမ်စောစောပြန်နိုင်စေရန် များစွာအထောက်အကူပြုပါသည်။

ကလေးကုသမှုအဖွဲ့

မိဘတိုင်းသည် ၎င်းတို့၏ ရင်သွေးငယ်များအတွက် အကောင်းဆုံးကိုသာ လိုချင်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ကလေးအထူးကုများကလည်း ကလေးများ၏ ကြီးထွားမှုအဆင့်တိုင်းကို စောင့်ကြည့်နေကြပါသည်။ ပထမတန်းစား ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေး ဝန်ဆောင်မှု နှင့် မွေးကင်းစကလေးစောင့်ရှောက်မှု များမှသည် အဆင့်မြင့် မွေးကင်းစ အလွန် ကလေးစောင့်ရှောက်မှု များအထိ ကလေးတစ်ဦးချင်းစီ အတွက် JCI အသိအမှတ်ပြုအဆင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိအောင် ကူညီပေးနေကြပါသည်။ ထို အဆင့်အတန်းနှင့် ပြည့်စုံမှုကြောင့်လည်း ဆစ်မီတဝေ့ဆေးရုံ သည် ကမ္ဘာတစ်ဝန်း ထင်ရှားကျော်ကြားနေခြင်းပင် ဖြစ်ပါတော့သည်။

ကျွန်ုပ်တို့၏ ကလေးကုသမှုအဖွဲ့တွင် ကျန်းမာရေးအခြေအနေမျိုးစုံ အတွက် အတွေ့အကြုံများစွာ ရှိသော ဆေးဘက်ဆိုင်ရာအထူးကု ဆရာဝန်များနှင့် ခွဲစိတ်ကုသမှု ပါရဂူများပါဝင်ပါသည်။ ကလေးတစ်ယောက်အတွက် ရှင်းလင်းလွယ်ကူသည့် နှစ်စဉ်ပုံမှန် ကျန်းမာရေး စစ်ဆေးမှုမျိုးမှသည် ခက်ခဲရှုပ်ထွေးသောအရိုးတွင်းခြင်ဆီလဲလှယ်ကုသရမည့်အခြေအနေမျိုးအထိ ပြုလုပ်ပေးရန် ကျွန်ုပ်တို့ ဆရာဝန်များအဖွဲ့က အမြဲ အသင့်ရှိနေပါသည်။

အမျိုးသမီးများအတွက် ကျန်းမာရေးအဖွဲ့

ဆစ်မီတဝေ့သည် အမျိုးသမီးများကျန်းမာရေးကို အမြဲဦးစားပေးအဆင့်အဖြစ် သတ်မှတ်ထားပါသည်။ အချို့ကိစ္စများမှာ အမျိုးသားဆရာဝန်ဖြင့် ဆွေးနွေးရန် မသင့်တော်သည်ကိုလည်း သဘောပေါက် နားလည်ထားပါသည်။ ထို့ကြောင့် ဘဝတစ်လျှောက်လုံးတွင်ကြုံတွေ့လာနိုင်သည့် မတူကွဲပြားသော ကျန်းမာရေးအခြေအနေ များကို သုံးသပ် ဆုံးဖြတ်နိုင်သည့် ကျွမ်းကျင်သော အမျိုးသမီးဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဉ်ပေးထားပါသည်။ မျိုးဆက်ပွားကျန်းမာရေး၊ ရင်သားကင်ဆာနှင့် နိစ္စဓူဝ အမျိုးသမီးဘဝ ကျန်းမာရေး ပြဿနာများအတွက် ကျွန်ုပ်တို့ အမျိုးသမီးကျန်းမာရေးအဖွဲ့က အမြဲအဆင်သင့်ရှိနေပါသည်။