သတင်းအချက်အလက်များ
ဘန်ကောက်ဒူးဆစ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ကြီး(BDMS)၏ မိတ်ဖက်များဖြစ်သည့် ဆစ်မီတဝေ့ဆေးရုံများအားလုံးသည် ပုဂ္ဂလိကဆေးရုံများအုပ်စုကို ဦးဆောင်လျက်ရှိပြီး ထိုင်းနိုင်ငံနဲ့ အာဆီယံ ဒေသနှစ်ခုစလုံးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိနေပါသည်။ ပထမဆုံး ဆစ်မီတဝေ့ဆေးရုံကို ၁၉၇၉ခုနှစ် ဇွန်လက တည်ထောင်ခဲ့ပါသည်။ ဆစ်မီတဝေ့ရဲ့ ပင်မမှာ ဆစ်မီတဝေးဆူခွန်ဗစ်ဆေးရုံဖြစ်ပြီး ဆူခွန်ဗစ် ဆွိုင် ၄၉ ဘန်ကောက်မှာ ရှိပါသည်။
ယခုလက်ရှိ ထိုင်းနိုင်ငံရဲ့ဆစ်မီတဝေ့ဆေးရုံများ အုပ်စုမှာ ဆေးရုံ (၇) ရုံ ရှိပါသည်။
ဆစ်မီတဝေ့ဆေးရုံကြီးသည် အကောင်းဆုံးစောင့်ရှောက်ကုသမှု နှင့် တီထွင်စမ်းသပ်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ခဲ့သည့် နှစ်ကာလများကား ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်တွင် ဆေးရုံကြီး၏ဂုဏ်သတင်းမွှေးပျံ့မှုများအတွက် WHO နှင့် UNICEF တို့မှ ပေးအပ်သော မိခင်နှင့်ကလေးဆိုင်ရာ ကုသမှုအဆင်အပြေဆုံး အထူးကုဆေးရုံကြီး အဖြစ် အသိအမှတ်ပြု ဆုကို ထိုင်းနိုင်ငံအတွက် ပထမဆုံး ရရှိသည့် ဆေးရုံကြီးတစ်ခုလည်း ဖြစ်ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်မှ ပေးအပ်သည့် ကျန်းမာရေးဝန်ဆောင်မှု အများဆုံးပေးနိုင်မှု အသိအမှတ်ပြုဆု၊ ထိုင်းနိုင်ငံ ဆေးရုံများအဖွဲ့၏ တရားဝင်အသိအမှတ်ပြုစာလွှာ နှင့် JCI အသိအမှတ်ပြု လက်မှတ်များလည်း ပါဝင်ပါသည်။ ဆစ်မီတဝေ့ဆေးရုံသည် ဂျပန်နိုင်ငံ၊ ဂျပန်ကောင်စီ၏ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု အသိအမှတ်ပြုလက်မှတ်(JCQHC)ကိုလည်း ဂျပန်ပြင်ပ နိုင်ငံများထဲမှ ပထမဆုံး ရရှိထားသည့် ဆေးရုံလည်းဖြစ်ပါသည်။ Medical Travel Quality Alliance (MTQUA) ကလည်း ဆစ်မီတဝေ့ဆေးရုံကြီး ကို ကျန်းမာရေး ခရီးသွားလုပ်ငန်းများအတွက် အာရှအကောင်းဆုံးဆေးရုံကြီးအဖြစ် အသိအမှတ်ပြုထားခဲ့ပါသည်။
ပြည်သူများအနေဖြင့်မူ ကျွန်ုပ်တို့နှင့် ခဏခဏ မဆုံတွေ့ရခြင်းသည်သာ အကောင်းဆုံးဖြစ်မည် ဟု ယူဆပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိမှုများကို ဖေါ်ထုတ်ပြီး နောက်ပိုင်းနာမကျန်းဖြစ်လာနိုင်ချေများကိုပါ ကာကွယ်နိုင်မည့် နည်းပညာများ တီထွင်ကြံဆမှုများ စသည့် ကဏ္ဍများတွင် များစွာ အာရုံစိုက်နှစ်မြှုပ်ထားပါသည်။ ကျွန်ုပ်တို့နှင့် တွေ့ဆုံဖို့ နည်းနိုင်သမျှ အနည်းဆုံး ဖြစ်ရန် ဆုတောင်းပါသည်။ ဆိုလိုသည်မှာ မည်သူမျှ နာမကျန်းမဖြစ်လျှင် အကောင်းဆုံး ဟု ဆန္ဒပြုနေမိပါသည်။
ဆစ်မီတဝေ့၏ ဆေးဘက်ဆိုင်ရာအသစ်တီထွင်မှုများကို အသုံးချလျက် ခန္ဓာကိုယ်တွင်း တွင် လျှို့ဝှက်စွာ ပုန်းလျှိုးခိုအောင်းနေသည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို မည်ကဲ့သို့ ရှာဖွေဖော်ထုတ်ကာကွယ် ပေးနိုင်ခဲ့သည့် ဆိုသည့် အကြောင်းအရာများကို အောက်ပါများ link များမှတစ်ဆင့် အသေးစိတ် ဆက်လက် ဖတ်ရှုသွားနိုင်ပါသည်။
• “ဗီဇကောင်းလေ ကျန်းမာရေးကောင်းလေ” ဆိုသည်ကို ဖော်ထုတ်ပေးလိုက်သည့် တိကျသောဆေးပညာ ဆက်လက်ဖတ်ရှုရန်
• Narrow Band Imaging (NBI)နည်းပညာ : အဆင့်မြင့် အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့် နည်းစနစ်သစ်ဖြင့် ကင်ဆာဖြစ်နိုင်ချေရှိသော အသားပိုအလုံးများကို ကင်ဆာရောဂါအဆင့်မရောက်မီ ယခင်ထက် ၂ ဆ ပိုမို စောစီးစွာ ဖော်ထုတ်နိုင်ရန်အတွက် ဆာနိုဆေးရုံ - ဂျပန် နှင့် ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ။ ဆက်လက်ဖတ်ရှုရန်
• မွေးကင်းစမှအရွယ်ရောက်သည်အထိ ကလေးများအတွက် ကုသမှုနှင့်ကြိုတင်ကာကွယ်မှုဆိုင်ရာ ပြုစုစောင့်ရှောက်မှုများအတွက် ကမ္ဘာ့အကောင်းဆုံးကလေးဆေးရုံဖြစ်သည့် ဒေါန်းဘီချာကလေးဆေးရုံ (ယူအက်စ်) နှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖတ်ရှုရန်
၁၉၇၉ ခုနှစ်က တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံအထင်ကရဦးဆောင်ဆေးရုံ အုပ်စုတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆူခွန်ဗစ် ဆွိုင် ၄၉ တွင်တည်ရှိပြီး အရှေ့တောင်အာရှ ဦးဆောင် ပုဂ္ဂလိက ဆေးရုံများ အသိအမှတ်ပြု ဆေးရုံတစ်ခုဖြစ်ပါသည်။ ဘန်ကောက်မြို့လယ်တွင်တည်ရှိပြီး အထူးကု ၄၀၀ ကျော် နှင့် ၂၇၅ ကုတင် ဆံ့ တတိယအဆင့်အထိ ကုသပေးနိုင်သော ဆေးရုံ တစ်ခုဖြစ်ပါသည်။ စစ်ဆေးမှုနှင့်ကုသမှုများအတွက်နောက်ဆုံးပေါ်နည်းပညာနှင့် ကိရိယာများ ဖြည့်ဆည်းပေးထားသည့်အပြင် အထူးလေ့ကျင့်ပေးထားပြီး အတွေ့အကြုံများစွာရှိသည့် ဆေးဘက် ဆိုင်ရာအတတ်ပညာရှင်အဖွဲ့များကြောင့် ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံကြီးကို ဘန်ကောက်ဌာနေများ၊ ထိုင်းနိုင်ငံနေ နိုင်ငံခြားသားများနှင့် တိုးတက်များပြားလာသည့် ကမ္ဘာတစ်ဝန်းမှ ဆေးကုသမည့်ခရီးသွားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အဓိကရွေးချယ်ခံရသည့် ဆေးရုံတစ်ရုံလည်း ဖြစ်ပါသည်။ ဘာသာစကားမျိုးစုံ ပြောဆိုဆက်ဆံနိုင်သည့် ဝန်ထမ်းအင်အားများလည်း ရှိ၍ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုများဖြစ်သည့် စကားပြန်လုပ်ငန်းများနှင့် လူဝန်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စများတွင် ကူညီထောက်ပံ့နိုင်မှုများ စသည့်အတွက်လည်း ဆေးရုံအနေဖြင့် များစွာ ဂုဏ်ယူနေမိပါသည်။ ထို့ပြင် ဂျပန်လူမျိုးများအတွက် တစ်ထိုင်တည်း ဝန်ဆောင်မှုပေးနိုင်မည့် သီးသန့်ဂျပန်ဆေးဘက်ဆိုင်ရာ စင်တာတစ်ခုလည်းထားရှိပေးထားပါသည်။
ကုတင်၄၀၀ ဆံ့ ဆေးရုံဖြစ်ပြီး ဆေးပညာရှင် ၅၀၀ ပါဝင်သည့် ကျွမ်းကျင်အဖွဲ့ပါရှိပါသည်။ ကုသရေးဆိုင်ရာ ဝန်ဆောင်မှုမျိုးစုံကို ထိုင်းနှင့်နိုင်ငံခြားသားများအတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဘန်ကောက်အရှေ့ပိုင်းနှင့် လက်တစ်ကမ်းအကွာအဝေးမှာတည်ရှိပြီး ပတ်ဝန်းကျင်မှာလည်း လျင်မြန်စွာ ဖွံဖြိုးတိုးတက်လျက် ရှိနေပါသည်။ ဆစ်မီတဝေ့ဆေးခန်းထားရှိရာ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးတွင်ဖြစ်ပါသည်။
ဆစ်မီတဝေ့ ကလေးဆေးရုံသည် ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံကြီး နှင့် ဆစ်မီတဝေ့ဆရီနာကရင်ဆေးရုံနှစ်ရုံလုံးမှာ ဌာနခွဲနှစ်ခုရှိပြီး နှစ်ရုံလုံးတွင် ၁၅၀ ကျော်သော ဆေးပညာအထူးကုအဖွဲ့များက ကလေးကျန်းမာရေးဆိုင်ရာ ကုသမှုမျိုးစုံကို ဆောင်ရွက်ပေးနေပါသည်။ ကလေးရောဂါမျိုးစုံအတွက် ပြီးပြည့်စုံသည့် တတိယအဆင့် အထိ ကုသပေးနိုင်သောဆေးရုံဖြစ်သည်နှင့်အညီ ဆေးကုသမှုနှင့်ခွဲစိတ်ကုသမှုများကိုအပြည့်အဝ အထူးပြုကုသပေးလျက် ရှိနေပါသည်။ ကလေးဆေးရုံနှစ်ရုံစလုံးတွင် ကလေးများကုသစောင့်ရှောက်ရေးအထူးပြု နောက်ဆုံးပေါ် နည်းပညာများပါဝင်သည့် “မွေးစမှ တစ်လသားများအတွက် မွေးကင်းစအထူးကြပ်မတ်ဆောင်”(NICU) နှင့် “တစ်လအထက် ကလေးလူနာများအတွက် ကလေးအထူးကြပ်မတ်ကုသဆောင်” (PICU)၊ ဦးနှောက်၊ ဆီးနှင့် ဆီးလမ်းကြောင်း၊ နှလုံးခွဲစိတ်မှုများစသည့်တို့အတွက် ကလေးခွဲစိတ်ကုသဆောင် များရှိပါသည်။ အရှုပ်ထွေးဆုံး ကလေးကျန်းမာရေး ဆိုးရွားမှုအခြေအနေများအတွက် လေကြောင်းလူနာလွှဲပြောင်းမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဘန်ကောက်အရှေ့ဘက် ၁၁၀ ကီလိုမီတာအကွာတွင်ရှိသည့် ၁၈၄ ကုတင်ဆံ့ဆေးရုံဖြစ်ပါသည်။ လမ်ချဘမ် စက်မှု့ဇုံနှင့် ပတ္တရားအပန်းဖြေမြို့တော်တို့မှ ဌာနေများ၊ နိုင်ငံခြားသားများ နှင့် ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါသည်။ ထို့ပြင် ဆစ်မီတဝေ့ ဆရီရာချာဆေးရုံတွင် ဂျပန်လူမျိုးများအတွက် သီးသန့် ဂျပန် ဌာနခွဲ တစ်ခုဖွင့်ထားပြီး ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို တစ်ထိုင်တည်းအပြီးပေးသည့် စနစ်ဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
ကုတင်၁၀၀ ဆံ့ဆေးရုံဖြစ်ပြီး ရင်သားရောဂါဆိုင်ရာ၊ ဓါတ်မတည့်မှုရောဂါဆိုင်ရာ၊ အရိုး အကြော၊ မျက်စိ နှင့် လေဆာကုသမှုဘက်ဆိုင်ရာစင်တာများအများဆုံးထားရှိပေးသည့် ဆေးရုံတစ်ခုဖြစ်ပါသည်။ ဘန်ကောက်မြို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအပေါင်း စုံလင်သည့် နေရာတွင်တည်ရှိပြီး သွားလာရေး လွယ်ကူသည့် BTS Skytrain ဘူတာရုံများနှင့်လည်း နီးစပ်သည့်အတွက် အဆင်ပြေစွာ သွားလာနိုင်သည့် အားသာချက်များ ရှိပါသည်။
လူနာကုတင် 181 လုံးရှိပြီး စံသတ်မှတ်ထားသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ချွန်ဘူရီဒေသအတွက် ဦးဆောင်မှုပေးဆောင်ရွက်နေသည့် ဆေးရုံတစ်ခုဖြစ်ပါသည်။ ဆေးရုံတွင် အတွင်းလူနာဌာန၊ အထူးကြပ်မတ်ကုသရေးဌာန၊ ထိခိုက်မှုနှင့် အရေးပေါ်ဌာနများရှိသကဲ့သို့ အမျိုးမျိုးသောရောဂါများအတွက်ဆေးကုသမှု မျိုးစုံပေးနိုင်သည့်သီးခြားပြင်ပလူနာဌာန တစ်ခုလည်း ရှိပါသည်။
လူနာကုတင်၃၁ လုံးရှိပြီး ဘန်ကောက်ရဲ့ နာမည်ကျော် ချိုင်းနားတောင်း နှင့်ကပ်လျက် Yoawarat တွင် တည်ရှိပါသည်။ ဌာနေများနှင့် နိုင်ငံခြားသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆေးရုံ၏ ကျွမ်းကျင်သောဆရာဝန်များ၊ အထူးကျွမ်းကျင်သူနာပြုများ နှင့် ပညာရပ်နယ်ပယ်ပေါင်းစုံမှ ပါရဂူများက တာဝန်ယူဆောင်ရွက်ပေးလျက် ရှိပါသည်။ ဆေးရုံကို နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာနည်းပညာများဖြင့် ဖြည့်ဆည်းထားပြီး မျက်စိကုသမှု၊ ကိုယ်ကာယနှင့် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ကုသမှုနယ်ပယ်များသာမက ထိခိုက်ဒဏ်ရာနှင့် အရေးပေါ်ကုသမှုများတွင်ပါ အဆင့်မြင့် ကုသပြုစုမှုပေးနိုင်ခြင်း စသည်တို့ကြောင့် ကျော်ကြားမှု ဂုဏ်ဒြပ်များစွာကိုလည်း ရရှိပိုင်ဆိုင်ထားပါသည်။
ဆစ်မီတဝေ့အနေဖြင့် ထိုင်းနိုင်ငံပြင်ပကုသရေးအဖြစ် - မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဆေးခန်းတစ်ခန်း ဖွင့်လှစ်ထားရှိပါသည်။
ဆစ်မီတဝေ့အနေဖြင့် လူနာများအတွက် အဆင့်အမြင့်ဆုံးနှင့် ဘေးအန္တရာယ်အကင်းဆုံး ပြုစုကုသမှု များ ယခုထက်ပိုမို ဆထက်ထမ်းပို ပေးဆပ်နိုင်ရေးအတွက် ဆက်လက်ပြီး တည်ထွင်ဆန်းသစ်မှုများနှင့် ကြိုးပမ်းဆောင်ရွက်မှုများ ကို စဉ်ဆက်မပြတ် ပြုလုပ်နေမည်ဖြစ်ပါသည်။