စီးဖွားဖက်များ

လုပ်ဖေါ်ကိုင်ဖက်များ

လက်တွဲလုပ်ဆောင်ကြခြင်း

ဆစ်မီတဝေ့ အတိုင်ပင်ခံဆရာဝန်များနှင့် တွဲဖက်ဆရာဝန်များသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွင် ကျွမ်းကျင်သူ ပါရဂူများဖြစ်ကြပြီး ၎င်းတို့တွင် များပြားလှသောအတွေ့အကြုံများနှင့် အတူ ကျယ်ပြန့်သော အတတ်ပညာဆိုင်ရာ ဆက်သွယ်မှုကွန်ယက်များလည်းရှိနေကြပါသည်။ ဆိုလိုသည်မှာ စိန်ခေါ်မှုမျိုးစုံအပေါ်တွင် နားလည်သဘောပေါက်မှုနှင့် ချဉ်းကပ်နိုင်မှု စွမ်းရည်များ ရှိခြင်း၊ ဆေးရုံသစ်တစ်ခု၏ ဖြစ်နိုင်ခြေကိုတွက်ချက်ပြီး၊ ရှိနေသည့် အထောက်အပံ့ပစ္စည်းများကို အသုံးချကာ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းရှိခြင်းတို့ပင် ဖြစ်ပါသည်။

ကမ္ဘာကြီးသည် ပိုမို ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများကို အမှန်တကယ် လိုအပ်နေသည် ဆိုသည်ကို ကျွန်ုပ်တို့ ကောင်းစွာနားလည်သဘောပေါက်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ မူလရည်မှန်းချက် အတိုင်း လိုအပ်နေသူများထံသို့ ပြည့်စုံသည့် ကုသမှုများ ပေးအပ်နိုင်စေရန် အထောက်အကူပြုပစ္စည်းများကို လိုလေသေးမရှိ ဖြည့်ဆည်းပေးနေခြင်းပင် ဖြစ်ပါသည်။ လူနာတစ်ဦးချင်းစီ၏ ရောဂါပြဿနာ တိုင်းတွင် ထူးခြားမှုကိုယ်စီ ရှိနေသည်ဟု ကျွန်ုပ်တို့ ခံယူထားပါသည်။ ထို့ကြောင့် မိမိတို့၏ ကျွမ်းကျင်လိမ္မာရာ ပညာရပ်များကို အသုံးချပြီးတစ်ဦးချင်း အခြေအနေအလိုက် အသင့်တော်ဆုံး အဖြေရသည်အထိ ရှာဖွေပါသည်။ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကိုသာ လုပ်ငန်းအပေါ် သွတ်သွင်းလုပ်ဆောင်နေကြခြင်းမဟုတ်ဘဲ လူနာ၏ လုပ်ပိုင်ခွင့်နှင့် လိုအပ်ချက်များကိုပါ တာဝန်ယူ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုများဖြင့် လူနာတိုင်း၏ ဖြစ်လာနိုင်မည့် ပြဿနာများအပေါ် ငွေကုန်သက်သာပြီး ထိရောက်သည့် လုပ်ဆောင်ချက်များဖြင့် အစဉ်အမြဲအကူအညီပေးသွားမှာ ဖြစ်ပါသည်။

“ဆစ်မီတဝေ့ ဘဝသစ် ဖောင်ဒေးရှင်း”, မှ မတတ်နိုင်သော ကလေးငယ်များအတွက် ကမ္ဘာ့အဆင့်မီ ကုသမှုများကို ပေးအပ်လျက်လည်း ရှိနေပါသည်။ ရိုးတွင်းခြင်ဆီအစားထိုးခြင်း၊ နှလုံးခွဲစိတ်ခြင်း စသည့် သေရေးရှင်ရေးကိစ္စများနှင့် ယှဉ်လျက် ကလေးငယ်ပေါင်းများစွာ၏ အသက်များကို ကယ်တင်ပေးနေပါသည်။ အဆိုပါ ကုသရေးလုပ်ငန်းစဉ်နှစ်ခုလုံးသည် သာမန်မိဘများအနေဖြင့် မည်သို့မျှ တတ်နိုင်မည်မဟုတ်သော ကုန်ကျစရိတ်များပင်ဖြစ်ပါသည်။ ဘဝသစ်ဖောင်ဒေးရှင်း၏ ကြိုးပမ်းမှုဖြင့် အလှူရှင်များစွာ၏ ကူညီထောက်ပံ့လှူဒါန်းမှုများ၊ ဆစ်မီတဝေ့ ဆရာဝန်ကြီးများ၏မလျော့သော စေတနာ မေတ္တာ ပညာ တို့ဖြင့် ကုသပေးမှုများကြောင့်သာ ဤကလေးငယ်များအတွက် အသက်ရှင်သန်ခြင်းလက်ဆောင်ကို ပေးအပ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။