အမှုဆောင်အရာရှိချုပ်၏ အမှာစကား

ဆစ်မီတဝေ့မှ ကြိုဆိုနှုတ်ခွန်းဆက်လိုက်ပါတယ်။

“ပြုစုစောင့်ရှောက်ရေး ခရီးနှင်ခဲ့သမျှ” သာမန် ကုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ အဖြစ်မှသည် ဆေးရုံ ၃ရုံ စုစုပေါင်းလူနာ ကုတင် ၈၀၀ ထိ ဖြစ်ခဲ့ပါသည်။ နှစ်စဉ် လူနာ တစ်သန်းကျော်မှ ဆေးရုံကို ယုံကြည်ပြီး အသုံးပြုလာခြင်း အပေါ်တွင်လည်း များစွာဂုဏ်ယူမိပါသည်။ ၎င်းတွင် ၄၀ % မှာ ရပ်နီး ရပ်ဝေးမှ လာရောက်ပြသကြသည့် နိုင်ငံတကာမှ လူနာများဖြစ်ကြပါသည်။

Chairat Panthuraamphorn, M.D.,
ဆစ်မီတဝေ့ နှင့် BNH ဆေးရုံများ၏ ဦးဆောင်ညွှန်ကြားရေးမှူး နှင့် အမှုဆောင်အရာရှိချုပ်

ဆစ်မီတဝေ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အနေဖြင့် အရည်အချင်းပြည့်မီသော ကုသ စောင့်ရှောက်မှု လုပ်ငန်းများအပေါ်စူးစူးနစ်နစ် မြှုပ်နှံထားမှုများ၏ သက်သေပင်ဖြစ်ပါသည်။ ဆစ်မီတဝေ့ ဆေးရုံသည် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အသိပညာတိုးတက်မှုများ အတွက် ခေတ်နှင့်အညီ စဉ်ဆက်မပြတ် မွမ်းမံနိုင်ရေးကို အမြဲရှေးရှုလျက် ဆေးပညာ စာတမ်းဖတ်ပွဲများ ကျင်းပပေးခြင်း၊ ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်များနှင့် သင်တန်းများကို တက်ရောက်စေခြင်း၊ ကျွမ်းကျင်မှုနှင့် အသိပညာတွင် ခေတ်နောက်ကျ မကျန်ခဲ့စေရေးတို့အတွက် တစ်ဦးချင်းအလိုက် ဆန္ဒရှိသလို လွတ်လတ်စွာ လေ့လာမှုခြေလှမ်းစတင်နိုင်ရေးတို့အတွက်လည်း လိုအပ်သော လမ်းညွှန်ချက်များကိုပါ ပေးလျက်လည်း ရှိပါသည်။

ဤကဲ့သို့ အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့မှု များကြောင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (JCI) အပါအဝင် အဖွဲ့အစည်းများစွာ၏ အသိအမှတ်ပြမှုများကို ဆစ်မီတဝေ့ ဆူခွန်ဗစ်၊ ဆရီနာခရင် နှင့် ဆရီရာချာ ဆေးရုံကြီးများမှ ရရှိထားပါသည်။

ဆစ်မီတဝေ့အနေဖြင့် သင့်ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ လက်တွဲဖော် ဖြစ်လိုပါသည်။ သင့် ကျန်းမာရေးအတွက် ကြိုတင်ခန့်မှန်းပေးမှုများ၊ ကာကွယ်ပေးမှုများ၊ ရောဂါရှာဖွေရေးနှင့် ကုသရေး ဆိုင်ရာများတွင် ကျွန်ုပ်တို့၏ စိတ်ရင်းစေတနာအမှန်ဖြင့် ပေးအပ်သော ဂရုတစိုက်စောင့်ရှောက်မှု များကို ရရှိပါက သင့်အနေဖြင့် အထူးဝမ်းမြောက်ရမည်မှာ ဧကန်ဖြစ်ပါသည်။