၁၉၇၉ခုနှစ်ကတည်းက လျှောက်လှမ်းခဲ့သော ဆစ်မီတဝေ့၏ ခရီးကား ရှည်လျားခဲ့ပြီ ဖြစ်ပါသည်။ Kasikorn ဘဏ်မှ Khun Bancha Lamsam နှင့် MR Bajarisan Jumbala, M.D. တို့ပူးတွဲတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ သူတို့၏ရည်မှန်းချက်မှာ အကောင်းဆုံးဆရာဝန်များနှင့် သူနာပြုများကို အတူတကွစုစည်းထားရန်၊ အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာများ ထောက်ပံ့ပေးခြင်းနှင့် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် အကောင်းဆုံးဆေးကုသမှုများ ပေးနိုင်ရန် ဖြစ်ပါသည်။

Samitivej Hospitals

ဆစ်မီတဝေ့ ဆေးရုံကြီးသည် လူနာတိုင်း၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကိုအထူးအလေးထားပြီး ဘက်စုံကောင်းမွန်အောင် ကုသပေးသည့်စနစ်ကို မျှော်မှန်းထားပါသည်။ လေးစားရသည့် ပညာရှင် တစ်ဦးဖြစ်သည့် အပြင် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သည့် M.R. Kukrit Pramoj ကိုယ်တိုင် ကင်ပွန်းတပ်ပေးခဲ့သည့် “ဆစ်မီတဝေ့” ဆိုသည့် အမည်၏ အဓိပ္ပာယ်နှင့်လည်း လိုက်ဖက်လှပါသည်။

“ ဆစ်မီတဝေ့”, ၏ အဓိပ္ပာယ်မှာ “ဆရာဝန်များစုစည်းထားသည် ”ဟူ၍ ဖြစ်ပါသည်။.

“ဆစ်မီတဝေ့” ဆိုသည့် အမည်၊ တည်ထောင်သူတို့၏ မွန်မြတ်သော ရည်ရွယ်ချက်တို့ကြောင့် တာဝန်ထမ်းဆောက်လျက်ရှိသော ဆရာဝန်များနှင့် ဝန်ထမ်းများအားလုံးတို့မှာ အစဉ်အမြဲ ရွှင်လန်းတက်ကြွလျက် ရှိနေကြပါသည်။ ယနေ့ ဆစ်မီတဝေ့ ဆေးရုံကြီး ၆ ရုံတွင် ၂၀၀၀ကျော်သော ကျန်းမာရေးဝန်ထမ်းများဖြင့် ပြင်ပလူနာဌာန သာမန်နာမကျန်းမှုများမှသည် ကိုယ်တွင်းအင်္ဂါ အစားထိုးမှု စသည့် အဓိကခွဲစိတ်ကုသမှုကြီးများအထိ ပြုလုပ်ပေးလျက်ရှိနေကြပြီ ဖြစ်ပါသည်။

Samitivej Hospitals

၁၉၇၉ ခုနှစ်က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံအထင်ကရဦးဆောင်ဆေးရုံအုပ်စုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပင်မ ဆစ်မီတဝေ့ဆူခွန်ဗစ် ဆေးရုံကြီးသည် ဆူခွန်ဗစ် ဆွိုင် ၄၉ တွင်တည်ရှိပြီး အရှေ့တောင်အာရှ ထိပ်တန်းပုဂ္ဂလိကဆေးရုံများ၏ အသိအမှတ်ပြုခြင်းခံရသော ဆေးရုံတစ်ခုဖြစ်ပါသည်။ ဘန်ကောက်မြို့လယ်တွင် တည်ရှိပါသည်။ အထူးကု ၄၀၀ ကျော်ရှိပါသည်။ ၂၇၅ ကုတင် ဆံ့ ပြီး တတိယအဆင့် အထိ ကုသနိုင်သောဆေးရုံ တစ်ခုဖြစ်ပါသည်။ ပြီးပြည့်စုံသည့် ဆေးဘက် ဆိုင်ရာ နည်းပညာပေါင်းစုံ၊ စွမ်းရည်မြင့် အထူးကုဆရာဝန်ကြီးများ နှင့် အတွေ့အကြုံပြည့်ဝသည့် ပြုစုစောင့်ရှောက်သူများကို အချိုးညီညီပေါင်းစပ်ပြီး ဘန်ကောက်ပြည်သူများအတွက် ကျန်းမာရေး ကုသမှုခံယူရန် အားကိုးရာဆေးရုံကြီးအဖြစ် နှစ်ပေါင်းများစွာကတည်းက ရပ်တည်ခဲ့ပြီး ဖြစ်ပါသည်။ ဒေသတွင်းနေထိုင်သော နိုင်ငံခြားသားများအတွက် လည်း ဘာသာစကားပေါင်းစုံ တတ်ကျွမ်းသူများဌာနစု ဖြင့် စကားပြန်လုပ်ငန်းများ၊ လူဝင်မှု ကြီးကြပ်ရေး ကိစ္စများတွင် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ နိုင်ငံတကာမှ လူနာ များအတွက် အမြင့်ဆုံး ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်သည့်အတွက်လည်း အထူး ဂုဏ်ယူနေမိပါသည်။

Samitivej HospitalsSamitivej HospitalsSamitivej Hospitals

စတည်ထောင်ပြီးနောက်ပိုင်း ဆေးရုံ ၅ရုံ ထပ်မံ အားဖြည့်ထားပါသည်။ ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံ- ဘန်ကောက်အရှေ့ဖက်ခြမ်းတွင်ရှိပြီး (၁၅၄ ကုတင်ဆံ့) သုဝဏ္ဏဘုမ္မိလေဆိပ်နှင့်နီးပါသည်။ ဆစ်မီတဝေ့ ဆရီရာချာ ဆေးရုံ (၁၃၈ ကုတင်ဆံ့) စက်မှုဇုန်တွင်တည်ရှိပါသည်။ လမ်ချဘမ်ဆိပ်ကမ်း နှင့် ပတ္တရားမြို့အနီးတွင်တည်ရှိပါသည်။ ဆစ်မီတဝေ့ သွန်ဘူရီ ဆေးရုံ (ကုတင် ၁၅၀ ဆံ့)ဘန်ကောက် မြို့တော် နှင့် သွန်ဘူရီနယ်မြေ တို့အတွက်ဆေးကုသမှုနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနေပါသည်။ ဆစ်မီတဝေ့ ချွန်ဘူရီဆေးရုံ (181 ကုတင်ဆံ့)ထိုင်းနိုင်ငံ အရှေ့ပိုင်းအတွက် အရေးပေါ်ကိစ္စနှင့် အထူးကုဆေးရုံကြီးဖြစ်ပြီး နှင့် ထိုင်းနိုင်ငံ၏ပထမဆုံးသော ဆစ်မီတဝေ့ ကလေးဆေးရုံကြီးသို့ လူနာ အချိန်မီလွှဲပြောင်း ပို့ဆောင်သည့်ဝန်ဆောင်မှုများကိုပေးနေပါသည်။

“ဆစ်မီတဝေ့” ၏ အဓိပ္ပာယ်မှာ “ဆရာဝန်များစုစည်းထားသည်” ဟူ၍ ဖြစ်ပါသည်။ အကောင်းဆုံးစောင့်ရှောက်ကုသမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ဆောင်မှုများ အစဉ်တစိုက် ပေးအပ်လျက်ရှိသည့် သမိုင်းကြောင်းလည်း ရှိပါသည်။ ၁၉၉၉ ခုနှစ်တွင် WHO နှင့် UNICEF တို့မှ ပေးအပ်သော မိခင်နှင့်ကလေးဆိုင်ရာ ကုသမှုအဆင်အပြေဆုံး အထူးကုဆေးရုံကြီး အဖြစ် အသိအမှတ်ပြု ဆုကို ထိုင်းနိုင်ငံအတွက် ပထမဆုံး ရရှိတဲ့ ဆေးရုံကြီးတစ်ခုလည်း ဖြစ်ပါသည်။ ထို့ပြင် ဝန်ကြီးချုပ်မှ ပေးအပ်သည့် ကျန်းမာရေးဝန်ဆောင်မှု အများဆုံးပေးနိုင်မှု အသိအမှတ်ပြုဆု၊ ထိုင်းနိုင်ငံ ဆေးရုံများအဖွဲ့၏ တရားဝင်အသိအမှတ်ပြုစာလွှာ နှင့် JCI အသိအမှတ်ပြု လက်မှတ်များလည်း ပါဝင်ပါသည်။

လူနာများနှင့် ဧည့်သည်များအတွက် အမြင့်ဆုံး စောင့်ရှောက်မှုနှင့် လုံခြုံမှုများပေးအပ်နိုင်ရန် ဆန်းသစ် တီထွင်မှုများနဲ့ ကြိုးပမ်းမှုများ အဆက်မပြတ် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေပါသည်။ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ဦးဆောင် အဖွဲ့အစည်းတစ်ခု အနေဖြင့် စွမ်းရည်မြင့် ပြုစု စောင့်ရှောက်မှုနှင့် နောက်ဆုံးပေါ် နည်းပညာ အသစ်အဆန်းများ ပံ့ပိုးပေးနိုင်ရေးအတွက်လည်း အပြည့်အဝ အာမခံ ပါသည်။ ဆူနာမီနှင့် အခြား လူမှုကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ် ကာလများ တွင် ဆစ်မီတဝေ့၏ ရပ်ရွာ လူအဖွဲ့အစည်းများနှင့် ပြည်သူလူထုအတွက် တာဝန်ယူမှု တာဝန်သိမှု လုပ်ငန်းစဉ်များအပေါ် ပြည်တွင်းပြည်ပ အာဏာပိုင်အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှု များကိုလည်း ရရှိထားပါသည်။