Samitivej တွင် ကုသမှုမခံယူမီ၊ ခံယူနေစဉ်နှင့် ခံယူပြီးနောက်

Samitivej ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကမ္ဘာအဆင့်အတန်းမီ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာဆိုရင် ဆယ်စုနှစ်များစွာ တိုင်ခဲ့ပါပြီ။ နိုင်ငံခြားတိုင်းပြည်များက လာရောက်ပြသတဲ့ လူနာတွေအတွက် ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရိုးရှင်းပြီး စိတ်ဖိစီးမှု အနည်းဆုံးဖြစ်ဖို့ ဆောင်ရွက်ထားပါတယ်။ လူကြီးမင်းကိုယ်တိုင်အတွက် ဒါမှမဟုတ် လူကြီးမင်းရဲ့ မိသားစုဝင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ ကိုက်ညီမှန်ကန်တဲ့ ဆရာဝန်ကို ရှာတွေ့ဖို့ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သမားတော်တစ်ဦး ဒါမှမဟုတ် အထူးကုဆရာဝန်တစ်ဦးကို ရှာဖွေတဲ့နေရာမှာ လူကြီးမင်းကို အကူအညီပေးဖို့ ကျွန်တော်တို့မှာ သီးသန့် ဆက်သွယ်မှုအဖွဲ့ ထားရှိပါတယ်။ လူကြီးမင်းရဲ့ အာမခံ ကုမ္ပဏီကနေ လူကြီးမင်းတို့ရပိုင်ခွင့်ရှိတဲ့ အကျိုးအားလုံးရရှိဖို့ရာ လိုအပ်တဲ့ အာမခံကိစ္စတွေ အားလုံးကို စီမံတဲ့နေရာမှာ လူကြီးမင်းကို ကူညီပေးဖို့လည်း ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။

 

ဒီအပိုင်းမှာတော့ လူကြီးမင်း လာရောက်ကုသဖို့ ပြင်ဆင်တဲ့ အချိန်ကနေစလို့  Samitivej မှာ နေထိုင်ကုသနေစဉ် နဲ့ အိမ်ပြန်ရောက်ချိန်အထိ စောင့်ရှောက်ပေးခြင်း စတဲ့ အဆင့်တိုင်းမှာ အကူအညီဖြစ်စေမယ့် အချက်အလက်တွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။