ဆေးကုသမှုဆိုင်ရာခရီးသွားလုပ်ငန်း

နိုင်ငံတကာခရီးသွားလာသူများအတွက်

ဆေးကုသမှုဆိုင်ရာခရီးသွားလုပ်ငန်း

“ ကမ္ဘာ့ အဆင့်မီဆေးရုံနှင့်ဟော်တယ်များ ”, ထိုင်းနိုင်ငံသည် အာရှဒေသဆေးကုသမှုဆိုင်ရာခရီးသွားလုပ်ငန်း ဗဟိုအဖြစ် ထင်ရှားပါသည်။ ၂၀၀၉ ခုနှစ်က ပြည်ပလူနာ ၁.၄ သန်း ရှိခဲ့ပြီး ထိုအထဲမှ ၆၀% က ဆေးကုသရန်ရည်ရွယ်ချက်တစ်ခုတည်းဖြင့် လေကြောင်းမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များအရ ပိုမိုများပြားသော နိုင်ငံတကာလူမျိုးပေါင်းစုံတို့အနေဖြင့် ထိုင်းနိုင်ငံကို ဆေးကုသမှုခံယူရန် အကောင်းဆုံးအဖြစ် ရွေးချယ်ရသည့် အကြောင်းရင်းများမှာ နည်းပညာအဆင့်မြင့်မားမှု၊ ကမ္ဘာအဆင့် သင်ကြားလေ့ကျင့်ထားသည့် ဆေးပညာရှင်များပိုင်ဆိုင်ထားမှုနှင့် နှိုင်းယှဉ်နိုင်သည့် ကုန်ကျစားရိတ်များကြောင့် ဖြစ်ပါသည်။ ထို့ပြင် တိုင်းပြည်နှင့်လူမျိုး၏ ကာလရှည် ရိုးရာ ဓလေ့ ဖြစ်သည့် ဖေါ်ရွေပြီးဧည့်ဝတ်ပျုငှာရှိမှု၊ လှပသည့် သဘာဝရှုခင်းနှင့် နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝမှုကလည်း ထူးခြားသော ဆွဲဆောင်မှုများဖြစ်ပါသည်။

ဆေးကုသမှုဆိုင်ရာခရီးသွားလုပ်ငန်း ကြီးထွားလာသည်နှင့်အမျှ ဆစ်မီတဝေ့သည် ခိုင်မာသည့်ထိပ်တန်းနေရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံ၏ အယုံကြည်ရဆုံးကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ဆေးရုံအုပ်စု တစ်ခုအနေဖြင့်ပါ ဆက်လက်ရပ်တည်နေ ပါသည်။ ကမ္ဘာ အနှံ့အပြားမှလူနာများအတွက် နိုင်ငံတကာအဆင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်များနှင့် သင့်တော်သလို လိုက်လျောညီထွေသုံးစွဲခြင်းစသည့်ဝန်ဆော င်မှု ပေးနေခဲ့သည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လူမျိုးပေါင်းစုံပါဝင်သော နိုင်ငံတကာမှ လူနာများအတွက် ကျွန်ုပ်တို့၏ ဆရာဝန်များနှင့် ပြောဆိုဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရန် ဘာသာပြန်လုပ်ငန်း ဝန်ဆောင်မှုကို မည်သည့်ဘာသာစကား အတွက်မဆို အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ဆေးရုံကို သာယာပြီး ရောဂါအမြန်ဆုံးပျောက်ကင်းသက်သာလာစေနိုင်မည့်ပတ်ဝန်းကျင်အဖြစ် ဖန်တီးပေးထားပါသည်။ လူနာများ၏ပတ်ဝန်းကျင်ကို သက်သောင့်သက်သာဖြစ်စေမည့် အသုံးအဆောင်များနှင့် ဖြည့်တင်းထားပြီး စိုးရိမ်သောကကင်းရာ နေချင့်စဖွယ်နေရာတစ်ခုဖြစ်အောင်ဖန်တီးပေးထားပါသည်။

“ အတွင်းလူနာများအနေဖြင့် နောက်ဆုံးပေါ်အဆင့်မြင့်အွန်လိုင်း ဖျော်ဖြေမှုများကို အသုံးပြုနိုင်သည့်အပြင် ဓာတ်မှန်နှင့် အာလ်ထရာဆောင်း အဖြေများကို အခန်းတွင်း LCD ဖန်သားပြင်များပေါ်မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ ”

လူနာများ အဆင်ပြေချောမွေ့မှုရှိစေရန် ၂၄ နာရီ စျေးဆိုင်များ၊ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှု၊ စားသောက်ဆိုင် နှင့် ဘာသာရေး ဆိုင်ရာဝတ်ပြုရန်နေရာများ စသည်တို့လည်း အစုံအလင်ရှိပါသည်။

ဆစ်မီတဝေ့ဆေးရုံအနေဖြင့် ရောဂါဖော်ထုတ်ရန်၊ ကုသမှု နှင့် ကာကွယ်မှု မျိုးစုံတို့အတွက် နောက်ဆုံးပေါ်အဆင့်မြင့် နည်းပညာများကိုသာ အသုံးပြုပါသည်။ ဆေးရုံအထောက်အကူပြု ပစ္စည်းများအတွက် မျှော်မှန်းထားသည့် အဆင့်အတန်းထက် အမြဲကျော်လွန်အောင် လိုအပ်သလို မွမ်းမံမှုများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးပါသည်။ “အမြဲတမ်း အကောင်းဆုံးဖြစ်ရမည်” ဆိုသည့် ရည်ရွယ်ချက်နှင့်ဆောင်ရွက်ချက်များကြောင့်လည်း ရရှိလာသည့် အောင်မြင်မှုများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အသိအမှတ်ပြု ထောက်ခံချက်များကို ရရှိထားပါသည်။ အဆိုပါ အဖွဲ့အစည်းများကတော့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကော်မရှင် (JCI) စသည်တို့ဖြစ်ကြပါသည်။

ကျွန်ုပ်တို့ တန်ဖိုးအထားရဆုံး ရတနာများကတော့ ဆစ်မီတဝေ့အတွက် အမြဲတမ်းမြှုပ်နှံထားသည့် အထူးကုသမားတော်များနှင့် သူနာပြုများပါဝင်သည့် စွမ်းရည်မြင့်ကုသမှုအဖွဲ့ပင်ဖြစ်ပါသည်။ ထို အမြဲတမ်းကြိုးစား နေသော၊ အဆင့်မြင့်လေ့ကျင့်ပေးထားသော အဖွဲ့ဝင်တစ်ဦးချင်းစီသည် ထိုင်းနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများတွင် ဆယ်စုနှစ်များစွာ အလုပ်အတွေ့အကြုံများ ရယူထားပြီးကြသူများလည်းဖြစ်ကြပါသည်။ ဆစ်မီတဝေ့ ကလေးအထူးကု များ၊ မွေးကင်းစကလေးအထူးကုများမှသည် နှလုံးနှင့် အရိုးအထူးကုဆရာဝန်ကြီးများ ၊ကိုယ်ကာယလေ့ကျင့်ကုသမှု ပါရဂူများ နှင့် တကိုယ်လုံးလွှမ်းခြုံရောဂါကုသမှုပါရဂူများ (Holistic medicine specialist) နှင့် အားလုံးသောဝန်ထမ်းများသည်ကား ဆစ်မီတဝေ့၏ အမှန်တကယ်ပင် ထူးခြားပြောင်မြောက်သော သူရဲကောင်းများပင် ဖြစ်ပါတော့သည်။

Samitivej HospitalsSamitivej HospitalsSamitivej Hospitals

ဖုန်းဆက်လိုက်ရုံဖြင့် သင့်အတွက် သက်ဆိုင်ရာကျွမ်းကျင်သူများ အချိန်မရွေးအဆင်သင့်ဖြစ်နေအောင် စီစဉ်ပေးနိုင်ခြင်းသည် ကျွန်ုပ်တို့ ဂုဏ်အယူဆုံး အရည်အချင်းပင်ဖြစ်ပါသည်။ မောက်စ် တစ်ချက်နှိပ် လိုက်ရုံဖြင့် ရက်ချိန်း ရယူပြီးသား ဖြစ်ရပါစေ့မည်။ ကျွန်ုပ်တို့၏ ICU နှင့် CCU အဆင့် အရေးပေါ် လူနာတင်ယာဉ်များ မြေပြင်တွင် နာရီမလပ် သွားလာနေသည့်အချိန်တွင် ဒေသတွင်း နှင့် ပြည်တွင်း လေဆိပ် ၃၀ ကျော်တွင် ကျွန်ုပ်တို့၏ အရေးပေါ်လူနာတင်လေယာဉ်များ ပျံသန်းနေပြီး လူနာများအား သယ်ယူပို့ဆောင်ပေးလျက် ရှိနေပါသည်။ လူနာတိုင်းအတွက် ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများ အားလုံး ရရှိကြပြီး လစ်ဟင်းမှုမရှိစေရန် အစဉ်အမြဲ ကြိုးစားလျက် ရှိနေပါသည်။