တိကျတဲ့ဆေးကုသခြင်း(Precision Medicine)

တိကျတဲ့ဆေးကုသခြင်း(Precision Medicine)

ကုသမှုဆိုင်ရာ သင်ကြားပို့ချမှုများဟာ လူနာများရဲ့ တစ်ချိန်တုန်းက ရောဂါလက္ခဏာများကို ဆန်းစစ်သုံးသပ် ပြီးရရှိလာတဲ့ အချက်အလက်များ အပေါ်လေ့လာမှု၊ သတ်မှတ်ထားတဲ့ပြုစုစောင့်ရှောက်မှု၊ ကုသမှုရလဒ် စသည်တို့အပေါ်မူတည်ကာ ပြန်လည်သင်ကြားပို့ချပေးတာဖြစ်ပါတယ်။ အများစုသော လက်တွေ့ကုထုံး ရလဒ်တွေက သင့်လျော်တဲ့ရောဂါအခြေအနေလက္ခဏာတစ်ခုမှာအသုံးပြုနိုင်ရန် ပို့ချထားတဲ့ နည်းလမ်းတွေ သာဖြစ်ပါတယ်။ သင်ကြားပို့ချချက်အများစုမှာတော့ လက်တွေ့အသုံးပြုဖို့အတွက် အောင်မြင်ခဲ့ပါတယ်။ တချို့ လူနာများရဲ့ ဖြစ်ရပ်တွေဟာလည်း တိတိကျကျဖြစ်ခဲ့ပါတယ်။

အခုခေတ်မှာတော့ ဆေးဘက်ဆိုင်ရာပညာရပ်တွေဟာ ပြောင်းလဲလာခဲ့ပြီး ဆေးကုသမှုအပေါ်ချဉ်းကပ်မှုဟာ လူနာတစ်ဦးချင်းအတွက်ကွဲပြားသလို အမူအကျင့်နဲ့ ရောဂါဖြစ်ပွားစေတဲ့အခြေအနေဟာလည်း ကွဲပြားတဲ့အတွက် ယခင်ကထက်ပိုပြီး တိကျတဲ့ပစ်မှတ်ထားကုသမှုနည်းလမ်းကို အသုံးပြုလာကြပါတယ်။  လူနာတွေက တူညီတဲ့လူမျိုးတွေဖြစ်နေရင်တောင် နေထိုင်တဲ့ နိုင်ငံကွာခြားမှုပေါ်မှုတည်ပြီး ရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းက ကွာခြားမှာဖြစ်ပါတယ်။ ယခုချဉ်းကပ်မှုအသစ်ဟာ မျိုးရိုးဗီဇ၊ နေထိုင်မှု နဲ့ ပတ်ဝန်းကျင် ကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ရောဂါစစ်ဆေးမှုတွေနဲ့ ကုသမှုတွေကို ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် နောင်ဖြစ်လာနိုင်မယ့် ရောဂါတွေအပေါ်ကိုပါ တခါတည်း စစ်ဆေးပြီး လူနာကို ကာကွယ်မှုများ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အခုလိုမျိုး ဆေးပညာပိုင်းဆိုင်ရာ ဖောက်ထွက်ခဲ့တဲ့ဆေးကုထုံးကို "Precision Medicine - တိကျခြင်းဆေးကုထုံး" လို့ ခေါ်ဆိုပါတယ်။

တိကျခြင်းဆေးကုထုံးဆိုတာ လက်ရှိအချိန်မှာ ဆေးကုသမှုနယ်ပယ်အကုန်လုံးနီးပါးမှာ အသုံးပြုလာပြီဖြစ်ပြီး ယခင်က ဆေးကုထုံးတွေကို တဖြည်းဖြည်း အစားထိုးလာတာဖြစ်ပါတယ်။ အခုလို ဆေးကုထုံးအသစ်ကို ဆစ်မီတဝေ့ဆူခွန်ဗစ် အောက်ပါဌာနတွေမှာ ရရှိနေပြီဖြစ်ပါတယ်။

  • မီးယပ်နှင့်သားဖွားပညာဌာန – ကိုယ်ဝန်ရယူရန်ပြင်ဆင်ခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ရောဂါများကို ကာကွယ်ခြင်း။
  • ကင်ဆာရောဂါဌာန – ကင်ဆာရောဂါကုသခြင်း။ 
  • တစ်ဦးချင်းနဲ့ မိသားစုလိုက် ဆေးဘက်ဆိုင်ရာ ကုသစောင့်ရှောက်မှုပေးခြင်း။

အဆိုပါဌာနတွေအပြင် အခြားသော ဌာနတွေမှာပါ မကြာခင် ဝန်ဆောင်မှုပေးဖို့ အစီအစဉ်ရှိပါတယ်။

တိကျတဲ့ဆေးကုသခြင်း(Precision Medicine)

သားဖွားနှင့်မီးယပ်ပညာဌာန: (၉၀)ရာခိုင်နှုန်းအထိတိကျမှုရှိတဲ့ ကလေးမယူခင်မျိုးရိုးဗီဇ အကြိုစစ်ဆေးခြင်း

ယခင်ကအသုံးပြုခဲ့တဲ့ ပထမ(၃)လပတ်အတွင်း ကိုယ်ဝန်စစ်ဆေးခြင်းဟာ သန္ဓေသားရဲ့ မွေးဖွားချိန်မှာဖြစ်လာနိုင် တဲ့ ချို့ယွင်းမှုများကို ရှာဖွေပေးနိုင်ပါတယ်။ တွေ့ရှိရတဲ့ မူမမှန်မှုများကို တိတိကျကျ ရောဂါရှာဖွေစစ်ဆေးဖို့ ဆိုရင် မျိုးရိုးဗီဇဆိုင်ရာဆွေးနွေးတိုင်ပင်ခြင်းနှင့် တခြားလိုအပ်တဲ့ စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။   တိကျခြင်း ဆေးကုထုံးနဲ့ဆိုရင် မိဘတွေဟာ ကလေးမှာဖြစ်ပွားလာနိုင်တဲ့ မျိုးရိုးဗီဇ အမျိုးအစား ၆၀၀ ကျော်ထဲက ရောဂါဖြစ်စေနိုင်တဲ့ ဗီဇ အမျိုးအစား ၂၀၀ ကျော်ကို ကြိုတင်စစ်ဆေးနိုင်ပြီး ကြိုတင်သိရှိထားတာကြောင့် မိဘတွေအနေဖြင့် သူတို့ရဲ့ အနာဂတ်အပေါ် ကြိုတင်ပြီး စဉ်းစားစီစဉ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုဟာ တစ်ဦးချင်းစီရဲ့ သန္ဓေသားအနေအထားအပေါ်မူတည်ပြီး ရှာဖွေတွေ့ရှိနိုင်မှု (၉၀) ရာခိုင်နှုန်း အထိလုပ်ဆောင် နိုင်ပါတယ်။ <ပိုမိုလေ့လာရန်>

တိကျတဲ့ဆေးကုသခြင်း(Precision Medicine)

ကင်ဆာရောဂါကို ကုသခြင်း : ပစ်မှတ်ထားကုသခြင်းဖြင့်( ၈၀) ရာခိုင်နှုန်းအထိ ထိရောက်မှုရှိခြင်း

ပုံမှန်ဆေးကုသမှုအရ ခီမိုဆေးသွင်းခြင်းဟာ ကင်ဆာဆဲလ်တွေကိုသာမက ကျန်းမာတဲ့ဆဲလ်တွေကိုပါ ထိခိုက်စေ တာကြောင့် လူနာကို မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေခံစားရစေပြီး လူနာကို အားနည်းသွားစေပါတယ်။  
တိကျခြင်း ဆေးကုထုံးအရ ပစ်မှတ်ထားကုထုံးနဲ့ ကုသခြင်းဟာ ကင်ဆာနဲ့ ပတ်သတ်တဲ့လှုပ်ရှားမှုတွေကိုပဲ ကုသခြင်းဖြစ်ပြီးကောင်းမွန်တဲ့ ဆဲလ်တွေကို မထိခိုက်စေတာကြောင့် ဘေးထွက်ဆိုးကျိုးတွေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကို သေချာစွာလေ့လာတဲ့ အတွက်ကြောင့် ကင်ဆာအထူးကုဆရာဝန်များမှ တစ်ဦးချင်းစီအတွက် အကိုက်ညီဆုံးသော ဆေးဝါးကို ရွေးချယ်ပေးနိုင်ပါတယ်။    < ပိုမိုလေ့လာရန်>

တိကျတဲ့ဆေးကုသခြင်း(Precision Medicine)

တစ်ဦးချင်းနဲ့ မိသားစုလိုက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း : မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိမှု (၉၀)ရာခိုင်နှုန်း

သမားရိုးကျ ပုံမှန်ကုသမှုနည်းလမ်းအရ ကင်ဆာ(သို့)နှလုံးရောဂါဖောက်ပြီးသေဆုံးခြင်း လိုမျိုး ဖြစ်ရပ်တွေ မိသားစု ကျန်းမာရေးရာဇဝင်မှာရှိခဲ့ဖူးတယ်ဆိုရင် ကျန်တဲ့ မိသားစုတွေက ကြိုတင်ကာကွယ်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်ကြပါတယ်။   

တိကျခြင်းဆေးကုထုံးအရ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတွေကို မသိလိုက်ပဲ ကူးစက်မှုမဖြစ်ပွားရအောင် ကာကွယ်ပေးမှာဖြစ်ပြီးတော့ မိသားစုအတွင်း အနာဂတ်ရဲ့ မျိုးဆက်တွေအပေါ်ကိုပါ ကျန်းမာရေးအရကာကွယ်စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ရောဂါဖြစ်ပွားနိုင်တဲ့အချက်တွေကို ကြိုတင်ရှာဖွေထားတဲ့အတွက် အခုမျိုးဆက်တွေမှာလည်း ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခုလိုစစ်ဆေးမှုဟာလည်း အခြေအနေပေါ်မှုတည်ပြီး ၉၀ ရာခိုင်နှုန်းအထိ တိကျစွာစစ်ဆေးနိုင်ပါတယ်။ <ပိုမိုလေ့လာရန်>

နားလည်တတ်ကျွမ်းသူများရဲ့အကူအညီကို အခုပဲရယူလိုက်ပါ။

စုံစမ်းမေးမြန်းခြင်း (သို့မဟုတ်) ရက်ချိန်းယူရန်

*ထည့်သွင်းရန်လိုအပ်သည်။

မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်
မှတ်ပုံတင်ရန်

မှတ်ပုံတင်ပြီးသားလား။