အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆိုတာဘာလဲ….

အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆိုတာဘာလဲ….

မိခင်လောင်းတို့ အတွက် ကိုယ်ဝန်ဆောင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဖြတ်သန်းနေရတဲ့ ကာလတစ်လျှောက်ဟာ ပျော်ရွှင်စိတ်လှုပ်ရှားစရာများနဲ့ ပြည့်နှက်နေပြီး “ အန္တရာယ်ရှိတဲ့ကိုယ်ဝန် ” ဆိုတဲ့ စကားကို ယောင်လို့တောင် နားနဲ့ မကြားချင်ကြပါဘူး။ ဒီစကားလုံးဟာ မိခင်လောင်းတို့အတွက် စိတ်ဖိစီးမှု ၊ ကြောက်ရွံ့စိုးရိမ်မှု နဲ့ တခြားသော မသေချာမရေရာတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်စေပါတယ်။ ရောဂါရှာဖွေမှုဟာ အရမ်းစိုးရိမ်စရာလို့ထင်ရပေမယ့် အန္တရာယ်ရှိတဲ့ကိုယ်ဝန်အများစုအတွက် အဆင်မပြေတဲ့ခံစားမှုတစ်စုံ တစ်ရာ ဖြစ်ပေါ်တယ်ဆိုရင် ဒါဟာ သင့်အနေနဲ့ သေချာဂရုတစ်ိုက်စောင့်ရှောက်မှု လိုအပ်တယ်လို့ ပြသနေပါတယ်။ အများအားဖြင့်တော့ အကောင်းဘက်ကို ပြန်ပြောင်းနိုင်တာကိုပဲ ကျေးဇူးတင်ရမှာပါ။

ရောဂါရှာဖွေမှုအပိုင်းနဲ့ပတ်သက်ပြီး Dr.Thewin Dejthevaporn က ပြောကြားရာမှာ - “ အန္တရာယ်ရှိတဲ့ကိုယ်ဝန်လို့ခေါင်း စဉ်တပ်လို့ ရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ် … ဘယ်တစ်ခုကမှ သင့်အတွက် စိုးရိမ်စရာစိတ်ဖိစီးမှုရယ်လို့ မရည်ရွယ်ပါဘူး … ဆရာဝန်တွေအနေနဲ့ ကတော့ သင့်ကိုယ်ဝန်ကို အန္တရာယ်များတယ်လို့ သတ်မှတ်လိုက်တာနဲ့ ကိုယ်ဝန်မဆောင်ခင် ၊ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးနဲ့ မွေးဖွားပြီးတဲ့ အချိန်အထိ ပုံမှန်ထက်ပိုတဲ့ ကုသစောင့်ရှောက်မှု စောင့်ကြည့်မှုတွေ လုပ်မှာပါ … အန္တရာယ်ရှိတဲ့ကိုယ်ဝန်လို့ စစ်ဆေးတွေ့ရှိတယ်ဆိုရင် အတတ်နိုင်ဆုံး သားဖွားအထူးကုဆရာဝန်နဲ့ချက်ချင်း ရက်ချိန်းယူပြီး သင်ခံစားနေရတဲ့ အသားမကျသေးတဲ့ ပြောင်းလဲမှုတွေကို ဆွေးနွေးခြင်းအားဖြင့် အရာအားလုံး အကောင်းဘက်ပြောင်းအောင် လုပ်သင့်ပါတယ် … ” လို့ ဆိုပါတယ်။

Dr.Dejthevaporn ဟာ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံရဲ့ သားဖွားနှင့်မီးယပ်ရောဂါ အထူးကုဆရာဝန် ကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ Maternal Fetal Medicine လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီးသည်အထိ မိခင်နှင့်ကလေးအတွက် ကုသစောင့်ရှောက် ပေးမှုကို အထူးပြုလေ့လာခဲ့သူ ဖြစ်ပြီး ကိုယ်ဝန်ဆောင်ကျန်း မာရေးစောင့်ရှောက်မှု ၊ ကလေးမွေးဖွားခြင်း နဲ့ပုံမှန်မဟုတ်တဲ့သန္ဓေသား ရောဂါ ရှာဖွေမှုအတွက်အာထရာစောင်း ၊ မမွေးဖွားခင်ရောဂါဖော်ထုတ်ခြင်းအဆင့်ဆင့် စတာတွေအပါအဝင် အန္တရာယ်ရှိကိုယ်ဝန် ဆောင်များအတွက် အထူးကုသ စောင့်ရှောက်မှုပေးရာမှာ နှံ့စပ်ကျွမ်းကျင်သူဆရာဝန်တစ်ဦးဖြစ် ပါတယ်။

အန္တရာယ်ရှိတဲ့ကိုယ်ဝန်လို့ ခေါင်းစဉ်တပ်ဖို့အတွက် အကြောင်းအရင်းများစွာ ရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်ဝန်ဆောင်များဟာ အသက်ကြီးမှကိုယ်ဝန် ဆောင်မှု ၊ ဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့ရွေးချယ်မှု ၊ မိသားစုရဲ့ ကျန်းမာရေး ရာဇဝင် (သို့) အရင်ကိုယ်ဝန်မှာ ပြဿနာရှိခဲ့ဘူးခြင်း စတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် အန္တရာယ်ရှိတဲ့ကိုယ်ဝန် ဖြစ်နိုင်ရန် ပိုပြီးများပါတယ်။ ယေဘုယျ အားဖြင့် အသက်(၁၉)နှစ်မှ (၃၄)နှစ်အတွင်းဟာ ကလေးယူဖို့ အသင့်တော်ဆုံးအသက်အပိုင်းအခြားအဖြစ် တစ်ကမ္ဘာလုံးမှာ သတ်မှတ်ထား ကြပါတယ်။ ဒီအသက်အရွယ်အပိုင်းအခြားထဲမှာမဟုတ်ဘဲ ကိုယ်ဝန်ဆောင်လိုက် တဲ့အမျိုးသမီးများအားလုံးကို အန္တရာယ်ရှိတဲ့ ကိုယ်ဝန်အမျိုးအစားအဖြစ် သတ်မှတ်နိုင်ပါတယ်။ တကယ်လို့ မိခင်လောင်းတစ် ယောက်ဟာ ကိုယ်အလေးချိန် နည်းလွန်းမယ်(သို့)များလွန်းမယ် ၊ ရောဂါအခံရှိမယ်(သို့) မိသားစု ကျန်းမာရေးရာဇဝင်မှာ သွေးတိုးရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊  ခန္ဓာကိုယ်ရဲ့ခုခံအားက ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ တစ်ရှူးများကို တိုက်ခိုက်ဖျက်စီးတဲ့ရောဂါ(Lupus) ၊ ဆီးချို ၊ သားအိမ်အလုံး တည်ခြင်း (Fibroids) ၊ ပန်းနာရင်ကျပ် ၊  ဦးနှောက်ထိန်းချုပ်နိုင်စွမ်းမရှိခြင်း ၊ စိတ်နှင့် စိတ်ခံစားမှုဆိုင်ရာပြဿနာများ စတာတွေ ခံစားရမယ်ဆိုရင် အန္တရာယ်ရှိတဲ့ ကိုယ်ဝန် အမျိုးအစားထဲမှာ ရှိနေမှာဖြစ်ပါတယ်။

“ အမျိုးသမီးအများစုအနေနဲ့ ကိုယ်ဝန်ရလာရင် ဘာတွေဖြစ်လာမလဲဆိုတာကို ပူပန်နေပြီဆိုရင် စုံတွဲများအနေနဲ့ Parental Health လို့ခေါ်တဲ့ မိဘများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်ဝန်ရှိဖို့မကြိုးစားခင်မှာ ပိုပြီးအလေးပေး လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ် …  တကယ်လို့ ကိုယ်ဝန်မရခင် အန္တရာယ် တွေကို ကြိုတင်စစ်ဆေးနိုင်မယ်ဆိုရင် ကိုယ်ဝန်အတွက် လုံခြုံစိတ်ချရမှု ရှိစေမယ့် ကြိုတင်ကာကွယ်မှုနဲ့ ဆေးဝါးများလည်း အများကြီးရှိပါတယ် … ” လို့ Dr.Dejthevaporn က ပြောကြားခဲ့ပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပဲ ရောဂါပြဿနာများမှတစ်ဆင့် အန္တရာယ်ရှိတဲ့ ကိုယ်ဝန်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အများအားဖြင့် သားအိမ် ၊ သားအိမ်ခေါင်းနဲ့ အချင်း စတာတွေမှာ ပြဿနာရှိနေနိုင်ပါတယ်။ မိခင်လောင်းများဟာ မနက်ပိုင်းမှာ ပြင်းထန်စွာအဖျားတက်ခြင်း ခံစားရနိုင်ပြီး ပထမ သုံးလပတ်အထိ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ရေမြွှာရည်(Amniotic Fluid) များလွန်းခြင်း(သို့)နည်းလွန်းခြင်း နဲ့ သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်း တို့ကြောင့် လည်း ဖြစ်တတ်ပါတယ်။ အမြွှာကိုယ်ဝန်(Twin) (သို့) Multiple Pregnancies လို့ခေါ်တဲ့ (၃)မြွှာပူးအထက် ကိုယ်ဝန်လွယ်ထားရတယ်ဆိုရင်လည်း အန္တရာယ်ရှိတဲ့ ကိုယ်ဝန်အဖြစ် သတ်မှတ်နိုင်ပါတယ်။

“Multiple Pregnancies တွေဟာ အန္တရာယ်များတယ်ဆိုတာကို လူသိနည်း နေပါသေးတယ် … အမြွှာကိုယ်ဝန်အားလုံးရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ သုံးမြွှာပူး ကိုယ်ဝန်(Triplets) ရဲ့ (၉၀) ရာခိုင်နှုန်းဟာ အချိန်မတိုင်ခင် မွေးဖွားလာဖို့ များပါတယ် … တကယ်လို့ ကလေးများကို အချိန်မတိုင်ခင် မွေးဖွားမယ်ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အပြည့်အဝဖွံ့ဖြိုးခြင်းမရှိနိုင်ဘဲ  အရမ်း အန္တရာယ်များပါတယ် … ဆင်တူအမြွှာ(Identical Twins) တွေမှာ ကလေး တစ်ယောက်ဆီမှ နောက်တစ်ယောက်ဆီ စီးဆင်းတဲ့ သွေးသွင်းခြင်း(Blood Transfusion) လုပ်မယ်ဆိုရင် ဆိုရင်ပို လို့တောင် အန္တရာယ်များပါတယ် … ကလေးတစ်ဦးမှာ သွေးအမြောက်အများလက်ခံရရှိခြင်းကြောင့် နှလုံးသွေးကြောပိတ်ခြင်း(Heart Attack) ဖြစ်နိုင်သလို နောက်တစ်ဦးဟာလည်း သွေးအရမ်း နည်းသွားတာကြောင့် ကြီးထွားနိုင်မှာမဟုတ်ပါဘူး … ဒါပေမယ့် လည်း သေချာဂရုတစိုက် ကုသစောင့်ရှောက်မယ်ဆိုရင် ဒီလိုပြဿနာကို စောစောစီးစီးသိရှိနိုင်ပြီး မိခင်နဲ့ကလေးအတွက် လုံခြုံစိတ်ချရဖို့ အချိန်မီ ထိန်းသိမ်းလုပ်ဆောင်နိုင်ပါတယ် …   ” လို့ Dr.Dejthevaporn က ရှင်းပြ ခဲ့ပါတယ်။

တကယ်လို့ အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆိုတာ သေချာပြီဆိုရင် ဆရာဝန်နဲ့ ပုံမှန်ရက်ချိန်းယူပြီး တိုင်ပင် ဆွေးနွေးရပါမယ်။ သစ်သီး ၊ ဟင်းသီးဟင်းရွက် ၊ ပရိုတိန်း (ဆရာဝန်ရဲ့အကြံပေးချက်အတိုင်းမဟုတ် ရင်တောင်) စသဖြင့် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးရပါမယ်။

Dr.Dejthevaporn က ဆက်လက်အကြံပေးပြောကြားခဲ့ရာမှာ - “ အကုန်လုံးကို စားလို့ရပါတယ်… ပင်လယ်စာဆို အများကြီးမစားနဲ့ပေါ့ … တစ်ပတ် နှစ်ကြိမ်လောက်ဆိုရတယ် …ပင်လယ်စာမှာ Omega 3 ဓာတ်တွေအများကြီး ပါတယ်ဆိုပေမယ့် အများကြီးစားရင် ပြဒါးဓာတ်(Mercury) တွေ အများကြီး ပုံလာပြီး သန္ဓေသားရဲ့ ဦးနှောက်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ် … ပြီးတော့ အရင်ကလေးမှာ ဓာတ်မတည့်မှု(သို့) မိခင်ကိုယ်တိုင်ဓာတ်မတည့်မှု ရှိတဲ့ မိခင်လောင်းတွေအနေနဲ့ နွားနို့မှာပါတဲ့ ပရိုတိန်းဓာတ်ကြောင့် မွေးလာမယ့် ကလေးမှာလည်း ဓာတ်မတည့်မှုဆက်ပြီး ဖြစ်သွားမှာစိုးလို့ နွားနို့အများကြီး မသောက်ဖို့အကြံပေးချင်တယ်။ ကိုယ်ဝန်ဆောင်ကာလမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ ...  အခေါင်းပေါက်သေးသေးလေး တစ်ခုကနေတောင် ကလေးအတွက် ပိုးဝင်ပြီး လမစေ့ဘဲ မွေးလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်....  ” လို့လည်း Dr.Dejthevapornက အကြံပြုထားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်အနည်းဆုံး (၄၀၀) မီလီဂရမ်ပါဝင်တဲ့ ဗီတာမင်ဆေး ကို သောက်ပါ။ ကိုယ်ဝန်ဆောင်အားလုံးအတွက် သတိထားစရာအနေနဲ့ အကြံပြုချင်တာကတော့ အရက်နဲ့ စီးကရက်လုံးဝမသောက်ဖို့ပါပဲ။

တကယ်လို့ သားဖွားအထူးကုဆရာဝန်က သင့်အနေနဲ့ ဂရုစိုက်မှု ပိုလိုတယ်လို့ ထင်တယ်ဆိုရင် စစ်ဆေးလုပ်ဆောင်မှုများ လုပ်ဖို့အကြံပေးမှာပါ ။ အခြေအနေပေါ်မူတည်ပြီး ပုံမှန်စစ်ဆေးမှုတွေကို ပြုလုပ်ရမှာလည်းဖြစ်ပါတယ်။

“ အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆောင်တွေဟာ သာမန်ကိုယ်ဝန်ဆောင်အမျိုးသမီး တွေထက်ပိုပြီး ဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုတယ်ဆိုတာ ခေါင်းထဲထည့် ထားရပါမယ် … ပုံမှန်မဟုတ်တဲ့သန္ဓေသား ဖွံ့ဖြိုးမှုအတွက်စစ်ဆေးမှု ၊  ကလေးတည်နေရာတစ်ဝိုက်ကအရည်ကိုယူပြီး မျိုးရိုးဗီဇရောဂါများနဲ့ ပိုးဝင်ခြင်း အတွက် စစ်ဆေးတဲ့ ရေမြွှာရည်ဖောက်ထုတ်စစ်ဆေးမှု ၊  ဓာတ်ခွဲခန်းစစ်ဆေးမှု စသည့် အသေးစိတ်ပစ်မှတ်ထားတဲ့ စစ်ဆေးမှုများကိုလည်း လိုအပ်နိုင်ပါတယ် … ဒီဓာတ်ခွဲခန်းစစ်ဆေးမှုတွေဟာ ဖြစ်နိုင်တဲ့ ရောဂါပြဿနာတွေကို ကြိုတင် စစ်ဆေးဖို့ ၊ အချိန်မီကြိုတင်ကာကွယ်နိုင်ဖို့ နဲ့ မိခင်ရောကလေးအတွက်ပါ အန္တရာယ်ကင်းစေဖို့ ဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြောပါမယ် . အန္တရာယ်ရှိတဲ့ကိုယ်ဝန်ဆိုတာ များများ ဂရုစိုက်မှုပိုပြီး လိုအပ်တဲ့ကိုယ်ဝန်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ…  ” လို့ Dr. Dejthevapornက ပြောကြားခဲ့ပါတယ်။

စိတ်ဖိစီးမှုအရမ်းမများပါနဲ့ ။ စိုးရိမ်သောကကြောင့် သင်နဲ့ သင့်ကလေး ကျန်းမာရေးကို အထိခိုက် မခံပါနဲ့ ။ ကိုယ့်ရဲ့ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးပြီး ကျန်းမာတဲ့နည်းလမ်းများနဲ့ တည်ငြိမ်စွာ နေထိုင်ပြီး အနားယူလိုက်ပါ။

“ ပျော်စရာအကြောင်းအရာတွေ အဖြစ်အပျက်တွေ စဉ်းစားပြီး စိတ်တည်ငြိမ် အောင် လုပ်နိုင်ပါတယ် ... သီချင်းနားထောင်တာ .. ဇာတ်ကားကောင်းကောင်း ကြည့်တာ … စာအုပ်တွေဖတ်တာအပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း စိုးရိမ်သောကတွေကို လျှော့ချနိုင်တာမှန်သမျှ အကုန်သာလုပ်ပါ … ပျော်ပျော်ရွှင်ရွှင်နေခြင်းကတော့ အန္တရာယ်တာတွေကို ချုံ့ပစ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ …” လို့ Dr.Dejthavaporn က ပြောကြားခဲ့ပါသေးတယ်။

Photo Credit: Emery Co Photo via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။