မိဘတိုင်းရဲ့အားထားစရာ လမစေ့ကလေးမွေးဖွားမှုကာကွယ်ရေး ဆေးခန်း

Building 2 (Sukhumvit Wing), 1st Floor Daily (7 days /week) - 07:00-22:00 66 (0) 2 022 2255-6 svhobgyn@samitivej.co.th
ဆစ်မီတဝေ့ ဆူခွန်ဗစ်

Clinical Outcome

လမ​စေ့က​လေး​မွေးဖွားမှုအန္တရာယ်အတွက်စစ်​ဆေးမှုနှင့်ကုသမှုအစီအစဥ်

  • 3P Concept နဲ့ လမစေ့ကလေးမွေးဖွားမှုနှုန်းကို (၅၀) ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ် (WHO ရဲ့ ရည်မှန်းချက်များနဲ့ နှိုင်းယှဉ်မှုအရ)
  • မျိုးရိုးဗီဇဆိုင်ရာရောဂါများကို ကိုယ်ဝန်မဆောင်ခင်စစ်ဆေးခြင်း(Pre-Pregnancy Screening ) (၉၉ ရာခိုင်နှုန်းတိကျမှုရှိ)

 

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံ မှာအတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဝန်များနဲ့ဖွဲ့စည်းထားတဲ့  မိခင်နှင့်သန္ဓေသားဆေးကုသမှု(Maternal Fetal Medicine) အဖွဲ့ တစ်ဖွဲ့ရှိပြီး ကိုယ်ဝန်ဆောင်မိခင် များရဲ့ နောက်ဆက်တွဲရောဂါပြဿနာများကို အထူးကြပ်မတ်ကုသပေးနေပါတယ်။ အဆိုပါအဖွဲ့ဟာ လမစေ့ကလေးမွေးဖွားမှုကို ကာကွယ်ဖို့အထူးဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီအန္တရာယ်ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အစိုးရိမ်ရဆုံးနဲ့ နောက်ဆက်တွဲရောဂါဆိုးကျိုးများကို ဖြစ်စေတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။

လမစေ့ကလေးမွေးဖွားမှုကာကွယ်ရေးဆေးခန်း(The Preterm Prevention Clinic)  ဟာ မိခင်တို့ရဲ့ အခြေအနေများကို အကဲဖြတ်သုံးသပ်ပြီး လမစေ့ဘဲ ကလေးမွေးဖွားမှုကို လျှော့ချပေးနိုင်ဖို့ လုံလောက်တဲ့ ကုသမှု အစီအစဉ်တွေကို သတ်မှတ်ရေးဆွဲပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ လမစေ့ဘဲကလေးမွေးဖွားမှုကို ကာကွယ်ကူညီဖို့မျှော်လင့်ထားသလို လမစေ့ကလေးမွေးဖွားမှု ကာကွယ်စောင့်ရှောက်ရာမှာ စံပြ ဖြစ်လာဖို့လည်း ရည်မှန်းထားပါတယ်။

လမစေ့ကလေးမွေးဖွားခြင်း(Preterm Birth) ဟာ ကိုယ်ဝန်လွယ်ချိန် (၃၇) ပတ် မတိုင်ခင်မှာ ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ လမစေ့ကလေးမွေးဖွားခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း များအနေနဲ့ လမစေ့ကလေးမွေးဖွားမှုရာဇဝင်ရှိဖူးခြင်း ၊ သားအိမ်ခေါင်းအလျားတိုခြင်း ၊ အမြွှာကိုယ်ဝန် ဆောင်ရခြင်းတို့အပြင် သွေးပေါင်ချိန်မြင့်ခြင်း ၊ အရေပြားလေးဖက်နာ(Lupus) ၊ ဆီးချို စတဲ့ ရောဂါ ပြဿနာ များကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မွေးကင်းစကလေးငယ်များသေဆုံးခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ လမစေ့ဘဲမွေးဖွားခြင်း ကြောင့်ဖြစ်ပြီး ကာလတို ကာလရှည် နောက်ဆက်တွဲ ပြဿနာများလည်း ဖြစ်စေနိုင်ပါတယ်။ လမစေ့ဘဲ မွေးလာတဲ့ကလေးငယ်များဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ၊ ဦးနှောက်သွေးယိုခြင်း ၊ အူလမ်းကြောင်းပြဿနာများ ၊ အမြင်အာရုံဆုံးရှုံးမှု နဲ့ ဖွံ့ဖြိုးမှုနှေးခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်နိုင်ခြေ များပါတယ်။

 

စောင့်ရှောက်ကုသမှုလမ်းညွှန်ချက်များ

ဆစ်မီတဝေ့ရဲ့ 3 P’s Concept

၁ ။ ကြိုတင်ခန့်မှန်းခြင်း (Prediction)   - ကြိုတင်ခန့်မှန်းခြင်းရဲ့ အစမှာ မိခင်ရဲ့ ကျန်းမာရေး ရာဇဝင်ကို သေချာပြန်လည်စစ်ဆေးပါတယ်။ တကယ်လို့ မိခင်အနေနဲ့ လမစေ့ဘဲကလေးမွေးဘူးကြောင်း သိရတာနဲ့ အဆိုပါမိခင်ကို ဖြစ်နိုင်ခြေမြင့်မားတဲ့ လူနာအုပ်စုအမျိုးအစားထဲကို သတ်မှတ်လိုက်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင် အားလုံးဟာ အာထရာစောင်းဖြင့်မွေးလမ်းကြောင်း ကြည့်ရှုတဲ့ကိရိယာ ( Transvaginal Ultrasound Scan) အသုံးပြုပြီး သားအိမ်ခေါင်းကို တိုင်းတာ စစ်ဆေးရပါတယ်။ တကယ်လို့ သားအိမ်ခေါင်းရဲ့အလျားဟာ (၂၅) မီလီမီတာ (သို့မဟုတ်) (၂၅) မီလီမီတာအောက်ရှိမယ်ဆိုရင် အဆိုပါမိခင်ဟာ လမစေ့ဘဲကလေးမွေးဖွားနိုင်တဲ့ အန္တရာယ်မြင့်မား နေပြီဆိုတဲ့လက္ခဏာပါပဲ ။ သားအိမ်ခေါင်းတိုင်းတာမှုကို  ကိုယ်ဝန်ဆောင်ချိန် (၁၆)ပတ်ကနေ (၂၄) ပတ် အတွင်းကာလမှာ လုပ်ဆောင်ကြပေမယ့်လည်း အတွေ့အကြုံအရ ကိုယ်ဝန်ဆောင်ချိန် (၁၂) ပတ်- (၁၃) ပတ် ကာလအတွင်း မှာပဲ လုပ်ဆောင်လို့ရပါတယ်။ သားအိမ်ခေါင်းတိုင်းတာမှု ကို ကိုယ်ဝန်ဆောင်ကာလ (၁၂) ပတ်မှာ လုပ်ဆောင်ခြင်း သားအိမ်ခေါင်းထဲမှာ ရေမွှာ(Amniotic Fluid) ရှိ မရှိကို ပါ သိနိုင်ပါတယ်။ တကယ်လို့ အဲဒီချိန်မှာ ရေမွှာရှိနေပြီဆိုရင် ပြဿနာတစ်ခုပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်ကာလ (၁၂)ပတ်-(၁၃) ပတ်မှာ အာထရာစောင်းရိုက်တဲ့အချိန် ရေမြွှာကိုသေချာရှင်းရှင်းလင်းလင်းမြင်ရတယ်ဆိုရင် ချက်ချင်း ဆေးပေးပြီး ရောဂါပိုးဝင်ခြင်းနဲ့ လမစေ့ဘဲမွေးဖွားမှု အန္တရာယ်အခြေအနေကို လျှော့ချပေးနိုင်ပါတယ်။ တကယ်လို့ အဲဒီအချိန်မှာ သေချာမကုသဘဲ ထားလိုက်မယ် ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားလာမှု(Preterm Birth) ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် မိခင်ကို Swab Test ယူပြီး ရေမွှာကို ထိန်းသိမ်း ပေးတဲ့ ပရိုတိန်း(Fetal Fibronectin) ကိုပါ ကြည့်ရှုစစ်ဆေးပေးပါတယ်။ အဆိုပါ Fetal Fibronectin ဟာ ရေမွှာနဲ့ သားအိမ်အတွင်း လွှာ(Endometrium) ကြားရှိ ကြားခံဝတ္ထုတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သားအိမ်ဟာ ကျဉ်းနေမယ်ဆိုရင် အဆိုပါကြားခံဝတ္ထုဟာ အမျိုးသမီးအင်္ဂါ(Vagina) ထဲမှာ တည်ရှိနေနိုင်ပါတယ်။ ဒီလိုအခြေအနေကို စစ်ဆေးတွေ့ရှိရတယ်ဆိုရင် မိခင်ဟာ လမစေ့ဘဲ မွေးဖွား ဖို့ အလားအလာရှိနေပါတယ်။

၂။ ကာကွယ်ခြင်း(Prevention)   - လူနာတစ်ဦးမှာ အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတစ်ခုခု တွေ့ရပြီဆိုရင် သားအိမ်ကျဉ်းခြင်းကို ကာကွယ်ဖို့ မိခင်ကို သဘာဝဟော်မုန်းဆေး (Natural Progesterone) ထိုးပေးမှာ ဖြစ်ပါတယ်။ တချို့အခြေအနေမှာ သဘာဝဟော်မုန်းဆေးဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ အကျိုးသက်ရောက်မှု မပေးနိုင်ခဲ့ရင် လူနာဟာ သားအိမ်ခေါင်းအလျား တိုနေဆဲ အခြေအနေမှာပဲ ဖြစ်နိုင်ပါတယ် ။ ဒီလိုအခြေအနေမျိုးဆိုရင် သားအိမ်ကျခြင်းကိုထိန်းပေးတဲ့ကိရိယာ (Cervical Pessary) ထည့်ခြင်း သို့မဟုတ် သားအိမ်ချုပ်ခြင်း (Cervical Cerclage) ကို လုပ်ဆောင်ပြီး သားအိမ်ခေါင်းရဲ့ ကြံ့ခ်ိုင်မှုကို တိုးမြင့်စေပါတယ်။ ယနေ့ခေတ်မှာတော့ ပိုမိုလွယ်ကူသက်သာမှုနဲ့ အကုန်အကျပိုသက်သာမှု အားသာချက်များကြောင့် သားအိမ်ကျခြင်းကိုထိန်းပေးတဲ့ကိရိယာ(Cervical Pessary) ထည့်ခြင်းကို ပိုမိုရွေးချယ်လာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေပြီးတာနဲ့ လူနာဟာ အိမ်ကို ချက်ချင်းပြန်နိုင်ပြီဖြစ်ပါတယ်။

၃။ ကျန်းမာရေးအသိပညာမြှင့်တင်ပေးခြင်း(Health Promotion)  - ဒီနည်းလမ်းကတော့ ပထမ နည်းလမ်း (၂) ခုက ကောင်းမွန် တဲ့ရလဒ် မရခဲ့ဘူး ၊ လူနာသားအိမ်တင်းနေချိန်နာကျင်မှုလည်း ခံစားနေရဆဲ အခြေအနေ မှာ လုပ်ဆောင်ပါတယ်။ သားအိမ်ကျဉ်း ခြင်းကိုရပ်တန့်ဖို့အတွက် ဆေးပေးမှာဖြစ်ပြီး သားအိမ် ကျုံ့ခြင်းကို အနည်းဆုံး (၄၈) နာရီနောက်ကျအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ ပြီးရင် ကလေး ငယ် ရဲ့ အဆုတ်ကို နှိုးဆွပေးဖို့ နဲ့ ဦးနှောက်သွေးယိုခြင်းကို ကာကွယ်ဖို့ စတီးရွိုက်ဟော်မုန်းဆေးထိုးပေးမှာဖြစ်ပါတယ်။ ဒါတွေပြီးမှသာလျှင် ကလေးငယ်ကိုမွေးဖွားပေးမှာဖြစ်ပြီး ကလေးထွက်လာတာနဲ့ တစ်ပြိုင်နက် မွေးကင်းစကလေး အထူးကုသဆောင် (NICU) ထဲမှာ အထူးစောင့်ကြည့် မှာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ NICU အခန်းများမှာ မွေးကင်းစကလေးငယ် ကုသစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဝါရင့်အတွေ့အကြုံရှိ  မွေးကင်းစကလေးငယ်ပြုစုစောင့်ရှောက်ရေးဆရာဝန်များခန့်အပ်ထားသလို မွေးကင်းစကလေး ငယ်များအတွက်ကြပ်မတ်စောင့်ရှောက်ဖို့လိုအပ်တဲ့ နောက်ဆုံးပေါ် ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ကိရိယာများလည်းအပြည့်အစုံ တပ်ဆင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ လမစေ့ ကလေးမွေးဖွားမှုကာကွယ်ရေးဆေးခန်းဟာ လမစေ့ဘဲမွေးလာတဲ့ကလေး ငယ်များအတွက် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု တွေ ပြုလုပ်ပေးသလို ကလေးငယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် ဂရုပြုစောင့်ကြည့် လေ့လာခြင်းများလည်း လုပ်ဆောင်ပါတယ် ။
 

မျိုးရိုးဗီဇ ကြည့်ရှုစစ်ဆေးခြင်း (Precise and Personalized Medicine)

  • ကလေးယူဖို့စီစဉ်ထားတဲ့စုံတွဲတွေမှာပါလာတတ်တဲ့မျိုးရိုးဗီဇဆိုင်ရာရောဂါများစစ်ဆေးခြင်း
  • ကလေးမရနိုင်တဲ့မျိုရိုးဗီဇဆိုင်ရာအကြောင်းအရင်းများကိုစစ်ဆေးခြင်း
    • ကလေးမရနိုင်တဲ့စုံတွဲများအတွက်မျိုးရိုးဗီဇစစ်ဆေးခြင်း
      • ကိုယ်ဝန်မဆောင်ခင်မျိုးရိုးဗီဇစစ်ဆေးခြင်း မှာ မိဘကနေ ကလေးကိုပါလာနိုင်တဲ့ ဗီဇလက္ခဏာများနဲ့အတူ X ခရိုမိုဆုန်းဗီဇများကို စစ်ဆေးပေးတာဖြစ်ပြီး စုံတွဲတွေမှာ ရှာဖွေတွေ့ရှိနိုင်မှုနှုန်း (၃.၄) ရာခိုင်နှုန်း အထိရှိပါတယ်။
      • မထည့်သွင်းခင်မျိုးရိုးဗီဇရောဂါရှာဖွေခြင်း (PGD) (NGS)- ထည့်သွင်းခြင်းမပြုခင်မှာ မိဘကနေ ကလေးကိုပါလာနိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာအခြေအနေတွေအတွက် သန္ဓေသားကို စစ်ဆေးခြင်းဖြင့် ကလေးငယ်အနေနဲ့ အနာဂတ်မှာ မျိုးရိုးဗီဇ ပြဿနာမရှိဘဲ တိကျမှု (၉၅) ရာခိုင်နှုန်းရှိပါတယ်။
      • မထည့်သွင်းခင်မျိုးရိုးဗီဇစစ်ဆေးခြင်း (PGS) (NGS)- သန္ဓေသားရဲ့ ခရိုမိုဆုန်းမူမမှန်မှု စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်မှုနှုန်းကို( ၃၀ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအထိ)  မြင့်တက်စေသလို သန္ဓေသား (၅၀) ရာခိုင်နှုန်းကျော်မှာ ခရိုမိုဆုန်း မူမမှန်မှုကို စစ်ဆေး တွေ့ရှိနိုင်ပါတယ်။
      • သန္ဓေသားရွေးချယ်မှု - Mitochondrial DNA ကို အသုံးပြုပြီး သန္ဓေသားရဲ့ အသက်ရှင်သန်နိုင်မှု အမှတ်ပေးစနစ်အဖြစ်သတ်မှတ်ခြင်းဖြင့် ထည့်သွင်းမှုနှုန်းကို သုညရာခိုင်နှုန်းမှ ၅၉-၈၁ ရာခိုင်နှုန်းထိ မြင့်တက်စေပါတယ်။
      • သားအိမ်လက်ခံနိုင်မှုကိုလေ့လာစစ်ဆေးခြင်း (Genes ၂၃၈ မျိုး ထုတ်ဖော်ခြင်း )   - အမျိုးသမီးများရဲ့ (၂၅) ရာခိုင်နှုန်းမှာ လက်ခံဖို့ အဆင်သင့်မရှိသေးတဲ့ သားအိမ် ရှိမနေကြောင်းစစ်ဆေးတွေ့ရှိရပြီး  ကိုယ်ဝန်ပျက်ကျနိုင်ခြေ (၁၀၀) ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။
      • သန္ဓေမတည်နိုင်ခြင်းအတွက်မျိုးရိုးဗီဇစစ်ဆေးခြင်း- ဒီစစ်ဆေးမှုကတော့ မျိုးရိုးဗီဇဆိုင်ရာစစ်ဆေးမှုများကို အခြေခံပြီး ကလေးမရနိုင်တဲ့ အကြောင်းရင်းများကို ရှာဖွေစစ်ဆေးခြင်းဖြစ်ပါတယ်။
    • ကိုယ်ဝန်မဆောင်နိုင်သည့်ခုခံအားရောဂါပြသာနာများ      - ဒီရောဂါပြဿနာများဟာ အစားထိုးထည့်သွင်းခြင်းကို မအောင်မြင်စေသလို အကြိမ်ကြိမ်ကိုယ်ဝန်ပျက်ကျခြင်းကိုပါ ခံစားရစေနိုင်ပါတယ်။
      • ခုခံအားကစဉ့်ကလျားဖြစ်သည့်ပဋိပစ္စည်းများ -  Anti-Thyroid Peroxidase , ANA , Anti-Mitochondria Antibodies
      • သွေးခဲလွယ်ခြင်းကိုစစ်ဆေးခြင်း(Thrombophilia Screening)
      • ခုခံအားစစ်ဆေးမှုများ
        • ၁။ ဗိုင်းရပ်စ်များကိုသေစေနိုင်တဲ့လင်ဖိုဆိုက်(သို့) ခုခံအားပြင်ပအသွင်အင်္ဂါရပ်(immune-phenotype)
        • ၂။ ခုခံအားကလာပ်စည်းအတွင်းရှိ ပရိုတိန်းပါဝင်မှုအချိုးအစား ( အောင်မြင်စွာ ကိုယ်ဝန်ဆောင်နိုင်မှုနှုန်း (၃၉) ရာခိုင်နှုန်း)
  • ဗိုက်ထဲမှကလေးမမွေးဖွားမီမျိုးရိုးဗီဇဆိုင်ရာရောဂါများအားစစ်ဆေးခြင်း
    • ကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်အစောပိုင်းအချိန်မျိုးရိုးဗီဇစစ်ဆေးခြင်း  - မိဘကနေ ကလေးကိုပါလာနိုင်တဲ့ ဗီဇလက္ခဏာများနဲ့အတူ X ခရိုမိုဆုန်းဗီဇများကို စစ်ဆေးခြင်း
    • ကလေးများတွင်ပါလာတတ်သည့် မျိုးရိုးဗီဇဆိုင်ရာမူမမှန်ခြင်းကိုစစ်ဆေးခြင်း   - မိခင်သွေး အတွင်းရှိနေတဲ့ ကလေးငယ်ရဲ့DNA ကိုစစ်ဆေးခြင်း ( ဒေါင်းဆင်ဒရုန်းလက္ခဏာများအတွက်)
    • မမွေးဖွားခင်ရောဂါရှာဖွေခြင်း (PND)   - ဆဲလ်နမူနာယူ စစ်ဆေးခြင်း (CVS)  ၊ ရေမွှာရည် ဖောက်ထုတ်စစ်ဆေးခြင်း(Amniocentesis) ၊ ချက်မှတစ်ဆင့် သွေးယူစစ်ဆေးခြင်း (Cordocentesis)
    • ခရိုမိုဆုန်းအရေအတွက်နှင့်တည်ဆောက်ပုံ(Karyotyping) / ခရိုမိုဆုန်းမူမမှန်မှုကို Chromosomal Microarray Analysis(CMA) နည်းပညာဖြင့် စစ်ဆေးခြင်း / အဆင့်မြင့် မျိးရိုးဗီဇစစ်ဆေးခြင်း(NGS)
    • သန္ဓေသားတွင်မျိုးရိုးဗီဇရောဂါရှာဖွေခြင်း - မျိုးရိုးဗီဇတစ်ခုလုံးကိုစစ်ဆေးခြင်း ၊ မျိုးရိုးဗီဇ တစ်ခုလုံးနှင့်သက်ဆိုင်သည်များကို စစ်ဆေးလေ့လာခြင်း ။
  • ကိုယ်ဝန်ပျက်ကျခြင်းကိုကြုံတွေ့ဘူးသူများ  ၊ သန္ဓေသားထည့်သွင်းခြင်းမအောင်မြင်ဖြစ်ခဲ့သူများ ရဲ့ ခုခံအားစနစ်ကိုစစ်ဆေးခြင်း

လမစေ့ဘဲကလေးမွေးဖွားခြင်းအကြောင်း

ထိုင်းနိုင်ငံတွင်း ကလေးမွေးဖွားမှုရဲ့ (၁၂) ရာခိုင်နှုန်းဟာ လမစေ့ဘဲမွေးဖွားခြင်း ဖြစ်တာကြောင့် ဒီပြဿနာကို အဓိကအလေးထားစဉ်းစားရမယ့် အချက်ဖြစ်လာခဲ့ပါတယ်။ လမစေ့ဘဲမွေးလာတဲ့ကလေးငယ်များဟာ သေဆုံးခြင်း ၊ မသန်မစွမ်းဖြစ်ခြင်း ၊ တခြားရောဂါပြဿနာများ စတာတွေတွေဖြစ်နိုင်တဲ့ အန္တရာယ်အရမ်းများ ပါတယ်။

မမွေးဖွားခင် စစ်ဆေးကုသမှုများအတွင်း Transvaginal Ultrasound နည်းပညာနဲ့ ကိုယ်ဝန်ဆောင်ချိန် (၁၈) ပတ်မှ (၂၄) ပတ်အတွင်း သားအိမ်ခေါင်းအရှည်ကို တိုင်းတာပါတယ်။  တကယ်လို့ သားအိမ်ခေါင်းအရှည်ဟာ (၂.၅) စင်တီမီတာအောက် ရှိတယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားဖို့ ဖြစ်နိုင်ခြေ အများကြီးရှိသွားပါပြီ။

လမစေ့ကလေးမွေးဖွားမှုကိုကာကွယ်ပေးတဲ့ ဒီဗီဒီယိုထဲမှာ ဆစ်မီတဝေ့လမစေ့ကလေးမွေးဖွားမှုကာကွယ်ရေး ဆေးခန်းရဲ့ ဦးဆောင်ဆရာဝန် Associate Professor Boonsri Chanrachakul , M.D , Ph.D က လမစေ့ကလေးမွေးဖွားမှုဖြစ်နိုင်တဲ့ သတိပြုစရာ လက္ခဏာ (၅) ချက်ကို ဆွေးနွေးပေးထားပါတယ်။ ဆစ်မီတဝေ့လမစေ့ကလေးမွေးဖွားမှုဆေးခန်း ရဲ့ သူတေသနပြုချက်များအရ ကိုယ်ဝန်ဆောင် (၁၀၀) မှာ (၁၂) ဦးဟာ လမစေ့ဘဲ ကလေးမွေးဖွားမှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့် လက္ခဏာတွေ စောစောစီးစီး ပြလာမယ်ဆိုရင် ကြိုတင်ကာကွယ်ထားနိုင်သလို လမစေ့မွေးဖွားမှုစစ်ဆေးခြင်း(Preterm Screening) ဖြင့် လည်း စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

Opal လို့ခေါ်တဲ့ မိခင်လောင်းတစ်ဦးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုနဲ့ အာထရာစောင်းရိုက်တာတွေ လုပ်ဆောင်ပေမယ့် ကိုယ်ဝန်(၅) လ အချိန်မှာ လမစေ့ဘဲကလေးမွေးဖွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ Opal ဟာ အိပ်ယာပေါ်မှာ လှဲနေလျက် သန္ဓေသားကို သားအိမ်ထဲမှာပဲ ရှိနေစေခဲ့ပြီး စေ့စပ်တိကျသေချာတဲ့ တိုင်းတာမှုတွေကို (၂၈)ပတ်မှ (၂၉)ပတ် အကြာမှာ လုပ်ဆောင်ခဲ့ကာ ကလေးရဲ့ အသက်ရှင်နိုင်မှုနှုန်းကို မြင့်မားစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Opal ဟာ ကိုယ်ဝန်ဆောင်ချိန် (၂၉) ပတ်မှာပဲ အမြွှာကလေးငယ် (၂) ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ ခင်ပွန်းသည်ဆရာဝန်ရဲ့ အတိုင်းအဆမရှိ အားပေးပံ့ပိုးမှုများနဲ့အတူ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခုကို အံတုပြီး Opal ရဲ့ ရင်သွေးငယ် နှစ်ဦးဟာ အသက်ရှင်သန်ခဲ့ပြီးကျန်းမာစွာ ဖွံ့ဖြိုးကြီးထွားလာခဲ့ပါတယ်။ အန္တရာယ်များတဲ့ မိခင်များအနေနဲ့ ဆစ်မီတဝေ့လမစေ့ကလေး မွေးဖွားမှုကာကွယ်မှုဆေးခန်း( Samitivej Preterm Prevention Clinic) မှာ လမစေ့မွေးဖွားမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဘာကြောင့် ကြိုတင် စစ်ဆေးထားသင့်လဲ ဆိုတာကို သူ့ရဲ့ အတွေ့အကြုံတွေနဲ့အတူ မျှဝေပြောကြားမှုကိုလည်း ကြည့်ရှုနားထောင်ကြည့်ပါဦး။

ကလေးမရနိုင်တဲ့ ပြဿနာများကြောင့် အသက် (၃၅)နှစ်အရွယ် Rinnada Jindara ဟာ ဖန်ပြွန်သန္ဓေသား (IVF) နည်းလမ်းနဲ့ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းအချိန် စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ လမစေ့ဘဲမွေးလာနိုင်ခြေများ တွေ့ရှိခဲ့ရတာကြောင့် ဆစ်မီတဝေ့ လမစေ့ကလေးမွေးဖွားမှုကာကွယ်ရေးဆေးခန်းရဲ့ ဦးဆောင်ဆရာဝန် Associate Professor Boonsri Chanrachakul , MD.,Ph.D နဲ့ တိုင်ပင်ကာ ကုသမှုခံယူခဲ့ပါတယ်။ ပုံမှန်မဟုတ်တဲ့လုပ်ဆောင်မှု တစ်ခုအဖြစ် Rinnada Jindara ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ၁၀ စင်တီမီတာထိ ကြီးထွားနေတဲ့ သားအိမ်အသားပိုကို ၅ စင်တီမီတာထိ ရှိအောင်လုပ်ဆောင်ဖို့ အကြောင်းဖန်လာပါတယ်။ အဆိုပါ သားအိမ်အသားပိုကြောင့် သူမရဲ့ သားအိမ်သွေးလွှတ်ကြောကို ပိတ်ဆို့ခြင်း ၊ သားအိမ်ခေါင်းတိုခြင်း ၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိခြင်း စတဲ့ ပြဿနာတွေ ရှိစေခဲ့ပါတယ်။

ရေမွှာတစ်ခုတည်းတွင်အမြွှာသန္ဓေသားလောင်းရှိနေပြီးချက်ကြိုးနှစ်ခုရှိနေခြင်း (Mo Mo Twins)

အမြွှာကိုယ်ဝန်ဆောင်အများစုဟာ အန္တရာယ်များတာကြောင့် ဘေးကင်းကျန်းမာစွာမွေးဖွားနိုင်ဖို့လိုတာကြောင့် ကျွမ်းကျင်ဆရာဝန်များရဲ့ အနီးကပ်ကုသစောင့်ရှောက်မှုကို ရယူဖို့အရေးကြီးပါတယ်။ Mo Mo Twins ကိုယ်ဝန် များဟာ ရှားရှားပါးပါးရှိတတ်သလို အမြွှာကလေးနှစ်ဦးစလုံးကို ဆုံရှုံးသည်အထိ အန္တရာယ်များတဲ့ အခြေအနေ ဖြစ်ပါတယ်။ မိသားစုဘဝတစ်ခုစတင်တည်ဆောက်ကြမယ့် စုံတွဲတွေအနေနဲ့ ဒီအခြေအနေကို မဖြစ်မနေ ကြိုတင်သိရှိထားဖို့လိုအပ်ပါတယ်။