ဒူးကျန်းမာရေးကုသမှုစင်တာ

1st Floor, Building 1 Open daily from 8.00 a.m. – 8.00 p.m. +66 2022 2494-6 [email protected]

ဒူးကျန်းမာရေးကုသမှုစင်တာ

ဆစ်မီတဝေ့ ဆူခွန်ဗစ်

ဒူးကျန်းမာရေး ကုသမှုစင်တာတွင် ဒူးခေါင်းခွဲစိတ်ကုသမှုများတင်မကဘဲ ဒူးခေါင်း ပိုသန်မာလာစေရန်၊ ဒူးနဲ့ပတ်သက်တဲ့ ဝေဒနာများကို ကုသပေးရန်နဲ့ ဒူးပြဿနာများ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးရန် စသော ဒူးဆစ်ကျန်းမာရေးစောင့်ရှောက်မှုများကို တစ်နေရာတည်းမှာ စုံလင်စွာ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ဆရာဝန်များနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့က ခေတ်မီစက်ကိရိယာများ၊ နည်းစနစ်သစ်များကို အသုံးပြီး လူနာတစ်ဦးချင်းစီနဲ့ ကိုက်ညီသော ကုသမှုအစီအစဉ်များကို စနစ်တကျ ရေးဆွဲကုသပေးပါတယ်။  ဤကဲ့သို့ ဂရုတစိုက် ကုသစောင့်ရှောက်ပေးမှုများကြောင့် လူနာများအနေနဲ့ ဒူးနာမှာကို စိတ်ပူစရာမလိုဘဲ မိမိတို့နှစ်သက်သော နေ့စဥ်လှုပ်ရှားမှုများကို စိတ်ကြိုက် ပြန်လည်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဝေဒနာများလည်း လုံးဝသက်သာပျောက်ကင်း သွားနိုင်ပါတယ်။ အသက်အရွယ်မရွေး၊ အားကစား ဝါသနာရှင်ပဲဖြစ်ဖြစ် ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ ရဲ့ ဒူးကျန်းမာရေးကုသမှုစင်တာမှ သင့်ဒူးဆစ်များ ကောင်းကောင်းမွန်မွန် ပြန်လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ ကုသပံ့ပိုးမှုများကို အပြည့်အဝ ပေးသွားမှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုများ

ဒူးနာကျင်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အရိုးပွရောဂါ (Osteoporosis) ကြောင့် ဖြစ်နိုင်သလို၊ အပြေးသမားများတွင် အဖြစ်များသော ဒူးနာကျင်မှုမျိုး (Runner's knee) ကဲ့သို့ ဒူးကို အသုံးများလွန်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် အားကစားလုပ်ရင်း ဒူးအရှေ့ဖုံးရိုး/ဂုန်ညင်းရိုး လွဲခြင်းနဲ့ ဒူးအရွတ်ပြား  စုတ်ပြဲခြင်းကဲ့သို့ ထိခိုက်ဒဏ်ရာရခြင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခြေဖဝါးပုံစံ မမှန်ခြင်း နဲ့ မိမိခြေထောက်နဲ့ မကိုက်ညီတဲ့ ဖိနပ်များကို စီးခြင်း စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပုံစံမမှန်တဲ့ ပြဿနာများကြောင့်လည်း ဒူးနာခြင်းမျိုး ဖြစ်နိုင်ပါတယ်။

ဒူးကျန်းမာရေး ကုသမှုစင်တာမှ အောက်ပါ ကုသရေးဝန်ဆောင်မှုများကို အပြည့်အဝ ပေးနေပါတယ် -

1. ထိခိုက်ဒဏ်ရာရတာကြောင့် ဖြစ်တဲ့ ဒူးဆစ်ပြဿနာများ 

Trauma treatment ဆိုတာ မတော်တဆမှုတခုခုကြောင့် ရုတ်တရက်ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ လူနာများကို ကုသပေးခြင်း ဖြစ်ပါတယ်။ ဤကဲ့သို့အခြေအနေမျိုးတွင် ဒူးခေါင်းရဲ့ နေရာတော်တော်များများမှာ တစ်ပြိုင်နက်တည်း ထိခိုက်မှုများ (ဥပမာ - အရိုးကျိုးခြင်း၊ ဒူးဆစ်ရိုးလွဲခြင်း၊ ဒူးဆစ်လိမ်သွားခြင်း၊ ဒူးအရွတ်ပြား ထိခိုက်ဒါဏ်ရာရခြင်းနဲ့ အရွတ်စုတ်ပြဲခြင်း) ဖြစ်ပေါ်စေလေ့ရှိပါတယ်။ ဒါ့ကြောင့် အရိုးနဲ့ အဆစ် ထိခိုက်ဒဏ်ရာများကို စနစ်တကျစစ်ဆေးပြီး အချိန်မီ ကုသမှုပေးဖို့ လိုအပ်ပါတယ်။

ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံတွင် အရိုးနဲ့ အဆစ်ဆိုင်ရာ ဒဏ်ရာများအတွက် သီးသန့် လေ့ကျင့်ထားပြီး ဒဏ်ရာတွေကို ရောဂါရှာဖွေကုသခြင်းတွင် အတွေ့အကြုံ မြောက်များစွာ ရှိသော ကျွမ်းကျင်ဆေးဘက်ဆိုင်ရာ အဖွဲ့ ရှိပါတယ်။ ဤကဲ့သို့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံများဖြင့် လူနာများကို ဘေးကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ အဓိကထား စနစ်တကျကုသပေးသောကြောင့် မသန်စွမ်းဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

2. အားကစားကြောင့်ဖြစ်တဲ့ ဒူးဒဏ်ရာများနဲ့ အသုံးများလို့ဖြစ်တဲ့ ဒူးဒဏ်ရာများကို ကုသပေးခြင်း

အခုနောက်ပိုင်း ဒူးအရှေ့ပိုင်းအရွတ်စုတ်ပြဲခြင်း (Torn ACLs)၊ ဒူးအရွတ်ပြားစုတ်ပြဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis)၊ အရွတ်ရောင်ခြင်း (Tendonitis)၊ ထိခိုက်မှုကြောင့် အဆစ်လွဲခြင်း (Impact dislocations) နဲ့ ဒူးအရှေ့ဖုံးရိုး/ဂုန်ညင်းရိုးအက်ခြင်း/ကျိုးခြင်း (Kneecap fractures) အပါအဝင် အားကစားကြောင့်ဖြစ်တဲ့ ဒူးဒဏ်ရာများကို ပိုပြီးအတွေ့များလာပါတယ်။ ဒါပေမဲ့ သင်ဟာ ဝါသနာအရ ကစားသူပဲဖြစ်ဖြစ်၊ ကြေးစားအားကစားသမားပဲဖြစ်ဖြစ် ကစားရင်းရလာတဲ့ မတော်တဆရလာတဲ့ ဒဏ်ရာများကို စနစ်တကျ ကုသရန် လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အရိုးအကြောနဲ့ အားကစားဒဏ်ရာဆိုင်ရာ အထူးကုအဖွဲ့ကနေ သင့်အတွက် သီးသန့်ရေးဆွဲထားတဲ့ အစီအစဉ်အမျိုးမျိုးကတစ်ဆင့် ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေကို ကူညီလုပ်ဆောင်ပေးနေပါတယ်။

3. အသက်အရွယ်ကြီးရင့်လာမှုကြောင့် ဒူးဆစ်ယိုယွင်းပျက်စီးလာခြင်း (osteoarthritis) သို့မဟုတ် အခြားရောဂါများကြောင့်ဖြစ်တဲ့ ဒူးခေါင်းပြဿနာများကို ကုသခြင်း

အချို့သောလူနာများတွင် အသက်အရွယ်ကြီးရင့်လာမှုကြောင့် ဒူးဆစ်ယိုယွင်းပျက်စီးလာခြင်း (Primary knee osteoarthritis) သို့မဟုတ် အခြားရောဂါများ၊ အဆစ်ပုံစံမမှန်ခြင်းများ (ဥပမာ - အရိုးနဲ့အရိုးနု သွေးကြောပိတ်ပြီးပျက်စီးသွားခြင်း (OCD)၊ ပေါင်ရှေ့ကြွက်သား အားနည်းပြီး သေးငယ်သွားခြင်း၊ သွေးထောက်ပံ့မှုမရရှိသောကြောင့် ဒူးအရိုးဆဲလ်များသေဆုံးခြင်း) ကြောင့် ဒူးဆစ်ယိုယွင်းလာခြင်း (Secondary knee osteoarthritis) များဖြစ်တတ်ပါတယ်။ ထိုကဲ့သို့သော အခြေအနေများတွင် လူနာတယောက်ချင်းစီနဲ့ ကိုက်ညီသော ကုသမှုများပေးရန်လိုအပ်ပါတယ်။ ကုသတဲ့အခါ ပုံမှန်အားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ ကာယလေ့ကျင့်ခန်းလုပ်ခြင်းများနဲ့ စတင်လေ့ရှိပြီး လိုအပ်ပါက ဒူးအစားထိုးခွဲစိတ်မှု  အထိ လုပ်ဆောင်ရတတ်ပါတယ်။ ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံရဲ့ ဒူးကျန်းမာရေးကုသမှုစင်တာတွင် ဒူးအစားထိုးခွဲစိတ်မှု အထူးပြု အရိုးအကြောခွဲစိတ်ဆရာဝန်ကြီးများ ရှိပါတယ်။ ဤအထူးကုဆရာဝန်ကြီးများဟာ အတွေ့အကြုံရင့်ကျက်ရုံတင်မကဘဲ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ အမေရိကန်နိုင်ငံတွေမှာပါ ပညာတော်သင်ယူခဲ့ကြသူများ ဖြစ်ပါတယ်။ ဆရာဝန်ကြီးတွေရဲ့ ဝါရင့်အတွေ့အကြုံနဲ့ အရည်အချင်းများကြောင့် သင့်ဒူးဆစ်ကျန်းမာရေးအတွက် စိတ်ချလက်ချ ယုံကြည်အားကိုးနိုင်ပါတယ်။

4. ဒူးခေါင်းအတွင်း ဖြစ်ပွားတတ်သော ကင်ဆာနဲ့ အကျိတ်များကို ကုသခြင်း

ဒူးကျန်းမာရေးကုသမှုစင်တာရှိ အရိုးကင်ဆာအထူးကုဆရာဝန်ကြီးများဟာ ဒူးဆစ်နဲ့ ၎င်းပတ်ဝန်းကျင်ရှိ တစ်သျှူးများ (ဥပမာ - အရိုး၊ အရိုးနု၊ အဆီတစ်သျှုး၊ သွေးကြောနဲ့ ကြွက်သားများ) တွင် ဖြစ်ပွားတတ်သော ရိုးရိုးအကျိတ် သို့မဟုတ် ကင်ဆာအကျိတ်များကို တိကျမှန်ကန်စွာ ရောဂါရှာဖွေကုသပေးနိုင်ရန် အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ အရိုးနဲ့ ကြွက်သားများတွင်ဖြစ်တဲ့ အကျိတ်တွေဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်တာမို့ နယ်ပယ်စုံက အထူးကုဆရာဝန်ကြီးများ၊ အသိပညာရှင်အတတ်ပညာရှင်များအဖွဲ့နဲ့ စနစ်တကျ ထိရောက်စွာ ကုသဖို့ လိုအပ်ပါတယ်။ဒါကြောင့် မိမိရဲ့ ဒူးတွင် အကျိတ်တစ်ခုခု ဖြစ်နေတယ်လို့ သံသယရှိပါက ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်နဲ့ စနစ်တကျပြသရန် လိုအပ်ပါတယ်။ ရောဂါကို စောစောစီးစီးနဲ့ တိတိကျကျ သိရမှသာ အခြေအနေကို အမြန်ဆုံး သုံးသပ်ပြီး ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒူးကျန်းမာရေးကုသမှုစင်တာရှိ အရိုးအကြောအကျိတ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများအဖွဲ့ဟာ အရိုးနဲ့ ကြွက်သားတစ်ရှူးများတွက် အကျိတ်ဖြစ်တဲ့ လူနာတွေကို ကုသပေးရာမှာ အတွေ့အကြုံရင့်သော ဆရာဝန်ကြီးများဖြစ်ပါတယ်။ ဤဆေးရုံတွင် နိုင်ငံတကာအဆင့်မီ ကုသစောင့်ရှောက်မှုတွေအပြင် ဆရာဝန်ကြီးများရဲ့ နွေးထွေးပျူငှာတဲ့ ဂရုစိုက်မှုကိုပါ အပြည့်အဝ ရရှိနိုင်ပါတယ်။

5. ဒူးဆစ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ပုံမှန်မဟုတ်တဲ့ ဝေဒနာတွေအတွက် ကုသမှုများ

  • ဒူးကျန်းမာရေးကို ထိခိုက်စေတဲ့ ကျောရိုးအဆစ် ပုံမှန်မဟုတ်ခြင်းများအတွက် ကုသမှု
    ကျောရိုးအဆစ် ယိုယွင်းပျက်စီးခြင်း၊ တစ်ရှူး/အရိုးပုံစံပျက်ခြင်းနဲ့ ကျောရိုးအဆစ်များကြားရှိ အရိုးနုပြား (Spinal disc) ပုံမှန်မဟုတ်ခြင်းများကြောင့် ဒူးနဲ့ ခြေထောက်များတွင် ဒဏ်ရာရခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်းများ ခဏခဏ ဖြစ်တတ်ပါတယ်။ ဥပမာ ကျောရိုးဆစ် ပုံစံပျက်ခြင်းကြောင့် ခြေထောက်နဲ့ ခြေဖဝါးအထိ ထုံကျင်ကိုက်ခဲခြင်းများ ဖြစ်တတ်ပါတယ်။ ဆမီတစ်ဝေ ဆူခွန်ဗစ် ဆေးရုံရဲ့ ဒူးဆစ်ကျန်းမာရေးနဲ့ကုသရေးစင်တာတွင် ကျောရိုးအဆစ် ဒဏ်ရာများနဲ့ ပတ်သက်ပြီး အတွေ့အကြုံရင့်သော အထူးကု ဆရာဝန်အဖွဲ့ ရှိပြီး၊ ဆရာဝန်တစ်ယောက်ချင်းစီဟာ နှစ်စဉ် လူနာရာပေါင်းများစွာကို တာဝန်ယူ ကုသပေးနေပါတယ်။ ဒါ့အပြင် အင်္ဂလန်၊ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတွေမှာ အဆစ်ကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Arthroscopic surgery) နဲ့ ခွဲကြောင်းရာသေးပြီး နာကျင်မှုအနည်းဆုံး ခွဲစိတ်နည်းပညာ (Minimally invasive surgery) တွေကို လေ့လာဆည်းပူးခဲ့ကြလို့ သူတို့ရဲ့ မှန်ပြောင်းကြည့်ခွဲစိတ်မှုတွေဟာ စိတ်ချရပြီး စံချိန်စံညွှန်း မြင့်မားပါတယ်။
  • ဒူးကျန်းမာရေးကို ထိခိုက်စေသော တင်ပါးဆုံရိုး ပြဿနာများကို ကုသခြင်း
    တင်ပါးဆုံရိုးပြဿနာများ (ဥပမာ - တင်ပါးဆုံအဆစ်ရောင်ရမ်းခြင်း၊ ပေါင်ရိုးထိပ်ခေါင်းဆီသို့ သွေးထောက်ပံ့မှုမရရှိသောကြောင့် အရိုးများယိုယွင်းပျက်စီးလာခြင်းနဲ့ တင်ပါးဆုံအဆစ်အိတ်ရောင်ခြင်း (Trochanteric bursitis)) ကြောင့် ဒူးဆစ်ပုံစံပျက်ခြင်းနဲ့ ဒူးနာခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံရဲ့ ဒူးကျန်းမာရေးကုသမှုစင်တာတွင် ဤပညာရပ်ကို အထူးလေ့လာဆည်းပူးထားတဲ့ အရိုးအကြောအထူးကု ဆရာဝန်ကြီးတွေ ရှိနေပြီး လူနာအမြောက်အမြားကို ကုသပေးခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ကျွမ်းကျင်မှုအပြည့်ရှိတဲ့ ကုသစောင့်ရှောက်မှုကို ယုံကြည်စိတ်ချစွာ ခံယူနိုင်ပါတယ်။
  • ခြေဖဝါးနဲ့ ခြေကျင်းဝတ်ဆိုင်ရာ ပြဿနာများကို ကုသခြင်း
    ဒူးနဲ့ ခြေကျင်းဝတ်ဟာ အပြန်အလှန် ဆက်စပ်နေတာကြောင့် မွေးရာပါ ခြေဖဝါးပြားခြင်းစတဲ့ ခြေဖဝါး၊ ခြေကျင်းဝတ်ပြဿနာများမှတစ်ဆင့် ဒူးနာခြင်း ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အားကစားလုပ်ရင်း သို့မဟုတ် မတော်တဆမှုကြောင့် ခြေကျင်းဝတ်ရိုးကျိုးခြင်း၊ အရွတ်ဒဏ်ရာရခြင်း၊ ခြေကျင်းဝတ်လည်ခြင်း၊ ဒူးအသုံးများခြင်းနဲ့ အဆစ်မခိုင်ခြင်းများကြောင့်လည်း အနည်းငယ်မှစ၍ ပြင်းထန်တဲ့ နာကျင်မှုများအထိ ဖြစ်တတ်ပါတယ်။ အချို့ခြေဖဝါးနာကျင်မှုများဟာ မသင့်တော်တဲ့ ဖိနပ်စီးခြင်း၊ ခြေဖဝါးတည်ဆောက်ပုံမမှန်ခြင်း၊ အရိုးအက်ခြင်းနဲ့ ခြေဖဝါးအဆစ်ရောင်ခြင်းများကြောင့် ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ မြောက်များစွာရှိသောကြောင့် တိကျမှန်ကန်တဲ့ ရောဂါရှာဖွေကုသမှု ရရှိဖို့ ကျွန်ုပ်တို့ရဲ့ အထူးကုဆရာဝန်ကြီးများနဲ့ သေချာဆွေးနွေးပြသဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ရဲ့ ကုသမှု ကဏ္ဍများ

ဒူးတစ်ခုလုံး အစားထိုးခွဲစိတ်ကုသခြင်း Total knee arthroplasty (TKA)

ဤကုသမှုပုံစံကတော့ အသက်အရွယ်ကြီးရင့်လာမှုကြောင့် ဒူးဆစ်ယိုယွင်းပျက်စီးလာခြင်း (osteoarthritis) အတွက် လုပ်ဆောင်ပေးတဲ့ ခွဲစိတ်မှုတစ်ခု ဖြစ်ပါတယ်။ ပေါင်ရိုး (Femur)၊ ခြေသလုံးရိုး (Tibia) နဲ့ ဒူးဆစ်ရဲ့ အတွင်းအပြင် အစိတ်အပိုင်းအားလုံးအပါအဝင် ပျက်စီးနေတဲ့ ဒူးဆစ်တစိတ်တပိုင်း/တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားပြီး ပွတ်တိုက်မှုကို လျှော့ချပေးနိုင်သော သတ္တုစပ်များ၊ အဆင့်မြင့်ပလတ်စတစ်နဲ့ ပိုလီမာများဖြင့် ပြုလုပ်ထားတဲ့ ခြေတုလက်တု (Prosthesis) နဲ့ အစားထိုးပေးပါတယ်။

ဒူးဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးကုသခြင်း (Unicompartmental knee arthroplasty (UKA) သို့မဟုတ် Partial Knee Replacement)

ဒူးဆစ်ရဲ့ အတွင်းဘက် သို့မဟုတ် အပြင်ဘက် တစ်နေရာတည်း ပျက်စီးနေတဲ့အခါမျိုးမှာ ဤခွဲစိတ်မှုကို လုပ်ဆောင်နိုင်ပါတယ်။ ပျက်စီးသွားတဲ့ ဒူးဆစ်နုရိုး (Cartilage) နေရာကိုပဲ အထူးပြုလုပ်ထားသောသတ္တုစပ်နဲ့ ပိုလီအီသလင်း (Polyethylene) ပစ္စည်းများသုံးပြီး အစားထိုးပေးတာဖြစ်လို့ ဒူးအရွတ်ပြား (Meniscus) ကို ကောင်းကောင်း အထောက်ကူပေးနိုင်ပါတယ်။ ဒါ့အပြင် UKA ဟာ ဒူးဆစ်ရဲ့ မပျက်စီးသေးတဲ့ အရွတ် (Ligaments) များနဲ့ ဘေးပတ်ဝန်းကျင် တစ်သျှူးများကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးတဲ့ ခွဲစိတ်မှုအသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဤကုသမှုရဲ့ အဓိက အားသာချက်ကတော့ လူနာများ ပြန်လည်သက်သာလာတဲ့အခါ ဒူးလှုပ်ရှားရတာ ပိုပြီး သဘာဝကျကျ သက်သောင့်သက်သာ ရှိစေတာပဲ ဖြစ်ပါတယ်။

တာကာဆူကီ အထွေထွေရောဂါကု ဆေးရုံကြီး (Takatsuki General Hospital) နဲ့ ဆစ်မီတဝေ့ ဆေးရုံကြီး  

ဆစ်မီတဝေ့ ဆေးရုံကြီးဟာ ဂျပန်နိုင်ငံ Ajinkya ကျန်းမာရေးစောင့်ရှောက်မှု ကော်ပိုရေးရှင်းရဲ့ ထိပ်တန်းဆေးရုံတစ်ခုဖြစ်တဲ့ တာကာဆူကီ ဆေးရုံကြီးနဲ့ ဆေးပညာဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေကို အပြန်အလှန် မျှဝေရင်း ဆေးပညာပိုင်းဆိုင်ရာ ထူးချွန်ပြည့်စုံအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။

တာကာဆူကီ ဆေးရုံကြီးဟာ မွေးကင်းစကလေးငယ် စောင့်ရှောက်မှုကဏ္ဍ အပါအဝင် အရိုးအကြောနဲ့ အဆစ်အမြစ်ဆိုင်ရာ (Orthopedics) ဘာသာရပ်များတွင် အဆင့်မြင့် အထူးကုသမှုများကို ပေးနေတဲ့ ဆေးရုံဖြစ်ပါတယ်။ အထူးသဖြင့် ဒူးဆစ်အစားထိုး ခွဲစိတ်မှုများတွင် ဆန်းသစ်တဲ့ နည်းပညာများကြောင့် လူသိများပါတယ်။ အခုလို နာမည်ကြီး ဆေးရုံကြီးနဲ့ ပူးပေါင်းလိုက်ခြင်းကြောင့် အရိုးနဲ့ အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရတဲ့ လူနာများအတွက် ကုသမှုစံနှုန်းများကို ပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်ပြီး၊ လူနာများ ဒူးနာတဲ့ဝေဒနာ ကင်းကင်းနဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ရှင်သန်နိုင်ဖို့ အမြန်ဆုံး ပြန်လည်သက်သာလာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ဒူးဆစ် ကျန်းမာရေးနဲ့ ကုသရေးစင်တာမှ အထူးကု ဆရာဝန်ကြီးများ

Wichian Jiraboonsri, M.D., ထိုင်းနိုင်ငံ အရိုးအကြောနဲ့ အဆစ်အမြစ် ခွဲစိတ်ကုသမှု ဘုတ်အဖွဲ့ဝင် ဒီပလိုမာရ ဆရာဝန်ကြီး ဖြစ်ပါတယ်။ အားကစားကြောင့်ဖြစ်တဲ့ ဒဏ်ရာများနဲ့ ဒူးဆစ်အစားထိုး ကုသမှုများကို အထူးပြုပြီး၊ ဂျာမနီနိုင်ငံတွင် အားကစားဆေးပညာဆိုင်ရာ အထူးပြုလေ့လာမှု (Fellowship) ဆက်လက်ဆည်းပူးခဲ့ပါတယ်။

Werayu Chayapinun, M.D., ထိုင်းနိုင်ငံ အရိုးအကြောနဲ့ အဆစ်အမြစ် ခွဲစိတ်ကုသမှု ဘုတ်အဖွဲ့ဝင် ဒီပလိုမာရ ဆရာဝန်ကြီး ဖြစ်ပါတယ်။ အားကစားဒဏ်ရာနဲ့ ဒူးဆစ်အစားထိုး ကုသမှုကို အထူးပြုပြီး၊ ဆွီဒင်နိုင်ငံ Malmo တက္ကသိုလ်ဆေးရုံမှာ ဒူးဆစ်အတွင်းကြည့် မှန်ပြောင်းခွဲစိတ်မှု (Knee arthroscopy) သင်တန်း ဆင်းထားပါတယ်။

Kriskamol Sithitool, M.D., ထိုင်းနိုင်ငံ အရိုးအကြောနဲ့ အဆစ်အမြစ် ခွဲစိတ်ကုသမှု ဘုတ်အဖွဲ့ဝင် ဒီပလိုမာရ ဆရာဝန်ကြီး ဖြစ်ပါတယ်။ ဒူးဆစ်အစားထိုးကုသမှုကို အထူးပြုပြီး၊ ဂျာမနီနိုင်ငံမှာ အဆစ်အမြစ် အစားထိုးကုသမှုဆိုင်ရာ (Arthroplasty) Fellowship ရရှိထားပါတယ်။

Srihatach Ngarmukos, M.D., ထိုင်းနိုင်ငံ အရိုးအကြောနဲ့ အဆစ်အမြစ် ခွဲစိတ်ကုသမှု ဘုတ်အဖွဲ့ဝင် ဒီပလိုမာရ ဆရာဝန်ကြီး ဖြစ်ပါတယ်။ ဒူးဆစ်အစားထိုးကုသမှုကို အထူးပြုပြီး၊ အမေရိကန်နိုင်ငံမှာ အဆစ်အမြစ် အစားထိုးကုသမှုဆိုင်ရာ Fellowship တက်ရောက်ခဲ့ပါတယ်။

Bunyat Ketmalasiri, M.D., ထိုင်းနိုင်ငံ အရိုးအကြောနဲ့ အဆစ်အမြစ် ခွဲစိတ်ကုသမှု ဘုတ်အဖွဲ့ဝင် ဒီပလိုမာရ ဆရာဝန်ကြီး ဖြစ်ပါတယ်။ ဒူးဆစ်အစားထိုးကုသမှုကို အထူးပြုပြီး၊ အမေရိကန်နိုင်ငံမှာ ဒူးဆစ်ပြန်လည်ပြုပြင်ခြင်းနဲ့ အားကစားဆေးပညာဆိုင်ရာ Fellowship ရရှိထားပါတယ်။

အဆစ်အမြစ်ရောင်ရမ်းခြင်း ရှိ၊ မရှိ မိမိဘာသာ ကနဦး စစ်ဆေးခြင်း

ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း

1. ကနဦး စစ်ဆေးခြင်း - ယေဘုယျအားဖြင့် ဒူးအဆစ်ရောင်ရောဂါ ရှိ၊ မရှိ ကနဦးစစ်ဆေးမှုများတွင် အကယ်၍ သင်ဟာမနက်ခင်းတွင် ဒူးဆစ်တောင့်တင်းခြင်း၊ ဒူးဆစ်မှ အသံမြည်ခြင်း  သို့မဟုတ် ဒူးဆစ်ပုံသဏ္ဍာန်ပြောင်းလဲခြင်းများကြောင့် ဒူးအဆစ် ယိုယွင်းပျက်စီးလာပြီလို့ သံသယရှိပါက [ဤနေရာကို နှိပ်၍] အဆစ်အမြစ်ရောင်ရမ်းခြင်း ရှိ၊ မရှိ မိမိကိုယ်ကို ကနဦးစစ်ဆေးမှု ပြလုပ်နိုင်ပါတယ်။  

2. ဒူးဆစ်ဒဏ်ရာများအတွက် ရောဂါရှာဖွေခြင်း - ပုံမှန်အားဖြင့် ရောဂါရှာဖွေတဲ့အခါ အောက်ပါစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ 

  • ဓာတ်မှန်ရိုက်ခြင်း (X-ray) - လူနာရဲ့ ဒူးဆစ်ကြားရှိ နေရာလွတ်များ ကျဉ်းသွားခြင်းကို ကြည့်ရန်နဲ့ ဒူးဆစ်ပတ်လည် ခြေသလုံးရိုးထိပ် (Tibial tubercle) ကြီးနေခြင်းကို ရှာဖွေဖော်ထုတ်ဖို့ သုံးပါတယ်။

    သွေးစစ်ခြင်း  - လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ (Rheumatoid arthritis) ကဲ့သို့ အဆစ်ပျက်စီးမှုကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကို ဖယ်ထုတ်ပြီး ဆရာဝန်များ တိတိကျကျ ရောဂါရှာဖွေနိုင်ဖို့ ကူညီပေးပါတယ်။

3. ဆရာဝန်မှ ဆန်းစစ်အကဲဖြတ်ခြင်း - ဆရာဝန်က ရောဂါပြင်းထန်မှုအဆင့်ကို တိုင်းတာတဲ့ စနစ်တစ်ခု သုံးပြီး ဒူးဆစ်ဘယ်လောက်ထိ ပျက်စီးနေလဲဆိုတာကို ဆန်းစစ်တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

4. သင့်တော်မည့် ကုသမှု - ဆေးဘက်ဆိုင်ရာအဖွဲ့က ဒူးဆစ်ပျက်စီးမှု အတိုင်းအတာကို ဆန်းစစ်ပြီးနောက် လူနာရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကုသမှုကို အကြံပြုပေးမှာ ဖြစ်ပါတယ်။ ဤကဲ့သို့အကြံပြုရာမှာ လူနာတစ်ဦးစီရဲ့ ကန့်သတ်ချက်တွေနဲ့ ရောဂါလက္ခဏာများ မတူညီခြင်းကြောင့် တစ်ဦးချင်းစီရဲ့ အခြေအနေအပေါ် မူတည်ပြီး သေချာစဉ်းစားပေးမှာ ဖြစ်ပါတယ်။

  • လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း - ပေါင်ကြွက်သားများနဲ့ ဒူးဆစ်ပတ်လည်ရှိ ကြွက်သားများကို သန်မာလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါမှသာ ကိုယ်အလေးချိန်သက်ရောက်တဲ့အခါ သို့မဟုတ် အားစိုက်ရတဲ့အခါမျိုးမှာ ဒူးဆစ်ကို ပိုပြီးခိုင်ခံ့စေမှာ ဖြစ်ပါတယ်။
  • ဇီဝနည်းပညာဖြင့် ကုသခြင်း/ဓါတ်ခွဲခန်းတွင်မွေးမြူထားသောပို့ဖြင့် ကုသခြင်း (Biological therapy) - ဒူးဆစ်အရိုးနုနဲ့ အဆစ်ချောဆီ (Synovial fluid) မူမမှန်ခြင်းများကို ကုသတဲ့ ဆေးပညာနည်းလမ်း ဖြစ်ပါတယ်။ ဤနည်းလမ်းမှာ နာကျင်မှုကို သက်သာစေဖို့နဲ့ အဆစ် တင်းကျပ်မှုကို လျှော့ချပေးဖို့အတွက် ဟိုင်ယာလူရိုးနစ်အက်ဆစ် (Hyaluronic acid) ထိုးဆေးကို သုံးနိုင်ပါတယ်။ ဒါ့အပြင် တူညီတဲ့ရလဒ်မျိုးရဖို့ သွေးရည်ကြည်ထဲက သွေးဥမွှားတွေကို သန့်စင်ပြီး ထိုးတဲ့ဆေး (Platelet rich plasma - PRP) မျိုးလည်း သုံးနိုင်ပါတယ်။
  • ဆေးဝါးဖြင့် ကုသခြင်း - လူနာရဲ့ နေ့စဉ်လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ နာကျင်မှုများကို လျှော့ချဖို့ သုံးပါတယ်။ ဤဆေးဝါးများကို ခွဲစိတ်မှု မလုပ်ခင်နဲ့ လုပ်ပြီးတဲ့အချိန်ကာလများတွင် သောက်ဆေးအနေနဲ့ဖြစ်ဖြစ်၊ သွေးကြောထဲ ဆေးသွင်းတဲ့နည်းနဲ့ဖြစ်ဖြစ် ပေးနိုင်ပါတယ်။
  • ကာယကုထုံး - နာကျင်မှုကို သက်သာစေဖို့ သုံးတာဖြစ်ပြီး ပုံမှန်အားဖြင့် အာထရာဆောင်း (Ultrasound) သုံးခြင်း၊ လေဆာဖြင့် ကုသခြင်းနဲ့ ခွဲစိတ်ပြီးနောက် ဒူးဆစ်ပြန်လည်သန်မာလာအောင် လေ့ကျင့်ခန်းလုပ်ပေးခြင်းများ ပါဝင်ပါတယ်။
  • အဆစ်ကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း - ဒါကတော့ ဒူးဆစ်ထဲကို အဏုကြည့်မှန်ပြောင်း ကင်မရာအသေးလေးတစ်ခု ထည့်သွင်းပြီး လုပ်ဆောင်ရတဲ့ အဆင့်မြင့်ခွဲစိတ်မှု အသစ်တစ်ခု ဖြစ်ပါတယ်။ ၎င်းကင်မရာမှတစ်ဆင့် ဒူးဆစ်အတွင်းပိုင်း အခြေအနေကို ကွန်ပျူတာစခရင်ပေါ်မှာ ရှင်းရှင်းလင်းလင်း မြင်ရအောင် ပြသပေးမှာ ဖြစ်ပါတယ်။ ဤနည်းလမ်းကိုတော့ ဒူးအရွတ်ပြား သို့မဟုတ် ကြွက်သားရိုးဆက် အရွတ်စုတ်ပြဲခြင်း၊ ဒူးဆစ်အတွင်းရှိ အရိုးနုပြားပျက်စီးခြင်း သို့မဟုတ် လမ်းလျှောက်နေစဥ် ဒူးလောခ် ကျသွားသလိုဖြစ်ပြီး ကွေးဆန့်ရခက်ခဲခြင်း (Locked knees) ရှိတဲ့ လူနာများကို ကုသဖို့ သုံးလေ့ရှိပါတယ်။ သို့သော်လည်း ဤကဲ့သို့ကုသမှုကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက သေချာအသေးစိတ် စဉ်းစားသုံးသပ်ပြီးမှသာ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
  • ဒူးဆစ်အစားထိုး ကုသခြင်း (Arthroplasty) - ဒူးနာဝေဒနာ ခံစားနေရတဲ့ လူနာများအတွက် ရွေးချယ်စရာ နောက်ထပ်ကုသမှုတစ်ခု ဖြစ်ပါတယ်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် အဆစ်ကို ပိုမိုလှုပ်ရှားနိုင်စေတာကြောင့် ဒူးအဆစ်ရောင်ရောဂါ ခံစားနေရသူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ လောလောဆယ်မှာ လူနာတွေအတွက် ရွေးချယ်စရာ ဒူးဆစ်အစားထိုးနည်းလမ်း နှစ်မျိုးရှိပြီး အဲဒါတွေကတော့ ဒူးဆစ်တစ်ခုလုံး အစားထိုးကုသခြင်း (Total knee arthroplasty) နဲ့ ဒူးဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးကုသခြင်း (Unicompartmental knee arthroplasty) တို့ပဲ ဖြစ်ပါတယ်။ ဤနည်းလမ်းတစ်ခုစီမှာ သူ့ရဲ့ အားသာချက်နဲ့ ကန့်သတ်ချက်တွေ ကိုယ်စီ ရှိကြပါတယ်။