နာတာရှည်ဒူးနာခြင်းနဲ့အတူ ဒူးဆစ်ရောင်ရောဂါ(Osteoarthritis) ခံစား ရသူ လူနာများ၊ သောက်ဆေးနှင့် ကိုယ်ကာယကုထုံးကဲ့သို့ တခြား ကုသမှု နည်းလမ်း များနဲ့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့သူများအတွက် ဒူးတစ်ခုလုံး အစားထိုး ကုသခြင်း(TKA) ကို လုပ်ဆောင်ဖို့ အကြံပြုကြပါတယ်။ ခွဲစိတ်ကုသမှုဆိုတာကို မည်သည့်အသက်အရွယ်မှာမဆို လုပ်ဆောင်နိုင်ပြီး ရွေးချယ်လိုက်တဲ့ ကုသမှု နည်းလမ်းဟာ ရောဂါလက္ခဏာပြင်းထန်မှု၊ တခြားဆက်စပ်အကြောင်းအရင်းများ အပါအဝင် လူနာရဲ့သီးသန့်လိုအပ်ချက် အပေါ်မှာမူတည်ပါတယ်။ ဒူးတစ်ခုလုံး အစားထိုးကုသခြင်းဟာ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းများ ပုံပျက်ခြင်းကို ကာကွယ်ပေးနိုင်သလို လူနာရဲ့ ယေဘုယျ သက်တမ်းကိုလည်း တိုးတက်စေနိုင် ပါတယ်။
ဒူးတစ်ခုလုံးအစားထိုးကုသခြင်း(TKA) မှာ အလယ်နဲ့ ဘေးဘက် အစိတ်အပိုင်း များအပါအဝင် ပျက်စီးနေတဲ့ ပေါင်ရိုး(Femur) နဲ့ ခြေသလုံးရိုး (Tibia) မျက်နှာ ပြင် အားလုံးကို ခွဲစိတ်ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ခွဲစိတ်ဖယ်ရှားလိုက် တဲ့ အစိတ်အပိုင်းများနေရာမှာ လှုပ်ရှားရလွယ်အောင်လို့ အထူးပြုလုပ်ထားတဲ့ သတ္တုပစ္စည်း၊ ပလတ်စတစ် ပစ္စည်းများနဲ့ ပြန်လည်အစားထိုးအသုံးပြုတာဖြစ်ပါ တယ်။ အရိုး၊ အရိုးနုနဲ့ အရွတ် ဆိုးဆိုးရွားရွား ပျက်စီးနေသူများ၊ ဒူးဆစ်ယိုယွင်း ပျက်စီးနေသူများအတွက် TKA နည်းလမ်း ဟာ ထိရောက်မှုအရှိဆုံး နည်းလမ်းဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင် အထက်မှာ ဖော်ပြခဲ့တဲ့ ပြဿနာ တွေအားလုံးအတွက် တစ်ချက်တည်းနဲ့ အားလုံး အဆင်ပြေတဲ့ နည်းလမ်းလို့ ပြောလို့ရပါတယ်။

(ပုံ ၁ - ဒူးတစ်ခုလုံးအစားထိုးကုသခြင်း : Total Knee Arthroplasty/ TKA)
လူနာဟာ အိမ်ပြန်ရောက်ပြီးတဲ့အခါမှာ ဆရာဝန်ပြောခဲ့တဲ့ ညွှန်ကြားချက်များ အတိုင်းလိုက်နာရမှာဖြစ်ပါတယ်။ လမ်းလျှောက်တုတ် အသုံးပြုဖို့လိုပြီး အထူး သဖြင့် သက်ကြီးပိုင်းလူနာ များအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ လူနာပြန် လည် သက်သာလာဖို့အတွက် အိမ်ရှိပရိဘောဂပစ္စည်းများကို သေချာထားသို ပြီး သင့်တော်တဲ့ ဘေးကင်းလုံခြုံမှုဖြစ်စေရန် စီမံရမှာဖြစ်ပါတယ်။ ခြေထောက်နဲ့ ဒူးဆစ် ကွေးညွတ်မှု ကြံ့ခိုင်တိုးတက်လာစေဖို့နဲ့ လှုပ်ရှားနိုင်မှု မြင့်မားလာစေဖို့ အိမ်မှာလုပ်ရမယ့်လေ့ကျင့်ခန်းများ၊ ကိုယ်ကာယကုထုံးများကို လေ့ကျင့်ဖို့လိုပါတယ်။ ဆရာဝန်နဲ့ ရက်ချိန်းယူ ပြသခြင်းဖြင့် ကျန်းမာရေးဝန် ထမ်းများမှ ဒူးနဲ့ပတ်သက်တဲ့ လက္ခဏာများကို သေချာကြည့်ရှုနိုင်တဲ့အပြင် ခွဲစိတ်ပြီးနောက်ဖြစ်လေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသရမယ့် ရက်ချိန်းများကို မပျက်မကွက်သွားပေးပါ။ သက်တမ်းပိုမိုကြာရှည်ခံဖို့အတွက် လူနာများအနေနဲ့ ရောဂါပိုးဝင်တဲ့ လက္ခဏာ များကို သတိထားဖို့လိုပါတယ်။ အထူးသဖြင့် ခွဲစိတ်ကုသမှုအပြီး တစ်နှစ်အတွင်း မှာ ခွဲစိတ်ထားတဲ့နေရာစုတ်ပြဲခြင်း(သို့)ပူခြင်း၊ အချိန်ကြာရှည်စွာဖျားနာခြင်း၊ ဒူးနေရာမှာဆိုးဆိုးရွားရွားနာကျင်ခြင်း စတဲ့ လက္ခဏာတွေကို သေချာစောင့်ကြည့် သင့်ပါတယ်။ လက္ခဏာတစ်ခုခု ခံစားရတဲ့လူနာတွေအနေနဲ့ ဆရာဝန်နဲ့ မြန်မြန် ပြသလေ ပျောက်ကင်းန်ိုင်ဖို့ အခွင့်အရေးရှိလေ ဖြစ်ပါတယ်။
လူနာများဟာ ခွဲစိတ်ကုသပြီးနောက် (၂၄)နာရီအတွင်း (သို့) ခွဲစိ်တ်ကုသမှုပြီး နောက်နေ့မနက်မှာ ထိုင်ရာမှ မတ်တပ်ရပ်နိုင်ပြီဖြစ်သလို လမ်းလျှောက်တုတ် (သို့) ဘေးမှအကူတစ်ယောက်ကိုတွဲကာ စတင် လမ်းပြန်လျှောက်န်ိုင်မှာ ဖြစ်ပါ တယ်။ ဒီအချိန်ကာလအတွင်း မလျှောက်နိုင်သေးဘူးဆိုရင်လည်း နောက်ထပ် (၁)ရက်- (၂)ရက်လောက်အချိန်ယူလိုက်ရင် လမ်းပြန်လျှောက်နိုင်မှာပါ။ အချိန်အ တိအကျ သတ်မှတ်နိုင်ဖို့ကတော့ လူနာရဲ့ လက္ခဏာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ အပေါ်မူတည်ပါတယ်။ သာမန်အားဖြင့် ခွဲစိတ်ပြီးနောက်ပိုင်း (၆)လကနေ (၁၂) လအတွင်းမှာ လူနာဟာ ပုံမှန်လူကောင်းအတိုင်း လမ်းပြန် လျှောက်နိုင်ပါတယ်။ (၃)လအတွင်းမှာပဲ လုံးဝပြန်လည်သက်သာလာပြီး လမ်းကောင်းကောင်းပြန်လျှောက်နိုင်တဲ့ လူနာတွေလည်းရှိပါတယ်။
TKA နည်းနဲ့ ကုသမှုခံယူမယ့်လူနာတွေ အမေးအများဆုံးမေးခွန်းကတော့ အစား ထိုးပြီးရင် ဘယ်လောက်ကြာကြာခံမလဲ ဆိုတဲ့မေးခွန်းပါပဲ။ အသစ် အစားထိုး လိုက်တဲ့ ဒူးရဲ့ သက်တမ်းဘယ်လောက်ခံမလဲဆိုတာဟာ ခွဲစိတ်မှု နည်းလမ်းက လူနာရဲ့အခြေအနေနဲ့အံကိုက်ဖြစ်သလား၊ ခွဲစိတ်ကုသတဲ့ ဆရာဝန်က အောင်မြင်တဲ့ရလဒ် ရရှိဖို့လုံလောက်တဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင် မှုရှိလား၊ လူနာဟာ အစားထိုး ထားတဲ့ ဒူးကို ဘယ်လောက်အတိုင်းအတာထိ အားစိုက်အသုံးပြုလဲ စတဲ့ အကြောင်းအရင်းတွေအပေါ်မူတည်ပါတယ်။The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအချက်အလက်များ အရ TKA နည်းနဲ့ကုသမှုခံယူခဲ့တဲ့ လူနာပေါင်း (၅၅၀၀၀) ကျော်မှာ ခွဲစိတ်မှုအပြီး နောက်ထပ်ခွဲစိတ်ကုသမှုလိုအပ်တဲ့လူနာဟာ (၁၀)နှစ်အတွင်း (၃.၉) ရာခိုင်နှုန်း၊ နှစ် (၂၀)အတွင်း (၁၀.၃) ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ နောက်ထပ်လေ့လာ တွေ့ရှိချက်များအရ TKA နည်းလမ်းနဲ့ ကုသမှုခံယူသူ (၉၀) ရာခိုင်နှုန်းကျော်ဟာ ခွဲစိတ်ကုသမှုအပြီး ကျန်းမာသန်းစွမ်းတဲ့ဒူး အဖြစ် အနည်းဆုံး (၁၀)နှစ်ကြာ အသုံးပြုနိုင်တယ် လို့လည်း သိရပါတယ်။ ဒီအချက်အလက်တွေအရ TKA နည်းလမ်းနဲ့ ကုသလိုက်မယ် ဆိုရင် (၁၀)နှစ်ကနေ နှစ်(၂၀) အတွင်း ကြာရှည်ခံ တယ်ဆိုတဲ့ အကောင်းဆုံးသက်သေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြာရှည်ခံမှု အတိုင်းအတာဟာ အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရင်းတွေအပေါ်မှာလည်း မူတည်တယ်ဆိုတာကို သိထားရပါမယ်။
လူနာများအနေနဲ့ ဘယ်လေ့ကျင့်ခန်းက နှလုံးသွေးကြောလုပ်ဆောင်မှုကို အထောက်အကူဖြစ်စေတယ် (သို့) ဘယ်လေ့ကျင့်ခန်းကကြွက်သားခံနိုင်ရည် ရှိတယ်ဆိုတာကို စဉ်းစားပြီး ရေကူးခြင်း၊ ရေထဲမှာလုပ်ရတဲ့လေ့ကျင့်ခန်း၊ စက်ဘီးစီးခြင်း စတဲ့ အားကစားနည်းတွေကိုရွေးချယ်နိုင်ပါတယ်။ အဆိုပါ လှုပ်ရှားမှုများဟာ ဒူးအပေါ်သက်ရောက်မှုကိုလျော့ကျစေပြီး အစားထိုးထည့် သွင်းထားတဲ့ပစ္စည်းတွေကို ကြာရှည်ခံစေမှာဖြစ်ပါတယ်။
ဒူးအတွင်းထည့်သွင်းထားတဲ့ ပလတ်စတစ်အလွှာများကို လျှင်မြန်စွာပျက်စီးစေနိုင် သည့် ဒူးအသုံးပြုရတဲ့ တချို့သောလေ့ကျင့်ခန်းများ (ဥပမာ-ခုန်ခြင်း၊ ဘတ်စကတ် ဘော၊ ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ပြေးခြင်း၊ တင်းနစ် ရိုက်ခြင်း) များကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် ခြေထောက်ချိတ်ထိုင်ခြင်း၊ တင်ပျဉ်ခွေ ထိုင်ခြင်း၊ ဒူးထောက်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းကဲ့သို့သော ဒူးကိုမကြာခဏ ကွေးဆန့်ရသည့် အနေအထားများ၊ လေးလံသည့်အရာများကို ပုံမှန် မ ခြင်း များ ဟာလည်း အစားထိုးထားတဲ့ ပစ္စည်းများကို လျှင်မြန်စွာ ပျက်စီး စေတာကြောင့် မပြုလုပ်ကြဖို့ အကြံပေးချင်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဒူးတွေ ယိုယွင်းပျက်စီးလာ ခြင်းကို မရှောင်လွှဲနိုင်ပါဘူး။ ဒါကြောင့် ဒူးဆစ်နာခြင်းကို ခံစားရပေမယ့် ခွဲစိတ် ကုသမှုကို မလုပ်ချင်ကြတဲ့ လူနာများအတွက် ဒူး ကျန်းမာရေးကို ထိန်းသိမ်း နိုင်ဖို့ ကျန်းမာစွာနေထိုင်မှု နည်းလမ်းတွေ ရှိပါတယ်။ ကျန်းမာရေးနဲ့ညီညွတ် အောင်စားခြင်း၊ ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊ ခြေထောက်ကြွက်သားသန်မာ စေတဲ့လေ့ကျင့်ခန်းများလုပ်ခြင်း၊ ပုံမှန်ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အထိုင်အထ များ မှာ သင့်တင့်ကောင်းမွန်တဲ့ကိုယ်နေဟန်ထားဖြစ်အောင်ထိန်းသိမ်းခြင်း စတဲ့ နည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံရဲ့ ဒူးကျန်းမာရေးကုသမှုစင်တာ (The Knee Health Center) ဒူးခွဲစိတ်ကုသမှု များသာလျှင်မက ဒူးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာများ အားလုံးအတွက် ကုသစောင့်ရှောက်ဝန်ဆောင်မှုပေးရာ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဆစ်မီတဝေ့ဆေးရုံဟာ ဂျပန်နိုင်ငံ Ajinkya Healthcare Coporation ရဲ့ ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Takatsuki General Hospital နဲ့ ဆေးပညာအတွေ့အကြုံများကို နှီးနှောဖလှယ်ပြီး ဆေးပညာတိုးတက်ဖို့ အရှိန်အ ဟုန်မြှင့်ကြိုးစားလျက်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ မိတ်ဖက်အဖွဲ့ အစည်း တက္ကသိုလ်များဟာ ဒူးဆစ်ရောင်ရောဂါခံစားနေရသူများအတွက် ဒူးနာခြင်းနဲ့ ပတ်သက်လို့ဘဝတစ်လျှောက်လုံး စိုးရိမ်ပူပန်မှုကင်းကာ အမြန်ဆုံး ပြန်လည်သက်သာလာဖို့အတွက်ဆေးရုံရဲ့ စောင့်ရှောက်ကုသမှုများအပေါ် ကူညီသုံးသပ်အဖြေရှာပေးပါတယ်။
ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။
State-of-the-art surgical technology has progressed an extremely long way, giving surgeons tools that let them conduct faster, more precise operations, with minimal discomfort and quick resolution such that individuals can continue on with their lives more quickly. The technology, Robotic-Arm Assisted Surgery (RAS), consists of significant systems which aid in the procedure:
These systems result in less trauma to bone and surrounding soft tissues that can be damaged during traditional (non-robotic) procedures. Robotic surgery thus results in lower postoperative pain, faster return to full activity, and—most importantly—a lower rate of revision surgery in the long term compared to traditional surgical methods.
Statistically, post-robotic surgery patients can begin mobilizing 24 hours after surgery, walk or bear weight on the surgical side after three days, and return to full activity shortly thereafter, depending on individual strength and health condition.
These improvements in total and partial knee arthroplasty reduce surgical trauma, reduce treatment-related pain, lower revision surgeries, and shorten overall recovery time accelerating the patient's return to a full life.
ဆောင်းပါးများ