ဒူးအစားထိုးခြင်း (Knee Arthroplasty) ဟာ အသက်အရွယ်မရွေး လုပ်ဆောင်နိုင်တဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူနာ တစ်ဦးချင်းစီရဲ့လိုအပ်ချက်နဲ့အသက်အရွယ်၊ ရောဂါလက္ခဏာပြင်းထန်မှု နဲ့ ဆုံးဖြတ်ချက်အပေါ်သက်ရောက်တဲ့ တခြားအကြောင်းအရင်းများ အပေါ်မူ တည်ပြီး ကုသမှုနည်းလမ်းတွေ ကွဲပြားသွားပါတယ်။ တိုးတက်လာတဲ့ ဆေးပညာလောက မှာ Unicompartmental Knee Arthroplasty လို့ခေါ်တဲ့ ဒူးခေါင်းအရိုးအဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးခြင်း ( UKA ) နည်းပညာကို စတင်ခဲ့ပြီး ဒူးတစ်ခုလုံးအစားထိုးခွဲစိတ်စရာမလိုဘဲ ထိခိုက်ပျက်စီးတဲ့နေရာကို သာလျှင် အစားထိုးဖို့လိုအပ်ခြင်း အပါအဝင် ဒီနည်းပညာရဲ့ အားသာချက်တွေ အများကြီးရှိနေပါတယ်။
ဒါကြောင့်လူနာများအနေနဲ့ ဒူးဆစ်နေရာတစ်ဝိုက်က အကောင်းအတိုင်းရှိနေတဲ့ တစ်ရှူးများ ထိခိုက်မိမှာကို စိုးရိမ်စရာမလိုဘဲ ခွဲစိတ်ပြီးနောက်မှာလည်း အကောင်းအတိုင်းပြန်ဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ် များကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ခွဲစိတ်ကုသမှုဟာ လူနာရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ အရည်အသွေးပြည့်ဝတဲ့ကျွမ်းကျင်ဆရာဝန်များရဲ့ ဦးဆောင်လမ်း ညွှန်မှုအပေါ်မှာ မူတည်ပါတယ်။
ဆေးပညာမှာ UKA လို့ အတိုကောက်ခေါ်တဲ့ ဒူးခေါင်းအရိုးအဆစ် တစ်စိတ် တစ်ပိုင်းအစားထိုး ကုသခြင်း ( Unicompartmental Knee Arthroplasty) ဟာ အရိုးရဲ့ အစွန်းရှိ ထိခိုက်ပျက်စီးနေတဲ့အရိုးနု ကို ဖယ်ရှားတဲ့ ကုသမှုဖြစ်ပါတယ်။ ဖယ်ရှားပြီးတဲ့ နောက် ပုံမှာပြထားတဲ့ သတ္ထုပစ္စည်း တစ်ခုကို အစားထိုး ထည့်သွင်းပြီး ၎င်းကို ခိုင်မြဲစေဖို့ Polyethylene နဲ့ ထိန်းပါတယ်။ အဆိုပါ ကုသမှုနည်းလမ်းဟာ ဒူးပတ်ပတ်လည်ရှိ အရွတ်များအပါအဝင် ဒူးဆစ်ရဲ့ အကောင်းအတိုင်းရှိနေတဲ့ အစိတ်အပိုင်းများကို ထိ စရာမလိုပါဘူး။ ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်ကုသမှု(MIS) တစ်ခုဖြစ်ပြီး (၃)-(၃.၅) လက်မလောက်သာ ခွဲဖို့ လိုတာကြောင့် အရွတ်(သို့) တစ်ရှူးများထိခိုက်မှုကိုလည်း လျှော့ချပေးပါတယ်။ အသက်အရွယ်ကြောင့် ဒူးဆစ်ရောင်ခြင်း ရဲ့ (၉၀) ရာခိုင်နှုန်းဟာ ဒူးဆစ်တစ်ခု (ဒူးတက်ဖက်လျှင် ဒူးဆစ်(၃)ခုပါရှိ) ပေါ်ကို သက်ရောက်မှုကြောင့် အရိုးနု ပျက်စီးတာဖြစ်ပြီး ဒူးတစ်ခုလုံးအစားထိုးခြင်း (TKA) ထက်စာရင် ဒူးခေါင်းအရိုး အဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးခြင်း (UKA) နည်းလမ်းနဲ့ ကုသတာက ပိုပြီး သင့်လျော် ပါတယ်။

( ပုံ - ၁ ဒူးခါင်းအရိုးအဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးကုသခြင်း)
အထက်မှာဖော်ပြခဲ့တဲ့အချက်များနဲ့ ကိုက်ညီပြီး ၎င်းတို့ရဲ့ နေ့စဉ်ဘဝမှာ ဒူးဆစ် အလွန်အကျွံအသုံးပြုမှုမရှိသူများ အနေနဲ့ အသက်အရွယ်မရွေး UKA နည်းလမ်းနဲ့ ကုသမှုခံယူနိုင်ပါတယ်။ ဒူးအစားထိုးခွဲစိတ်ကုသမှု ကို သာမန်အတိုင်း လုပ်ဆောင်ခဲ့ပြီးတဲ့ အသက်(၅၀)မှ (၆၀)ကြားလူနာများ အတွက် ဒီလိုမျိုး နာကျင်မှုနည်းပါး တဲ့နည်းလမ်းဟာ လုံးဝသင့်လျော်ပါတယ်။ တကယ်လို့ ဒူးဆစ်ပိုမိုရောင်ရမ်းခြင်း မျိုး ကြုံတွေ့ရတယ်ဆိုရင် ဒူး ကျန်းမာရေးနဲ့ ပတ်သက်ပြီး အန္တရာယ်မဖြစ်စေဖို့ အတွက် နောက်ဆက်တွဲ ရှာဖွေစမ်းသပ်မှုတွေ ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
လူနာဟာ ခွဲစိတ်ကုသမှုအပြီး အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ဆရာဝန်ညွှန်ကြားထား တဲ့ အချက်များအတိုင်း လိုက်နာရမှာဖြစ်ပြီး အထူးသဖြင့် အသက်ကြီးတဲ့ လူနာများဟာ လိုအပ်ရင် လမ်းလျှောက်တုတ် အသုံးပြုရပါမယ်။ လူနာအနေနဲ့ အိမ်ထဲမှာ လျှောက်သွားတဲ့အချိန်မှာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် အကာအကွယ် အခင်းအကျင်းများကို လုပ်ဆောင်ထားရပါမယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကုသပေးတဲ့ ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန် ရဲ့ လမ်းညွှန်ချက်အတိုင်းသာ လုပ်ရပါမယ်။ ဆရာဝန်နဲ့ ပြန်လည်ပြသရမယ့် ရက်ချိန်းများကိုလည်း မပျက်မကွက် သွားရောက်ပြသရပါမယ်။ ဒါမှသာ ကျန်းမာရေးဝန်ထမ်းများမှ လူနာရဲ့ အခြေအနေအမှန်ကို အနီးကပ် ကြည့်ကာ စောင့်ရှောက်နိုင်မှာဖြစ်သလို ခွဲစိတ်ပြီးနောက် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး များကိုလည်း ထိရောက်စွာ ကုသနိုင်မှာဖြစ်ပါတယ်။
“ UKA နည်းလမ်းနဲ့ကုသပြီးရင်ဘယ်လောက်ထိကြာရှည်ခံမလဲ? ” ဆိုတာဟာ လူနာတွေ အများဆုံးမေးလေ့ရှိတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ အသစ်အစားထိုး လိုက်တဲ့အစိတ်အပိုင်းရဲ့ ကြာရှည်ခံနိုင်မှုဟာ အကြောင်းအရင်းများစွာအပေါ် မူတည်နေပါတယ်။ လူနာခံစားနေရတဲ့အခြေအနေနဲ့အသုံးပြုလိုက်တဲ့ခွဲစိတ်မှု နည်းလမ်းဟာ သင့်လျော်မှု ရှိ မရှိ၊ ကုသပေးတဲ့ဆရာဝန်ဟာ ခွဲစိတ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်မှု ရှိ မရှိ၊ လူနာအနေနဲ့ ဒူးအပေါ်ကို ဘယ်လောက်ထိ အားစိုက်မှုပြုရသလဲ စတဲ့ အချက်တွေအပေါ်မှာ မူတည်နေပါ တယ်။ The Lancet Medical Journal မှာ ဖော်ပြချက်အရ UKA နည်းလမ်းနဲ့ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ လူနာပေါင်း (၅၅၀၀၀) ကို စစ်တမ်းကောက်သုတေသန ပြု ရာမှာ (၃.၉) ရာခိုင်နှုန်းသာလျှင် ကနဦးခွဲစိတ်မှုအပြီး (၁၀)နှစ်အတွင်း နောက်ဆက်တွဲ ခွဲစိတ်ကုသမှုလိုအပ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လေ့လာချက်များအရ UKA နည်းလမ်းနဲ့ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ လူနာ (၉၀)ရာခိုင်နှုန်းကျော်ဟာ ခွဲစိတ်ကုသမှုအပြီး အနည်းဆုံး (၁၀)နှစ်အတွင်း သူတို့ရဲ့ ဒူးကို ကျန်းမာရေးနဲ့ညီညွတ်စွာအသုံးပြုနိုင်ကြောင်း သိရပါတယ်။ ဒီ အချက်ကိုကြည့်မယ်ဆိုရင် UKA နည်းလမ်းဟာ (၁၀)နှစ်-(၂၀)နှစ် အတွင်း ကောင်းမွန်စွာအသုံးပြုနိုင်တယ် ဆိုတဲ့ သက်သေသာဓက တစ်ခုအဖြစ် မြင်တွေ့ရ မှာဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ ကြာရှည်စွာအသုံးပြုနိုင်မှုဟာ အထက်မှာဖော်ပြထားတဲ့ အကြောင်းအရင်းအပေါ်မှာ မူတည်နေပါသေးတယ်။
UKA နည်းလမ်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒူးအသုံးပြုရာမှာ နာကျင်မှု မရှိဘဲ အတတ်နိုင်ဆုံး အကောင်းပကတိအတိုင်းဖြစ်စေဖို့ပါ။ UKA နည်းလမ်းနဲ့ ကုသမှုခံယူခဲ့သူများအတွက် ခွဲစိတ်ပြီးနောက်ပိုင်း လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများကတော့ ရေကူးခြင်း၊ ရေကိုအခြေခံပြီးလုပ်ရတဲ့ လေ့ကျင့်ခန်း များ၊ စက်ဘီးစီးခြင်း ကဲ့သို့ နှလုံးကြွက်သားခံနိုင်ရည်ကို တိုးတက်စေတဲ့ နှလုံးသွေးကြောဆိုင်ရာလေ့ကျင့်ခန်းများ ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများဟာ ဒူးအပေါ် အားစိုက်သက်ရောက်မှုကို လျှော့ချပေးပြီး အစားထိုးထည့်သွင်းထားတဲ့ ပစ္စည်းရဲ့ သက်တမ်းကို ကြာရှည်အောင်အထောက်အကူပြုမှာဖြစ်ပါတယ်။ ပြေးခြင်း၊ ဘတ်စကတ်ဘောကစားခြင်း၊ Rugby လိုမျိုး တွန်းတွန်းတိုက်တိုက် ကစားရတဲ့ ကစားနည်းများဟာ ဒူးကိုပြင်းပြင်းထန်ထန် အသုံးပြုရတာကြောင့် မပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။
ဒီဆောင်းပါးထဲမှာဖော်ပြခဲ့တဲ့ အချက်တွေကိုကြည့်မယ်ဆိုရင် UKA နည်းလမ်းဟာ ဒူးတစ်ခုလုံးအစားထိုးခြင်း (TKA) နဲ့ယှဉ်ရင် အကောင်းပကတိအတိုင်းပြန်လည် ခံစားရခြင်း၊ MIS ခွဲစိတ်ကုသမှုများရဲ့ ထုံးစံအတိုင်း ရောဂါပြန်လည်ဖြစ်ပွားမှုကို လျှော့ချနိုင်ခြင်း အပါအဝင် တခြား ကောင်းကျိုးများလည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း အစားထိုးခွဲစိတ်ကုသမှုကို အထိရောက်ဆုံးအောင်မြင်မှုရရှိ စေ ရန်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ အထူးကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်ရဲ့ ဦးဆောင် ညွှန်ကြားမှုနဲ့သာ ကုသမှုခံယူသင့်ပါတယ်။
တစ်ခုသိထားရမှာကတော့ UKA နည်းလမ်းဟာ အရိုးအဆစ်ရောင်ခြင်းကို ခံစားရတဲ့ လူနာအားလုံးအတွက် မသင့်လျော်ပါဘူး။ သင့်လျော်မှု ရှိ မရှိ ဆိုတာ ကတော့ ရောဂါပြင်းထန်မှု၊ ရောဂါဖြစ်ပွားတဲ့နေရာ၊ လူနာရဲ့အသက်အရွယ်၊ လူနာ အနေနဲ့လိုအပ်တဲ့ အားကစားနဲ့လှုပ်ရှားမှု စတာတွေအပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် သောက်ဆေး၊ platelet-rich plasma injections ကဲ့သို့ထိုးဆေးများ၊ ကိုယ်ကာယကုထုံး(Physiotherapy) ကဲ့သို့ နည်းလမ်းများနဲ့ ကုသခဲ့ပေမယ့် အောင်မြင်မှုမရှိဘဲ အရိုးအဆစ်ရောင်ခြင်းကို ခံစားနေရဆဲလူနာများ၊ ဒူးတစ်ခုလုံးအစားထိုးခွဲစိတ်ကုသခြင်း(TKA) နည်းလမ်းလုပ်ဆောင်ရန် ဆန္ဒမရှိသူများ အနေနဲ့ အမြန်ဆုံးသက်သာပျောက်ကင်းဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
ဒူးကျန်းမာရေးစင်တာ The Knee Health Center ဆစ်မီတဝေ့ဆေးရုံဟာ ဂျပန်နိုင်ငံ Ajinkya Healthcare Corporation ရဲ့ ထိပ်တန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်တဲ့ Takatsuki General Hospital နဲ့ ပူးပေါင်းကာ ကျန်းမာရေးဆိုင်ရာအသိပညာနဲ့ ကျွမ်းကျင်မှုများကို မျှဝေဖလှယ်ပြီး စဉ်ဆက် မပြတ်တိုးတက်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ တွဲဖက်လုပ်ဆောင် တဲ့ အဖွဲ့အစည်းရဲ့ နာမည်သတင်းကျော်ကြားခြင်း ဟာ ဆစ်မီတဝေ့ဆေးရုံ ကုသစောင့်ရှောက်မှုအဆင့်အတန်းကို မြှင့်တင်ပေးသလို အရိုးအဆစ်ရောင်ရမ်း တဲ့လူနာများအတွက် လျှင်မြန်စွာပြန်လည်သက်သာလာစေပြီး ဒူးနာခြင်းနဲ့ ပတ်သက်ရင် စိုးရိမ်စရာမလိုတဲ့ အခြေအနေအထိ ဖြည့်ဆည်းဝန်ဆောင်မှုပေးနေ တာဖြစ်ပါတယ်။
State-of-the-art surgical technology has progressed an extremely long way, giving surgeons tools that let them conduct faster, more precise operations, with minimal discomfort and quick resolution such that individuals can continue on with their lives more quickly. The technology, Robotic-Arm Assisted Surgery (RAS), consists of significant systems which aid in the procedure:
These systems result in less trauma to bone and surrounding soft tissues that can be damaged during traditional (non-robotic) procedures. Robotic surgery thus results in lower postoperative pain, faster return to full activity, and—most importantly—a lower rate of revision surgery in the long term compared to traditional surgical methods.
Statistically, post-robotic surgery patients can begin mobilizing 24 hours after surgery, walk or bear weight on the surgical side after three days, and return to full activity shortly thereafter, depending on individual strength and health condition.
These improvements in total and partial knee arthroplasty reduce surgical trauma, reduce treatment-related pain, lower revision surgeries, and shorten overall recovery time accelerating the patient's return to a full life.
ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။
ဆောင်းပါးများ