ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း

ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း

အနှစ်ချုပ်

  • အသက်အရွယ်ကြီးတဲ့သူများ ဒူးနာခြင်းဟာ အဓိကအားဖြင့် ဒူးအဆစ် ရောင်ခြင်း (Knee Osteoarthritis) ကြောင့် ဖြစ်ပါတယ်။ ဒူးနာခြင်းကို ခံစားရတဲ့ လူငယ်များ၊ ရောဂါအခံရှိသူများဟာ အကျိုးဆက်အနေနဲ့ အရွတ်ပျက်စီးနိုင်ပါတယ်။ တကယ်လို့မကုသဘဲထားလိုက်မယ်ဆိုရင် ဒူးမှာ ရှိတဲ့ အရိုးအစွန်းများ(Bone Endings) ဟာ ဖြည်းဖြည်းချင်း ပျက်စီး သွားကာ ပုံစံပျက်ခြင်းနဲ့ ဆိုးရွားစွာဒူးနာခြင်းများ ဖြစ်နိုင်ပါတယ်။
  • ကာလရှည်ကြာ ဆေးစွဲသောက်ပေမယ့်လည်း သက်သာပျောက်ကင်းခြင်း မရှိတဲ့ လူနာများ (သို့) တခြား ကုသမှုနည်းလမ်းများလုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေသူများ အတွက် ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း(Knee Replacement Surgery) ဟာ ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။
  • ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုနည်းလမ်းကိုရွေးချယ်ရာမှာ လူနာရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လှုပ်ရှားမှုပမာဏ၊ ခန္ဓာကိုယ် ပုံသဏ္ဍာန်၊ ယေဘုယျကျန်းမာရေးအခြေအနေ စတာတွေအပေါ်မူတည်ပြီး စဉ်းစားရပါ တယ်။

ယနေ့ခေတ်မှာ တိုးတက်လာတဲ့ဆေးဘက်ဆိုင်ရာနည်းပညာများနဲ့အတူ ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုဟာ  အောင်မြင်မှုနှုန်းပိုမိုမြင့်မားလာပြီး ကုသဖို့လည်း အချိန်အနည်းငယ်ပဲယူရပါတယ်။ နာတာရှည်ဒူးနာတဲ့သူများ၊ ဆိုးဆိုးရွားရွား ဒူး ပျက်စီးတဲ့သူများအတွက် သင့်တော်တဲ့ကုသမှုနည်းလမ်း တစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီလူနာများဟာ ဒူးနာခြင်းအတွက် ကာလရှည်ကြာအောင် ဆေးသောက်ခြင်း (သို့) တခြားကုသမှုနည်းလမ်းများနဲ့ ကြိုးစားခဲ့ကြပေမယ့် အောင်မြင်မှု မရခဲ့သူများ ဖြစ်ပါတယ်။

ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုဆိုတာဟာ ပျက်စီးနေတဲ့အရွတ်များ (သို့) ဒူးအဆစ်များကိုခွဲစိတ်ဖယ်ရှားလိုက်တာဖြစ်ပြီး အဲဒီနေရာမှာ သတ္ထုနဲ့အထူးပြုလုပ်ထားတဲ့ အဆစ် ကို ဘိလပ်မြေတစ်မျိုးနဲ့ တွဲသုံးပြီး အစားထိုးထည့်သွင်းလိုက်တာဖြစ်ပါ တယ်။ အစားထိုးလိုက်တဲ့ ဒူးအဆစ် နေရာမှာ အလေးချိန်သက်ရောက်မှု ခံနိုင် အောင် Polyethylene နဲ့ ထပ်ပြီးဖုံးအုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူနာများအနေနဲ့ ခွဲစိတ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံအတိုင်း ပြန်လည်ရရှိမှာဖြစ်ပါတယ်။

ဒူးအဆစ်ကျန်းမာရေးကိုထိခိုက်စေတဲ့အချက်များ

  • ဒူးအဆစ်ရောင်ခြင်းဟာ ကြွက်သားနှင့်အဆစ်အမြစ်ကိုက်ခဲခြင်း (Rheumatism) (သို့) ဒူးအဆစ်ပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ နာတာရှည် ဒူးအဆစ်ရောင်ခြင်းဟာ ဒူးအဆစ်တစ်ဝိုက်ရှိ ကြွက်သားတစ်ရှူးများကို ထူပြောလာစေသလို အဆစ်များကြားရှိအရည်(Synovial Fluid) အလွန် အကျွံထုတ်လုပ်ပေးပါတယ်။ အဲဒီနောက် ဒူးဟာ ဖောင်းကားနီမြန်းလာပြီး ပူလောင်တဲ့ခံစားမှုနဲ့အတူ ဒူးနာခြင်းကို ခံစားရပါတယ်။ မကုသပဲ ထားလိုက်မယ်ဆိုရင် ဒူးအတွင်းက အကောင်းအတိုင်းရှိနေတဲ့ အရိုးတွေကို ပျက်စီးထိုခိုက်စေပါတယ်။
  • အသက်အရွယ်အရ ဒူးအတွင်းရှိ ကွေးနေတဲ့အပြား (Meniscus) နဲ့ အရွတ် ပျက်စီးလာမှုများကြောင့် ဒူးအဆစ်ရောင်ခြင်း ခံစားရတဲ့ လူနာအများစုဟာ အသက် (၅၀) အထက်ရှိသူများဖြစ်ပါတယ်။
  • ဒူးအဆစ်ပျက်စီးမှုဟာ ပြင်းထန်တဲ့ထိခိုက်မှုကြောင့်လည်း ဖြစ်နိုင်ပြီး ဒူးကို လေးလံတဲ့ အလေးချိန်သက်ရောက်မှုကြောင့် ကျိုးသွားတာမျိုးလည်း ဖြစ်နိုင် ပါတယ်။ ဒူးခွဲစိတ်ကုသမှုကိုခံယူထားတာမကြာသေးတဲ့ လူနာများ အနေနဲ့လည်း ပုံစံတူ လက္ခဏာများကို ခံစားရနိုင်ပါတယ်။

ကုသမှုခံယူဖို့လိုအပ်တဲ့လက္ခဏာနဲ့အခြေအနေများ

၁ ။ ဒူးနာခြင်း

လမ်းလျှောက်တဲ့အချိန်နဲ့ လှေကားအတက်အဆင်းပြုလုပ်တဲ့အချိန်မှာ နာကျင်မှုကို ခံစားရ ပါတယ်။ ပြင်းထန်တဲ့ ဒူးနာခြင်းဆိုရင် ထိုင်နေတဲ့အချိန်၊ လှဲနေတဲ့ အချိန်မှာတောင်ခံစားရပါတယ်။ လူနာများအနေနဲ့ လမ်းလျှောက်တဲ့ အချိန် နဲ့ လှေကားထစ်အတက်အဆင်းလုပ်တဲ့အချိန်စူးကနဲနာကျင်ခြင်း၊ ခြေအိတ်(သို့) ဖိနပ် ဝတ်တဲ့ အချိန်မှာနာကျင်ခြင်း၊ အိပ်နေတဲ့အချိန် (သို့) ထိုင်ရာကနေထလိုက်တဲ့အချိန် နာကျင်ခြင်း စတာတွေကိုကြုံတွေ့ရနိုင်ပါတယ်။

၂။ နီမြန်းဖောင်းကားတဲ့အဆစ်ရောင်ခြင်း

အချိန်ကာလကြာအောင် အဆက်မပြတ်ဒူးနာခြင်း(သို့)နာတာရှည်ဒူးနာခြင်း ဟာ နီမြန်းခြင်းနဲ့ ဒူးအဆစ်ရောင်ခြင်းအပါအဝင် နောက်ဆက်တွဲဝေဒနာတွေကို ခံစားရပါတယ်။ ဒီလိုမျိုးကြုံတွေ့ရပြီဆိုရင် အကောင်းဆုံးကုသမှုနည်းလမ်းကို လုပ်ဆောင်ဖို့အတွက် ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၃။ ဒူးထိခိုက်စေတဲ့ပုံစံပျက်ခြင်း

ဒူးပုံပျက်ခြင်းဟာ လမ်းလျှောက်ခြင်းနဲ့ ကိုယ်ဟန်အနေအထားမျှတမှုကို ထိခိုက် စေပြီး တင်ပါးအထိပျံ့နှံ့သွားတဲ့ ခါးနာခြင်းကိုပါ ခံစားရစေပါတယ်။ ဒူးပုံပျက်သူများဟာ လမ်းလျှောက်ရာမှာ ထော့နဲ့ထော့နဲ့ ဖြစ်သွားပြီး ကျောရိုး ကိုပါ ပြဿနာရှိစေပါတယ်။ ဒီလိုမျိုးခံစားရသူတွေဟာ တိကျစွာအဖြေရှာဖို့ အတွက် ဒူးဆစ်အစားထိုးခွဲစိတ်ဖို့ လိုအပ်ပါတယ်။

၄။ ဒူးကိုအပြည့်အဝဆန့်မရခြင်း

ဒါဟာ လမ်းလျှောက်ရာမှာ ဒူးခွင်ခြင်းဖြစ်စေတဲ့အပြင်  ဒူးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားများကိုလည်း အားနည်းသွားစေသလို ထိုင်ရာက ထ လိုက်တဲ့ အချိန်မှာ ဆိုးရွားစွာနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။

ဒူးအဆစ်ရောင်ခြင်းကိုရောဂါရှာဖွေစစ်ဆေးခြင်း

  • ပထမဆုံးအနေနဲ့ လူနာရဲ့ကျန်းမာရေးရာဇဝင်စစ်ဆေးခြင်းအပြင် နာကျင်မှု၊ ပုံမမှန်မှု၊ လမ်းလျှောက်နိုင်မှု၊ ဒူးအဆစ်အသုံးပြုမှုများအပါအဝင် အခြေခံကျန်းမာရေးအချက်များကို စစ်ဆေးမှာဖြစ်ပါတယ်။
  • ဒူးထိခိုက်ပျက်စီးမှုကို တိတိကျကျသိရဖို့ အတွက် X-Ray စစ်ဆေးမှု လည်း လိုအပ်ပါတယ်။
  • အရွတ်၊ ကြွက်သားအရွတ်နဲ့ ဒူးရဲ့ ကြွက်သားအရေပြားဆိုင်ရာ အခြေအနေ များကိုစစ်ဆေးဖို့အတွက် MRI Scans နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒူးဆစ်အစားထိုးခွဲစိတ်ကုသမှုနည်းလမ်းများ

ဒူးအစားထိုးခွဲစိတ်မှုကို လူနာရဲ့ ရောဂါပြင်းထန်မှုအခြေအနေနဲ့ လက္ခဏာများ အပေါ်မူတည်ပြီး အသက်အရွယ်မရွေးလုပ်ဆောင်နိုင်ပါတယ်။ အဓိကအားဖြင့် ဒူးအစားထိုးခွဲစိတ်ကုသမှုနည်းလမ်း (၂)မျိုးရှိပါတယ်။

၁။ ဒူးခေါင်းအရိုးအဆစ်တစ်ခုလုံးအစားထိုးခြင်း (Total Knee Replacement)

ဒူးတစ်ခုလုံးအစားထိုးကုသခြင်း(TKA) လို့ အတိုကောက်ခေါ်တဲ့ ဒူးခေါင်းအရိုးအဆစ်တစ်ခုလုံးအစားထိုး ခွဲစိတ်ကုသမှုမှာ  ပေါင်ရိုး(Femur) နဲ့ ခြေသလုံးအတွင်းရိုး (Tibia) နှစ်ခုစလုံးရဲ့ အလယ်အဆစ် နဲ့ ဘေးဘက်က အဆစ်များအပါအဝင် ပျက်စီးနေတဲ့ အဆစ်(Compartment) ကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ ဖယ်ရှားပြီးနောက် အဲဒီနေရာမှာ သတ္ထုနဲ့Polyethylene နဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အဆစ်အတု ကို ပြန်လည် အစားထိုးထည့်သွင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ထိရောက်တဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ အရွတ်နဲ့ ကြွက်သားအရွတ်တွေကို ထိခိုက်ပျက်စီးလောက်အောင် ဆိုးရွားတဲ့ အခြေအနေ မှာ အသုံးပြုပါတယ်။ အသက်(၆၀)ကျော်လာတဲ့လူတွေဟာ ခြေထောက် ပုံစံမမှန် တာမျိုး ဖြစ်လေ့ရှိပါတယ်။ TKA နည်းလမ်းဟာ ဒီလိုလူနာတွေအတွက်လည်း ထိရောက်တဲ့ တစ်ခုတည်းသော ကုသမှုဖြစ်ပါတယ်။

၂ ။ဒူးခေါင်းအရိုးအဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးခြင်း (Unicompartmental Knee Replacement)

ဒူးခေါင်းအရိုးအဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးခြင်း ဟာ ပေါင်ရိုးနဲ့ ခြေသလုံး အတွင်းရိုးမှာ ပျက်စီးနေတဲ့ အဆစ်တွေကို ဖယ်ရှားတာဖြစ်ပါတယ်။ ဒါပေမယ့် ဖယ်ရှားတယ်ဆိုရာမှာ အလယ်အဆစ် (သို့) ဘေးဘက်အဆစ် တစ်ခုကိုသာ လျှင်ဖယ်ရှားတာဖြစ်ပါတယ်။ အဲဒီနောက် ဒူးအတွင်းရှိ ကွေးနေတဲ့အပြား (Meniscus) နေရာမှာ ထိန်းပြီးအစားထိုးဖို့ သတ္ထုနဲ့Polyethylene နဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ အဆစ်အတု ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဒူးအဆစ်တစ်ခုတည်းကိုသာသက်ရောက်မှုဖြစ်စေတဲ့ အရိုးထိခိုက်မှုနည်းတဲ့ လူနာများအတွက်သင့်တော်ပါတယ်။ ဒီလူနာများအတွက် ဒူးခေါင်းအရိုးအဆစ်တစ်စိတ်တစ်ပိုင်းအစားထိုးခြင်းဟာ လုံးဝ အဆင်ပြေစေမယ့် နည်းလမ်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းဟာ ကြွက်သားအရွတ် အပါအဝင် မပျက်စီးသေးတဲ့ ဒူးဆစ်ရဲ့ အစိတ်အပိုင်းမှန်သမျှကို အကောင်းအ တိုင်း ရှိနေစေလို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူနာများအတွက် သူတို့ရဲ့ဒူး ထိခိုက်မှုမရှိခင်ကတည်းက အခြေအနေနီးပါးကို ပြန်လည်ရရှိစေပါတယ်။ ခွဲစိတ်ပြီး တဲ့နောက် (၁)ရက်-(၂)ရက်ဆိုရင် ဒူးအဆစ်အပေါ်မှာ အလေးချိန် သက်ရောက်မှုခံနိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီခွဲစိတ်ကုသမှုနည်းလမ်းဟာ ဒူးခေါင်းရဲ့ရောဂါဗေဒဆိုင်ရာ သုံးသပ်မှု၊ လှုပ်ရှားမှု၊ တည်ငြိမ်မှု၊ ကြံ့ခိုင်ရည် စတာတွေကို ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်က အတည်ပြုစစ်ဆေးပြီးမှသာလျှင် လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် အစားထိုးမယ့် သတ္ထုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်နဲ့ ခွဲစိတ်မှုနည်းစနစ်များ ဟာ လူနာရဲ့ အသက်၊ ကိုယ်အလေးချိန်၊ လှုပ်ရှားနိုင်မှုပမာဏ၊ ခန္ဓာကိုယ်ပုံသဏ္ဍာန်၊ လူနာရဲ့ ယေဘုယျကျန်းမာရေးအခြေအနေ စတာတွေအပေါ်မှာ မူတည်ပါတယ်။

ခွဲစိတ်ပြီးနောက်လိုက်နာရမည့်အချက်များ

ခွဲစိတ်ပြီးနောက်မှာ လူနာဟာ ဆရာဝန်ရဲ့ အကြံပေးလမ်းညွှန်မှုကို တိတိကျကျ လိုက်နာရမှာဖြစ်ပါတယ်။ ပြန်လည်သက်သာလာဖို့ကနဦးအချိန်ယူရတဲ့အချိန် အတွင်း လမ်းလျှောက်တုတ်အသုံးပြုခြင်းလိုမျိုး အချက်ဟာ အသက်ကြီးတဲ့ လူနာတွေအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်အိမ်မှာရှိတဲ့ ပရိဘောဂ ပစ္စည်းများ ထားရှိပုံဟာလည်း ဘေးအန္တရာယ်ကင်းရှင်းနေဖို့လိုတာကြောင့် သေချာဂရုစိုက်ရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက် ရောဂါပိုးဝင်ခြင်း၊ ဒူးအဆစ်များဆိုင်းသွားခြင်း၊ ဒူးအကွေးအဆန့် ခက်ခြင်း၊ ခွဲစိတ်ပြီးနောက် ဒူးနေရာလွဲခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးနဲ့ လက္ခဏာ တွေကို ပြန်လည်ပြသမယ့် ရက်ချိန်းများမှာ ဆရာဝန်များက စစ်ဆေးပေး မှာဖြစ်ပါတယ်။ ဒါကြောင့် ထိုခိုက်ဒဏ်ရာရမှုကို လျှော့ချဖို့ဆိုရင် လူနာများအနေနဲ့ ပြန်လည်ပြသရမယ့်ရက်ချိန်းများကို မပျက်မကွက် သွားပေးရမှာ ဖြစ်ပါတယ်။

ဒူးကျန်းမာရေးစင်တာ(The Knee Health Center) ဟာ ဒူးခွဲစိတ်ကုသမှုများကို သာမက ဒူးနဲ့ပတ်သက်ပြီး အလုံးစုံသောကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ဝန်ဆောင်မှုပေးလျက်ရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ ဂျပန်နိုင်ငံ Ajinkya Healthcare Corporation ရဲ့ ထိပ်တန်းအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်တဲ့ Takatsuki General Hospital နဲ့ ပူးပေါင်းကာ ကျန်းမာရေးဆိုင်ရာအသိပညာနဲ့ ကျွမ်းကျင်မှုများကို မျှဝေဖလှယ်ပြီး စဉ်ဆက် မပြတ်တိုးတက်အောင် လုပ်ဆောင်လျက်ရှိပါတယ်။ တွဲဖက်လုပ်ဆောင် တဲ့ အဖွဲ့အစည်းရဲ့ နာမည်သတင်းကျော်ကြားခြင်း ဟာ ဆစ်မီတဝေ့ဆေးရုံ ကုသစောင့်ရှောက်မှုအဆင့်အတန်းကို မြှင့်တင်ပေးသလို အရိုးအဆစ်ရောင်ရမ်း တဲ့လူနာများအတွက် လျှင်မြန်စွာပြန်လည်သက်သာလာစေပြီး ဒူးနာခြင်းနဲ့ ပတ်သက်ရင် စိုးရိမ်စရာမလိုတဲ့ အခြေအနေအထိ ဖြည့်ဆည်းဝန်ဆောင်မှုပေးနေ တာဖြစ်ပါတယ်။

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု) ။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ ကုသမှုစီစဉ်ရေးဆွဲခြင်း ။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။