World’s Best Hospitals 2026

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံကြီး - Newsweek ရဲ့၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဆေးရုံများ စာရင်းဝင် 

ကမ္ဘာ့အဆင့် အကောင်းဆုံးဆေးရုံများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုခံရခြင်း။

“ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံကြီး”ကို ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆေးရုံကြီးများထဲမှ တစ်ခုအဖြစ် Newsweek က အသိအမှတ်ပြုခဲ့ပြီး ကမ္ဘာတစ်ဝန်း ထိပ်တန်းဆေးရုံ ၂၅၀ စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒီလို ကမ္ဘာ့အဆင့် သတ်မှတ်ရာမှာ ထိုင်းနိုင်ငံက ဆေးရုံကြီး နှစ်ခုရွေးချယ်ခံရတဲ့အနက် ဆစ်မီတဝေ့ ဆေးရုံကြီးက တစ်ခု အပါအဝင်ဖြစ်ခဲ့ပါတယ်။  

အခုလို အသိအမှတ်ပြုခံရတာဟာ ခိုင်မာပြီးတည်ငြိမ်တဲ့ ကုသမှုစံနှုန်းများကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ လူနာများရဲ့ ယုံကြည်အားကိုးမှုကို ရရှိထားခြင်းပဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

၄၇ နှစ်ကျော် အတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံကြီးဟာ အဆင့်မြင့် ဆေးဘက်ဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်ပညာရှင်အဖွဲ့များရဲ့ အရည်အချင်းများနှင့် ပေါင်းစပ်ပြီး နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ စံနှုန်းများနှင့်အညီ အရည်အသွေးမြင့် လူနာဗဟိုပြု ကုသမှုများကို စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိနေပါတယ်။

ဆေးရုံများကို Newsweek က ဘယ်လို ဆန်းစစ်အကဲဖြတ်ခဲ့ပါသလဲ။

Newsweek ရဲ့ "ကမ္ဘာ့အကောင်းဆုံးဆေးရုံများ" အဆင့်သတ်မှတ်ချက်ကို Statista နှင့် ပူးပေါင်းကာ တစ်ကမ္ဘာလုံးဆိုင်ရာ စံနှုန်းမီ အကဲဖြတ်မှု မူဘောင်အတွင်းမှ ဖော်ထုတ်ထားခြင်း ဖြစ်ပါတယ်။   

အဆင့်သတ်မှတ်ချက်ကို အဓိက အချက် ၄ ချက်ပေါ်တွင် အခြေခံထားပါတယ်-

  • ကမ္ဘာတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူ ၈၅,၀၀၀ ကျော်၏ ထောက်ခံချက်များ
  • လူနာဘေးကင်းလုံခြုံမှု၊ ကုသမှုရလဒ်များနှင့် ဆေးဘက်ဆိုင်ရာစံနှုန်းများ အပါအဝင် ဆေးရုံအရည်အသွေး တိုင်းတာချက်များ
  • Google Reviews ကဲ့သို့သော အများပြည်သူ သိရှိနိုင်သည့် အရင်းအမြစ်များမှတစ်ဆင့် လူနာများ၏ စိတ်ကျေနပ်မှုကို ဖော်ပြသည့် အတွေ့အကြုံများ
  • ကုသမှုခံယူပြီးနောက် လူနာများမှ ပြန်လည်တင်ပြလာသည့် ကျန်းမာရေးအခြေအနေ တိုင်းတာချက်များ

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံကြီး၏ ထူးချွန်ပြောင်မြောက်သော ဝန်ဆောင်မှုများ 

1. အထူးကုဌာနများအလိုက် ထူးချွန်သော ကုသမှုများ

သီးသန့်ဖွဲ့စည်းထားပြီး ထူးချွန်ထက်မြက်တဲ့ အထူးကုစင်တာများ မှတစ်ဆင့် ကုသစောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိပြီး၊ ရှုပ်ထွေးသော ရောဂါဝေဒနာများကို အဆင့်မြင့်နည်းပညာများ၊ ပြည့်ဝသောကျွမ်းကျင် မှုများ ဖြင့် စင်တာအလိုက် ထိရောက်စွာ ကုသပေးနိုင်ရန် ရည်ရွယ်ပြီး စနစ်တကျ ပြင်ဆင်ထားပါတယ်။

  • အသည်းနှင့် အစာခြေလုပ်ငန်းဆိုင်ရာ ကုသရေးစင်တာ
    AI အသုံးပြုမှန်ပြောင်းကြည့်စနစ်နှင့် အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ အဆင့်မြင့်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းများဖြင့် ရောဂါကို တိကျစွာ ရှာဖွေပေးပြီး၊ အသည်းကုသမှုမှသည် အသည်းအစားထိုးခြင်းအထိ ဘက်စုံစောင့်ရှောက်မှု ပေးပါတယ်။
  • ဆစ်မီတဝေ့မျိုးရိုးဗီဇနှင့် နေထိုင်မှုပုံစံ ကျန်းမာရေးစင်တာ
    မျိုးရိုးဗီဇဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း၊ စစ်ဆေးခြင်းမှသည် ရလဒ်အဖြေထုတ်ခြင်းနှင့် တစ်ဦးချင်းအလိုက် ကျန်းမာရေးစီမံချက်များ ရေးဆွဲပေးခြင်းအထိ ပါဝင်ပြီး ရောဂါဖြစ်နိုင်ခြေများကို စောစီးစွာ သိရှိစေရန် ကူညီပေးပါတယ်။
  • နှလုံးကုသရေးစင်တာ
    TAVI (နှလုံးအဆို့ရှင် အစားထိုးခြင်း) နှင့် ရှုပ်ထွေးသော နှလုံးကုသမှုများကို ကမ္ဘာ့အဆင့်မီ နည်းပညာများဖြင့် ကျွမ်းကျင်သောအဖွဲ့မှ ကုသပေးလျက် ရှိပါတယ်။
  • ဦးနှောက်ကျန်းမာရေးစင်တာ
    အယ်ဇိုင်းမားဖြစ်နိုင်ခြေ အကဲဖြတ်ခြင်းမှသည် အာရုံကြောဆိုင်ရာ ရေရှည် စောင့်ရှောက်မှုများအထိ ဦးနှောက်ကျန်းမာရေးဆိုင်ရာများကို ဘက်စုံဆောင်ရွက်ပေးလျက် ရှိပါတယ်။
  • အမျိုးသမီးကျန်းမာရေးစင်တာ
    သဘာဝအတိုင်း ကလေးမွေးဖွားခြင်း၊ ဗိုက်ခွဲပြီးနောက် သဘာဝအတိုင်း ပြန်လည်မွေးဖွားခြင်း (VBAC) နှင့် စိုးရိမ်ရသော ကိုယ်ဝန်ဆောင်များအတွက် 3P ချဉ်းကပ်မှုဖြင့် အထူးကုစောင့်ရှောက်မှု ပေးပါတယ်။ 
  • ကလေးကျန်းမာရေးစင်တာ 
    ဆစ်မီတဝေ့ကလေးဆေးရုံကြီးမှာ ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ရှုပ်ထွေးသော ကလေးရောဂါများအတွက် ဘက်စုံကုသမှု ပေးလျက် ရှိနေပါတယ်။

2. နည်းပညာပံ့ပိုးမှုဖြင့် ဘေးကင်းလုံခြုံသည့် စောင့်ရှောက်မှု

လူနာများအတွက် ကုသမှုမခံယူမီ၊ ကုသမှုခံယူနေစဉ်နှင့် ကုသမှုခံယူပြီးနောက်ပိုင်းကာလများအထိပါ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ချိတ်ဆက်စီမံထားသော ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံ။

3. စစ်မှန်သောအတွေ့အကြုံများဖြင့် တိုင်းတာရရှိထားသော ယုံကြည်ရသည့် ရလဒ်များ

  • လူနာတို့၏ အတွေ့အကြုံများကိုပြန်လည်မျှဝေခြင်းများ
  • လူနာဗဟိုပြု ကုသမှုဆိုင်ရာ ရမှတ်များ (၂၀၂၅) 
    ဆေးရုံတွင်းအသုံးပြု လူနာတုံ့ပြန်ချက် စစ်တမ်းများအပေါ် အခြေခံထားခြင်းဖြစ်ပြီး၊ ဆစ်မီတဝေ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များရဲ့ စာနာနားလည်မှုနှင့် ဂရုတစိုက်ရှိမှုတို့အပေါ် လူနာတွေရဲ့ ခံစားနားလည်မှုကို ထင်ဟပ်ထားခြင်း ဖြစ်ပါတယ်။
    • ဆရာဝန်များ၏ ဂရုစိုက်မှုနှင့် စာနာနားလည်မှုအပေါ် စိတ်ကျေနပ်မှု (Doctor Empathy Score): ၉၉.၀၅%
    • သူနာပြုများ၏ ပြုစုစောင့်ရှောက်မှုအပေါ် စိတ်ကျေနပ်မှု (Nurse Empathy Score): ၉၈.၉၂% 
  • ထူးချွန်သော ကုသမှုနှင့် ဆန်းသစ်တီထွင်မှုအတွက် ရရှိခဲ့သော ဆုတံဆိပ်များ  
    • Global Health Asia-Pacific Awards 2026 — rနှလုံးရောဂါ၊ အူမကြီးကင်ဆာ၊ ကလေးကင်ဆာ၊ ထိခိုက်ဒဏ်ရာနှင့် မျက်စိရောဂါ စသည့် ကဏ္ဍစုံအတွက် အသိအမှတ်ပြုမှု။ 
    • Healthcare Asia Awards 2026 — AI HealthAge နှင့် နည်းပညာဝတ်စုံသုံး ကျန်းမာရေးအစီအစဉ်များ ကဲ့သို့ ကာကွယ်ရေးစောင့်ရှောက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုအတွက် ဆုရရှိခြင်း။
အဆင့်သတ်မှတ်ချက်