အမျိုးသမီးကျန်းမာရေးစင်တာ

Building 2 (Sukhumvit Wing), 1st Floor Daily (7 days /week) - 07:00-22:00 +66 2022 2555 - 6 info@samitivej.co.th
ဆစ်မီတဝေ့ ဆူခွန်ဗစ်

ကျွန်တော်တို့ရဲ့ အမျိုးသမီးကျန်းမာရေးစင်တာ(Women’s Health Center) ရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ စက်ပစ္စည်းကိရိယာများဟာ  နိုင်ငံတကာအဆင့်မီ စံချိန်စံညွှန်းများအတိုင်း ထိန်းသိမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံဟာ အမျိုးသမီးများရဲ့ အဓိက ကျန်းမာရေးကုသစောင့်ရှောက်မှုပေးရာမှာ သားဖွားမီးယပ် ဝန်ဆောင်မှုများမှ အစ တစ်ဦးချင်းအလိုက် ကလေးမွေးဖွားမှုအစီအစဉ်များအတွက် တိုင်ပင်ဆွေးနွေးခြင်း အထိ ပြီးပြည့်စုံစွာ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဘန်ကောက်မိခင်စောင့် ရှောက်ရေးစင်တာ (Bangkok Maternity Care Centres) ဟာဆိုရင်လည်း ကိုယ်ဝန်ဆောင်များ မွေးဖွားရာမှာ ခွဲစိတ်မွေးဖွားခြင်း(C-section) နဲ့ သဘာဝအတိုင်းမွေးဖွားခြင်း (Natural Birth) နည်းလမ်း နှစ်ခု ရှိတဲ့အနက် ဘယ်တစ်ခုက တစ်ဦးချင်းအလိုက် မိခင်နဲ့ ကလေးအတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာကိုပါ ဆုံးဖြတ်ပေးတာမျိုးအပါအဝင် ကိုယ်ဝန်ဆောင်မိခင်နဲ့ သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ သဘာဝအတိုင်းကလေးမွေးဖွားခြင်း များအတွက်  ရေထဲတွင်ကလေးမွေးခြင်း(Water Birth) အပါအဝင် အထူးစီမံထားတဲ့ ကလေးမွေးဖွားခြင်းနည်းလမ်းတွေကိုပါ ဝန်ဆောင်မှုပေးပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှာ လာရောက် ကုသစောင့်ရှောက်မှုခံယူတဲ့လူနာအားလုံးအတွက် အကောင်းဆုံးနဲ့ နောက်ဆုံးပေါ်ဆေးဘက် ဆိုင်ရာသတင်းအချက်အလက်များ ၊ ကုသမှုများနဲ့ ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ အမြဲတမ်းအသင့်ရှိနေပါတယ်။ ဆစ်မီတဝေ့ရဲ့ အမျိုးသမီးကျန်းမာရေး စင်တာမှာ ဆီးမထိန်းနိုင်ခြင်း ၊ ဆီးရောဂါဆိုင်ရာအခက်အခဲများကဲ့သို့သော ကလေးမရနိုင်တဲ့ ရောဂါပြဿနာများအပါအဝင် အမျိုးသမီးများရဲ့ ရောဂါအားလုံးကို စောင့်ရှောက် ကုသမှုပေးလျက်ရှိပါတယ်။ အပျိုဖော်ဝင်ချိန်မှ စလို့ ကိုယ်ဝန်ဆောင်ပြီး မီးယပ်သွေးဆုံးချိန် အသက်အရွယ်အပိုင်း အခြားအထိ အမျိုးသမီးများရဲ့ ကျန်းမာရေးပြဿနာများကို သေသေချာချာ ဂရုတစိုက်နဲ့ ကုသပေးလျက်ရှိပါတယ်။ ကိုယ်ဝန်ဆောင် များရဲ့ အဓိကလိုအပ်ချက်များကို အလေးထားမှုအဖြစ် ကလေးမွေးခြင်းအစီအစဉ်ရေးဆွဲခြင်းအချိန်မှသည် လုံးဝဥဿုံ ကျန်းကျန်းမာမာ ဖြစ်သည်အထိ သေချာဂရုစိုက်မှု၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ၊ နားလည်တတ်ကျွမ်းမှု တို့ကို အခြေခံပြီး ကုသစောင့်ရှောက် မှုပေးနေတာဖြစ်ပါတယ်။

ဆစ်မီတဝေ့ရဲ့ ကျန်းမာရေး ဝန်ထမ်းများဟာ လည်း အကောင်းဆုံးသောကုသစောင့်ရှောက်မှုနဲ့ နှစ်ပေါင်း များစွာ အတွေ့အကြုံများ ၊ အမျိုးသမီးများရဲ့လိုအပ် ချက်ကို ကူညီစောင့်ရှောက်မှုပေးတဲ့ အသိပညာဗဟုသုတများ ကို အရင်းတည်ကာ ဝန်ဆောင်မှုပေး နေတာဖြစ်ပါတယ်။ ဆစ်မီတဝေ့ အတွက် UNICEF ကနေ သတ်မှတ်ရေးဆွဲထားတဲ့ Baby Friendly Hospital ရှိနေခြင်းဟာလည်း  မှတ်တမ်းမှတ်တိုင်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများကို အမြဲဂုဏ်ယူနေလျက်ပါ။ ထိုင်းနိုင်ငံသာမက တခြားနိုင်ငံများမှ ထောင်ပေါင်းများစွာ သောလူနာများ ဟာ ဘန်ကောက်ရဲ့ ဆစ်မီတဝေ့ဆေးရုံကို သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဖြည့်စွမ်းပေးရာ ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။

 

ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုများ

  • ကိုယ်ဝန်ဆောင်ချိန်စောင့်ရှောက်မှု (Antenatal Care)
  • ကလေးပြုစုကိုင်တွယ်စောင့်ရှောက်ရေးအတွက်သင်ကြားပေးမှုများ(Atenatal Classes)
  • ကလေးမွေးဖွားခြင်း(Delivery)
  • မီးယပ်ဆိုင်ရာကင်ဆာရောဂါကုသမှု(Gynecological Oncology)
  • မီးယပ်ရောဂါကုသမှု(Gynecology)
  • သားအိမ်အတွင်းကြည့်မှန်ပြောင်း(Hysteroscopy)
  • သားသမီးမရနိုင်ခြင်းနှင့်မျိုးပွားမှုဆိုင်ရာနည်းပညာ
  • ဝမ်းဗိုက်အတွင်းအင်္ဂါများအားကိရိယာသုံးပြီးစစ်ဆေးခြင်း(Laparoscopy)
  • ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု(MIS)
  • သားဖွားပညာ(Obstetrics)
  • တင်ပါးဆုံကြွက်သားများပြန်လည်တည်ဆောက်ခြင်း(Pelvic Floor Reconstruction)
  • ကလေးမွေးဖွားပြီးချိန်စောင့်ရှောက်ပေးခြင်း(Postpartum Care)
  • ဆီးမထိန်းနိုင်ခြင်းကိုကုသခြင်း
  • ဆီးမထိန်းနိုင်သည့်ရောဂါကိုTASS(Trocar Assisted Sling Suspension) နည်းဖြင့် ခွဲစိတ်ကုသခြင်း
  • ဆီးမထိန်းနိုင်သည့်ရောဂါအားကုသခြင်း (Treatment of overactive bladder)
  • ဆီးအိမ်အတွင်းဖိအားပြောင်းလဲမှုကိုတိုင်းတာခြင်း (Urodynamin Assessment)
  • ဆီးနှင့်ပတ်သက်သောမီးယပ်ရောဂါ (Urogynecology)
  • သားသမီးမရနိုင်ခြင်းများအတွက်ကုသမှုများ
    • သန္ဓေလောင်းပြောင်းထည့်ပေးခြင်း (ဆေးရုံတက်ရန်မလို)
    • သားဥထုတ်ယူခြင်း (ဆေးရုံတက်ရန်မလို)

Our Facilities and Medical Technologies

Samitivej Pregnancy Care 360