ဘန်ကောက်မှာ IVF ကုထုံးဖြင့် ကလေးယူမယ်ဆိုရင်

ဘန်ကောက်မှာ IVF ကုထုံးဖြင့် ကလေးယူမယ်ဆိုရင်

IVF ဆိုတာဘာလဲ

IVF ကုထုံးမှာ တစ်လမှာ မျိုးဥ တစ်ဥ ထက်ပိုပြီး ထုတ်လုပ်နိုင်ဖို့ ဟိုမုန်းကုသမှုတွေလည်း ပါဝင်ပါတယ်။ မျိုးဥတွေရဲ့ အဆင်သင့်ဖြစ်မှုကို အာလ်ထရာဆောင်းနဲ့ အခြားစမ်းသပ်မှုတွေကနေတစ်ဆင့် သိရှိရပြီးတဲ့နောက် အကောင်းဆုံးမျိုးဥ တွေကို hollow needle လို့ခေါ်တဲ့ အထူးအပ်နဲ့ စုပ်ပြီး အပြင်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် အမျိုးသားအဖော်ရဲ့ အကောင်းဆုံး မျိုးရည်နဲ့ ပေါင်းစပ်ပေးလိုက်ပါတယ်။  ပြီးတော့မှ ပိုးမွေးတဲ့ ဖန်ခွက်ပြားလေးပေါ်မှာ သိမ်းထားပြီး မျိုးအောင်နိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ခု ရောက်တဲ့အထိ စောင့်ကြည့်ပါတယ်။

IVF ကုထုံးက ဘယ်လိုလူတွေအတွက်လဲ။

တကယ်တော့  IVF ဟာ မျိုးဆက်ပွားကုထုံးနယ်ပယ်မှာ ရှေ့ဆုံးတန်းရောက်ရှိနေတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ အောက်ပါအခြေအနေမျိုးတွေမှာ IVF ကို အသုံးပြုပါတယ်။

  • သားဥပြွန် ပိတ်နေခြင်း / ပျက်စီးနေခြင်း - သားဥပြွန် ပိတ်နေရင် သားဥဟာ သားအိမ်ထဲကို မရောက်နိုင်တော့ဘူး။
  • သားဥကြွေမှုမမှန်ကန်ခြင်း - သားဥကြွေမှုဆိုင်ရာ ချွတ်ယွင်းချက်တွေဖြစ်တဲ့ သားဥ ပုံမှန်မကြွေတာ / မကြွေနိုင်တာ စတာတွေကြောင့် သန္ဓေအောင်နိုင်တဲ့ သားဥ အရေအတွက် လျော့နည်းသွာရတာ။ 
  • သားဥအရံထားရှိမှု နည်းပါးခြင်း - သားဥသိုလှောင်နိုင်မှုနည်းပါးတာကြောင့် အမျိုးသမီးတစ်ဦးဟာ သားဥ ချွေချနိုင်မှု လျော့ကျတာ။
  • သားအိမ်အတွင်းလွှာတွင်ရှိရမည့်တစ်သျှူးများ သားအိမ်ပြင်ပတွင် ဖြစ်ပေါ်နေခြင်း - ဒီလိုဖြစ်ပေါ်နေခြင်းကြောင့် သားဥ၊ သားဥပြွန်နှင့် သားအိမ်တို့၏ လုပ်ငန်းဆောင်တာများကို ပျက်ယွင်းစေပါတယ်။
  • သားအိမ်တွင်းမှကင်ဆာမဟုတ်သော အလုံးအကျိတ်များ - ၎င်းအလုံးအကျိတ်များဖြစ်ပေါ်နေမှုကြောင့် သန္ဓေအောင်မျိုးဥမှာ သားအိမ်နံရံများတွင် တွယ်ကပ်ခြင်းမပြုနိုင်တော့ပါ။
  • သုတ်ပိုးထုတ်လုပ်မှုအတွက် အတားအဆီးများ
    – သားအိမ်တွင်ရှိ အန္တရာယ်မပြုသောကင်ဆာဆဲလ်များက သန္ဓေသားလောင်းကို သားအိမ်နံရံမှာ မတွယ်ကပ်နိုင်အောင် တားဆီးပါတယ်။
    – တကယ်လို့ အမျိုးသားအဖော်ဘက်မှာလဲ သုက်ပိုးထုတ်လုပ်နိုင်မှုဟာ နည်းနေရင်/ မရှိရင် သားဥနဲ့တွေ့ဆုံပြီး မျိုးဥသန္ဓေ အောင်နိုင်ဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။

IVF ရဲ့ ကောင်းကျိုးများ

အထက်မှာဖော်ပြခဲ့တဲ့ အခက်အခဲတွေကြောင့် ကိုယ်ဝန်ယူလို့မရနိုင်တဲ့ ဇနီးမောင်နှံတွေအတွက် IVF  နည်းလမ်းဟာ သေချာတဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အခြားကောင်းကျိုးတွေကတော့ -

  • သန္ဓေမအောင်ခြင်းဆိုင်ရာပြဿနာများနဲ့ ရင်ဆိုင်နေရတဲ့  မောင်နှံတွေအတွက် ဒီ IVF နည်းလမ်းဖြင့် သန္ဓေ အောင်နိုင်ချေကို မြှင့်တင်ပေးနိုင်ပါတယ်။
  • သားဥပြွန်ကို ခွဲစိတ်ကုသရန်လိုအပ်ခြင်းကိုလည်း IVF လျှော့ချပေးနိုင်ပါတယ်။
  • တကယ်လို့ မောင်နှံနှစ်ဦးက အလှူရှင်ရဲ့ သားဥကို သုံးပြီး သန္ဓေရယူမယ်ဆိုရင်လည်း IVF နည်းလမ်းကို သုံးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။
  • IVF သားသမီးအရင်းအချာတွေကို ရနိုင်ဖို့ ဖြစ်နိုင်ချေကိုလည်း မြှင့်တင်ပေးပါတယ်။
  • အကောင်းဆုံး သားဥ နဲ့ သုတ်ကောင်ကလေးတွေကိုသာ ရွေးချယ်အသုံးပြုခြင်းဖြင့် သန္ဓေအောင်ဖို့ အခွင့်အလမ်း များစေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ဆစ်မီတဝေ့ ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသမှုများဆိုင်ရာ စုပေါင်းဌာနကြီး မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ သန္ဓေတည်မှုလေ့လာခြင်းဆိုင်ရာ ဓာတ်ခွဲခန်းသစ်မှာ နိုင်ငံတကာအဆင့် နောက်ဆုံးပေါ် အကောင်းတကာ့အကောင်းဆုံး ခေတ်သစ်နည်းပညာများကို အသုံးပြုပြီး အဆိုပါ သန္ဓေမအောင်နိုင်တဲ့ မောင်နှံများအတွက် ကိုယ်ဝန်ဆောင်နှုန်း မြှင့်တင်ပေးနိုင်ရန် နှင့် သဘာဝနည်းနဲ့သန္ဓေတည်နိုင်ရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။ အဲဒီဓာတ်ခွဲခန်းမှာဆိုရင် သန္ဓေမရနိုင်တဲ့ စုံတွဲတွေကို ပိုမိုကုသပေးနိုင်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ လက်ရှိဆေးဘက်ဆိုင်ရာအရည်အသွေးတွေအတိုင်း ထိန်းသိမ်းထားပြီး အရင်ကထက်ပိုပြီး ကူညီစောင့်ရှောက်မှုတွေ ပေးနေပါတယ်။  ပိုပြီးသိချင်တဲ့အချက်တွေရှိရင် သွားကြည့်နိုင်ပါတယ်။

ကိုယ်ဝန်မယူမီ မျိုးရိုးဗီဇအကြို စစ်ဆေးခြင်း

မိသားစုတစ်စုကိုတည်ဆောက်တော့မယ့် ဇနီးမောင်နှံတွေအနေနဲ့ မိမိတို့ရဲ့ မျိုးဆက်သစ်ကလေးမှာ မိဘနှစ်ပါးလုံးဘက်က သွေးကင်ဆာတို့ သွေးမတိတ်ရောဂါတို့  စတဲ့ရောဂါမျိုးတွေရှိရင် မျိုးရိုးလိုက်ပြီး ပါလာနိုင်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။ ဒီလိုအဖြစ်မျိုးတွေကနေ ရှောင်ရှားနိုင်ဖို့  ကိုယ်ဝန်မယူခင်မှာ မျိုးရိုးဗီဇအကြိုစစ်ဆေးမှုတွေကို ဆရာဝန်နဲ့ သေသေချာချာပြုလုပ်သင့်ပါတယ်။ ခုလက်ရှိအချိန်အထိ အားကောင်းတဲ့ဗီဇအပေါ်မှာ လွှမ်းမိုးထားတဲ့ recessive genes လို့ခေါ်တဲ့ မျိုးဗီဇမျိုးကွဲပေါင်း ၆၀၀ ကျော်ကို  မျိုးရိုးဗီဇအကြိုစစ်ဆေးမှုကနေတစ်ဆင့် ရှာဖွေပေးနိုင်ပါတယ်။ ဆိုလိုတာက မျိုးဗီဇ ဖောက်ပြန်မှုတွေကြောင့် ဖြစ်လာမယ့် မသန်မစွမ်းမှုတွေနဲ့ မူမမှန်မှုတွေကို ကြိုတင်ဖော်ထုတ်ပေးနိုင်ပြီး တကယ်လို့ ကိုယ့်မှာ ဒီလိုအန္တရာယ်ရှိတဲ့ မျိုးဗီဇလက္ခဏာကို တွေ့တယ်ဆိုရင် ဒါကို သားသမီးဆီ ပါမသွားရအောင် တားဆီးထားနိုင်ပါတယ်။ Preimplantation Genetic Screening (PGS) ဆိုတာ သန္ဓေမအောင်မီ မျိုးဥမှာရှိတဲ့ ခရိုမိုဆုန်းရဲ့ မျိုးရိုးဗီဇကို  Next Generation Sequencing (NGS)  နည်းလမ်းနဲ့ နောက်မျိုးဆက်မှာ ဘာဆက်ဖြစ်လာမလဲဆိုတာကို စစ်ဆေးတာဖြစ်ပါတယ်။ IVF မှာ PGS နည်းလမ်းကိုသုံးပြီးတော့ အဆိုပါ ပုံမမှန်မှုတွေရှိနေတဲ့ ခရိုမိုဆုန်းကို ဖယ်ထုတ်ပြီး ကျန်းမာရေးနဲ့ အပြည့်စုံဆုံး ခရိုမိုဆုန်းကိုရွေးချယ်ပြီး သားအိမ်ထဲကို ပြန်ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။  ဒီဆောင်ရွက်မှုဟာ အလွန် တိကျပြီး အောက်ပါအခြေအနေများမှာရှိတဲ့ ဇနီးမောင်နှံတွေမှာ ၉၀% ကျော်အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။

  • သန္ဓေမအောင်နိုင်တဲ့ ဇနီးမောင်နှံတွေ
  • သက်ကြီးပိုင်း (၃၅နှစ်အထက်) ကိုယ်ဝန်ရယူလိုသူတွေ၊
  • အကြောင်းရင်း ဖော်ပြနိုင်ခြင်းမရှိသည့် ကိုယ်ဝန်ပျက်ကျခဲ့သော မှတ်တမ်းရှိတဲ့ သူတွေ၊
  • အခြား IVF နည်းလမ်းများကို စိတ်ပျက်နေသူတွေ၊
  • မူမမှန်ခရိုမိုဆုန်းတွေပါတဲ့ ကိုယ်ဝန်ကို ဆောင်ခဲ့ဖူးတဲ့သူတွေ။

ကိုယ်ဝန်မဆောင်မီမျိုးဗီဇအကြိုစစ်ဆေးမှုများအကြောင်းသိလိုပါက ဤနေရာကိုနှိပ်ပါ။

အခြားနည်းလမ်းတစ်ခု In Vitro Maturation (IVM)

တကယ်လို့မှ အခြားအစားထိုးနည်းလမ်းတစ်ခုကို သိချင်သေးတယ်ဆိုရင် လည်း In Vitro Maturation (IVM) ဆိုတာရှိပါသေးတယ်။ ဆစ်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံကြီး-ဘန်ကောက် ဟာ IVM ကို အဦးဆုံး ဆောင်ရွက်ခဲ့တဲ့ အင်စတီကျူးရှင်းဖြစ်ပြီး ခုထိ ၃၀%လောက်အထိ အောင်မြင်မှု ရရှိထားပြီး ဖြစ်ပါတယ်။   IVM အကြောင်း နဲ့ သန္ဓေအောင်မှုဆိုင်ရာအထူးကုများအကြောင်း , သို့မဟုတ် ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ သန္ဓေအောင်မှုဆိုင်ရာကုထုံးများအကြောင်းကို ဆက်လက်သိလိုပါက ဤနေရာကို နှိပ်ပါ။

IVF ကုသမှုနဲ့ပတ်သက်ပြီး မေးစရာရှိပါသလား?

ပိုမိုသိရှိလိုပါက စုံစမ်းမေးမြန်းရန် သို့မဟုတ် ရက်ချိန်းဘိုကင်ယူရန်

*ထည့်သွင်းရန်လိုအပ်သည်။

မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်