ရင်သွေးရရှိစေရန်ကုသရေးစင်တာ (Fertility Center)

Building 2 (Sukhumvit Wing), 1st Floor Daily (7 days /week) - 07:00-22:00 02-022-2555-6 info@samitivej.co.th

ကျွန်ုပ်တို့၏အောင်မြင်မှုနှုန်း

Leading IVF Treatment Center in Bangkok – Your Path to Parenthoodccess rate

ဆစ်မီတဝေ့ဆေးရုံဟာ ထိုင်းနိုင်ငံနဲ့အခြားပြည်ပနိုင်ငံ (၃၈) နိုင်ငံကျော်မှ မိဘများအား ရင်သွေးရရှိစေရန်ကုသမှုပေးခဲ့ပြီး အောင်မြင်မှုနှုန်း (၄၄) ရာခိုင်နှုန်းထိရှိခဲ့ပါတယ် ။ (ရင်သွေးရရှိရန်ကြိုးပမ်းနေသည့်လူနာများနှင့် ဆစ်မီတဝေ့ဆေးရုံတစ်ခုတည်းမှာသာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည့် ကိုယ်၀န်‌ဆောင်များ အားဆန်းစစ်ထားသည့် တွက်ချက်မှုများအရ)

Comprehensive Assisted Reproductive Technology (ART) Services

Embracing Cutting-Edge Technology for IVF Excellence

မျိုးပွားခြင်းအထောက်အကူပြုနည်းပညာ(ART)

  • သုံးသပ်ခန့်မှန်းခြင်းနှင့်ရောဂါရှာဖွေခြင်း
  • သားအိမ်တွင်းဆေးထိုးခြင်းနည်းလမ်းဖြင့်အမျိုးသမီးအင်္ဂါတွင်းသုတ်ရည်ထည့်သွင်းခြင်း(IUI)
  • သားဥတွင်းသို့သုတ်ပိုးကိုဆေးထိုးထည့်ခြင်း(ICSI)
  • သားဥတွင်းသို့သုတ်ပိုးကိုဆေးထိုးထည့်ပြီးနောက်သန္ဓေအောင်နိုင်ခြေနည်းပါးခြင်းအတွက် မမျိုးဥအိမ်အတွင်းကယ်လ်ဆီယံထိုးခြင်း
  • သန္ဓေသားမွေးမြူခြင်း(Blastocyst Cultures)
  • ခန္ဓာကိုယ်ပြင်ပတွင်သန္ဓေတည်စေခြင်း(IVF)
  • ခန္ဓာကိုယ်ပြင်ပ မ မျိုးဥဖွံ့ဖြိုးစေခြင်း(IVM)

နောက်ဆုံးပေါ်နည်းပညာနှင့်ဝန်ဆောင်မှုများ

  • Adenosine Monophosphate(cAMP)ချိန်ညှိပြီး ခန္ဓာကိုယ်ပြင်ပ မ မျိုးဥဖွံ့ဖြိုးစေခြင်း
  • သားဥတွင်းရှိသုတ်ပိုးအား ကယ်လ်ဆီယံထိုးခြင်း
  • သားအိမ်လက်ခံနိုင်စွမ်းစစ်ဆေးခြင်း
  • မိခင်မှကလေးဆီပါလာနိုင်သည့် (Mitochondrial )စစ်ဆေးခြင်း
  • သန္ဓေသားမထည့်သွင်းခင် Prostaglandins ခေါ် ဓာတ်ပစ္စည်းကိုစစ်ဆေးခြင်း

သန္ဓေသားဆိုင်ရာထိန်းသိမ်းခြင်း

  • မျိုးဥထိန်းသိမ်းခြင်း (Egg Freezing)
  • သန္ဓေသားမျိုးဥနှင့်သုတ်ပိုးထိန်းသိမ်းခြင်း(Embryo Oocyte and Sperm Freezing)

မျိုးရိုးဗီဇဆိုင်ရာအခြေအနေများ

  • မျိုးရိုးဗီဇရောဂါရှာဖွေခြင်း (PGD)
  • မျိုးရိုးဗီဇစစ်ဆေးခြင်း(PGS) : မျိုးရိုးဗီဇအချက်အလက်များစုစည်းခြင်း(CGH) ၊ သားသမီးဆီပါလာနိုင်တဲ့ရောဂါဗီဇများစစ်ဆေးခြင်း (NGS)

မျိုးပွားမှုဆိုင်ရာရောဂါများနှင့်ဟော်မုန်းနဲ့သက်ဆိုင်သောပြဿနာများ

  • အရည်အိတ်နှင့်သားအိမ်အသားပို
  • မမျိုးဥအိမ်အကျိတ်လက္ခဏာများ(PCOS)

REAL CLEAN MEANS

 

ရင်သွေးရရှိစေရန်ကုသမှုများအတွက်အသုံးပြုသည့်နည်းပညာများ

Technology used in fertility treatments

ကျွန်တော်တို့ဟာ ရောဂါရှာဖွေမှုအပိုင်းမှာ  သားအိမ်လမ်းကြောင်းအာထရာစောင်းဖြင့်မွေးလမ်း ကြောင်းစစ်ဆေးခြင်း ၊ သားအိမ်ခေါင်းနှင့်သားအိမ်ပြွန်ပုံသဏ္ဍာန်ကိုအသံလှိုင်းအသုံးပြုစစ်ဆေးခြင်း     (Hysterosalpingography) ၊ သုတ်ပိုးစစ်ဆေးခြင်း ၊ သုတ်ပိုးစုဆောင်းခြင်း ၊ ဟော်မုန်းဆိုင်ရာ စစ်ဆေးမှုများ ၊ IVF , E.T , ICSI , GIFT စသည့်   မျိုးပွားမှုဆိုင်ရာ အထောက်အကူပြုနည်းပညာများ ၊ သုတ်ပိုးထုတ်ယူခြင်း (Retrieval) ၊ သားကြောဖြတ်ထားသည့်အမျိုးသားများအတွက် သုတ်ပိုးထုတ်ယူပေးသည့် TESEနည်းပညာ ကဲ့သို့သော နည်းလမ်းများကို အသုံးပြုပါတယ်။ ဒါ့အပြင် မ မျိုးဥအိမ်ခွဲထုတ်ခြင်း (ovariectomy) အပါအဝင် သိပ္ပံဆေးပညာရဲ့ တီထွင်ဆန်းသစ်မှုအမျိုးမျိုး ကိုလည်း ကုသလုပ်ဆောင်ပေးလျက်ရှိပါတယ်။

  • ခန္ဓာကိုယ်ပြင်ပ မ မျိုးဥဖွံ့ဖြိုးစေခြင်း (IVM) :  ဒီနည်းပညာကို ဆစ်မီဝေ့ဆူခွန်ဗစ် ဆေးရုံမှာ သုတေသနပြုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပထမဆုံး လုပ်ဆောင်မှုဖြစ်သလို သဘာဝ အတိုင်းနီးပါး လုံခြုံစိတ်ချရမှုရှိတဲ့ ကုသမှုပုံစံဖြစ်ပါတယ်။ ဒီနည်းပညာဟာ မိခင်လောင်းအတွက် ဟော်မုန်းလှုံ့ဆော်မှုနဲ့ပတ်သက်ပြီး နာကျင်မှုကို မခံစားရစေပါဘူး။ 
  • မ မျိုးဥအိမ်အတွင်းကယ်လ်ဆီယံထိုးခြင်း(Calium Inophore) နည်းလမ်းဖြင့်လည်း သန္ဓေအောင်မြင်မှု နှုန်းနဲ့ ကိုယ်ဝန်ဆောင်မှုနှုန်းကို မြင့်တက်စေပါတယ်။ စုံတွဲများအောင်မြင်စွာကိုယ်ဝန်ဆောင်နိုင်ဖို့ သုတေသနပြုဖော်ဆောင်ခဲ့ပြီးနောက် ဆစ်မီတဝေ့မှာ အဆိုပါနည်းပညာကို မျိုးပွားမှုဆိုင်ရာနည်းပညာများနဲ့အတူ အသုံးပြုခဲ့ပါတယ်။
  • မျိုးရိုးဗီဇစစ်ဆေးခြင်း (PGS) : PGS လို့ခေါ်တဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်းကတော့ သန္ဓေသားရဲ့ ခရိုမိုဆုန်းအရေအတွက်ပုံမှန် ရှိ မရှိ ၊   ခရိုမိုဆုန်းပုံမှန်မဟုတ်တဲ့ short-arm ကဲ့သို့သော သန္ဓေသား မူမမှန်မှု ကို စစ်တာဖြစ်ပါတယ်။  တကယ်လို့ ခရိုမိုဆုန်းဟာ ပုံမှန်မဟုတ်တဲ့ short-arm အနေအထားမှာ ရှိနေရင် သန္ဓေသားဟာ ပုံမှန်မဟုတ်တဲ့ကလေး ဒေါင်းလက္ခဏာ(Down Syndrome) အဖြစ်မွေးဖွားလာနိုင်ပါတယ်။
  • မျိုးရိုးဗီဇရောဂါရှာဖွေခြင်း (PGD) :   မျိုးရိုးဗီဇဆိုင်ရာမူမမှန်မှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင် မျိုးရိုးဗီဇပြဿနာကင်းတဲ့ ကျန်းမာသန်စွမ်းတဲ့ သန္ဓေသားကို သားအိမ်ထဲမှာပြန်လည် ပြောင်းလဲထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ 
  • ဒီစစ်ဆေးမှုကတော့ အမျိုးသမီးရဲ့ သားအိမ်ဟာ သန္ဓေလွယ်ဖို့ အတွက် အဆင်သင့် ဖြစ် မဖြစ် စစ်ဆေးတာဖြစ်ပါတယ်။  သားအိမ်ဖွံ့ဖြိုးခြင်း ၊  သန္ဓေသားနှင့် သက်ဆိုင်တဲ့ genes (၂၃၈) မျိုးကို  ခွဲခြမ်းစိတ်ဖြာခြင်း ၊ သက်ဆိုင်ရာကလာပ်စည်း (Mitochondrion) တွေကို စစ်ဆေးခြင်းတို့ပဲဖြစ်ပါတယ် ။  Mitochondrion ဟာ သန္ဓေသားဆဲလ်တွေရဲ့ ပင်မစွမ်းအင်အရင်း အမြစ်ဖြစ်ပြီး အောင်မြင်တဲ့သန္ဓေသားဖြစ်ဖို့ အခွင့်အရေး (၅၀) ရာခိုင်နှုန်းရှိပါတယ်။