အားကစား နဲ့ အရိုးအကြောကုသရေးစင်တာ

Building 1, 1st Floor (Classic Wing) Everyday 07.00 a.m. - 10.00 p.m. 022-2494-6 2(0)66+ info@samitivej.co.th

အားကစား နဲ့ အရိုးအကြောကုသရေးစင်တာ

ဆစ်မီတဝေ့ ဆူခွန်ဗစ်

Why Choose Us?

ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများဟာ ကောင်းမွန်တဲ့ ရလဒ်များရရှိစေပေမယ့် ဒဏ်ရာရနိုင်ခြေလည်း ရှိပါတယ်။ သင်ဟာ ပရော်ဖက်ရှင်နယ် အားကစားသမားပဲဖြစ်ဖြစ်၊ ဝါသနာရှင်ပဲဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုများသော ဘဝနေထိုင်မှုပုံစံဟာ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဆစ်မီတဝေ့ ဆေးရုံမှ အားကစားနဲ့ အရိုးအကြောကုသရေးစင်တာဟာ သင့်ကို အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့အတွက် အကောင်းဆုံးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကုသမှုများကို ပေးစွမ်းဖို့ရှိနေပါတယ်။ ကျွန်တော်တို့ဟာ မာရသွန်အပြေးသမားများမှစ၍ စနေ၊ တနင်္ဂနွေနေ့များတွင် ဂေါက်ရိုက်လေ့ရှိသော ရုံးဝန်ထမ်းများနဲ့ ဘတ်စကက်ဘောဝါသနာရှင် ဆယ်ကျော်သက်များအထိ လူတိုင်းကို အကူအညီနဲ့ ပြန်လည်သန်စွမ်းရေး ကုသမှုများ ပေးနေပါတယ်။

ကျွန်တော်တို့စင်တာတွင် အရိုးအကြောဆိုင်ရာ ဒဏ်ရာများ သို့မဟုတ် အရိုးနဲ့ အဆစ်များတွင် ကြီးကြီးမားမား သို့မဟုတ် နာတာရှည် ထိခိုက်ပျက်စီးမှုများ ခံစားနေရသူတိုင်းကိုလည်း ကုသပေးပါတယ်။ ကျွန်တော်တို့ရဲ့ဌာနတွင် ထူးချွန်သော အရိုးအကြော အထူးကု ဆရာဝန် ၃၈ ဦး၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်များ၊ အားကစားဒဏ်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို စုစည်းထားပါတယ်။ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များနဲ့ နောက်ဆုံးပေါ် အရိုးအကြောနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေးပစ္စည်းကိရိယာများကို တွဲဖက်ပြီး လူနာအားလုံးကို အကောင်းဆုံးပြုစုစောင့်ရှောက်မှုများ ပေးနေပါတယ်။

ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုများ

အားကစားဆိုင်ရာ ဆေးပညာဝန်ဆောင်မှုများ

  • စက်ဘီး နဲ့ လေ့ကျင့်ခန်းစက်များပေါ်တွင် VO2Max စစ်ဆေးခြင်း၊ ဟန်ချက်ညီစနစ်၊ ကြွက်သားအား စမ်းသပ်ခြင်းကဲ့သို့ ကြံ့ခိုင်မှုစစ်ဆေးခြင်းနဲ့ အကဲဖြတ်ခြင်း (အားကစားမလုပ်ခင် ကြံ့ခိုင်မှုစစ်ခြင်း နဲ့ FIFA ပြိုင်ပွဲဝင်မယ့်သူများအတွက် စစ်ဆေးခြင်း) 
  • ဟန်ချက်ညီမှုစနစ်ဖြင့် အာရုံကြော နဲ့ ကြွက်သားစစ်ဆေးလေ့ကျင့်ပေးခြင်း
  • ဟန်ချက်ညီမှုစနစ်ဖြင့် သွက်လက်မှုကိုလေ့ကျင့်ပေးခြင်း
  • အေရိုးဗစ် လေ့ကျင့်ခန်းများ - VO2max ဖြင့် နှလုံးကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်အား လေ့ကျင့်ပေးခြင်း
  • ကြွက်သားတွေကို ပိုသန်မာလာစေဖို့အတွက် ကြွက်သားအားစမ်းသပ်ခြင်း နဲ့ ဟန်ချက်ညီမှုစနစ်ကိုအသုံးပြုပြီး သင့်တော်သောလေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်း
  • အရွတ်ရောင်ခြင်း၊ ကြွက်သားနဲ့ အရွတ်များစုတ်ပြဲခြင်း၊ အဆစ်လွဲခြင်း၊ ခြေခေါက်လဲခြင်း၊ အရိုးကျိုးခြင်းများအတွက် ကုသပေးခြင်း
  • ကုသမှုခံယူပြီးနောက် ခန္ဓာကိုယ်ပြန်လည်ကောင်းမွန်လာစေရန် ကာယကုထုံးပေးခြင်း
  • ပြေးဖို့အတွက် ခန္ဓာကိုယ်ကို အကဲဖြတ်ပြီး ပြေးနည်းကို ခွဲခြမ်းစိတ်ဖြာပေးခြင်း 

အရိုးအကြောကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ

  • အရိုးကျိုးခြင်းအတွက် ကုသခြင်းနဲ့ ခွဲစိတ်ခြင်းအတွက် အထွေထွေအရိုးအကြောဆေးခန်း
  • အဆစ်တောင့်တင်းမှုကို ပြုပြင်ရန် ခွဲစိတ်ခြင်း
  • အရိုးပွရောဂါကို ကုသခြင်းနဲ့ ကာကွယ်ခြင်း၊ အရိုးပွရောဂါကြောင့် ကျိုးသောအရိုးများကို ပြုပြင်ရန် ခွဲစိတ်ကုသခြင်း
  • ကျောရိုးနဲ့ လည်ပင်းအရိုးများ ကုသခြင်းနဲ့ ခွဲစိတ်ခြင်းအတွက် ကျောရိုးဆစ်ဆေးခန်း
  • ကျောရိုးစောင်းခြင်းနဲ့ ကျောရိုးကျဉ်းခြင်းကို ပြုပြင်ရန် ခွဲစိတ်ခြင်း
  • ကျောရိုးပြွန်အတွင်းသို့ NSAID ထိုးသွင်းခြင်းဖြင့် အဆစ်ကြားအရိုးနုချပ်ပြားဝိုင်းကို ကုသခြင်း
  • မှန်ပြောင်းဖြင့် ကျောရိုးခွဲစိတ်မှုနဲ့ ခွဲစိတ်မှုစီမံခြင်းအတွက် လမ်းညွှန်စနစ်ပါသော MIS ခွဲစိတ်နည်းပညာအသုံးပြုပြီး ကျောရိုးဆစ်ပျက်စီးသောရောဂါနဲ့ လည်ပင်းကျီးပေါင်းရောဂါကို ပြုပြင်ရန် ခွဲစိတ်ခြင်း
  • Percutaneous vertebroplasty  နည်းပညာဖြင့် ကျောရိုးကျိုးခြင်းကို ကုသခြင်း
  • မတော်တဆမှုကြောင့် ကျောရိုးကျိုးခြင်းကို ကုသခြင်းနဲ့ အရိုးခွဲစိတ်ပြုပြင်ခြင်း
  • ဒူးအရိုးနု ပြဲခြင်းကို ကုသခြင်းနဲ့ ခွဲစိတ်ခြင်း
  • ဒူးခေါင်းအရှေ့ဖက် anterior cruciate ligament ကြက်ခြေခက်ပုံအရွတ်စုတ်ပြဲခြင်း နဲ့ ခြေကျင်းဝတ် နာကျင်မှု၊ ခြေခေါက်ခြင်း သို့မဟုတ် အခြားခြေကျင်းဝတ်နဲ့ဆိုင်သောဒဏ်ရာများကို ကုသခြင်း
  • ခြေဖနောင့်ကြောရောင်ခြင်း၊ ပခုံးအရွတ်ရောင်ခြင်း  အတွက် ကုသခြင်း
  • ကျောရိုးပိုးဝင်ခြင်းနဲ့ ကျောရိုးတီဘီရောဂါကို ကုသရန် ခွဲစိတ်ခြင်း
  • ကလေးများတွင် ကျောရိုးစောင်းခြင်းကို ပြုပြင်ရန် ခွဲစိတ်ခြင်း
  • ဒူးအဆစ်တစ်ခုလုံး အစားထိုးခွဲစိတ်ခြင်း အပါအဝင် အဆစ်နဲ့ အဆစ်အစားထိုးခွဲစိတ်မှုဆေးခန်း
  • ဒူးအဆစ်ရောင်ခြင်း၊ တင်ပါးဆုံအဆစ်မူမမှန်ခြင်းနဲ့ သွေးမလျှောက်၍ အရိုးတစ်သျှုးများပုပ်ခြင်းရှိသော လူနာများအတွက် ဒူးအဆစ်အစားထိုးခွဲစိတ်ခြင်း
  • အစားထိုးထည့်သွင်းထားသော အစိတ်အပိုင်း ပျက်စီးမှုကို ပြုပြင်ရန် ခွဲစိတ်ခြင်း
  • အဆစ်အစားထိုးခွဲစိတ်မှု၊ ခြေကျင်းဝတ်အစားထိုး၊ ပခုံးအစားထိုးနဲ့ ဒူးအစားထိုးခြင်း
  • ပခုံးဆစ်တစ်ခုလုံး အစားထိုးခြင်း
  • ပခုံးကြပ်ခဲခြင်း၊ အရွတ်စုတ်ပြဲဒါဏ်ရာရခြင်း၊ ပုခုံးထိခိုက်မှုရောဂါ၊ ပခုံးအဆစ်လွဲခြင်း  သို့မဟုတ် ထုံးဓာတ်စုပုံပြီး အရွတ်ရောင်ခြင်း ပြဿနာများ ခံစားနေရသော လူနာများအတွက် မှန်ပြောင်းသုံး ပခုံးခွဲစိတ်မှု 
  • အရိုးထောင့်များကို ပြုပြင်ရန် ခွဲစိတ်ခြင်း
  • လက်ချောင်းများ၊ လက်များ၊ လက်မောင်းများနဲ့ အာရုံကြောအရင်းများတွင် ပြဿနာခံစားနေရသော လူနာများအတွက် လက်ပိုင်းဆိုင်ရာ အဏုကြည့်မှန်ဘီလူးသုံး ခွဲစိတ်ကုသခြင်း
  • လက်ချောင်းများ၊ လက်မောင်းများ၊ လက်များ၊ အရွတ်များနှင့် အာရုံကြောအရင်းများအတွက် ပြန်ဆက်ခွဲစိတ်ခြင်းနဲ့ လက်မောင်းအာရုံကြောကွန်ရက် ထိခိုက်ဒါဏ်ရာရခြင်းကို ပြုပြင်ရန် အဏုကြည့်မှန်ဘီလူးသုံး ခွဲစိတ်ခြင်း
  • လက်မသန်စွမ်းမှုကို ပြုပြင်ရန်နဲ့ အရွတ်အစားထိုးခြင်းအတွက် ခွဲစိတ်ခြင်း
  • လက်ညှိုးညောင်းခြင်းနဲ့ လက်ကောက်ဝတ်အာရုံကြောကျဉ်းရောဂါကို ကုသရန် လက်ကောက်ဝတ်အတွင်းမှ Carpal Tunnel လမ်းကြောင်းအတွင်းရှိ အာရုံကြောကိုဖိမိနေသော အရွတ်အကြောများကို မှန်ပြောင်းဖြင့်ခွဲစိတ်ပြုပြင်ကုသခြင်း (ECTR) 
  • တံတောင်ဆစ်နဲ့ လက်ကောက်ဝတ် မှန်ပြောင်းသုံးခွဲစိတ်ခြင်း
  • လက်ကောက်ဝတ်အရိုးကျိုးခြင်း ခွဲစိတ်မှုလက်အရွတ်များကို ပြန်ဆက်ရန် ကုသခြင်းနဲ့ ခွဲစိတ်ခြင်း
  • ကုသမှုမအောင်မြင်သော ကျောရိုးနာကျင်မှု အကြောင်း အချက်အလက်များကို ကျောရိုး ပြန်လည်သန်စွမ်းရေးစင်တာ (Revision Spine Center) တွင် ရယူနိုင်ပါတယ်။ ပိုမိုဖတ်လိုပါက

ကျွန်တော်တို့ရဲ့ စက်ကိရိယာများနဲ့ ဆေးဝါးကုသမှုဆိုင်ရာ နည်းပညာများ

  • ခန္ဓာကိုယ် ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ပေးသော အထူးပြု စက်ကိရိယာ Isokinetic
  • လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဟန်ချက်ညီမှုနဲ့ ကြွက်သားတွေရဲ့ ထိန်းချုပ်နိုင်စွမ်း ဘယ်လောက်ကောင်းလဲဆိုတာကို တိုင်းတာပေးသော ဟန်ချက်ညီစနစ်
  • အဆင့်အမြင့်ဆုံး စက်ကိရိယာများနဲ့ ခွဲစိတ်ခန်းများ
  • အသေးစား ခွဲစိတ်ခန်းများ
  • ခေတ်မီ အရိုးနှင့် အဆစ်ပြင်ပလူနာဌာန (OPD) စစ်ဆေးခန်းများ
  • ပြင်ပလူနာများအတွက် စမ်းသပ်စစ်ဆေးခန်း - ၈ ခန်း
  • အသေးစား ပြန်လည်သန်စွမ်းရေးခန်း - ၁ ခန်း
  • ဟန်ချက်ညီစနစ်
  • VO2 max test
  • ကိုယ်အလေးချိန် လျှော့ချခြင်း သို့မဟုတ် ကြံ့ခိုင်မှု တိုးတက်အောင် လုပ်သော လေ့ကျင့်ခန်း ဝန်ဆောင်မှု