ကျွန်တော်တို့ရဲ့ “ကင်ဆာနှင့်သွေးရောဂါဆိုင်ရာအထူးကုစင်တာ”မှာ ခေတ်မီနည်းပညာများနှင့်အတူ နယ်ပယ်စုံ မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပေါင်းစပ် ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ ပါဝင်အားဖြည့်ထားပြီး ကင်ဆာရောဂါအမျိုးမျိုးအပြင် ရှုပ်ထွေးနက်နဲတဲ့ သွေးရောဂါ ဝေဒနာများကို ဘက်စုံလွှမ်းခြုံမှုပေးကာ ရောဂါရှာဖွေကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ ကုသမှုခံယူပြီး လူနာများရဲ့ “(၁) နှစ်တာအတွင်း အသက်ရှင်သန်မှုနှုန်း” သည်လည်း နိုင်ငံတကာစံနှုန်း များထက် ကျော်လွန်လျက်ရှိပါတယ်။
အသက် (၆၀) နှင့်အထက် ကင်ဆာဝေဒနာရှင်များ ကုသမှုခံယူပြီးနောက်ပိုင်း (၁) နှစ်တာအတွင်း အသက်ရှင်သန်နိုင်မှုနှုန်း ၉၇ ရာခိုင်နှုန်း (၂၀၁၉-၂၀၂၄ ခုနှစ်အတွင်းရရှိသော အချက်အလက်များအရ) ရှိရာ၊ နိုင်ငံတကာ ကင်ဆာရောဂါ စံနှုန်းသတ်မှတ်ရေးအဖွဲ့ (International Cancer Benchmarking Partnership) ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ၆၅-၇၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပိုမိုမြင့်မားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆစ်မီတစ်ဝေ့ ဆရီနာခရင်ဆေးရုံကြီးဟာ ထိုင်းနိုင်ငံကြက်ခြေနီအသင်း - အမျိုးသားသွေးဌာနလက်အောက် ရှိ ထိုင်းအမျိုးသား Stem Cell အလှူရှင်များ စာရင်းသွင်းရေးအဖွဲ့ (TSCDR)က ပေးအပ်တဲ့ "ဆွေမျိုးတော်စပ်မှု မရှိ သူများအကြား Stem Cell အစားထိုးကုသမှုဗဟိုဌာန (သွေးရောဂါဗေဒ)" အဖြစ် တရားဝင် အသိအမှတ် ပြုခြင်းခံရပါတယ်။ ယင်းကဲ့သို့ အသိအမှတ်ပြု လက်မှတ်ရရှိခြင်းဟာ လူနာပြုစုစောင့်ရှောက်မှု၊ ဆေးရုံ လုပ်ငန်း လည်ပတ်မှုစနစ်များနှင့် ရှုပ်ထွေးတဲ့ကုသမှုများလိုအပ်နေတဲ့ လူနာတွေအတွက် အဆင့်မြင့် (Stem Cell) အစားထိုးကုသမှု ပေးနိုင်စွမ်းတွေမှာ ဆေးရုံကြီးရဲ့ စံချိန်စံညွှန်းများဟာ ပြည့်မီ ကောင်းမွန်လျက်ရှိနေကြောင်း ထင်ဟပ်ပေါ်လွင်စေတာပဲ ဖြစ်ပါတယ်။

ဆေးရုံသို့ မလာရောက်မီ ရောဂါလက္ခဏာများကို ဆန်းစစ်ရန်နှင့် ကုသမှုအစီအစဉ်များ ကြိုတင်ရေးဆွဲနိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် ဆရာဝန်နှင့် တိုက်ရိုက်ဆွေးနွေးခြင်း နည်းလမ်းကို အသုံးပြုနိုင်ပါတယ်
အရေးပေါ်လူနာများကို ဘေးကင်းလုံခြုံစွာဖြင့် အချိန်မီ လွှဲပြောင်းကုသနိုင်ရန် လေကြောင်းဖြင့် လူနာသယ်ယူပို့ဆောင်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ဝန်ဆောင်မှုများရှိပြီး၊ စိုးရိမ်ရတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများအဖွဲ့ကိုယ်တိုင် အနီးကပ်လိုက်ပါပြီး စောင့်ရှောက်မှု ပေးပါတယ်။
ဆေးကုသမှုခံယူစဉ်ကာလ
ဆေးရုံတွင်း အခြေခံအဆောက်အအုံနှင့် အခန်းအမျိုးအစားများ
ဆောင်းပါးများ