အူလမ်းကြောင်းမူမမှန်ခြင်းရောဂါ(IBS) ကိုဘယ်လိုကုသမလဲ

အူလမ်းကြောင်းမူမမှန်ခြင်းရောဂါ(IBS) ကိုဘယ်လိုကုသမလဲ

အူလမ်းကြောင်းမူမမှန်ခြင်း (Irritable Bowel Syndrome) ဆိုတာဘာလဲ?

IBS လို့ခေါ်တဲ့ အူလမ်းကြောင်းမူမမှန်ခြင်းရောဂါဟာ အူမကြီးကို ထိခိုက်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ IBS ရောဂါဟာ အတော်လေး ကသိကအောက်ဖြစ်ရတဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပြီး လူနာအများအပြားဟာ အလားတူပြဿနာကို ခံစားရပါတယ်။ IBS ဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပေမယ့် ကုသဖို့နည်းလမ်း များနဲ့ ပိုမိုကောင်းမွန်အဆင်ပြေတဲ့ အခြေအနေတစ်ခုမှာ နေထိုင်နိုင်ဖို့ နည်းလမ်း တွေရှိပါတယ်။

IBS ရောဂါများတွင် ခံစားရလေ့ရှိသောလက္ခဏာများ

တခြားဝမ်းဗိုက်ပြဿနာတွေနဲ့မတူတာကတော့ IBS ဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမမြင့်မားပါဘူး။

တချို့တွေ့ရှိချက်များအရ IBS ဟာ ရောဂါပြင်းထန်မှု အလယ်လတ်သာရှိပြီး လူအနည်းငယ်သာလျှင် ပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ တချို့ လူများအတွက် IBS ကို ကုသဖို့ စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံမျှနဲ့ အဆင်ပြေပေမယ့် တချို့လူနာများကတော့ ဆေးသောက်ဖို့လိုပါတယ်။ ကုသမှုအတွက်တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် လူနာအနေနဲ့ ကိုယ်ကတကယ်ပဲ IBS ရောဂါရှိနေတာလား ဒါမှမဟုတ်  အူမကြီးကင်ဆာ လိုမျိုး ပိုဆိုးတဲ့ ရောဂါနဲ့ မသက်ဆိုင်တဲ့ လက္ခဏာတွေ ပြနေတာ လားဆိုတာကို သေချာဆန်းစစ်ဖို့က အရေးကြီးပါတယ်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် အူလမ်းကြောင်းဆိုင်ရာ ရောဂါ ပြဿနာများရဲ့ လက္ခဏာများဟာ IBS ရဲ့ လက္ခဏာများနဲ့ ဆင်တူပါတယ်။ ဒါကြောင့် လူနာခံစားနေရတဲ့ လက္ခဏာများအပေါ်မူတည်ပြီး ဆရာဝန်အနေနဲ့ IBS ရောဂါခံစားနေရတာ ဟုတ် မဟုတ်ဆိုတာကို အတည်ပြုပေးမှာဖြစ်ပါတယ်။ တခြားရောဂါဖြစ်နိုင်ခြေများကိုအတည်ပြုဖို့နဲ့ တခြားအကြောင်းအရင်းများကို လျှော့ချနိုင်ဖို့အတွက် သွေးစစ်ဆေးမှုကို ပြုလုပ်မှာပါ။

ဘယ်အချိန်မှာစိုးရိမ်စရာလိုလဲ?

အောက်ဖော်ပြပါလက္ခဏာတွေပေါ်လာတဲ့အချိန်ကျရင် စိုးရိမ်စရာအခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။

  • စအိုဝမှသွေးထွက်ခြင်း။
  • ဗိုက်အောင့်ခြင်းကိုခံစားရပြီးညအချိန်များမှာပိုမိုဆိုးရွားလာခြင်း။
  • ကိုယ်အလေးချိန်ကျဆင်းခြင်း။

 

ဖြစ်နိုင်သည့်အကြောင်းအရင်းများ

  • မိသားစုရာဇဝင်မှာ IBS ရောဂါရှိဖူးသူများ။
  • စိတ်ဖိစီးမှုများသူများ။
  • အမျိုးသမီးများ(အမျိုးသားများထက် IBS ဖြစ်နိုင်ခြေနှစ်ဆပိုများ)။
  • အသက်(၄၅)နှစ်အောက်ရှိသူများ။

ဘာကြောင့် IBS ရောဂါဖြစ်ရသလဲ?

IBS ရောဂါဖြစ်စေတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရပေမယ့်လည်း ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ အဓိကအကြောင်းအရင်းက တော့ အူနံရံနဲ့ ပတ်သက်နေပါတယ်။ အူဟာ ကျယ်ပြန့်ပြီး ခန္ဓာကိုယ်အတွင်း အစားအစာများ ရွေ့လျားသွားတဲ့အခါမှာ ကျုံ့သွားပါတယ်။ တချို့လူတွေဟာ အူနံရံပိုထူနေပြီး လေပွခြင်း၊ လေတက်ခြင်းများ ခံစားရပါတယ်။ တချို့လူတွေကျတော့လည်း အူနံရံဟာပိုမိုအားနည်းပြီး ဝမ်းချုပ်စေပါတယ်။  အူ ဆိုတာဟာ လွန်စွာနူးညံ့ပျော့ပျောင်းပါတယ်။ အူနံရံအနားသားများဟာ ချို့ယွင်းနေမယ်ဆိုရင် အစာချေစနစ်ကို ထိခိုက်စေပါတယ်။

ဘာတွေက IBS ရောဂါဖြစ်ဖို့ အစပျိုးပေးသလဲ ?

IBS ရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ဟာ လွန်စွာမှ ထိလွယ်ရှလွယ်ဖြစ်ပြီး အကြောင်းအရင်းအမျိုးမျိုး ကြောင့် ပျက်စီးစေပါတယ်။

  • အစားအစာဓာတ်မတည့်မှု - တချို့လူတွေအတွက် သူတို့နဲ့မတည့်တဲ့ အစားအစာများကြောင့် IBS ရောဂါ စတင်ဖြစ်ပွားပါတယ်။
  • စိတ်ဖိစီးမှု။
  • ဟော်မုန်း - အမျိုးသမီးများဟာ IBS ဖြစ်နိုင်ခြေ နှစ်ဆရှိပါတယ်။ ဘာလို့ လဲဆိုတော့ အမျိုးသမီးများဟာ ဟော်မုန်းအပြောင်းအလဲများဖြစ်တတ် တာကြောင့် မကြာခဏ IBS ရောဂါ ပြန်ဖြစ်တတ်ပါတယ်။

IBS ရောဂါအတွက်ကုသမှု

IBS ရောဂါကိုကုသဖို့အတွက် အိမ်မှာကုသနိုင်တဲ့နည်းလမ်းရှိသလို ဆရာဝန်နဲ့ ပြသပြီးကုသနိုင်တဲ့နည်းလမ်းများလည်းရှိပါတယ်။ ရွေးချယ်နိုင်တဲ့ ကုသမှု နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • စားသောက်မှုပုံစံကိုထိန်းညှိခြင်း - တကယ်လို့ တချို့အစားအစာတွေ ဟာ သင့်အတွက် IBS ရောဂါဖြစ်ဖို့ အားပေးတယ်ဆိုရင် ဒီလိုအစားအစာတွေ ကို ရှောင်ကျဉ်ခြင်းဟာ လက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။
  • Lactose သကြားဓာတ်ကိုရှောင်ကျဉ်ခြင်း ( Lactose သကြားဓာတ်ဟာ IBS ရဲ့ နောက်ဆက်တွဲအခြေအနေများကိုပိုမိုဆိုးရွားစေပါတယ်)။
  • အစာချေစနစ်ကိုကောင်းမွန်စေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်မှုကိုတိုးမြှင့်ခြင်း။
  • စိတ်ဖိစီးမှုကိုလျှော့ချခြင်း။ စိတ်ဖိစီးမှုဟာ IBS ရဲ့ သက်ရောက်မှုများ ကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် အချင်းချင်းဆွေးနွေးတိုင်ပင်ခြင်းနဲ့ လေ့ကျင့်ခန်းများလုပ်ဖို့ အကြံပြုချင်ပါတယ်။ 
  • တချို့ဆေးဝါးများ ( ဝမ်းပိတ်ဆေး၊ စိတ်ဖိစီးမှုလျှော့ချသည့်ဆေး၊ စိတ်ကျ ရောဂါအတွက်သောက်သည့်ဆေး)။ ဆေးဝါးများဟာ IBS ရောဂါကို မကု သပေးနိုင်ပေမယ့်လည်း ရောဂါလက္ခဏာများကို သက်သာစေဖို့ ကူညီပေး ပါတယ်။

အရေးကြီးတာတစ်ခုကတော့ IBS ရောဂါ ဟာ သင့်လျော်တဲ့ စားသောက်မှု ပုံစံ၊ ဆရာဝန်လမ်းညွှန်တဲ့အစီအစဉ် များကို လိုက်နာမယ်ဆိုရင် ကုသ ပျောက်ကင်းနိုင်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲက အသည်းနှင့်အစာချေလုပ်ငန်းဆိုင်ရာအင်စတီကျု  ဟာ အစာချေလုပ်ငန်းနဲ့ အသည်းရောဂါပြဿနာများအတွက် လျှင်မြန်တိ ကျပြီးစိတ်ချယုံကြည်ရတဲ့ နောက်ဆုံးပေါ်ခေတ်မီ ဆေးဘက်ဆိုင်ရာ ကိရိယာများကို အသုံးပြုကာ ကုသလုပ်ဆောင်ပေးလျက် ရှိပါတယ်။ ဆေးရုံမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများဟာလည်း ပြည်တွင်းပြည်ပ အတွေ့အကြုံများစွာရှိသူများဖြစ်ပါတယ်။ အသည်းနှင့်အစာချေလုပ်ငန်း ဆိုင်ရာအင်စတီကျုဟာ ဘန်ကောက် ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံရဲ့ The Japanese Hospital ပထမထပ်မှာ တည်ရှိပါတယ်။

Reference:

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။