ဝမ်းချုပ်နေတာ သတိထားပါ.. အူမကြီးကင်ဆာရဲ့ လက္ခဏာ…

ဝမ်းချုပ်နေတာ သတိထားပါ.. အူမကြီးကင်ဆာရဲ့ လက္ခဏာ…

အနှစ်ချုပ်

  • “ဝမ်းချုပ်တယ်” ဆိုတာ ရက်သတ္တတစ်ပတ်မှာ သုံးခါထက်နည်းပြီး ဝမ်းသွားတာကို ခေါ်ပါတယ်။ ဝမ်းသွားရခက်တယ်၊ စမျင်းတုံး ဖြစ်နေတယ်၊ ဝမ်းတစ်ခါသွားဖို့ အကြာကြီးထိုင်ရတယ်၊ သွားပြီးသည့်တိုင် စိတ်ထဲမှာ ဝမ်းကျန်နေတယ်လို့ထင်ပြီး အိမ်သာတစ်ခါ ထပ်တက်ရတယ်။
  • ဒီလိုချည်းပဲ ပုံမှန် ဝမ်းချုပ်နေရင် ရုတ်တရက် သွေး ပါလာတတ်တယ်။ မထင်မမှတ်ထားဘဲ ကိုယ်အလေးချိန်တွေကျလာတတ်တယ်၊ ပင်ပန်းနွမ်နယ်ပြီး အားနည်းလာတတ်တယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဆရာဝန် ပြသင့်ပါတယ်။
  • ၄၅နှစ်အထက် မည်သူမဆို၊ အထူးသဖြင့် မိသားစုထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးသူတွေရှိတယ် ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ချေနှုန်း မြင့်မားတယ်လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။

တစ်ခါတစ်လေမှ ဝမ်းချုပ်တယ်ဆိုတာ သိပ်အရေးတကြီးမဟုတ်ပေမယ့် ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် ကြာလာရင် နာတာရှည်ဝမ်းချုပ်ခြင်း ဖြစ်လာပြီး အခြား အူမကြီးမှာ အနာဖြစ်တာလို့၊ လိပ်ခေါင်းတို့ စတဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာရဲ့ သတိပေး ခေါင်းလောင်းသံတောင် ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။

“ဝမ်းချုပ်တယ်” ဆိုတာ

  • ရက်သတ္တတစ်ပတ်မှာ သုံးခါထက်နည်းပြီး ဝမ်းသွားတာ
  • ဝမ်းသွားရခက်တာ၊ စမျင်းတုံး ဖြစ်နေတာ
  • ဝမ်းတစ်ခါသွားဖို့ အကြာကြီးထိုင်ရတာ
  • ဝမ်းသွားပြီးသည့်တိုင် စိတ်ထဲမှာ ဝမ်းကျန်နေတယ်လို့ထင်ပြီး အိမ်သာတစ်ခါ ထပ်တက်ရတာ

ဝမ်းချုပ်ရတဲ့အကြောင်းအရင်းများ

  • စိတ်ဖိစီးမှုများတဲ့အခါ
  • အမျှင်ဓာတ်တွေ အစားနည်းတဲ့အခါ
  • ရေအသောက်နည်းတဲ့အခါ၊
  • လေ့ကျင့်ခန်း အလုပ်နည်းတဲ့အခါ
  • ခဏခဏ ဝမ်းနုတ်ဆေးသောက်တာ၊ ခဏခဏ ဝမ်းချူတာ
  • ဝမ်းသွားချင်တာကို အောင့်ထားတတ်တာ

တစ်ချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကလည်း ဝမ်းချုပ်တတ်ပါတယ်။ သန္ဓေတားဆေးတို့၊ အစာကျေဆေး တို့၊ သွေးတိုးကျဆေးတို့ စတာတွေအပြင် အခြား ဆီးချိုတို့၊ ပါကင်ဆန်တို့ လေဖြတ်တာတို့ စတဲ့ ရောဂါအခံ တွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ဒါကြောင့် ဝမ်းသွားရခက်သူတွေနဲ့ ဝမ်းချုပ်လေ့ ရှိသူတွေကို ဝမ်းသွားတဲ့အခါ သွားလိုက်တဲ့ ဝမ်းရဲ့ အနေအထား အပြောင်းအလဲဖြစ်လာ တယ်ဆိုရင်၊ ဝမ်းထဲမှာ သွေးပါ လာတာ၊ ပုံသဏ္ဌာန်၊ အရောင် နဲ့ အရွယ်အစား စတဲ့ အပြောင်းအလဲ တွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါလို့ အကြံပြုချင်ပါတယ်။

ဆရာဝန်နဲ့သွားရောက်ဆွေးနွေးသင့်ပြီ....

ဝမ်းသွားရခက်သူတွေနဲ့ ဝမ်းချုပ်လေ့ရှိသူတွေကို ဝမ်းသွားတဲ့အခါ သွားလိုက်တဲ့ ဝမ်းရဲ့ အနေအထား အပြောင်းအလဲဖြစ်လာတယ်ဆိုရင်၊ ဝမ်းထဲမှာ သွေးပါလာတာ၊ ပုံသဏ္ဌာန်၊ အရောင် နဲ့ အရွယ်အစား စတဲ့ အပြောင်းအလဲ တွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါလို့ အကြံပြုချင်ပါတယ်။

အူမကြီးကင်ဆာရဲ့ အခြေားရှေ့ပြေးလက္ခဏာများ

  • စအိုကနေ သွေးယိုတာ
  • ခါတိုင်းထက် ဝမ်းပိုသွားချင်သလိုဖြစ်တာ
  • ဗိုက်မှာ အဖုအလုံးစမ်းမိတာ
  • ဝမ်းသွားတဲ့ လမ်းကြောင်းနဲ့ စအို တစ်ဝိုက်မှာ နာနေတာ မပျောက်တာ
  • ရုတ်တရက် ကိုယ်အလေးချိန်ကျသွာတာ
  • မောပန်းနွမ်းနယ်ပြီး အားမရှိသလို ခံစားရတာ
  • ဝမ်းသွားချင်လို့ လေလည်ချင်လို့ မဟုတ်ဘဲ ဗိုက်နာ နာ နေတာ 

ပိုမိုလေ့လာရန်

ဝမ်းမချုပ်အောင်ဘယ်လိုလုပ်မလဲ....

လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ ပြည့်ပြည့်၀၀ အနားယူတာ၊ တစ်နေ့ကို ရေ ၈ခွက်မှ ၁ဝခွက်အထိ သောက်တာ၊ အရက် ဆေးလိပ် ရှောင်ကြဉ်တာ စတဲ့ အလေ့အထတွေနဲ့ ဝမ်းမချုပ်အောင် လုပ်လို့ ရပါတယ်။ ဝမ်းချုပ်နေတယ်ဆိုရင်လဲ တစ်နေ့မှာ အမျှင်ဓာတ် အနည်းဆုံး ၃၀ ဂရမ်လောက် နေ့တိုင်း စားပေးရင် ဝမ်းသွားလာမှာ ဖြစ်ပါတယ်။ ဝမ်းချုပ် တတ်တဲ့သူဟာ သူသွားလိုက်တဲ့ ဝမ်းကို သေသေချာချာ ကြည့်ထားဖို့ လိုပါတယ်။ ဥပမာ အားဖြင့်ပြောရရင် ဝမ်းဟာ ပျော့ပြောင်းနေမယ်၊ အိမ်သာခွက်ထဲမှာ အီးပေါလော ဖြစ်နေ မယ် ဆိုရင် ဒါဟာ လုံလောက်တဲ့ အမျှင်ဓာတ် ရရှိထားလို့ပဲ ဖြစ်ပါတယ်။ ကောင်းပါတယ်။ မာနေမယ်၊ ကျစ်နေမယ်ဆိုရင် ရေများများသောက်၊ အသီးများများ စားပေးဖို့ လိုပါတယ်။ နေ့စဉ်မှန်မှန် ဝမ်းသွားတတ်တဲ့ အကျင့် လုပ်ထားပေးဖို့ လိုပါတယ်။ ဝမ်းသွားချင်လာတာကို အောင့်မထားဖို့လည်း လိုပါတယ်။

ဝမ်းသွားလွယ်သော အစားအစာများ

  • ဆန်လုံးညိုနဲ့ အနှံတွေမှာ အမျှင်ဓာတ်တွေ အများကြီးပါ ပါတယ်။ အာဟာရကို ဖြည့်တင်းပေးပြီးတော့ အူအတွက်လည်း ကောင်းကျိုးတွေ ရပါတယ်။

  • အရမ်းမချိုတဲ့ အသီးတွေ၊ အထူးသဖြင့် သင်္ဘောသီးမှည့် ဟာ အမျှင်ဓာတ် နဲ့ ရေဓာတ်တွေ အများကြီး ပါရုံတင်မကဘဲ ဗီတာမင်တွေ သတ္တုဓာတ်တွေ စတာတွေလည်း အများကြီးပါတာမို့ အစာခြေစနစ်ကို အထောက်အကူ ပေးပါတယ်။

  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ကြက်သွန်မြိတ်တို့ ဟင်းနုနွယ်တို့ စတာတွေကနေလည်း အမျှင်ဓာတ်တွေရတယ်၊ အစာကြေတယ်၊ အာဟာရလည်း ဖြစ်ပါတယ်။

စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းနဲ့ အိမ်သာမှန်မှန်တက်ခြင်းတို့ဖြင့် ရေရှည်ဝမ်းချုပ်တဲ့ ပြဿနာကနေ ရှောင်ရှားနိုင်ပါတယ်။ သို့သော်…အူမကြီးကင်ဆာဖြစ်နိုင်စေတဲ့ အချက်တွေဟာ ဝမ်းချုပ်တာတစ်ခုတည်းမဟုတ်ဘဲ အခြား အခြားသော အကြောင်းတရားတွေလည်း ရှိနေပါသေးတယ်။

ဒါကြောင့် အမေရိကန်ကင်ဆာအဖွဲ့ကြီးက အသက် ၄၅နှစ် ကျော်လာရင် မည်သူမဆို အူမကြီးကင်ဆာ ရှိမရှိ စစ်ဆေးသင့်ကြောင့် အကြံပြုထားပါတယ်။ အူမကြီးကင်ဆာဟာ ကာကွယ်နိုင်တယ်၊ ရောဂါကို ရှာဖွေပြီး ကုသပေးနိုင်ပါတယ်။ အခုဆိုရင် ဂျပန်ကနည်းပညာတစ်ခုကို အသုံးပြုလိုက်တာမှာ ရောဂါရှာတွေ့နှုန်း ၆၀% တက်လာပါတယ်။ ဒါဟာ နိုင်ငံတကာစံနှုန်းထက် ၂ဆ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၄၅နှစ်ကျော်လာရင် မည်သူမဆို အူမကြီးကင်ဆာ ရှိမရှိ စစ်ဆေးကြပါ လို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။ ဆက်လက်လေ့လာရန်


 


အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။