ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း နှင့် လိုအပ်တဲ့စစ်ဆေးမှုများအတွက်လမ်းညွှန်ပေးရာ

ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း နှင့် လိုအပ်တဲ့စစ်ဆေးမှုများအတွက်လမ်းညွှန်ပေးရာ

အနှစ်ချုပ်

  • ရင်သားကင်ဆာ ၊ မ မျိုးဥအိမ်ကင်ဆာ ၊ အူမကြီးနှင့်စအိုဝအနီး အူလမ်းကြောင်း ကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ၊ ပန်ကရိယကင်ဆာ ကဲ့ သို့ ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို တိတိကျကျအသေးစိတ်စစ်ဆေးခြင်းနည်းလမ်းဖြင့် ကုသမှု နည်းလမ်းကို အတည်ပြုပေးနိုင်ပါတယ်။

  • လူတစ်ယောက်ရဲ့ ကျန်းမာရေးရာဇဝင် ၊ မိသားစုကျန်းမာရေးရာဇဝင် များအပေါ်မူတည်ပြီး မျိုးရိုးဗီဇစစ်ဆေးခြင်းနဲ့ သီးသန့်အကြံပြုဆွေးနွေးခြင်း များကနေတစ်ဆင့် မျိုးရိုးလိုက်တဲ့ ကင်ဆာရောဂါများကို သိရှိနိုင်မှာဖြစ်ပါ တယ်။

  • မျိုးရိုးဗီဇစမ်းသပ်ခြင်း ၊ စစ်ဆေးခြင်းနဲ့ ရောဂါဖြစ်နိုင်ခြေကို လျှော့ချခြင်း နည်းလမ်းများအပေါ် ဆုံးဖြတ်ချက်ကို တစ်ဆင့် အသိပေးနိုင်ပါတယ်။

ဆစ်မီတဝေ့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းကိုဘယ်သူတွေ လုပ်ဆောင်သင့်သလဲ?

တကယ်လို့ သင့်မှာ (သို့) သင့်မိသားစုမှာ ကင်ဆာဖြစ်ဖူးတယ်ဆိုရင် သင့်အနေနဲ့ ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း ကနေ အကျိုးခံစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကြံပေးဆွေးနွေးမှုများဟာ ကင်ဆာဖြစ်လာနိုင်စေတဲ့ မျိုးရိုးလိုက်တဲ့အကြောင်းအရင်းများကို အတည်ပြုပေးနိုင်ပြီး သင့်လျော်တဲ့ မျိုးရိုးဗီဇ စစ်ဆေးမှုနည်းလမ်းများနဲ့ ကုသမှုနည်းလမ်းများကို ရှာဖွေအတည်ပြုပေး နိုင်ပါတယ်။ သင့်ရဲ့ ကင်ဆာဖြစ်နိုင်တဲ့ ဗီဇကို နားလည်သိရှိခြင်းအားဖြင့် တစ်ဦးချင်း သီးသန့် စစ်ဆေးမှုအစီအစဥ်များကို ရေးဆွဲပေးခြင်း ၊ ကြိုတင်ကာကွယ်မှုနည်းလမ်း များလမ်းညွှန်ပေးခြင်း ၊ ကျန်းမာရေးပိုမိုကောင်းမွန်စေတဲ့ ကုသမှုနည်းလမ်းများ ရေးဆွဲပေးခြင်း စတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း ဝန်ဆောင်မှုမှာ ကင်ဆာရောဂါ အမျိုးမျိုးအတွက် ဆွေးနွေးအကြံပေးခြင်းနဲ့ စစ်ဆေးခြင်းများ ပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုဆီ အလျှင်အမြန်လွှဲပြောင်းပေးပြီး ကန့်သတ်မထားတဲ့ ကင်ဆာအမျိုးအစားများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ရင်သားကင်ဆာ - သင်ကိုယ်တိုင်မှာ (သို့) သင့်မိသားစုထဲမှာ အသက်ငယ်ရွယ်စဥ် (သွေးမဆုံးခင်) ရင်သားကင်ဆာ ဖြစ်ဖူးသူရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇရှာဖွေစစ်ဆေးခြင်းဝန်ဆောင်မှု ဟာ အရမ်းကို အသုံးဝင်ပြီးအကျိုးရှိမှာ အသေအချာပါပဲ။ ကျွန်တော်တို့အနေနဲ့ BRCA1 နဲ့ BRCA2  ဗီဇပြောင်းလဲခြင်း ကဲ့သို့ မျိုးရိုးလိုက်တဲ့ရင်သားကင်ဆာဆင်ဒရုန်းများ ဖြစ်နိုင်ခြေ ရှိ မရှိကို စစ်ဆေးပေးနိုင်ပါတယ်။

၂။ မ မျိုးဥအိမ် - မ မျိုးဥ အိမ်ကင်ဆာခံစားနေရသူ (သို့) မိသားစုထဲမှာ သားအိမ်ကင်ဆာ ဖြစ်ဖူးသူရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇ စစ်ဆေးခြင်း ဝန်ဆောင်မှုကနေ အကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတယ်။  BRCA1 နဲ့ BRCA2 ဗီဇပြောင်းလဲခြင်းအတွက် စစ်ဆေးခြင်းအပါအဝင် ရောဂါဖြစ်စေနိုင်တဲ့ မွေးရာပါအခြေခံ အချက်အလက်တွေ ရှိ မရှိဆိုတာကို သိရှိနိုင်ဖို့ ကျွန်တော်တို့ အနေနဲ့ ကူညီပေးနိုင်ပါတယ်။

၃။ အူမကြီးနှင့်စအိုဝအနီးအူလမ်းကြောင်း ကင်ဆာ - မိသားစုထဲမှာ အူမကြီးနှင့်စအိုဝ အနီးအူလမ်းကြောင်း ကင်ဆာရောဂါရှိသူများ အထူးသဖြင့် အသက်ငယ်ရွယ်စဥ်မှာ ရောဂါရှာဖွေတွေ့ရှိခဲ့သူများအနေနဲ့ ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း ဝန်ဆောင်မှုကို ရယူဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ Lynch Syndrome ခေါ် မျိုးရိုးလိုက်တဲ့အူမကြီးနှင့်စအိုဝ အနီးအူလမ်းကြောင်းကင်ဆာလက္ခဏာ ဖြစ်နိုင်ခြေအပြင် တခြားသော မျိုးရိုးလိုက်တဲ့ ကင်ဆာလက္ခဏာများကိုပါ ရှာဖွေပေးနိုင်ပါတယ်။

၄။ ဆီးကျိတ်ကင်ဆာ - ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း ဝန်ဆောင်မှုအနေနဲ့ မိသားစုထဲမှာ ဆီးကျိတ်ကင်ဆာရှိသူများ အထူးသဖြင့် ရောဂါကနဦးအဆင့် ဖြစ်ပြီးသူများ (သို့) အမျိုးထဲမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွား မှု များသူများ အတွက် ကူညီပေးနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မျိုးရိုးလိုက်တဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိ မရှိ စစ်ဆေးပေးနိုင်တဲ့အပြင် သင့်လျော်တဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဝန်ဆောင်မှုပေးနိုင်ပါတယ်။

၅။ မုန့်ချိုအိတ်ကင်ဆာ - မုန့်ချိုအိတ်ကင်ဆာရှိသူ (သို့) မိသားစုထဲမှာ မုန့်ချိုအိတ်ကင်ဆာဖြစ်ဖူးသူများ အနေနဲ့ ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇ စစ်ဆေးခြင်း ဝန်ဆောင်မှု နဲ့ တိုင်ပင်ဆွေးနွေးဖို့ စဥ်းစားနိုင်ပါတယ်။ BRCA မျိုးရိုးဗီဇပြောင်းလဲခြင်းကဲ့သို့ မျိုးရိုးလိုက်တဲ့ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာများ ဖြစ်နိုင်ခြေကို စစ်ဆေးပေးနိုင်ပါတယ်။

၆။ တခြားသောမျိုးရိုးလိုက်တဲ့ကင်ဆာလက္ခဏာများ - ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇဝန်ဆောင်မှုဟာ Li-Fraumeni syndrome, Cowden syndrome, von Hippel-Lindau syndrome  အပြင် တခြားသော မျိုးရိုးလိုက်တဲ့ ကင်ဆာလက္ခဏာစုများကိုလည်း စစ်ဆေးရှာဖွေပေးနိုင်ပါတယ်။ အဆိုပါ လက္ခဏာများဟာ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်မှုကို မြင့်မားစေ ပါတယ်။

ကင်ဆာရောဂါအားလုံးမှာ မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ဘူး ဆိုတဲ့အချက်ကို သိရှိ ထားဖို့က အရေးကြီးပါတယ်။  ဒါပေမယ့် မိသားစုကျန်းမာရေးရာဇဝင်ကို သိရှိနားလည် ခြင်းနဲ့  မျိုးရိုးဗီဇစစ်ဆေးခြင်းဟာ သင့်လျော်တဲ့ စစ်ဆေးမှု ၊ ကြိုတင်ကာကွယ်မှုနဲ့ တစ်ဦးချင်းအတွက် သီးသန့်ရေးဆွဲထားတဲ့ ကုသမှု အစီအစဥ် ကို လမ်းညွှန်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်း ဝန်ဆောင်မှုဟာ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ လိုအပ်ချက်အပေါ် မူတည် ပြီး ဆွေးနွေးတိုင်ပင်မှုနဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်းများကို ပြောင်းလဲ ရေးဆွဲသတ်မှတ် ပေးမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာဆွေးနွေးတိုင်ပင်သင့်သလဲ?

အောက်ပါအခြေအနေနဲ့တိုက်ဆိုင်နေပြီဆိုရင် သင့်အနေနဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းဝန်ဆောင်မှု လုပ်ဆောင်သင့်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

  • အသက်ငယ်ရွယ်စဥ်မှာကင်ဆာရောဂါဖြစ်ဖူးခြင်း

  • မိသားစုကျန်းမာရေးရာဇဝင်မှာကင်ဆာဖြစ်ဖူးသူရှိခြင်း အထူးသဖြင့် ဆွေမျိုးအရင်းအချာ (သို့) မျိုးဆက်အလိုက် ကင်ဆာရောဂါဖြစ်ပွားသူ များပြားခြင်း

  • ဆွေမျိုးများထဲမှာ မျိုးရိုးလိုက်တဲ့ကင်ဆာလက္ခဏာရှိခြင်း
  • မိသားစုဝင်တစ်ဦးမှာ ကင်ဆာနဲ့ဆက်စပ်နေတဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်း အတွက်စစ်ဆေးချိန် positive လက္ခဏာထွက်ခြင်း

ဘာကြောင့်ကျွန်တော်တို့ရဲ့ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းဝန်ဆောင်မှုကို ရွေးချယ်သင့်သလဲ?

ကျွန်တော်တို့ရဲ့ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းဝန်ဆောင်မှုကို ရယူခြင်းဖြင့် ကင်ဆာမျိုးရိုးဗီဇနဲ့ပတ်သက်လျှင်အထူးကျွမ်းကျင်နားလည်တဲ့ အထူးကုဆရာဝန် ကြီးများရဲ့ စစ်ဆေးမှုကို ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆေးပညာအဆင့် အတန်းမှာ CAP/CLIA အသိအမှတ်ပြုခံရပြီး တိကျယုံကြည်စိတ်ချရတဲ့ ဓာတ်ခွဲခန်းကနေ လုပ်ဆောင်တဲ့ နောက်ဆုံးပေါ်မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ လူနာတစ်ဦးရဲ့ ကင်ဆာဖြစ်နိုင်ခြေနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတ ကို အသိပေးနိုင်ဖို့နဲ့  မျိုးရိုးဗီဇစမ်းသပ်ခြင်း ၊ စစ်ဆးခြင်း ၊ ရောဂါဖြစ်နိုင်ခြေကိုလျှော့ချခြင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်များကို လမ်းညွှန်မှုပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ ရောဂါရှာဖွေကုသမှုနဲ့အတူ သင်နဲ့ သင့်မိသားစုအတွက် ရလဒ်ကောင်းများ ၊ ကြိုတင်ကာကွယ်မှုများ ၊ တစ်ဦးချင်းသီးသန့် ကင်ဆာကုသမှုများကို မြှင့်တင်လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော် တို့အနေနဲ့ ရည်ရွယ်ထားပါတယ်။

ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းဝန်ဆောင်မှုကိုဘယ်လို ရယူနိုင်သလဲ?

၁။ ကနဦးဆွေးနွေးအကြံပြုမှုအတွက်ရက်ချိန်းယူခြင်း
ကျွန်တော်တို့နဲ့ စတင်လက်တွဲပြီး ကနဦးအကြံပေးဆွေးနွေးမှုအတွက် ရက်ချိန်းရယူဖို့ ပထမဆုံးအနေနဲ့ Samitivej Genomics Center ကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးပြသမှုမှာပဲ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇအကြံပေးပညာရှင်မှ သင်နဲ့ သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်ကို သုံးသပ်မှာဖြစ်ပြီး သင့်မှာရှိနေတဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးကာ မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးမှုအတွက် သင့်လျော်မှု ရှိ မရှိ ဆုံးဖြတ်မှာဖြစ်ပါတယ်။

၂။ လိုအပ်တဲ့အချက်အလက်များကိုရယူစုဆောင်းခြင်း
အကျိုးရှိတဲ့ဆွေးနွေးတိုင်ပင်မှု ဖြစ်စေဖို့အတွက် စစ်ဆေးမှုမတိုင်ခင် လိုအပ်တဲ့ အချက်အလက်များအားလုံးကို စုဆောင်းပြင်ဆင်ထားဖို့လိုပါတယ်။ မိသားစု ကျန်းမာရေးရာဇဝင်ကို ယခင် မျိုးဆက် (၃) ခုလောက်အထိ ပြန်လည် သုံးသပ်ဖို့ လိုပြီး ကင်ဆာဖြစ်ပွားမှုနဲ့ ရောဂါရှာဖွေချိန် အသက်အရွယ်ကိုပါ မှတ်သား ရပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် ရောဂါခံစားခဲ့ဖူးတဲ့ မိသားစုများရဲ့ ဆေးကုသမှုနဲ့ ရောဂါဗေဒ အချက်အလက်များ ဖြစ်တဲ့ ဆေးမှတ်တမ်း ၊ ရောဂါဗေဒမှတ်တမ်းများကို ပြုစု ပြင်ဆင်ထားရပါမယ်။ တိကျတဲ့ သတင်းအချက်အလက်များဟာ သင့်အတွက် အတိကျဆုံး စစ်ဆေးမှုနဲ့ လမ်းညွှန်မှု ရရှိစေနိုင်ဖို့ ကျွန်တော်တို့ရဲ့ ဆရာဝန်များကို ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

၃။ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာကနဦးဆွေးနွေးအကြံပေးခြင်း
ကနဦးဆွေးနွေးတိုင်ပင်မှုအတွင်း ကျွန်တော်တို့ရဲ့ ကုသမှုမျိုးရိုးဗီဇပညာရှင် များနဲ့ မျိုးရိုးဗီဇဆိုင်ရာအကြံပေးပညာရှင်များမှ  သင့်ရဲ့မိသားစုကျန်းမာရေးရာဇဝင်နဲ့ ဆေးမှတ်တမ်းများကို သေချာသုံးသပ်စစ်ဆေးမှာဖြစ်ပါတယ်။ ဒီလိုစစ်ဆေးရာမှာ သင့်စိတ်ထဲ မတင်မကျဖြစ်နေတဲ့ အချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးမှာ ဖြစ်သလို သိလိုသမျှ ဖြေကြားပေးမယ့်အပြင် မျိုးရိုးဗီဇစစ်ဆေးဖို့ လိုအပ်လား မလိုအပ်လား ဆိုတာကိုလည်း လမ်းညွှန်အကြံပြုမှာဖြစ်ပါတယ်။ တကယ်လို့ သင့်လျော်မှုရှိတယ်ဆိုရင် ရွေးချယ်နိုင်တဲ့မျိုးရိုးဗီဇစစ်ဆေးမှုနည်းလမ်းများကို လမ်းညွှန်ပေးမှာဖြစ်ပြီး စစ်ဆေးမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် ၊ ရလာနိုင်တဲ့ အကျိုးကျေးဇူးနဲ့ ကန့်သတ်ချက်များကိုလည်း ရှင်းပြမှာဖြစ်ပါတယ်။
 

၄။ မျိုးရိုးဗီဇစစ်ဆေးမှု ၊ ရလဒ်များနှင့် ပြန်လည်ပြသဆွေးနွေးမှု
တကယ်လို့ သင်နဲ့ သင့်အတွက်ကုသပေးတဲ့ ဆရာဝန်အဖွဲ့က မျိုးရိုးဗီဇစစ်ဆေး မှု ပြုလုပ်ဖို့သင့်လျော်တယ်ဆိုရင် ဆေးရုံဝန်ထမ်းများမှ စစ်ဆေးမှုနဲ့ပတ်သက်သမျှ အလုံးစုံကိုလမ်းညွှန်ပေးမှာဖြစ်ပြီး စစ်ဆေးမှုနဲ့ပတ်သက်တဲ့ တခြားသော အချက်အလက်များကိုပါရှင်းပြပေးမှာဖြစ်ပါတယ်။ စစ်ဆေးထားတဲ့ ရလဒ် ရပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇပညာရှင်များမှ စစ်ဆေးတွေ့ရှိမှုနဲ့ ဒီစစ်ဆေး တွေ့ရှိမှုတွေက ရောဂါကုသမှုအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက် စေသလဲ ဆိုတာကိုပါ အသိပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ စစ်ဆေးမှုအဖြေ အချက် အလက်များအပေါ်မူတည်ပြီး တစ်ဦးချင်းအတွက်သီးသန့် လက်ရှိကာလ စောင့်ရှောက်ပေးမှု ၊ စောင့်ကြည့်မှု ၊ ရောဂါဖြစ်နိုင်ခြေလျှော့ချမှု နည်းလမ်းများကို သင်နဲ့အတူ ဆရာဝန်များမှ အနီးကပ်လက်တွဲပြီး လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ လိုအပ်မယ်ဆိုရင် ကလေးရယူမှု ၊ မိသားစုအစီအစဥ်ရေးဆွဲခြင်း အတွက်ကိုပါ ဆွေးနွေးတိုင်ပင်ပေးမှာဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆူခွန်ဗစ် ဆေးရုံရဲ့  အထူးကုဆရာဝန်ကြီးများနဲ့ ကင်ဆာမျိုးရိုး ဗီဇ စစ်ဆေးခြင်းဆွေးနွေးတိုင်ပင်မှုအတွက် ဒီနေ့ပဲ ရက်ချိန်းရယူလိုက်ပါ။  á€žá€„အ်ရဲအ ကင်ဆာရောဂါဖြစ်နိုင်ခြေဟာ သင်နဲ့ သင့်မိသားစုရဲ့ သာယာတဲ့အနာဂတ် ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကိုသိရှိနားလည်ဖို့အတွက် ယခုပဲ ခြေလှမ်း သစ်တစ်ခုကို စတင်လိုက်ပါ။ သင့်အတွက် ဆစ်မီတဝေ့အဖွဲ့သားတွေအနေနဲ့ အကောင်းဆုံး လမ်းညွှန်မှုပေးပြီး အမြင့်မားဆုံးစောင့်ရှောက်မှုပေးဖို့ အမြဲ အသင့်ရှိနေပါတယ်။

Samitivej Genomic And Lifestyle Wellness Center မှာ ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းဝန်ဆောင်မှုများရရှိနိုင်ပါတယ်။

Samitivej Genomic And Lifestyle Wellness Center ဟာ ဘန်ကောက်မြို့ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ တည်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မိသားစုဝင်ထဲ မှာ ကင်ဆာဖြစ်ဖူးသူများအတွက်  ပြီးပြည့်စုံတဲ့ မျိုးရိုးဗီဇဆွေးနွေးအကြံပေးခြင်း နဲ့ စစ်ဆေးမှုများ လုပ်ဆောင်ပေးဖို့ အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ရောဂါရှာဖွေ ကုသမှုအဖွဲ့မှာ ကုသမှုဆိုင်ရာမျိုးရိုးဗီဇပညာရှင် ၊ မျိုးရိုးဗီဇအကြံပေးပညာရှင် နဲ့ သင့်ရဲ့ လိုအပ်ချက်အတိုင်းလုပ်ဆောင်ပေးနိုင်တဲ့ နယ်ပယ်ပေါင်းစုံပေါင်းစပ်ထားတဲ့ အထူးကုဆရာဝန်ကြီးများအပါအဝင် အရည်အချင်းကျွမ်းကျင်မြင့်မားတဲ့ ပညာရှင် တွေ ပေါင်းစပ်ပါဝင်ပါတယ်။
 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။