မိသားစုရဲ့အမွေဆိုးရောဂါ(သို့)အူမကြီးကင်ဆာ

မိသားစုရဲ့အမွေဆိုးရောဂါ(သို့)အူမကြီးကင်ဆာ

အနှစ်ချုပ်

  • အူမကြီးကင်ဆာဟာ ယေဘုယျအားဖြင့် လူတစ်ဦးချင်းစီရဲ့ မူမမှန်တဲ့ အခြေခံ အလေ့အကျင့်များမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အူမကြီး ကင်ဆာဗီဇများရဲ့ (၅)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းဟာ မျိုးရိုးလိုက်တတ်ပါ တယ်။ ဒါပေမယ့်လည်း လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ် အခြေအနေ အပေါ် မူတည်ပြီး မျိုးဗီဇပါလာတတ်သလို မျိုးဗီဇမပြတာမျိုးလည်းရှိပါတယ်။
  • ကိုယ့်ရဲ့မိသားစုဝင် (မိဘ၊ ညီအကိုမောင်နှမ၊ သားသမီး) ထဲမှာ နှစ်ဦးဟာ ကင်ဆာရောဂါဖြစ်ဖူးခဲ့လျှင် (သို့) အသက်(၅၀)အောက် မိသားစုဝင် တစ်ဦးမှာ ကင်ဆာရောဂါဖြစ်ဖူးခဲ့တယ်ဆိုလျှင် အသက်(၅၀) မတိုင်ခင်မှာ အူမကြီးမှန်ပြောင်းကြည့်ခြင်း(Colonoscopy) ကို လုပ်ဆောင်သင့်ပါတယ်။
  • အူမကြီးကင်ဆာဟာ ကျွမ်းနေတဲ့အခြေအနေ(သို့) ထိန်းချုပ်လို့မရတဲ့ ပမာဏအထိ ပျံ့နှံ့သွားတဲ့အချိန်မှသာ ရောဂါကိုအတည်ပြုနိုင်တာဖြစ်ပါတယ်။

လူတိုင်းလူတိုင်းမှာသန္ဓေပြောင်းတတ်တဲ့မျိုးရိုးဗီဇရှိကြပါတယ်...

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ဘီလျံနဲ့ချီတဲ့ ဆဲလ်တွေ စုဖွဲ့ထားပါတယ်။ ၎င်း ဆဲလ်တစ်မျိုးချင်းစီမှာတွေ့ရတဲ့ ဗီဇကုဒ်(Genetic Code) အပေါ်မူတည်ပြီး မတူညီတဲ့လုပ်ဆောင်ချက်များကို ဆောင်ရွက်ဖို့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲ လာပါတယ်။ ဗီဇကုဒ်(Genetic Code) လို့ လူသိများတဲ့ တစ်နည်းအားဖြင့် ဗီဇဂျင်း(Genes) များဟာ မိဘထံမှ သားသမီးများဆီ ပါလာတတ်ပြီး မြင်နိုင်တဲ့ဗီဇပုံစံ၊ မမြင်နိုင်တဲ့ဗီဇပုံစံ စသဖြင့် အမျိုးမျိုး ရှိတတ်ပါတယ်။  မြင်နိုင်တဲ့ဗီဇပုံစံ လို့ ဆိုရာမှာ ဥပမာအားဖြင့် လူတို့ရဲ့ မျက်နှာပုံစံ၊ အသွင်အပြင်၊ ဆံပင်အရောင်၊ အပြုံး စတာတွေဖြစ်ပါတယ်။ မမြင်နိုင်တဲ့ဗီဇပုံစံများကတော့ မတည့်တဲ့ ဆေးဝါးများ၊ မတည့်တဲ့ အစားအသောက်အပြင် ကင်ဆာလိုမျိုး ရောဂါများ ဖြစ်နိုင်ခြေ များပြားခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့အနီးတစ်ဝိုက်မှာ ဗီဇကုဒ်ကို သက်ရောက်မှုရှိတဲ့ မွေးရာပါ မူမမှန်မှုများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုနဲ့ အဆိပ်အတောက်တွေ ရှိ နေပါတယ်။ ဒါတွေအားလုံးဟာ နေ့စဉ်အခြေခံအကြောင်းအရင်းနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကို အချက်မပြဘဲ လှုံ့ဆော်နိုင်ခြေရှိပါတယ်။ ခန္ဓာကိုယ်မှာ တိုးတက်ပြောင်းလဲမှုကို ဆန့်ကျင်တားဆီးဖို့ လုံလောက်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း(Antioxidants) တွေမရှိဘူး (သို့) တိုးတက်ပြောင်းလဲမှုအတွက် အဖြေရှာဖို့ ခန္ဓာကိုယ်ရဲ့ ဗီဇဂျင်း(Genes)   ပြုပြင်မှုနဲ့ ထိန်းသိမ်းမှုစနစ် မလုပ်ဆောင် နိုင်ဘူးဆိုရင် ကင်ဆာအဖြစ်ကြီးထွားလာနိုင်ပါတယ်။

ဗီဇဂျင်း(Genes) အမျိုးပေါင်း (၂၀၀၀၀) ရှိတဲ့အနက် ကင်ဆာနဲ့ဆက်စပ်လျက်ရှိ တဲ့ ဗီဇဂျင်း(Genes) အရေအတွက်ဟာ (၅၀၀)လောက်ရှိပါတယ်။ ဒီလို ဗီဇဂျင်း (Genes) တွေကို အောက်ပါအတိုင်း အုပ်စု(၂)စု ခွဲခြားသတ်မှတ်နိုင်ပါတယ်။

  • ကင်ဆာဖြစ်စေသောဗီဇဂျင်း (Oncogenes) - ၎င်း ဗီဇဂျင်းများဟာ ကြီးထွားမှုကိုလှုံ့ဆော်ပေး တဲ့ ဗီဇဂျင်းများဖြစ်ပြီး မထိန်းသိမ်းနိုင်တော့တဲ့ ပမာဏအထိ ခွဲထွက်သွားပါတယ်။
  • အကျိတ်ဖြစ်တည်မှုကိုဟန့်တားပေးသည့်ဗီဇဂျင်း(Tumor Suppressor Genes) - ၎င်း ဗီဇဂျင်းများဟာ ပျက်စီးနေတဲ့ DNA ကို ပြုပြင်ရာမှာ ကူညီ ပေးပြီး  ဆဲလ်တိုးပွားခြင်းကို ဟန့်တားပေးပါတယ်။ Tumor Suppressor Genes အဖြစ်ပြောင်းလဲလာမယ် (သို့) မူမမှန်မှုတွေ ဖြစ်လာမယ်ဆိုရင် လည်း ကင်ဆာဖြစ်လာနိုင်ပါတယ်။

ဘယ်သူတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေများလဲ?

  • ပထမအချက်အနေနဲ့ပြောရရင် မူမမှန်တဲ့အပြုအမူဆိုင်ရာအလေ့အကျင့် (သို့) နေထိုင်မှုအခြေအနေတွေ ရှိသူတိုင်း အူမကြီးကင်ဆာ ဖြစ်နိုင်ပါ တယ်။ ဥပမာ အားဖြင့် မကြာခဏဝမ်းချုပ်ခြင်း၊ ဟင်းသီးဟင်းရွက်လုံလုံ လောက်လောက် စားသုံးမှုမရှိခြင်း၊ မီးသွေးနဲ့ကင်ထားတဲ့အစားအစာတွေ ပုံမှန်စားသုံးခြင်း စတဲ့ အလေ့အကျင့်တွေဖြစ်ပါတယ်။ တခြားအချက် တွေ အနေနဲ့ အရက် သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကာလရှည်ကြာ စိတ်ဖိစီးမှုများခြင်း၊ အသက်(၅၀) နောက်ပိုင်း စတာတွေပဲဖြစ်ပါတယ်။
  • ဒုတိယအချက်အနေနဲ့ မိသားစုဝင် နှစ်ဦးအထက်မှာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ စအိုကင်ဆာ စတဲ့ ကင်ဆာရောဂါတွေရှိခဲ့ဖူးရင်လည်း အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ မိသားစုဝင်တစ်ဦးဦးဟာ အသက်(၅၀) မတိုင်ခင်မှာ ကင်ဆာရောဂါ ရှိတယ် ဆိုရင်တောင် အူမကြီးကင်ဆာဖြစ်နိုင်ပါတယ်။
  • မိသားစုဝင်တစ်ဦးဦးမှာ မွေးရာပါကင်ဆာရောဂါ ရှိတယ်ဆိုရင်လည်း ကျန်တဲ့သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဒီလိုအမျိုးအစားအုပ်စုမှာပါဝင်သူတိုင်းအနေနဲ့ ဂျပန်နိုင်ငံရဲ့ နောက်ဆုံး ပေါ် ပုံရိပ်စစ်ဆေးမှုနည်းပညာတစ်ခုဖြစ်တဲ့ NBI(Narrow Band Imaging) နည်းပညာအသုံးပြုပြီး အူမကြီးကင်ဆာစစ်ဆေးဖို့ အကြံပြုတိုက်တွန်း ထားပါ တယ်။ ဒီနည်းပညာဟာ တိကျမှု နှစ်ဆမြင့်မားကြောင်းလည်း တွေ့ရှိထားပါတယ်။  ပိုမိုဖတ်ရှုရန်ဒီနေရာကိုကလစ်နှိပ်ပါ။

 

တိကျမှုကုထုံးဆေးပညာ(Precision Medicine) ဟာ အူမကြီးကင်ဆာကို အောက်ပါနည်းလမ်းနှစ်ခုဖြင့် ကာကွယ်နိုင်တဲ့အပြင် ကြိုတင်ခန့်မှန်းနိုင်ပါတယ်။

  • ကိုယ့်မိသားစုဝင်တစ်ဦးဦးမှာအူမကြီးကင်ဆာရှိခဲ့ဖူးသူများ

သာမန်လူများထက်စာရင် မိသားစုဝင်တစ်ဦးဦးမှာ အူမကြီးကင်ဆာရှိခဲ့ဖူးသူများ ဟာ ပိုပြီး ရောဂါဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမှာရှိတယ်ဆို ရင် သေချာစစ်ဆေး ဆွေးနွေးတိုင်ပင်ဖို့ ဆရာဝန်များမှ အကြံပြုထားပါတယ်။ ဒါ့အပြင် အသက်(၅၀) မတိုင်ခင်မှာ အူမကြီးမှန်ပြောင်းကြည့်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ တကယ်လို့ လူတစ်ယောက်မှာ အူမကြီးကင်ဆာ ရှာဖွေတွေ့ရှိတယ်ဆိုရင် ရှာဖွေတွေ့ရှိချိန်ကနေ (၁၀) နှစ် နုတ်ပြီး သားသမီးများ ကို စစ်ဆေး ဖို့လိုပါတယ်။ ဥပမာ- မိသားစုတစ်ခုမှာ ဖခင်ဟာ အသက်(၄၀) မှာ အူမကြီး ကင်ဆာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင် မွေးဖွားလာတဲ့ သားသမီး ကို အသက် (၃၀) ( အသက်(၄၀) မတိုင်ခင်(၁၀)နှစ်) မှာ ရှာဖွေစစ်ဆေးရမှာ ဖြစ်ပါတယ်။

  • မိသားစုဝင်ထဲမှာ အူမကြီးကင်ဆာဖြစ်ပွားမှု မရှိဖူးသူများ

ကိုယ့်မိသားစုဝင်ထဲမှာ အူမကြီးကင်ဆာမရှိဘူးဆိုပြီး ပေါ့ပေါ့လျော့လျော့ မနေလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ မွေးရာပါ ကင်ဆာ ဗီဇဂျင်း မပါလာဘူးလို့ ပြောလို့မရသလို ပါလာတယ်လို့လည်း ပြောလို့မရပါ ဘူး။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုအနေအထား အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ရဲ့မိဘများမှာ ကင်ဆာဗီဇဂျင်း ပါလာပြီး ကိုယ်တိုင် မပြတာမျိုးလည်း ရှိတတ်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုနည်းလမ်းကတော့ အူမကြီးကင်ဆာ ရှိ မရှိ စစ်ဆေးကြည့်ဖို့ပါပဲ။ ဖြစ်နိုင်ခြေများသူများအနေနဲ့ သွေးစစ်ဆေးခြင်း၊ တံတွေးနမူနာယူစစ်ဆေးခြင်း၊ ပါးမှာပါဝင်တဲ့ဆဲလ်များကို ဓာတ်ခွဲခန်းမှာစစ်ဆေးခြင်း စတဲ့နည်းလမ်းများနဲ့ စစ်ဆေးနိုင်ပါတယ်။ ဒီလို စစ်ဆေးမှုနည်းလမ်းများအတွက် မစစ်ဆေးခင် အရည်နဲ့ အစားအစာများ ကြိုတင် ရှောင်ထားဖို့ မလိုအပ်ပါဘူး။ စစ်ဆေးမယ်ဆိုရင် ရက်(၃၀) အတွင်း ရလဒ်ထွက်ပေါ်မှာပါ။

အူမကြီးကင်ဆာအတွက် တိကျမှုကုထုံးဆေးပညာနဲ့ ကုသလို့ရတဲ့ နည်းလမ်း တွေ အများကြီးရှိနေပြီဖြစ်ပါတယ်။

  • ပစ်မှတ်ထားကုထုံး(Targeted Therapy) - ဒီနည်းလမ်းကတော့ အကောင်း အတိုင်းရှိနေတဲ့ ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာဆဲလ် တွေကို တိုက်ထုတ်ပစ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကုသမှု ကိုအောင်မြင်စေသလို လူနာရဲ့ အသက်ဘဝတာကို ရှည်ကြာအောင် ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းဟာ ခီမိုဆေး သွင်းခြင်းရဲ့ နောက်ဆက်တွဲ ဘေးဒုက္ခဆိုးကျိုးများကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီလိုဆေးတွေအသုံးမပြုခင်မှာ ဆရာဝန်များအနေနဲ့ ဆေးကို အကျိုးရှိစွာတုန့်ပြန်နိုင်မယ့် မျိုးရိုးဆိုင်ရာစစ်ဆေးမှုများကို လုပ်ဆောင် ကောင်း လုပ်ဆောင်နိုင်ပါတယ်။
  • အူမကြီးကင်ဆာအတွက်ကိုယ်ခံအားကုထုံး - ဒီနည်းလမ်းအရ ကင်ဆာ ဖြစ်စေတဲ့ဆဲလ်များဟာ ဆေးဝါးများအပေါ်တုန့်ပြန်မှုကို တိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ကိုယ်ခံအားကုထုံး ဟာ သွေးဖြူဥကိုပွားထားတဲ့ပဋိပစ္စည်းတစ်မျိုး ( Monoclonal Antibodies) ကဲ့သို့ ပုံစံမျိုးစုံရှိပြီး ခန္ဓာကိုယ်မှာရှိနေပြီးသား ပဋိပစ္စည်းကို အတုခိုး ထား တာဖြစ်ပါတယ်။  နောက်တစ်နည်းကတော့ Immune Checkpoint Inhibitors ခေါ် ခုခံအား ဆေးတစ်မျိုးဖြစ်ပါတယ်။ ၎င်းဆေးဟာ ကျွန်တော်တို့ ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်တဲ့ စွမ်းရည်ကို ရွေးထုတ်ပေးပါတယ်။ ဒါကြောင့် ဒီနည်းလမ်းဟာ လူနာအတွက် ပိုမိုသက်တမ်းရှည်ကာ ပိုမိုကျန်းမာတဲ့ ဘဝတစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။


 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။