“အူကျွံခြင်း” လို့ပြောလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့တော်တော်များများရဲ့စိတ်ထဲမှာ အမျိုးသားတွေရဲ့ ပေါင်ခြံ၊ ဆီးခုံ နား သို့မဟုတ် မျိုးပွားအင်္ဂါနားမှာ အဖုအလုံး အပြင်ဘက်ကိုထိုးထွက်နေတာ မျိုးကို ပြေးမြင်မိတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာကျတော့ ဒီအခြေအနေဟာ အရွယ်ရောက်ပြီးသူကျားမတိုင်းမှာဖြစ်နိုင်ပါတယ်။ ပိုပြီး အံအားသင့် စရာကောင်းတာက ကလေးဘဝအရွယ်မှာအူကျွံခြင်းဖြစ်တယ်ဆိုရင် ဒါဟာ ကျားမ မရွေးအတွက်အန္တရာယ်ရှိနိုင်တာပါပဲ။ ယောင်္ကျားလေးတွေဟာ မိန်းကလေးတွေထက်ပို အန္တရာယ်များပါတယ်။ အထူးသဖြင့် လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာပိုများပါတယ်။
ကလေးအရွယ်မှာ အူကျွံခြင်းဖြစ်တယ်ဆိုတာ ဝမ်းဗိုက်ဧရိယာအတွင်းမှာရှိတဲ့ အူ သို့မဟုတ် တခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ နေရာလွဲရှိနေခြင်းကို ဆိုလိုတာပါ။ နေရာလွဲမှာရှိနေတဲ့အခါ အစိတ်အပိုင်းတစ်ခုဟာ ဗိုက်ကြွက်သားတွေ သို့မဟုတ် ပေါင်ခြံနားကို ဖိအားဖြစ်စေပြီး အဖုကြီးတစ်ခုအဖြစ်ဖောင်းတက်လာပါတယ်။ ဒီအခြေအနေမှာ အူ သို့မဟုတ် တခြားကိုယ်တွင်း အင်္ဂါတွေဟာ ပေါင်ခြံမှာ ညပ်သွားတာမျိုးဖြစ်နိုင်တဲ့အတွက် အန္တရာယ်များပါတယ်။ ညပ်နေတဲ့ အင်္ဂါအစိတ်အပိုင်းကို သွေးရောက်ရှိမှုနည်းလာတဲ့အခါ ပျက်စီးမှုဖြစ်နိုင်လို့ပါပဲ။
ကလေးတွေမှာဖြစ်တဲ့ အူကျွံခြင်းကိုကုသဖို့အတွက် ခွဲစိတ်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ခွဲစိတ်လုပ်ငန်းစဉ်မှာ ကိုယ်တွင်းအင်္ဂါနေရာလွဲရှိနေတဲ့ ဗိုက်ရဲ့အရှေ့ဘက်ခြမ်းလေးကိုသာ ပြန်ပိတ်ဖို့လိုအပ်လို့ပဲဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒီခွဲစိတ်မှုအတွက်ဗိုက်ကိုအကြီးစားခွဲစိတ်ဖို့မလိုအပ်တာ ကြောင့် ခွဲစိတ်မှုဟာ လူတွေထင်သလို စိုးရိမ်စရာမလိုပါဘူး။ ခွဲစိတ်မှုဟာနေရာလွဲနေတဲ့ ကိုယ်တွင်းအစိတ်အ ပိုင်းအတွက်လည်း ဘာအန္တရာယ်မှရှိမှာမဟုတ်ပါဘူး။
ခွဲစိတ်ကုသမှုဟာ မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြားသာ ကြာပါတယ်။ ခွဲစိတ်ခံရတဲ့ ကလေးဟာ လန်းလန်းဆန်း ဆန်းရှိတယ်ဆိုရင် ခွဲစိတ်ပြီးတဲ့နေ့မှာပဲ ဆေးရုံကဆင်းပြီး အိမ်ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာပုံမှန်အ တိုင်းမွေးဖွားခဲ့တဲ့ကလေးတွေအတွက်သာဖြစ်ပြီး လမစေ့ဘဲမွေးတဲ့ကလေးတွေအတွက်တော့ ခြွင်းချက်ရှိပါ တယ်။ မွေးရာပါ အခြေအနေတွေရှိတဲ့ မွေးကင်းစကလေးတွေနဲ့ အသက်သုံးလ အောက်ကလေးတွေဟာလည်း ဆေးရုံ ကြာကြာတတ်ဖို့လိုအပ်ပါတယ်။ ဒီလိုကလေးတွေအတွက်ခွဲစိတ်မှုမှာ ဆရာဝန်တွေဟာ သူတို့ရဲ့အခြေ အနေကို တစ်ရက်၊ နှစ်ရက်လောက် ထပ်စောင့်ကြည့်ဖို့လိုအပ်လို့ပါပဲ။ သာမာန်ထက်ပိုပြီးဆေးရုံတက်ရတဲ့အချိန် မှာ ဆေးကုသမှုအဖွဲ့ဟာ ခွဲစိတ်မှုအတွင်းကလေးဟာ တခြားနောက်ဆက်တွဲပြဿနာတွေရှိမရှိဆိုတာကို စောင့် ကြည့်ပေးမှာဖြစ်ပါတယ်။
ကလေးတွေခွဲစိတ်ခန်းဝင်ရတာနဲ့ ပတ်သတ်ပြီး မိဘတွေ သို့မဟုတ် အုပ်ထိန်းသူတွေမှာ စိုးရိမ်ပူပန်မှုတွေရှိတာ ကိုနားလည်ပေမယ့် အူကျွံခြင်း လက္ခဏာတွေကိုမကုသဘဲထားမယ်ဆိုရင် အူဟာ ညပ်သွားနိုင်ခြေရှိပါတယ်။ ဒီလိုဖြစ်သာဖြစ်သွားတယ်ဆိုရင်မကုသခင် ကလေးအတွက်အန္တရာယ်များရုံတင်မဟုတ်ဘဲ ကလေးအတွက်အ သက်အန္တရာယ်အထိဖြစ်နိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ကုသမှုကိုရှုပ်ထွေးစေပါတယ်။
ဒါ့ကြောင့် မိဘတွေအနေနဲ့ကလေးမှာ အူကျွံတာဖြစ်နေပြီလို့ သံသယရှိလာရင် ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ အမြန်ဆုံး ပြသရပါမယ်။ ဒီလိုပြသမှသာလျှင် ကလေးအတွက် တိကျသေချာတဲ့ ရောဂါရှာဖွေဖော်ထုတ်မှုနဲ့ နောက်ဆက်တွဲ ခွဲစိတ်ကုသမှုကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် ဒီလိုသံသယရှိပြီဆိုတာနဲ့ ကလေးကို က ကလေးအထူးကုခွဲစိတ်ဆရာဝန်တွေရှိတဲ့ စိတ်ချရတဲ့ဆေးရုံကို သွားရောက်ပြသရပါမယ်။ ကလေးတွေကိုကုသ ဖို့အတွက် အမြင့်ဆုံးအဆင့်ကျွမ်းကျင်မှုရှိတဲ့ ဆရာဝန်မျိုးလိုအပ်လို့ပါပဲ။
ကျွန်တော်တို့ရဲ့ ဆစ်မီတဝေ့ကလေးဆေးရုံမှာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအရည်အသွေးနဲ့ ခွဲစိတ်မှုလုပ်ငန်း စဉ်တွေကို အကောင်းဆုံးဖြစ်စေဖို့အတွက် ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာတွေကို အသုံးပြုလျက်ရှိပါတယ်။ ကျွန်တော်တို့ဆေးရုံရဲ့ သိသာထင်ရှားတဲ့ ဆေးဘက်ဆိုင်ရာတိုးတက်မှုများ ထဲမှ တစ်ခု မှာ Pediatric Minimally Invasive Surgery (MIS) ခေါ် ကလေးများအတွက် ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်မှု ဖြစ်ပြီး ဒီကုသမှုနည်းလမ်းကို မှန်ပြောင်းခွဲစိတ်ကုသခြင်း လို့လည်း လူသိများပါတယ်။ ဒီခွဲစိတ်မှုနည်းလမ်းဟာ ကလေးတွေနဲ့ မွေးကင်းစတွေအတွက် ခွဲစိတ်မှုကြောင့် ရတဲ့ဒဏ်ရာကို အနည်းဆုံးဖြစ်စေပါတယ်။
အမာရွတ် နည်းပါးခြင်း : ထိုးဖောက်မှုအနည်းဆုံး ခွဲစိတ်မှုလုပ်ငန်းစဉ်တွေကို လုပ်ရတဲ့ ခွဲရာအများစုကို ပြန်ပိတ်ဖို့ တစ်ချက်၊ နှစ်ချက်သာချုပ်ဖို့လိုပါတယ်။ ၂ မီလီမီတာ ကနေ ၅ မီလီမီတာ ကြားသာရှိတဲ့ ခွဲရာ လေးတွေကြောင့် အမာရွတ်ကျန်ခဲ့မှုဟာလည်း သေးသေးလေးသာရှိပါတယ်။
နာလည်ထ မြန်ခြင်း : သာမာန်ခွဲစိတ်မှုနည်းလမ်းတွေမှာ လူနာဟာ အပြည့်အဝသက်သာ နာလန်ထဖို့အ တွက် သီတင်းပတ် ခြောက်ခုကနေ ရှစ်ခုလောက် ကြာတတ်ပါတယ်။ ဒါပေမယ့် MIS နည်းနဲ့ခွဲစိတ်တဲ့ လူနာတွေဟာ သီတင်းပတ်နှစ်ခုအတွင်းမှာတင် ပြန်လည်ကျန်းမာလာနိုင်ပါတယ်။
ဆေးရုံတက်ရချိန်နည်းခြင်း : MIS နည်းနဲ့ခွဲစိတ်တဲ့လူနာအများစုဟာ ၂၃ နာရီအတွင်း ဆေးရုံဆင်းနိုင်တာ သို့မဟုတ် ပြင်ပလူနာအဖြစ်နဲ့ ခွဲစိတ်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းဟာ လူနာအတွက်ဆေးရုံ တက်ရချိန်ကိုလည်း လျော့ချပေးပါတယ်။
ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ခြင်းနည်းလမ်းကိုအသုံးပြုခြင်းနဲ့ကျွန်တော်တို့ ဆစ်မီတဝေ့ ကလေးဆေးရုံဟာ ကလေးလူနာတွေရဲ့ စိတ်ချမ်းသာကိုယ်ကျန်းမာရှိမှု၊ သက်တောင့်သက်သာရှိမှုနဲ့ အမြန်ဆုံး ပြန်လည်နာလည်ထူ နိုင်မှုတို့အတွက် ဦးစားပေးဆောင်ရွက်ကာ လူနာတွေအတွက်အကောင်းမွန်ဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု များကိုပေးနိုင်ဖို့ ကြိးစားလျက်ရှိပါတယ်။
ဆောင်းပါးများ