မွေးကင်းစ နဲ့ နို့စို့အရွယ်ကလေးငယ် (မွေးကင်းစမှ အသက် ၁၅ နှစ်) တွေအတွက် ခွဲစိတ်မူဆိုင်ရာ အစီစဉ်တွေအကြောင်းပိုမိုသိရှိရန်
ဒီနေရာကိုနှိပ်ပါ။
ကျွန်တော်တို့ ဆစ်မီတဝေ့ ဆေးရုံဟာ ကလေးတွေနဲ့ဆိုင်တဲ့ ခွဲစိတ်မှုတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေ၊ စက်ကိရိယာတွေသုံးပြီး ဆေးရုံရဲ့အရည်အသွေးမြင့်ခွဲစိတ်ဆရာဝန်အဖွဲ့ဟာလည်း အရေးကြီးတဲ့လုပ်ငန်းစဉ်တိုင်းမှာ အတွေ့အကြုံရှိသူတွေပဲဖြစ်ပါတယ်။
ဆစ်မီတဝေ့ ကလေးဆေးရုံမှာရှိတဲ့ မွေးကင်းစ နဲ့ ကလေးခွဲစိတ်အထူးကုစင်တာ မှာ ကလေးတွေအတွက် သာမ န်ခွဲစိတ်မူတွေတင်မဟုတ်ဘဲ မွေးရာပါရောဂါတွေကစလို့ အထူးကြပ်မတ်ကုသမူလုပ်ဆောင်ဖို့လိုအပ်တဲ့ ကလေးတွေရဲ့ ရောဂါတိုင်းကို ကုသမူလုပ်ဆောင်ပေးပါတယ်။ ကျွန်တော်တို့ဆေးရုံမှာရှိတဲ့ ကလေးအထူးကု ခွဲစိတ်ဆရာဝန်ကြီးတိုင်းဟာ နိုင်ငံတကာအသိအမှတ်ပြုသင်ကြားရေးတွေကို ခံယူထားသူတွေဖြစ်ပြီး ကလေး အထူးကုခွဲစိတ်မူဆိုင်ရာလေ့ကျင့်ရေးပေါင်းများစွာကိုလည်း ရရှိထားပါတယ်။
ဒါ့ကြောင့်ကျွန်တော်တို့ရဲ့ ခွဲစိတ်ဆရာဝန်တိုင်းဟာ မွေးကင်းစကနေ ဆယ်ကျော်အသက်အရွယ်ကလေးတွေအထိ ရောဂါရှာဖွေကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေးတွေကို တိတိကျကျ၊ ထိထိရောက်လုပ်နိုင်စွမ်းရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Doernbecher Children’s Hospital ဆေးရုံနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆစ်မီတဝေ့ဆေးရုံမှာလုပ်ဆောင်ခဲ့တဲ့ ကလေးအထူးကုခွဲစိတ်မူတွေဟာအရင်က ထက်ပိုတဲ့အောင်မြင်မူတွေရရှိလာခဲ့ပြီး ကလေးတွေလိုအပ်နေတဲ့ ကုသမူတွေကိုလဲ ဘေးကင်းကင်းနဲ့ လုပ်ဆောင်နိုင်လျက်ရှိပါတယ်။ ကျွန်တော်တို့နဲ့ Doernbecher Children’s Hospital ဆေးရုံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မူအကြောင်းပိုသိရှိရန် ဒီနေရာကိုနှိပ်ပါ။
ကလေးတွေအတွက် နောက်ဆုံးပေါ်နည်းပညာများနဲ့ ပေါင်းစပ်ထားတဲ့ ထိုးဖောက်မူအနည်းဆုံး ခွဲစိတ်ကုသမူ
ကျွန်တော်တို့ဆစ်မီတဝေ့ ကလေးဆေးရုံဟာဆေးဘက်ဆိုင်ရာဝန်ဆောင်မူတွေနဲ့ ခွဲစိတ်ကုသမူအရည်အသွေးကို မြှင့်တင်နိုင်ဖို့အတွက် ခေတ်ရှေ့ပြေး ဆေးဘက်ဆိုင်ရာ နည်းပညာတွေကိုအသုံးပြုလျက်ရှိပါတယ်။ နောက်ဆုံး ပေါ် နည်းပညာများနဲ့ပေါင်းစပ်ထားတဲ့ ထိုးဖောက်မူအနည်းဆုံး ခွဲစိတ်မူ (MIS) (ခေါ်) မှန်ပြောင်းကြည့်ခွဲစိတ်ကုသခြင်း ဟာကလေးတွေနဲ့ မွေးကင်းစက လေးတွေမှာ ခွဲစိတ်မူနဲ့ပတ်သတ်တဲ့နောက်ဆက်တွဲ စိုးရိမ်စိတ် တွေကိုနည်းနိုင်သမျှနည်း စေပါတယ်။ ခွဲစိတ်ရာမှာသုံးတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေဟာလဲ အချင်း ၂ မီလီမီတာကနေ ၃ - ၅ မီလီမီတာလောက်သာရှိပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ခွဲခံရမယ့် တစ်သျှူးအရွယ်အစားဟာ သေးသေးလေးဖြစ်နေမယ်ဆိုတာသိနိုင်ပါတယ်။ မှန်ပြောင်းကြည့်ခွဲစိတ်ကုသခြင်းနည်းစနစ်ကြောင့် ဒီလိုမျိုးအကျိုကျေးဇူးတွေကိုလည်းရရှိမှာဖြစ်ပါတယ်။
- ဘေးကင်းလုံခြုံခြင်း - သေးသေးလေး ခွဲရမှာဖြစ်တာကြောင့် ကိုယ်ခန္ဓာပေါ်ထိခိုက်မူနည်းနည်းသာ ရှိပါမယ်။ သွေးလဲ အနည်းငယ်သာထွက်ပါမယ်။
- အမာရွတ်သေးခြင်း - ခွဲစိတ်ရာတိုင်းအတွက် တစ်ချက် ၊ နှစ်ချက်သာချုပ်ရမှာဖြစ်ပါတယ်။ မှန်ပြောင်း ကြည့်ခွဲစိတ်မူတွေမှာ ခွဲရာဟာ ၂ မီလီမီတာကနေ ၅ မီလီမီတာလောက်သာရှိတတ်ပါတယ်။
- နာလန်ထူမြန်ခြင်း - သာမန်ခွဲစိတ်မူတွေမှာဆိုရင် လူကောင်းအတိုင်းပြန်ဖြစ်ဖို့အတွက် အချိန် သီတင်း ပတ် ၆ ပတ်ကနေ ၈ ပတ်အထိလိုပါတယ်။ မှန်ပြောင်းကြည့်ခွဲစိတ်မူခံ လူနာတွေကတော့ သီတင်းပတ် ၂ ပတ်အတွင်းပြန်လည် ကျန်းမာလာနိုင်ပါတယ်။
- ဆေးရုံတက်ချိန် နည်းပါးခြင်း - MIS နည်းပညာသုံး ခွဲစိတ်ကုသမူတွေဟာ ၂၃ နာရီအတွင်း ဆေးရုံဆင်းနိုင် သလို ပြင်ပလူနာအဖြစ်ကုသမူများပါတယ်။
နောက်ဆုံပေါ်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ထိုးဖောက်မူ အနည်းဆုံး ခွဲစိတ်ကုသမူ ပရိုဂရမ်များ (Laparoscopic)
- အူအတတ်ခွဲစိတ်ကုသခြင်း
- သည်းခြေအိတ် ဖယ်ရှားခြင်း
- အူသိမ်ဖြတ်ခြင်း
- သည်းခြေပြွန်အရည်အိတ်ကို ဖယ်ရှားခြင်း
- အသားပိုဖယ်ရှားခြင်း
- ကိုယ်တွင်း အဂ်ါများ ဒါမှမဟုတ် တစ်ရှူးများကြားတွင် ကပ်ငြိနေသော အမာရွတ် တစ်ရှူးများကိုဖယ်ရှားခြင်း
- အစာအိမ်အက်ဆစ်ပြန်တက်မူကို ကုသရန်အသုံးပြုသော ခွဲစိတ်ခြင်း
- ဝမ်းဗိုက်အတွင်း ကျန်ခဲ့သော ဝှေးစေ့အားခွဲစိတ်ကုသခြင်း (Orchiopexy)
- ဘေလုံးခွဲထုတ်ခြင်း
- ဝမ်းဗိုက် အူနံရံကျွံခြင်းကို ခွဲစိတ်ကုသခြင်း
- ရင်ခေါင်းနဲ့ ဝမ်းခေါင်းကြား ကြွက်သားပြင်တွင် အူကျွံခြင်းကို ခွဲစိတ်ကုသခြင်း
- ရောဂါအမည်များကို ကောက်ချက်ချခြင်း
- အဆုတ်၊နှလုံး အစာပြွန်နဲ့ ရင်ဘတ်ရဲ့ အခြားအစိတ်အပိုင်းများခွဲစိတ်ခြင်း
- အရိုးနဲ့ပတ်သတ်တဲ့ ခွဲစိတ်ကုသခြင်း
- ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း
ကျွန်တော်တို့ ဆေးရုံမှာ အောက်ဖော်ပြပါ ရောဂါအခြေအနေတွေကိုလဲ ကုသပေးလျက်ရှိပါတယ်။
- လိင်တံထိပ်အရေပြား ဖြတ်ခြင်း
- ပေါင်ခြံတွင် အူကျွံခြင်း
- မုတ္တရောဂါ (Hydrocele)
- ဝှေးစေ့ မှာဖြစ်တဲ့ အကျိတ်
- ကပ္ပါယ်အိတ်အတွင်းသို့ ပုံမှန်မဆင်းသည့် ဝှေးစေ့
- ဝှေးစေ့လိမ်ခြင်း
- အူအတက်ရောင်ခြင်းကြောင့်ဖြစ်သည့် ဗိုက်အောင့်ရောဂါ
- မွေးရာပါ အူမကြီးရောဂါ (Hirschsprung’s Disease)
- စအိုနဲ့ အစာခြေလမ်းကြောင်း အောက်ပိုင်းကောင်းစွာမဖွံဖြိုးခြင်း၊ စအိုပေါက်မပါခြင်း
- ချက်တစ်ဝိုက် အူကျွံခြင်း
- နှလုံးသွေးကြောဆိုင်ရာ ရောဂါများ
- သည်းခြေအိတ်နှင့် သည်းခြေကျောက်ရောင် ခြင်း
- မွေးရာပါ ဆီးစွန့်ပြွန် နေရာလွဲနေခြင်း
- မတော်တဆထိခိုက်ဒဏ်ရာရခြင်း
- အရိုး၊ အဆစ်ပြသနာများ
- မွေးရာပါ ချို့ယွင်းချွတ် စတာတွေပဲ ဖြစ်ပါတယ်။