အူကျွံအမျိုးအစားများ နှင့် ကုသမှုများ

အူကျွံအမျိုးအစားများ နှင့် ကုသမှုများ

အူကျွံခြင်းအတွက်ကုသမှုနှင့် အူကျွံခြင်းခွဲစိတ်ကုသမှုများအတွက် တစ်နေရာတည်းပြီးပြည့်စုံတဲ့ လုပ်ဆောင်မှုမျိုးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရရှိနေပြီဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ အူကျွံခြင်းအမျိုးအစားများ ၊ ၄င်းတို့ရဲ့ လက္ခဏာများ ကို သေချာလေ့လာဆန်းစစ်ပြီး ရောဂါရှာဖွေမှုများနဲ့ ခေတ်မီနည်းပညာသုံး ခွဲစိတ်ကုသမှုများ အသုံးပြုကာ ကုသဝန်ဆောင်မှုပေးနေပါတယ်။ ဘန်ကောက်မြို့ရဲ့ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ ရဲ့   ကြိုးစားလုပ်ဆောင်ချက်များနဲ့အတူ     အူကျွံခြင်းပြဿနာများနဲ့ပတ်သက်ပြီး လူနာ တစ်ဦးချင်းစီအတွက် အဓိကရည်မှန်းချက်ပန်းတိုင်တစ်ခုဆီရောက်ရှိအောင် ထိထိရောက်ရောက် ကုသဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

အူကျွံခြင်းဆိုတာဘာလဲ?

ရှင်းရှင်းပြောရမယ်ဆိုရင် ဝမ်းဗိုက်ပြင်မှာ ချို့ယွင်းချက်တစ်ခုခုဖြစ်တာကြောင့်ပါ။ ဝမ်းဗိုက်ပြင်ဟာကြွက်သားများ ၊  ယင်းကိုဖုံးအုပ်ထားတဲ့ အဖုံးလွှာတို့နဲ့ပေါင်းစပ်ဖွဲ့စည်းထားပြီး ကြွက်သားနဲ့ အဖုံးလွှာမရှိဘူးဆိုရင် အပေါက်တစ်ခုဖြစ်သွားမှာပါ။ ဒီလိုအခြေအနေမှာ အူ (သို့) ဝမ်းဗိုက်အစိတ်အပိုင်းတစ်ခုဟာ ပြူးထွက်လာ(သို့) တစ်နည်းအားဖြင့် ကျွံထွက်လာပါတယ်။

အူကျွံခြင်းရောဂါဟာ ဝမ်းဗိုက်ကြွက်သားများ အားစိုက်ထုတ်မှုများခြင်း(သို့) မွေးကတည်းက ယင်းနေရာဟာ အားနည်းနေခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် အူကျွံခြင်းဟာ ရင်ဘတ်နဲ့ တင်ပါးကြားမှာရှိတဲ့ ဝမ်းဗိုက်မှာဖြစ်တတ်တယ်ပေမယ့်လည်း ပေါင်အထက်ပိုင်း နဲ့ ပေါင်ခြံနေရာများမှာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲထားလိုက်မယ်ဆိုရင် အူကျွံခြင်းရောဂါဟာ အချိန်နဲ့အမျှ ပိုပြီးဆိုးရွားလာတတ်ပါတယ်။

အူကျွံခြင်းအမျိုးအစားများ

အူကျွံခြင်းဟာ ဖြစ်ပွားတဲ့နေရာအပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးရှိပါတယ်။

ပေါင်ခြံနေရာတွင်အူကျွံခြင်း (Inguinal Hernias)

ပေါင်ခြံနေရာတွင်အူကျွံခြင်း  ဟာ အမျိုးသားများမှာ အတွေ့ရအများဆုံး ဖြစ်ပါတယ်။ ပေါင်ခြံမှာရှိတဲ့ ပြွန်လမ်းကြောင်း(Inguinal Canal) မှာ ဖြစ်တတ်ပြီး အူများဟာ ဝမ်းဗိုက်ပြင်မှာဖြစ်နေတဲ့ စုတ်ပြဲခြင်း(သို့)လျော့ရိလျော့ရဲဖြစ်နေတဲ့ နေရာကိုတွန်းလိုက်တဲ့အခါမှာ အူကျွံခြင်း ဖြစ်ပေါ်ပါတယ်။ အမျိုးသားများမှာ သူတို့ရဲ့ ဝှေးစေ့(Testicles)များကို ထိန်းထားတဲ့ ပေါင်ခြံရင်းမှဝှေးစေ့ဆီဆက်သွယ်ထားရာ လမ်းကြောင်း (Spermatic Cord) တစ်ဝိုက်မှာ အူကျွံခြင်းဖြစ်တတ်ပါတယ်။ အမျိုးသမီးများရဲ့ ပေါင်ခြံခွကြားပြွှန်လမ်းကြောင်း နေရာမှာ သားအိမ်ကိုထိန်းထားပေးတဲ့ အရွတ်တစ်ခု ပါဝင်ပါတယ်။ အမျိုးသားများဟာ မွေးဖွားပြီးနောက်ပိုင်းမှာ ဝှေးစေ့များဟာ ပေါင်ခြံခွကြားပြွှန်လမ်းကြောင်း ဆီကို တွဲကျဆင်းလာလေ့ရှိတာကြောင့် ပေါင်ခြံနေရာတွင်အူကျွံခြင်း ရောဂါကို ပိုပြီးခံစားရလေ့ရှိပါတယ်။ တကယ်လို့ အဆိုပါပြွန်လမ်းကြောင်းဟာ ပိတ်သင့်တဲ့ အချိန်မှာ ပြန်မပိတ်ဘူးဆိုရင် အဲဒီနေရာဟာ ချို့ယွင်းမှုဖြစ်လာပါတယ်။

ချက်နေရာတွင်အူကျွံခြင်း (Umbilical hernia)

ချက်နေရာတွင်အူကျွံခြင်းဟာ ချက်အနီးအနားတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်အဖုထွက်လာခြင်းဖြစ်ပါတယ်။ ဒီအူကျွံခြင်းဟာ ကလေးများမှာ ပိုပြီးအဖြစ်များတယ်ဆိုပေမယ့် လူငယ်အရွယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးငယ်များရဲ့ဝမ်းဗိုက်ပြင်ဟာ သဘာဝအရ ပိုပြီးသန်မာလာတာနဲ့ အမျှ ဒီလိုအူကျွံခြင်းအမျိုးအစားဟာလည်း ပျောက်သွားတတ်ပါတယ်။ ကလေးများမှာဖြစ်တတ်တဲ့အူကျွံခြင်းရောဂါကုသမှုများကို ပိုမိုသိရှိလိုပါက ဒီနေရာကိုကလစ်နိုပ်ပါ။

လူငယ်အရွယ်များမှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ နာတာရှည်ချောင်းဆိုးခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ အဝလွန်ခြင်း စသည်တို့ကြောင့် ဝမ်းဗိုက်မှာ အကြိမ်ကြိမ်အားစိုက်ထုတ်ရခြင်းရဲ့ အကျိုးဆက်အဖြစ် ချက်နေရာတွင်အူကျွံခြင်းကို ခံစားရနိုင်ပါတယ်။ အများအားဖြင့် အမျိုးသားများမှာ အသက်အရွယ်အပိုင်းအခြားမရွေးဘဲဖြစ်တတ်တာကြောင့် ကုသမှုလိုအပ်ပါတယ်။

ဝမ်းဗိုက်နေရာအူကျွံခြင်း (Ventral Hernia)

ဒီလိုအူကျွံခြင်းရောဂါဟာ ဝမ်းဗိုက်နေရာတစ်ဝိုက်မှာဖြစ်တတ်ပြီး ကြွက်သားများဟနေတဲ့နေရာမှတစ်ဆင့် ဖောင်းကားလာခြင်းဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်တတ်ကာ မွေးဖွားချိန်မှစပြီး လက်ရှိအသက်အရွယ်အထိ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း ၊ အဝလွန်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်း များဟာ ဝမ်းဗိုက်ခွဲကြောင်းအူကျွံခြင်းဖြစ်စေတဲ့ အကြောင်း အရင်းများဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုများကြောင့်လည်း ဝမ်းဗိုက်နေရာအူကျွံခြင်းဖြစ်တတ်ပြီး ၎င်းကို ခွဲကြောင်းအူကျွံခြင်း(Incisional Hernia) လို့ လည်း ခေါ်ဝေါ်ကြပါတယ်။

ခွဲကြောင်းအူကျွံခြင်း (Incisional hernias)

ဝမ်းဗိုက်ခွဲစိတ်ကုသမှုများရဲ့ နောက်ဆက်တွဲအဖြစ် ခွဲကြောင်းအူကျွံခြင်းရောဂါဖြစ်နိုင်ခြေ (၁၅)ရာခိုင်နှုန်း ကနေ (၂၀) ရာခိုင်နှုန်းရှိပါတယ်။ အခေါ်အဝေါ်ကို ကြားလိုက်တာနဲ့ ဒါဟာ ခွဲကြောင်းနေရာတစ်ဝိုက်မှာ ဖောင်းကားလာတဲ့ အခြေအနေဆိုတာ သိသာပါတယ်။

အူကျွံခြင်းရောဂါလက္ခဏာများ

  • အူကျွံခြင်းဖြစ်တဲ့နေရာမှာ မြင်သာတဲ့လက္ခဏာကတော့ ဖောင်းလာတဲ့အကျိတ်အဖုပါပဲ။ အစမှာသေးငယ်ပေမယ့် တဖြည်းဖြည်းနဲ့ ကြီးထွားလာပါတယ်။ အဆိုပါ အကျိတ်အဖုဟာ ဝမ်းဗိုက်အပေါ်မှာ အားပြုပြီး ဝန်ပိတဲ့အခါမှာ စတင်ပြီး မြင်သာထင်ရှားလာပါတယ်။
  • အကျိတ်အဖုဟာ အာရုံကြောကို ပိတ်မိလိုက်တဲ့အချိန်မှာ လူနာဟာ အူကျွံတဲ့နေရာမှာ မအီမသာဖြစ်ခြင်းနဲ့ အထိမခံနိုင်အောင်နာကျင်ခြင်း ခံစားရနိုင်ပါတယ်။
  • လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း(သို့) ချောင်းဆိုးခြင်း ၊ မတ်တပ်ရပ်ခြင်း ၊ ကိုယ်ကိုင်းခြင်း စတဲ့အချိန်တွေမှာ နာကျင်မှုခံစားရနိုင်ပါတယ်။ အူကျွံခြင်းရဲ့ အရွယ်အစားနဲ့ တည်နေရာအပေါ်မူတည်ပြီး နာကျင်မှု ဝေဒနာ အပြောင်းအလဲရှိနိုင်ပါတယ်။
  • အဖြစ်နည်းတဲ့ လက္ခဏာကတော့ ပျို့အန်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အူကျွံခြင်းဟာ ရောဂါလက္ခဏာမပြခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ပြုလုပ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်မှသာလျှင်သိရမှာဖြစ်ပါတယ်။

ဘယ်အချိန်မှာဆေးကုသမှုခံယူရမလဲ?ဘယ်လိုတွေခံစားရမလဲ?

တကယ်လို့သင်ဟာ မအီမသာဖြစ်ခြင်းနဲ့ နာကျင်မှုတစ်ခုခုခံစားရမယ်ဆိုရင် အထူးကုဆရာဝန်နဲ့ ပြသဆွေးနွေးခြင်းက အကောင်းဆုံးပါပဲ။ တကယ်လို့ လက္ခဏာမပြခဲ့ဘူးဆိုရင် ၊ အူကျွံခြင်းကိုမကုသဘဲထားလိုက်မယ်ဆိုရင် အူကျွံခြင်းဟာ အပေါက်ထဲမှာ ကပ်ငြိကျွံဝင်နေမှာဖြစ်ပါတယ်။ အဲဒါဆိုရင် အူပိတ်မိနေခြင်း(သို့) သွေးစီးဆင်းမှုကိုပိတ်မိနေခြင်း ဖြစ်စေပြီး ပြင်းထန်စွာနာကျင်ခံစားရနိုင်တာကြောင့် ဆေးကုသမှုချက်ချင်းခံယူသင့်ပါတယ်။

အူဟာ ချို့ယွင်းနေတဲ့ ဝမ်းဗိုက်ပြင်ထဲမှာ အူသိမ်ကိုလက်နဲ့ ပြန်တွန်းတင်ပေးလို့မရဘဲ ပိတ်မိနေခြင်းဖြစ်လာပါတယ်။   တကယ်လို့ စုတ်ပြဲမှုဖြစ်ပေါ်တဲ့ အချိန်မှာ အူကိုထောက်ပံ့ပေးနေတဲ့ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်တဲ့အခြေအနေကို သွေးစီးဆင်းမှုကိုပိတ်မိနေခြင်းလို့ခေါ်ပါတယ်။

အပြင်းအထန်နာကျင်မှုခံစားလာရသည်အထိအူကျွံခြင်းကို မကုသဘဲမထားသင့်ပါဘူး။ လက္ခဏာတစ်ခုခုသတိပြုမိလာပြီဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ ဒီနေရာမှကလစ်နိုပ်ပါ။

အူကျွံခြင်းရောဂါရှာဖွေစစ်ဆေးခြင်း

အရင်ဆုံး ဆရာဝန်က ခန္ဓာကိုယ်အပြင်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကို ပြုလုပ်ပေးမှာပါ။ တကယ်လို့ အူကျွံနေတယ်ဆိုတာ သေချာပြီဆိုရင် လူနာကိုလဲလျောင်းစေပြီး ဖောင်းနေတဲ့နေရာကို ကြည့်ပြီးစစ်ဆေးပေးပါလိမ့်မယ်။ အဲဒီနောက်မှာ ဆရာဝန်မှ ပုံမှန်လုပ်ဆောင်တဲ့လေ့ကျင့်ခန်း ၊ ဆေးလိပ် သောက်ခြင်းရှိမရှိ စတာတွေအပါအဝင် သင့်ရဲ့ နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးရာဇဝင်ကိုမေးမြန်းပါမယ်။ အူကျွံခြင်းရောဂါဖြစ်နိုင်ခြေအန္တရာယ်ဟာ သင့်မိသားစု ကျန်းမာရေးရာဇဝင်မှာ အူကျွံခြင်းရောဂါရှိ မရှိ နဲ့ အရင်က ဝမ်းဗိုက်(သို့)ပေါင်ခြံခွဲစိတ်မှု ရှိ မရှိ စတာတွေအပေါ်မူတည်နေပါတယ်။ တကယ်လို့ အူကျွံခြင်းရောဂါဟာ သိသာထင်ရှားမှု မရှိသေးဘူးဆိုရင် ဝမ်းဗိုက်အာထရာစောင်းရိုက်ခြင်း ၊ CT Scan ၊ MRI Scan စသဖြင့် ပုံရိပ်စစ်ဆေးမှု တစ်ခုခုနဲ့ ဆရာဝန်က ထပ်မံရှာဖွေဦးမှာပါ။ ဒီနည်းလမ်းတွေဟာ ရောဂါရှာဖွေမှုအတွက် ဆရာဝန်ကို အထောက်အပံ့ဖြစ်စေမှာပါ။

အူကျွံခြင်းအမျိုးအစားတစ်ခုချင်းစီအတွက်ကုသမှုနည်းလမ်းများ

အတွေ့ရနည်းတဲ့အူကျွံခြင်းများအပါအဝင် ပေါင်ခြံနေရာအူကျွံခြင်း(Inguinal Hernias)၊ ချက်နေရာတွင်အူကျွံခြင်း(Umblilical Hernia) ၊ ဝမ်းဗိုက်နေရာအူကျွံခြင်း(Ventral Hernia) စတဲ့အမျိုးအစားအားလုံးကို သာမန်ခွဲစိတ်ကုသခြင်း(Open Surgery) (သို့) ကိရိယာသုံးခွဲစိတ်ကုသခြင်း (Laparoscopic Surgery) နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။ ကုသမှုနည်းလမ်းတစ်ခုချင်းစီရဲ့ ကောင်းကျိုး ဆိုးကျိုးများဟာ ရောဂါပေါ်မှာမူတည်ကာ ကွဲပြားခြားနားနိုင်ပါတယ်။ ကျွန်တော်တို့ ဆစ်မီတဝေ့ဆေးရုံရဲ့ဆရာဝန်များမှ အသေးစိတ်ကြိုတင်ရှင်းပြပေးမှာဖြစ်တာကြောင့် လူနာများအနေနဲ့ ကုသမှုများကိုကောင်းစွာသိရှိပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အူကျွံခြင်းကိုပြုပြင်ကုသခြင်း

အူကျွံခြင်းရောဂါအတွက် ကိုယ်ကျပ်ဝတ်စုံ(Corset) ၊ အူကျလျှင်ဝတ်ဆင်ရသည့်သိုင်းကြိုး(Truss)၊ ဝမ်းဗိုက်တင်းကျပ်အောင် စည်းသည့်ခါးပတ်(Binder) စတဲ့ ပစ္စည်းတွေကိုအသုံးပြုကာ ဖိအားတစ်ခုပေးပြီးခွဲစိတ်ဖို့မလိုတဲ့ နည်းလမ်းများအသုံးပြုပြီး ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေလုပ်ဆောင်သည့်တိုင် ရောဂါဖြစ်နိုင်ခြေရှိသေးတယ်ဆိုရင်တော့ အူကျွံခြင်းကို သေချာဂရုစိုက်ဖို့ အရေးကြီးလာပါပြီ။

အူကျွံခြင်းကိုကုသဖို့ ထိရောက်တဲ့တစ်ခုတည်းသောနည်းလမ်းကတော့ အပေါက်ကိုပိတ်ပစ်တဲ့ ခွဲစိတ်ပြုပြင်ခြင်း(Surgical Repair) ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကိုရွေးချယ်မယ်ဆိုရင် ယုံကြည်စိတ်ချရပြီးအတွေ့အကြုံရှိတဲ့ အထွေထွေခွဲစိတ်အထူးကု(သို့)ဝမ်းဗိုက်ကြည့်ကိရိယာသုံးခွဲစိတ်အထူးကု ဆရာဝန်ကိုရွေးချယ်ဖို့အရေးကြီးသလို ခွဲစိတ်လုပ်ဆောင်မှုများအားလုံးအတွက်အသုံးပြုကိရိယာများဟာလည်း အဆင့်အတန်းမြင့်မားပြီး ပြည့်စုံနေဖို့ လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း

လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် တစ်ရှူးများကိုပြုပြင်ခြင်း(သို့) ခွဲကြောင်းတစ်ခုလောက်အသုံးပြုရုံနဲ့ ကြွက်သားတွေကို ပြန်လည်ပေါင်းစပ်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းဟာ နာကျင်မှုခံစားရနိုင်ပြီး ရောဂါပြန်လည်ဖြစ်ပေါ်နိုင်မှု (၅)ရာခိုင်နှုန်းနီးပါးရှိပါတယ်။ နောက်ဆုံးပေါ်ခေတ်မီဆေးပညာ အရ အူကျွံခြင်းကုသရာမှာသုံးတဲ့ဆန်ကာကွက်သဏ္ဍာန်ပစ္စည်း(သို့) အထူးပြုလုပ်ထားတဲ့အကွက်သဏ္ဍာန်ပစ္စည်း(Synthetic Material) များကိုအသုံးပြုကာ ပျောက်ကင်းသက်သာတဲ့အချိန်အထိ အူကျွံခြင်းကို ထိန်းထားပေးပါတယ်။ တစ်ရှူးအသစ်များဟာ Mesh နဲ့ ပေါင်းစပ်ပြီး ကြွက်သားများနဲ့အံဝင်ခွင် ကျဖြစ် သွားပြီးနောက် အဆိုပါ Mesh ဟာ ကျွံထွက်လာခြင်း(သို့)ဖောင်းထွက်လာခြင်းကို ကာကွယ်ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်လာက်ကတည်းက ဆရာဝန်များဟာ အူကျွံခြင်းကိုပြုပြင်ကုသဖို့ အဆိုပါ Mesh များကို အသုံးပြုခဲ့တာဖြစ်ပြီး ရောဂါပြန်လည်ဖြစ်ပွားနိုင်မှုဟာ (၁)ရာခ်ိုင်နှုန်းအောက် လျော့နည်းပါတယ်။

ကိရိယာသုံးခွဲစိတ်ကုသခြင်း (Laparoscopic Surgery)

သာမန်ခွဲစိတ်ကုသမှုများမှာသုံးတဲ့ Mesh ကို သိခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်နည်းပညာအသစ်တစ်ခုကတော့ အပေါက်ဖောက်ပြီးခွဲစိတ်ကုသမှု (Keyhole Surgery) (သို့) ကိရိယာသုံးခွဲစိတ်ကုသခြင်း(Laparoscopic) ပဲဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်မှ အပေါက်သေးသေးလေးများဖောက်ပြီး တည်နေရာသိရဖို့အတွက် ခန္ဓာကိုယ်တွင်းမှာ ကင်မရာငယ်ထည့်သွင်းကာ အူကျွံခြင်းကို အံဝင်ခွင်ကျဖြစ်အောင် ကုသပေးတာဖြစ်ပါတယ်။ ဒီကုသမှုနည်းလမ်းမှာ ပိုမိုမြဲမြံနေစေဖို့အတွက် ပိုကြီးတဲ့ Mesh တစ်ခုကိုလည်းအသုံးပြုပါတယ်။ ကိရိယာသုံးခွဲစိတ်ကုသခြင်း(Laparoscopic) ဟာ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု(MIS) နည်းပညာတစ်ခုဖြစ်ပြီး နာကျင်မှုအနည်းငယ်သာရှိပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှာ 3D ကင်မရာကိုအသုံးပြုထားတာကြောင့် ပိုမိုသေးစိတ်မြင်နိုင်ပြီး သာလွန်ကောင်းမွန်တဲ့ ရလဒ်များ ရရှိနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာများလျော့နည်းပြီး Mesh ကို လုံခြုံစေဖို့အတွက်  Absorbable Tacker လို့ခေါ်တဲ့ကိရိယာကိုအသုံးပြုပါတယ်။ တချို့သော ကုသမှုတွေမှာတော့ ယခင်ကတည်းကအသုံးပြုခဲ့ကြတဲ့ သတ္တုနဲ့ပြုလုပ်ထားတဲ့ Metallic Tacker တွေကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အူဆီသို့သွေးစီးဆင်းမှုကိုပိတ်စေတဲ့အူကျွံခြင်း(Strangulate Hernia) ဟာလည်း ခေါင်းခဲစရာ ပြဿနာတစ်ခုဖြစ်ပေမယ့် လက်ရှိချိန်မှာ Laparoscopic နည်းပညာနဲ့ ကုသနိုင်ပြီဖြစ်ကာ တခြားအူကျွံခြင်းရောဂါကုသမှုများနဲ့ အောင်မြင်မှုရာခိုင်နှုန်းအတူတူပဲဖြစ်ပါတယ်။

အောင်မြင်မှုနှုန်း(သို့)ရောဂါပြန်လည်ဖြစ်ပေါ်မှုနှုန်း

ခွဲစိတ်ကုသခြင်းနဲ့ အူကျွံခြင်းကို ခွဲစိတ်ကုသမှုဟာ အောင်မြင်မှု (၉၅)ရာခိုင်နှုန်းရှိပြီး 3D ကင်မရာနဲ့ Mesh အသုံးပြုတဲ့ ကိရိယာဖြင့်ခွဲစိတ်ကုသခြင်း(Laparoscopic Surgery) ဟာ အောင်မြင်မှု (၉၉)ရာခိုင်နှုန်းနဲ့ ရောဂါပြန်လည်ဖြစ်ပေါ်မှု (၁)ရာခိုင်နှုန်းအောက် လျော့နည်းပါတယ်။

ဖြစ်လေ့ရှိတဲ့ဘေးထွက်ဆိုးကျိုးများ

ကျွန်တော်တို့ဟာ ဓာတ်မတည့်မှုများကို သိသိသာသာလျော့ပါးစေဖို့အတွက် အန္တရာယ်မဖြစ်တဲ့ Biocompatible Mesh များကို အသုံးပြုပါတယ်။ အူကျွံခြင်းကုသမှုများဟာ စိတ်ချရတယ်ဆိုပေမယ့်လည်း ဘေးထွက်ဆိုးကျိုးလုံးဝကင်းတဲ့ခွဲစိတ်ကုသမှုဆိုတာ မရှိပါဘူး။ သာမန်ခွဲစိတ်ကုသမှု (Open Surgery) များရဲ့ (၅) ရာခိုင်နှုန်းအောက်ဟာ အာရုံကြောများတစ်ဝိုက်နာကျင်မှုကို ခံစားရစေပါတယ်။ ကိရိယာသုံးခွဲစိတ်ကုသမှု(Laparoscopic Repair) မှုနည်းလမ်းမှာ Mesh ကို အာရုံကြောရဲ့ အဝေးမှာ ထားရှိတာကြောင့် ဘေးထွက်ဆိုးကျိုးအန္တရာယ် ပိုနည်းပါတယ်။

ခွဲစိတ်ကုသပြီးနောက်ပိုင်းစောင့်ရှောက်မှု

ပထမဆုံး(၂)လ အချိန်ဟာ ရောဂါပျောက်ကင်းသက်သာတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ တစ်ရှူးများဟာ ရှင်သန်လာပြီး ကြွက်သားနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ Mesh နဲ့ ပေါင်းစပ်ပါတယ်။ ဒါကြောင့် လုံးဝပျောက်ကင်းသက်သာဖို့အတွက် ဒီကာလအတွင်း ဝိတ်မခြင်း(သို့) ဝမ်းဗိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းများကို ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အခြေခံကျကျတွေးမယ်ဆိုရင် ခွဲစိတ်မှုလုပ်လိုက်တဲ့ နေရာပေါ်မှာ ဖိအားဖြစ်စေမယ့် လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်မယ်ဆိုရင် Mesh ဟာ နေရာလွဲသွားမှာပါ။ အလုပ်သွားခြင်း ၊ ကျောင်းတက်ခြင်း စတာတွေကို (၁) ပတ်လောက် နားထားဖို့ အကြံပေးချင်ပါတယ်။

ဒါ့အပြင် လူနာများအနေနဲ့ အောက်ပါအချက်တွေကိုလည်း လိုက်နာသင့်ပါတယ် -

  • ဝမ်းသွားနေစဉ်အားစိုက်ထုတ်ရမှုမရှိစေဖို့အတွက်ဝမ်းချုပ်ခြင်း ကဲ့သို့သော ဆက်စပ်အခြေအနေများကိုကြိုတင်ကုသပါ။
  • ဓာတ်မတည့်မှု (သို့) ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ နာတာရှည်ချောင်းဆိုးခြင်းဟာ ရောဂါပျောက်ကင်းသက်သာမှု ကို အဟန့်အတားဖြစ်စေတာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။
  • သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး အမျှင်ဓာတ်များတဲ့အစားအစာများစားသုံးခြင်းဖြင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

ဆေးရုံတက်ရောက်စဉ်ကုသစောင့်ရှောက်မှုများ

  • လူနာဟာ ကုသမှုအတွက် (၁)ည-(၂)ညသာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုပြီးတဲ့နောက် (၂)နာရီ-(၃)နာရီအကြာမှာ နာကျင်မှုအနည်းဆုံးနဲ့ လမ်းလျှောက်နိုင်မှာဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှုမတိုင်ခင်ပြင်ဆင်မှုများအနေနဲ့ အခြေအနေနဲ့ အသက်အရွယ်အပေါ်မူတည်ပြီး သွေးစစ်ခြင်း ၊ ကျန်းမာရေးစစ်ဆေးခြင်း ၊ X-Ray   ဖြင့်ရင်ဘတ်စစ်ဆေးခြင်း ၊ နှလုံးလျှပ်စစ်စွမ်းရည် တိုင်းတာခြင်း (EKG) စတာတွေကို စစ်ဆေးလုပ်ဆောင်ပေးပါတယ်။
  • တကယ်လို့ ဝမ်းချုပ်တယ်ဆိုရင် ဝမ်းချူပေးခြင်း(သို့) အလားတူ ကုသမှုတစ်ခု လုပ်ဆောင်ပေးမှာပါ။
  • ခွဲစိတ်ကုသမှုမတိုင်ခင် (၆)နာရီအတွင်းမှာ ဘာမှ မစား မသောက်ဘဲနေဖို့လိုပါတယ်။
  • အဖျားကျဆေး(Aspirin) ၊ သွေးကျဲဆေး(Anticoagulant) ၊ Vitamin E စတဲ့ ပုံမှန်သောက်နေကျဆေးတွေကို ခွဲစိတ်ကုသမှုမတိုင်ခင် တစ်ပတ်အလိုမှာ ခဏရပ်ထားရပါမယ် ။

Covid-19 ကာလအတွင်းဝန်ဆောင်မှုများ

နိုင်ငံခြားသားများအတွက်ကုသဝန်ဆောင်မှု

လက်ရှိ Covid-19 ကာလအတွင်း ထိုင်းအစိုးရရဲ့ပေါ်လစီအရ နိုင်ငံခြားသားများဟာ ကုသမှုမခံယူခင်မှာ ဆေးရုံကွာရန်တင်း (AHQ) (၁၅) ရက် ဝင်ရမှာဖြစ်ပါတယ်။ ကုသမှုပြီးတဲ့နောက်မှာ မိခင်နိုင်ငံဆီမပြန်ခင် ရက်ချိန်းပြဖို့အတွက် (၁)ပတ် နေဖို့ အကြံပေးချင်ပါတယ်။ ဒါမှမဟုတ် လူနာရဲ့ အခြေအနေအပေါ်မူတည်ပြီး Samitivej Virtual Hospital မှတစ်ဆင့် ရက်ချိန်းပြန်ပြနိုင်ပါတယ်။ စုစုပေါင်းဆိုရင် ထိုင်းနိုင်ငံမှာ (၃)ပတ်ခွဲလောက် နေထိုင်ဖို့ အကြံပေးချင်ပါတယ်။

About our surgeon

Pakpong Wathanaoran, M.D.

Pakpong Wathanaoran, M.D.  ဟာ အူကျွံရောဂါကုသခြင်း ၊ ကိရိယာသုံးခွဲစိတ်ကုသခြင်း နဲ့ ဝမ်းဗိုက်ခွဲစိတ်ကုသမှုများမှာ အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိတဲ့ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံရဲ့ ခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူဟာ အူကျွံရောဂါခံစားခဲ့ရတဲ့ လူနာ (၅၀၀) ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ပါတယ်။ Dr.Pakpong ဟာ ဆေးပညာနယ်ပယ်မှာ ပါဝင်ရင်းနှီးမြှုပ်နှံမှုအဖြစ် Bangkok Hospital Phuket မှာပြုလုပ်တဲ့                  “ ဒုတိယအကြိမ်မြောက်ဖူးခက်အပြည်ပြည်ဆိုင်ရာအူမကြီးရောဂါစာတမ်းဖတ်ပွဲ “  ၊ ထိုင်းနိုင်ငံရဲ့အစာအိမ်နှင့်အူလမ်းကြောင်း(အပေါ်ပိုင်း) ခွဲစိတ်ဆရာဝန်များအသင်း Fculty of Medicine Siriraj Hospital မှာ ပြုလုပ်တဲ့  “ အစာအိမ်တစ်ခုလုံးဖြတ်ထုတ်ခြင်း(D2 Gastrectomy) " စတဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ တခြားတစ်ဘက်မှာလည်း ဆေးပညာနယ်ပယ်မှ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများကိုလည်း အစဉ်တစိုက် လုပ်ဆောင်ခဲ့ပါတယ်။ Dr.Pakpong နဲ့ ရက်ချိန်းရယူဖို့ ဒီနေရာမှာကလစ်နိုပ်ပါ။

ရက်ချိန်းယူခြင်း

အခုဆိုရင် ဆေးရုံမလာရောက်ခင်မှာ Samitivej Virtual Hospital နဲ့ အွန်လိုင်းကနေ ဆွေးနွေးနိုင်ပါတယ်။ ဆရာဝန်နဲ့ ဗီဒီယိုကောလ်ခေါ်ဆိုကာ တိုင်ပင်ဆွေးနွေးဖို့အတွက် ဒီနေရာမှာကလစ်နိုပ်ပါ။ ( အခြေအနေအပေါ်မူတည်)

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ်ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု)။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ ကုသမှုစီစဉ်ရေးဆွဲခြင်း။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
Get Professional Help Today

SEND AN INQUIRY OR SCHEDULE AN APPOINTMENT

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။