Work From Home က အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများအတွက် စိန်ခေါ်မှုတစ်ခုလား ?

Work From Home က အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများအတွက် စိန်ခေါ်မှုတစ်ခုလား ?

အနှစ်ချုပ်

  • ရုံးဝန်ထမ်းအများစုဟာ ကိုဗစ်ကာလအတွင်း အိမ်ကနေအလုပ်လုပ်တဲ့ အခါ အချိန်ကြာရှည်စွာ လှုပ်ရှားမှုမရှိခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲမှု မရှိခြင်း၊ အစားအများကြီးစားသုံးခြင်း စတဲ့ အပြုအမူများဟာ အစာချေ စနစ်ကို တိုက်ရိုက်သက်ရောက်မှုရှိစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ  အစာမကြေခြင်း ( Dyspepsia)၊ အူလမ်းကြောင်းရောင်ရမ်းခြင်း (IBS)၊ ဝမ်းချုပ်ခြင်း (Constipation)၊ အူမကြီးနဲ့စအိုဝအနီးအူလမ်းကြောင်း ကင်ဆာ(Colorectal Cancer) လို ရောဂါများဖြစ်နိုင်ခြေမြင့်မားပါတယ်။
  • အစာအိမ်ကင်ဆာနဲ့ အူမကြီးနဲ့စအိုဝအနီးအူလမ်းကြောင်း ကင်ဆာဘေးမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဝမ်းမမှန်ခြင်း၊ ဝမ်း(မစင်)ပုံမှန်မဟုတ်ခြင်း၊ အကြောင်းအရင်းမရှိကိုယ်အလေးချိန်ကျဆင်းခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာများခံစားရပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ရောဂါရှာဖွေမှုများနဲ့ ထိရောက်မှုရှိတဲ့ ဆေးကုသမှုများ ပြုလုပ်သင့်ပါတယ်။

ထိုင်းနိုင်ငံအတွင်း စိုးရိမ်စရာ Covid-19  အခြေအနေကြောင့် တစ်နိုင်ငံလုံးရှိ ကုမ္ပဏီတော်တော်များများက မလိုအပ်ဘဲ ခရီးသွားလာခြင်းနဲ့ လူခြင်းတွေ့ကာ မျက်နှာချင်းဆိုင်လုပ်ရတဲ့  Meeting များကို ရှောင်ရှားပြီး Social Distancing အတိုင်း လိုက်နာဖို့အတွက် အိမ်ကနေအလုပ်လုပ်ကြပါတယ်။ Work From Home ကြောင့် Covid-19 အန္တရာယ်ကို အထိုက်အလျောက် လျှော့ချနိုင်ပေ မယ့်လည်း တစ်ဖက် မှာ တော့ အစာချေဖျက်ခြင်း၊ အာဟာရပြည့်ဝခြင်း၊ ခန္ဓာကိုယ်မှအညစ်အကြေး စွန့်ထုတ်မှုနဲ့ပတ်သက်တဲ့ပြဿနာများအပါအဝင် အစာချေစနစ်နဲ့ ဆက်စပ် လျက်ရှိတဲ့ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရပြန်ပါတယ်။ ဒါကြောင့် Work From Home နဲ့ ဆက်စပ်နေတဲ့ စိတ်ဖိစီးမှုအပြင် စားသုံးမှု ပုံစံမပြောင်းလဲ ခြင်း၊ လှုပ်ရှားမှုမရှိခြင်း၊ စားသောက်မှုပမာဏ များလာခြင်း၊ ကျန်းမာရေးနဲ့မညီ ညွတ်တဲ့အစားအစာများစားသုံးခြင်း စတဲ့ အမူအကျင့်များ ဟာလည်း အစာချေ စနစ်ကို အလွယ်တကူ ထိခိုက်စေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တိုးပွားလာနိုင်တဲ့ ရောဂါအန္တရာယ်အမျိုးမျိုးရှိပါတယ်။ အဓိက ဖြစ်ပွားနိုင်တဲ့ ရောဂါ (၄)မျိုးကတော့ အစာမကြေခြင်း(Dyspepsia) ၊ အူလမ်းကြောင်းမူမမှန်ခြင်း(Irritable Bowel Syndrome) ၊ ဝမ်းချုပ်ခြင်း (Constipation) ၊ အူမကြီးနဲ့စအိုဝအနီးအူလမ်းကြောင်းကင်ဆာ(Colorectal Cancer)  စတာတွေပဲ ဖြစ်ပါ တယ်။ အစာအိမ်ကင်ဆာ နဲ့ အူမကြီးကင်ဆာလို ရောဂါများဟာ မကုသဘဲထား လိုက်မယ်ဆိုရင် ပိုပြီးအန္တရာယ်ရှိတဲ့ ရောဂါများအဖြစ် ကြီးထွားလာနိုင်ပါတယ်။

၁။ အစာမကြေခြင်း

ဝမ်းဗိုက်အပေါ်ပိုင်း(သို့) ရင်ညွန့်မှာ မအီမသာဖြစ်ပြီး လေပွသလိုခံစားရတဲ့ အခြေအနေကို အစာမကြေခြင်းလို့ သတ်မှတ်ပါတယ်။ အစာမကြေခြင်း ကို အစာစားနေစဉ်(သို့) အစာစားအပြီးမှာ ခံစားရတတ်ပြီး တစ်ချိန်တည်းမှာပဲ လေတက်ခြင်း၊ လေပွခြင်း လက္ခဏာများလည်း ခံစားရနိုင်ပါ တယ်။ ဒီလက္ခဏာတွေကို ရက်ခြားပြီး ခံစားရတတ်သလို နေ့တိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စားသုံးမှုအလေ့အကျင့်နဲ့ နေထိုင်မှုပုံစံများဟာ အစာမကြေခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းအဖြစ် ယေဘုယျသတ်မှတ်လို့ရပါတယ်။ အလွန်အကျွံစားသုံးခြင်း၊ အလျှင်အမြန်စားသုံးခြင်း၊ အဆီများတဲ့အစားအစာများ၊ အရက်သောက်ခြင်း၊ ချောကလက်စားခြင်း၊ လက်ဖက်ရည် ကော်ဖီနဲ့ ဂတ်စ်ပါတဲ့ အရည်များ လွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိုးရိမ်မှု၊ စိတ်ဖိစီးမှု စတာတွေဟာ အစောမကြေခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများပဲဖြစ်ပါတယ်။

အစာမကြေခြင်းရဲ့လက္ခဏာများကို ကုသဖို့ ပထမဆုံးအဆင့်ကတော့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံအပြောင်းအလဲလုပ်ဖို့ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာများကိုရှောင်ကျဉ်ခြင်း၊ အစာစားရာမှာ ပမာဏအနည်းငယ်သာ တစ်နေ့လျှင် (၅)ကြိမ်-(၆)ကြိမ်လောက် ခွဲပြီးစားသုံးခြင်း၊ အယ်လ်ကိုဟောနဲ့ ကဖင်းသောက်သုံးမှုကို လျှော့ချခြင်း၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖီစီးမှုဖြစ်စရာများကို လျှော့ချခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေကို လုပ်ဆောင်ရပါမယ်။

သို့သော်လည်း ဒီလိုမျိုးပြောင်းလဲလုပ်ဆောင်သည့်တိုင် လူနာအနေနဲ့ လက္ခဏာများကို ဆက်လက် ခံစားနေရဦးမယ်ဆိုရင် အက်ဆစ်ဖြေဆေး (Antacid) အပါအဝင် သောက်သုံးရမယ့်ဆေးဝါးများ၊ သွေးစစ်ခြင်း၊  ဝမ်း(မစင်) စစ်ဆေးခြင်း ကဲ့သို့ လိုအပ်တဲ့စစ်ဆေးမှုများကို လမ်းညွှန်ပေးနိုင်မယ့် ဆရာဝန် တစ်ဦးနဲ့ သေချာ တိုင်ပင်ပြသပြီး ရောဂါရှာဖွေရမှာဖြစ်ပါတယ်။ တကယ်လို့ ဆရာဝန်က လူနာဟာ အစာအိမ်အနာဖြစ်ခြင်း လိုမျိုး ပိုမိုဆိုးရွားတဲ့ နောက်ဆက်တွဲရောဂါဖြစ်နိုင်ခြေရှိ ကြောင်း သံသယဖြစ်တယ်ဆိုရင် တစ်ရှူး များကိုဖယ်ရှားကာ တိတိကျကျရောဂါ ရှာဖွေနိုင်တဲ့ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း (Endoscopy) ကို လုပ်ဆောင်ဖို့ အကြံပေးမှာဖြစ်ပါတယ်။

၂။ အူလမ်းကြောင်းရောင်ရမ်းခြင်း (IBS)

အူလမ်းကြောင်းရောင်ရမ်းခြင်း (IBS) ဟာ ဝမ်းမမှန်ခြင်းကြောင့် ဖြစ်ပွားပြီး လေပွခြင်း၊ အစာအိမ်အောင့်ခြင်းအပြင် ဝမ်းဗိုက်နဲ့ဆက်စပ်လျက်ရှိတဲ့ တခြားလက္ခဏာများ ဖြစ်တဲ့ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်လိုက်ဝမ်းလျှောလိုက်ဖြစ်ခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။ IBS ဟာ အတော်လေးကို တွေ့ရများတဲ့ ရောဂါ ပြဿနာတစ်ခုဖြစ်ပါတယ်။ အကြောင်းအရင်းတိတိကျကျမရှိပေမယ့်လည်း အဆိုပါ ရောဂါပြဿနာများဟာ အမျိုးသားများထက် အမျိုးသမီးများမှာ နှစ်ဆ ပိုမိုဖြစ်ပွားတာကိုတွေ့ရပါတယ်။ ရောဂါဖြစ်စေတဲ့တခြားအကြောင်းအရင်းများ အနေနဲ့ အသက်(၄၅)နှစ်အောက်ဖြစ်ခြင်း၊ မိသားစုထဲမှာ IBS ဖြစ်ဖူးသူရှိခြင်း၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုဖြစ်လွယ်ခြင်း စတာတွေပဲဖြစ်ပါတယ်။

အူလမ်းကြောင်းရောင်ရမ်းခြင်းကိုခံစားရသူအများစုဟာ ရောဂါလက္ခဏာ အနည်းငယ်သာ ပြတတ်ပြီး စားသုံးမှုပုံစံပြောင်းလဲလိုက်ရုံ စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ် တွေ လျှော့ချလိုက်ရုံနဲ့ ပျောက်ကင်းသက်သာသွားပါတယ်။ ဒါပေမယ့် တချို့ လူနာများကတော့ ပိုမိုပြင်းထန်တဲ့လက္ခဏာကိုခံစားရပြီး သောက်ဆေးနဲ့ ကုသရ ပါတယ်။ ဒါပေမယ့်လည်း လူနာဟာ ဆိုးရွားစွာအစာအိမ်အောင့်ပြီး ညဘက်တွေ မှာပိုဆိုးလာတယ်၊ စအိုမှသွေးထွက်ပြီး ကိုယ်အလေးချိန်ကျဆင်းလာတယ် ဆိုရင် အတတ်နိုင်ဆုံးစောစီးစွာ ဆရာဝန်နဲ့ ပြသရမှာဖြစ်ပါတယ်။ ဒီလိုပြသမှသာ လက္ခဏာများဟာ IBS ဟုတ်မဟုတ် အတည်ပြုနိုင်သလို နာတာရှည် အူရောင်ခြင်း၊ အူမကြီးကင်ဆာအပါအဝင် တခြား ဆိုးဆိုးရွားရွားရောဂါတွေကိုပါ ရောဂါရှာဖွေစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ မူမမှန်မှုတစ်ခုခုခံစားနေရတယ် (သို့) IBS ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ စားသောက်မှုပုံစံအတိုင်း ပြောင်းလဲ ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းသွားခြင်းကို အထောက်အကူပြုဖို့ အမျှင်ဓာတ်ပါ တဲ့ အစားအစာများကို ပိုမိုစားသုံးခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း စတာတွေကိုပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေ အမူအကျင့်တွေ လုပ်ဆောင်နေသည့်တိုင် လက္ခဏာများကို ဆက်လက်ခံစားနေ ရတယ်ဆိုရင် သင့်လျော်တဲ့ ကုသမှုတွေနဲ့ သာမန် နေ့စဉ်ဘဝအတိုင်း လှုပ်ရှားနေထိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြသရမှာဖြစ်ပါတယ်။

၃ ။ ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်း ကို လူဦးရေအားလုံးရဲ့ (၁၀) ရာခိုင်နှုန်းနီးပါး ခံစားရပြီး တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ပွားမှု မတူညီပါဘူး။ တချို့လူများအတွက် ဝမ်း သွားဖို့ အချိန်တစ်ခုနဲ့ အားစိုက်ထုတ်မှုတစ်ခုလိုအပ်ပြီး တချို့လူများအတွက် ကတော့ အကြိမ်ကြိမ်ဝမ်းသွားန်ိုင်ဖို့ လိုပါတယ်။ တချို့ဆိုရင် အိမ်သာတက် ပြီးတဲ့အခါ အပြည့်အဝ ဝမ်း(မစင်) မစွန့်ပစ်လိုက်ရဘူးလို့ ခံစားရတတ်ပါတယ်။ တချို့ကလည်း ဝမ်းချုပ်ခြင်းနဲ့အတူ အစာအိမ်အောင့်ခြင်း၊ လေပွခြင်းတို့ကို ခံစားရပါတယ်။

ဝမ်းချုပ်စေတဲ့အကြောင်းအရင်းကို သတ်မှတ်မယ်ဆိုရင် အုပ်စုအမျိုးအစား (၂)ခု ခွဲခြားနိုင်ပါတယ်။ ပထမတစ်ခုကတော့ ရောဂါဖြစ်စေတဲ့ကနဦးအကြောင်းအရင်း (Primary Causes) ဖြစ်ပြီး ဝမ်းမမှန်ခြင်းကြောင့် တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။ ဒုတိယတစ်ခုကတော့ ရောဂါဖြစ်စေ တဲ့တစ်ဆင့်ခံအကြောင်း အရင်း (Secondary Causes) ဖြစ်ပြီး တိုက်ရိုက် သက်ရောက်မှုမရှိတဲ့ အချက်များကြောင့်ဖြစ်ပါတယ်။ (ဥပမာ - တချို့ဆေးဝါးများ နှင့် ဖြည့်စွက်စာများ၊ ဟော်မုန်းစနစ်အခြေအနေများ၊ အစာအိမ်နှင့်အူလမ်း ကြောင်းပြဿနာများ။)

ဝမ်းချုပ်ခြင်းကို စားသောက်မှုပုံစံနဲ့ ရေများများသောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း၊ ဝမ်းနှုတ်ဆေးစားခြင်း စတဲ့ အပြုအမူပြောင်းလဲမှုများနဲ့ ကုသနိုင်ပါ တယ်။ ဒါပေမယ့်လည်း လူနာဟာ နာတာရှည်ဝမ်းချုပ်ပြီး ကုသမှုဟာ သူတို့ အတွက်မလွယ်ကူဘူးဆိုရင် ကြွက်သားအလုပ်မလုပ်ခြင်း(Dyssynergia) ကို ခံစားရတာဖြစ်နိုင်ပြီး စအိုနှင့်စအိုဝကြွက်သားအလုပ်လုပ်ပုံကိုစစ်ဆေးခြင်း (Anorectal Manometry) နည်းလမ်းနဲ့ ရောဂါရှာဖွေရမှာဖြစ်ပါတယ်။ Dyssynergia အတွက် ကုသမှုဟာ လူနာအတွက် ဝမ်းသွားခြင်းနဲ့ပတ်သက်ပြီး ပံ့ပိုးပေးနိုင်တဲ့ အထူးပစ္စည်းကိရိယာတွေကိုအသုံးပြုတဲ့ Biofeedback Training အပေါ်မှာ မူတည်ပါတယ်။ ဒီနည်းလမ်းဟာ လူနာများရဲ့ ပြဿနာအတွက် ရေရှည်မှာ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် လူနာများအနေနဲ့ ဝမ်းလျှောလိုက်ဝမ်းချုပ်လိုက်ဖြစ်ခြင်း၊  ရုတ်တရက်ကိုယ် အလေးချိန်ကျဆင်းခြင်း၊ ဝမ်း(မစင်)သွေးပါခြင်း နဲ့အတူ  ဝမ်းချုပ်ခြင်းကို ခံစားရ တယ်ဆိုရင် ချက်ချင်းဆရာဝန်နဲ့ ပြသတိုင်ပင်သင့် ပါတယ်။ ဒါ့အပြင် မိသားစုထဲမှာ ရောဂါဖြစ်ဖူးသူရှိတယ်၊ အသက်(၅၀) နောက်ပိုင်းမှာ စပြီး ဝမ်းချုပ် တတ်လာတယ် ဆိုရင်လည်း အမြန်ဆုံးသက်သာ ပျောက်ကင်းနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဝမ်းချုပ်ခြင်း ဟာ ကိုယ့်အတွက် အသက်အန္တရာယ်ရှိလောက်တဲ့ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့်လည်း အူမကြီးကင်ဆာလို ပိုမိုဆိုးရွားတဲ့ရောဂါဖြစ်လာနိုင်ဖို့ အချက်ပေးနေတာကြောင့် ဂရုစ်ိုက်ရမှာဖြစ်ပါတယ်။

၄။ အူမကြီးကင်ဆာ

အူမကြီးကင်ဆာ ဟာ အူမကြီး ဆဲလ် သန္ဓေပြောင်းလဲမှုကြောင့်ဖြစ်ပေါ်တာပါ။ ဆဲလ် တိုးပွားလာမှုနှုန်းကို ထိန်းမရနိုင်တဲ့အခြေအနေမှာ မကုသဘဲထား လိုက်မယ်ဆိုရင် အူမကြီးကင်ဆာအဖြစ် ကြီးထွားလာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ အူမကြီးကင်ဆာဟာ တတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ရောဂါခံစား ရသူ အများစုဟာ အသက်(၄၅)နှစ်ကျော်မှာ ဖြစ်ပွားတာကို တွေ့ရပါတယ်။ တခြားကင်ဆာရောဂါတွေလိုပဲ အူမကြီးကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရပါဘူး။ ဒါပေမယ့်လည်း ရောဂါဖြစ်နိုင်ခြေရှိတဲ့ အကြောင်း အရင်းတွေအများကြီးရှိပါတယ်။

အူမကြီးထဲမှာ အကျိတ်အဖုများတွေ့ရှိရခြင်း၊ အူမကြီးရောင်ခြင်း၊ အဆီများသော အစားအစာများ အထူးသဖြင့် မြင့်မားတဲ့အပူချိန်နဲ့ချက်ပြုတ်ထားတဲ့ အနီရောင် အသားများကိုစားသုံးခြင်း၊ ဆီအသုံးပြုပြီးချက်ပြုတ်ထားတဲ့ဟင်းလျာများကို စားသုံးခြင်း၊ ကင်ထားတဲ့အစားအစာများကိုစားသုံးခြင်း၊ အသင့်ထုပ်ပိုးထားတဲ့ အစားအစာများကို ပုံမှန်စားသုံးခြင်း၊ မဆေးကြောရသေးတဲ့ ဟင်းသီးဟင်း ရွက်များမှာတွေ့ရပြီး အူမကြီးထဲမှာ အဆိပ်များစုပုံလာစေတဲ့ ဓာတုပစ္စည်းများ၊ လူတစ်ဦးရဲ့ DNA မှ မျိုးရိုးလိုက်တဲ့အခြေအနေများ စတာတွေဟာ အူမကြီးကင် ဆာဖြစ်ပွားစေတဲ့ အကြောင်းအရင်းများဖြစ်ပါတယ်။

အူမကြီးကင်ဆာ ကနဦးစစ်ဆေးရာမှာ တချို့ကင်ဆာအမျိုးအစားများက ထုပ်လုပ်ပေးတဲ့ ပရိုတိန်း(CEA) ရှိ မရှိ ဆိုတာသိရဖို့ သွေးစစ်ခြင်းနဲ့အတူ ဝမ်း (မစင်)ထဲမှာ သွေးပါဝင်မှုကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်း ကြည့်ခြင်း (Colonoscopy) ဟာ ပုံမှန်သမားရိုးကျစစ်ဆေးမှုများထက် ပို အသေးစိတ်ကျ ပိုတိကျတဲ့ ဂျပန်နည်းပညာ NBI လိုပဲ  အူမကြီးကင်ဆာ ကိုစစ်ဆေးရာမှာ  ထိရောက်မှုမြင့်မားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အူမကြီး ကင်ဆာ ကနဦးအဆင့်ခံစားနေရတာ သေချာအတည်ပြုနိုင်ပြီဆိုရင် ဆရာဝန်က အသင့်တော်ဆုံးခွဲစိတ်မှုကိုလုပ်ဆောင်နိုင်ဖို့အတွက် သေချာရွေးချယ်လမ်းညွှန် ပေးမှာဖြစ်ပါတယ်။


အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်ဖို့အတွက် အသက်(၅၀)နဲ့အထက်ရှိသူများ၊ မိသားစုထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးသူများ အပါအဝင် အသက်(၄၀)နဲ့ အထက်ရှိသူများ အနေနဲ့ ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးခြင်း၊ ရေများများသောက်ခြင်း၊ ညဘက်လုံလောက်စွာ အိပ်စက်ခြင်း၊  ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် စားသုံးမှုကိုမြှင့်တင်ခြင်း၊ အနီရောင်အသားစားသုံးမှုကိုလျှော့ချခြင်း၊ ဆေးလိပ်နှင့် အရက်သောက်သုံးမှု ကို လျှော့ချခြင်း စတဲ့နည်းလမ်းများအားလုံးဟာ အူမကြီးကင်ဆာရောဂါကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းများပဲဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် ပထမဆုံးအကြိမ် ဖုန်းဖြင့်ခေါ်ဆိုပြီး ဆွေးနွေးတိုင်ပင်ဖို့အတွက်  ဒီနေရာမှာကလစ်နှိပ်ပါ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။