အရိုးရှင်းဆုံး အသက်သာဆုံး ကျန်းမာရေးနဲ့အညီညွတ်ဆုံး မနက်စာ (၆)မျိုး

အရိုးရှင်းဆုံး အသက်သာဆုံး ကျန်းမာရေးနဲ့အညီညွတ်ဆုံး မနက်စာ (၆)မျိုး

အဓိကသိထားသင့်သော အကြောင်းအရာများ

  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ တစ်နပ်ဟာ ကိုယ် အလေးချိန်ကို ထိန်းသိမ်းဖို့အတွက် အထောက်အကူပြုပြီး နေ့လည်စာမတိုင်ခင် အရမ်းကြီး ဆာလောင်စေမှာမဟုတ်ပါဘူး။ ကောင်းမွန်တဲ့မနက်စာ တစ်နပ်ဟာ ဦးနှောက်အတွက် အထောက်အကူဖြစ်သလို တစ်နေ့တာလုံး သင်ယူမှုနဲ့ မှတ်ဥာဏ်လုပ်ဆောင်မှုအတွက်လည်း ကူညီပေးပါတယ်။
  • ကြက်ဥပြုတ်၊ ကြက်ရင်ပုံ၊ ဒိန်ချဉ်၊ ပေါင်မုန့်ကြမ်း၊ ပဲနို့ စတာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ စားစရာတွေဖြစ်ပါတယ်။ ဒါ့အပြင် အစေ့အဆန်တွေကို နို့၊သစ်သီးတို့နဲ့ရောစားခြင်း၊ ဒိန်ချဉ်ကို အသီးများနဲ့ ရောစားခြင်း၊ အသင့်စားနိုင်တဲ့အသုပ်၊ ဘလက်ကော်ဖီ၊ အချိုမပါတဲ့ သောက်စရာများ၊ အချိုဓာတ်နည်းတဲ့ သစ်သီးဖျော်ရည် ၊ လဖက်ရည်ကြမ်း စတာတွေကိုလည်း မနက်စာအဖြစ် ဖြည့်စွက်စားသုံး နိုင်ပါတယ်။

အကြမ်းဖျင်းအားဖြင့်လူတော်တော်များများဟာမနက်စာကိုခပ်မြန်မြန် စားသောက် လေ့ရှိကြသလို တချို့ လုံးဝမစားဖြစ်ကြတဲ့သူတွေလည်း ရှိပါတယ်။ နေ့လည်စာမစားခင်အထိမနက်ပိုင်းမှာကော်ဖီတစ်ခွက်လောက်ပဲ သောက်တတ်တဲ့ သူမျိုးတွေလည်းရှိပါတယ်။  ဒီလိုနဲ့သူတို့ဟာ နေ့လည်စာစားချိန်မှာအရမ်းဗိုက်ဆာပြီးအလွန်အကျွံစားကြပါတယ်။ ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာတစ်နပ်နဲ့ ဗိုက်ဖြည့်ထား မယ်ဆိုရင် နေ့လည်ဘက်မှာ အရမ်းကြီး ဆာလောင်နေမှာမဟုတ်တော့ပါဘူး။ ကောင်းမွန်တဲ့ မနက်စာတစ်နပ်ဟာ တစ်နေ့တာလုံးမှာ ဦးနှောက်ကို  သင်ယူမှုအတွက်ရော မှတ်ဥာဏ်စွမ်းရည် အတွက်ပါ အထောက်အကူပြုပါတယ်။

တစ်နေ့တာကိုစတင်ဖို့အကောင်းဆုံးမနက်စာများ

၁။ ကြက်ဥ

  • ကြက်ဥ ဟာ အာဟာရပြည့်ဝစွာပါဝင်ပြီး ဗီတာမင် A , D , E , K , B (B2 , 5 , 6 , 12)၊ Folate (ဗီတာမင် B အမျိုးအစားတစ်မျိုး)၊ သတ္တုဓာတ် (Selenium)၊ ကယ်လ်ဆီယမ်၊ ဇင့်၊ Lutein၊ Zeaxathin၊ Omega 3၊ Choline များကဲ့သို့ ဗီတာမင်နှင့် သတ္တုဓာတ် (၁၃)မျိုး ပါဝင်ပါတယ်။
  • ကြက်ဥတစ်လုံးဟာ ကယ်လိုရီ (၇၀) ပါဝင်ပြီး ပုံမှန်ကျန်းမာရေးကောင်းမွန် တဲ့ လူကြီးတွေအနေနဲ့ တစ်နေ့ကို ကြက်ဥ (၁)လုံးမှ (၃)လုံးအထိ စားနိုင် ပါတယ်။ ကြက်ဥကို ပြုတ်စားခြင်းဟာ ကျန်းမာရေးနဲ့အညီညွတ်ဆုံး နည်းလမ်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုတ်လိုက်မယ်ဆိုရင် ဗီတာမင် ပါဝင်မှုပမာဏကို (၅၀)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။ ကြက်ဥကို အစိမ်းလိုက်ဖောက်သောက်ခြင်း (သို့) မကျက်တကျက် ပြုတ်စားခြင်းဟာ အစာအဆိပ်သင့်စေတဲ့ဘတ်တီးရီးယားပိုး (Salmonella Bacteria) (သို့) သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားများ(Microorganisms) ပါလာနိုင်ခြေများပြီး ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါ တယ်။
  • သက်ကြီးပိုင်းများနဲ့ ကိုလက်စ်ထရောလ်မြင့်မားသူများ(သို့) သွေးတိုးရှိသူ များဟာ တစ်ပတ်ကို ကြက်ဥ (၃)လုံး-(၄)လုံး ထက်ပိုမစားသင့်ပါဘူး။ ဒါမှမဟုတ် ကြက်ဥအနှစ်ကိုဖယ်ပြီး အကာကိုသာလျှင် စားသင့်ပါတယ်။
  • ကြက်ဥဟာ သွေးတွင်းသကြားဓါတ် ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေ တာကြောင့် ဆီးချိုအဆင့်(၂) ရှိသူများအနေနဲ့ တစ်နေ့လျှင် (၁)လုံးမှ (၂)လုံး အထိစားနိုင်ပါတယ်။
  • ဆီးချိုအဆင့်(၂) ရှိသူများနဲ့ အဝလွန်သူများကို အခြေပြုကာလေ့လာထား တဲ့ စစ်တမ်းတွေအရ ဆီးချိုအဆင့်(၂) ရှိသူများနဲ့ အဝလွန်သူများကို အခြေပြုကာလေ့လာထား တဲ့ စစ်တမ်းတွေအရ တစ်နေ့လျှင်ကြက်ဥ(၂)လုံးနှုန်းနဲ့ (၆)ပတ်ကြာ စားသုံးသူများဟာ တစ်နေ့လျှင် (၂)လုံးအောက် စားသုံးသူများနဲ့ယှဉ်ရင် အစာစားချင်စိတ် သိသိသာသာလျော့ကျလာပြီး အချိန်ပိုကြာစွာဗိုက်ပြည့် နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဝလွန်သူများအနေနဲ့ ကြက်ဥကို ဖြည့်စွက်စာအဖြစ် စားသုံးဖို့ကို အကြံပြုချင်ပါတယ်။ အသက်(၂၅)နှစ်မှ (၆၀)ကြား BMI အညွန်းကိန်း (၂၅)နှင့်အထက်ရှိပြီး (၅၀) ကီလိုဂရမ် နှင့်အောက် ရှိသူ များကို လေ့လာခဲ့တဲ့ရလဒ်များအရ တစ်နေ့ကြက်ဥ (၂)လုံးစားသူများဟာ BMI (၆၁) ရာခိုင်နှုန်းလျော့နည်းပြီး ကိုယ်အလေးချိန် ဟာလည်း (၆၅) ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ရ ပါတယ်။
  • ကြက်ဥမှာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများအတွက် အမြင်အာရုံအားနည်းမှု အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့ Lutein နဲ့ Zeaxanthin ဓါတ်များပါဝင် ပါတယ်။ ဒါ့အပြင်ကြက်ဥမှာပါဝင်တဲ့  Choline နဲ့Omega 3 ဟာလည်း ဦးနှောက်နဲ့ မျက်စိအတွင်းလွှာ(Retina) အတွင်း ဆဲလ်ထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာကိုလည်း ဖွံ့ဖြိုးစေပါတယ်။
  • ခပ်ကြီးကြီးကြက်ဥတစ်လုံးမှာ ကိုလက်စ်ထရောလ် (၂၁၃) မီလီဂရမ် ပါဝင်ပြီး ဒါဟာ လူငယ်တစ်ဦးအတွက် ရရှိသင့်တဲ့ ပမာဏရဲ့ (၃)ပုံ (၂)ပုံ နီးပါးဖြစ်ပါတယ် (လူတစ်ယောက်ဟာ တစ်နေ့ကို ကိုလက်စ်ထရောလ် (၃၀၀) မီလီဂရမ်ထက် မပိုသင့်ပါဘူး။)။ ဒါပေမယ့်လည်း ကိုလက်စ်ထရောလ်ဓာတ် မြင့်မားစွာပါဝင်တဲ့ အစားအစာများဟာ သွေးတွင်းကိုလက်စ်ထရောလ် ပမာဏအပေါ်ကို သက်ရောက်မှုမရှိတာကို တွေ့ရပါတယ်။ သကြားနဲ့အဆီဓာတ် များစွာပါဝင်တဲ့ အစားအစာများ၊ အဆီများတဲ့အသား၊ ဟင်းရွက်ဆီနဲ့ လုပ်ထားတဲ့မုန့် စတာတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားစေပြီး ကိုလက်စ်ထရောပမာဏကို မြင့်တက်စေပါတယ်။

၂။ သဘာဝဒိန်ချဉ်

  • ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ထုတ်လုပ်နိုင်တဲ့ကောင်းကျိုးပြုဘတ်တီးရီး ယား(Lacctobacillus Acidophilus)၊ ရောဂါပိုးများကိုကာကွယ်ပြီး ဗီတာမင်နဲ့ တခြားဓာတုပ္စည်းများထုတ်လုပ်ပေးတဲ့ဘတ်တီးရီးယား (Bifidobacterium Lactis)၊ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ဘတ်တီးရီး ယား(Lactobacillus Paracasein)၊ အူနဲ့အစာအိမ်အတွင်း အန္တရာယ်ရှိတဲ့ ဘတ်တီးရီးယားများကို ကာကွယ်ပေးတဲ့ ကောင်းကျိုးပြု ဘတ်တီးရီးယား (Lactobacillus Rhamnosus GG) စတာတွေ အပါအဝင် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကောင်းကျိုးဖြစ်စေတဲ့ ဘတ်တီးရီးယား(Probiotic Microorganisms) အများအပြား ပါဝင်ပါ တယ်။
  • Probiotic Microorganisms ရဲ့ ခန့်မှန်း (၈၀)ရာခိုင်နှုန်းဟာ ခန္ဓာက်ိုယ်ခုခံ အား ကို မြှင့်တင်ပေးတဲ့အပြင် အစာချေခြင်းကို အားပေးကူညီပြီး အစာချေ စနစ်ကို သင့်တင့်မျှတစေရုံသာမက အာဟာရစုပ်ယူမှု၊ ပုံမှန်ဝမ်းသွားခြင်း၊ အန္တရာယ်ဖြစ်နိုင်တဲ့ဘတ်တီးရီးယားများကြီးထွားမှုကို ဟန့်တားပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိစေပါတယ်။ ဒါ့အပြင် ၎င်း Probiotics များဟာ  ဓာတ်မတည့်ခြင်းလက္ခဏာများကိုပျောက်ကင်းစေပြီး ရောင်ရမ်း ခြင်းများကို လျှော့ချပေးတဲ့အပြင် ကိုလက်စ်စထရောလ်ကိုပမာဏကိုလည်း လျှော့ချပေးပါတယ်။
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ် ဟာ Probiotics များ ပါဝင်ရုံသာမကဘဲ ကယ်လိုရီ (၁၀၀) ထက် မပိုတဲ့အပြင် သကြားပါဝင်မှုဟာလည်း (၁၀) ဂရမ် အောက်သာရှိပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အဆီပါဝင်မှု လုံးဝ မရှိတဲ့ ဒိန်ချဉ်ကို ရွေးချယ်စားသုံးခြင်း ဖြစ်ပါတယ်။ ( ဒိန်ချဉ်မှာ အဆီပါဝင်မှု ရှိ မရှိဆိုတာကို ဗူးခွံအညွှန်းမှာရှာဖွေနိုင်ပါတယ်။)
  • ပရိုတိန်းဓာတ် အနေနဲ့ ဒိန်ချဉ်မှာ ဦးနှောက်နဲ့အာရုံကြောကို ကောင်းမွန် စေတဲ့ ဗီတာမင် B2၊ သွေးနီဥထုတ်လုပ်ရာမှာ အရေးပါတဲ့ ဗီတာမင် B12 စတာတွေလည်း ပါဝင်ပါတယ်။

၃။ ကြက်ရင်ပုံသား

  • ကြက်ရင်ပုံသား ဟာ အချိန်ကုန်သက်သာ အလုပ်ရှုပ်သက်သာတဲ့ စားစရာ တစ်ခုဖြစ်ပြီး အဆီဓာတ်နည်းကာ ကယ်လိုရီနဲ့ ပရိုတိန်းမြင့်မားစွာ ပါဝင်တဲ့ အပြင် လေ့ကျင့်ခန်းလုပ်ထားသမျှကို ပြန်လည်အားဖြည့်နိုင်အောင် ကူညီ ထောက်ပံ့ပေးပါတယ်။
  • အရေခွံမပါတဲ့ ကြက်ရင်ပုံသား(၁၀၀) ဂရမ်ဟာ အဆီ (၂.၅)ဂရမ်သာရှိပြီး ကယ်လိုရီ(၁၂၀) နဲ့ ပရိုတိန်း(၂၃)ဂရမ် ပါဝင်ပါတယ်။ ကြက်ရင်ပုံသားမှာ ဗီတာမင် B3 , 3 , 5 , 6 , 12 အပါအဝင် ဗီတာမင်ဓာတ်တွေ ပြည့်နှက်နေ ပါတယ်။ ကြက်ရင်ပုံသားဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်လုပ်ဆောင်မှုကို သိသိသာသာ တိုးတက်စေတဲ့အပြင် သွေးနီဥထုတ်လုပ်ရာမှာလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်ပါတယ်။

၄။ ပဲနို့

  • ပဲနို့ဟာ သာမန် သောက်စရာ တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူအများကတော့ ပဲနို့ကို မနက်စာ စားရာမှာ သောက်စရာတစ်ခုအဖြစ် ဖြည့်စွက်ထားပါတယ်။ ပဲနို့ဟာ အမျိုးအစား များစွာရှိပါတယ်။ တို့ဟူး ကနေရတဲ့ ပဲနို့၊ နှမ်း လိုမျိုး အစေ့တွေကနေရတဲ့ပဲနို့စသဖြင့် အမျိုးမျိုး ရှိပါတယ်။ နှမ်းက ရတဲ့ ပဲနို့ဟာ သောက်တဲ့အခါ အရသာပိုမိုကောင်းမွန်ပြီး အာဟာရဆိုင်ရာ ကောင်းကျိုးများလည်း ရရှိစေပါတယ်။
  • နွားနို့နဲ့ဓာတ်မတည့်သူများ (သို့) နွားနို့တွင်ပါတဲ့သကြားဓာတ်(Lactose) ကို မကြိုက်တဲ့သူများအနေနဲ့ ပဲနို့သောက်သင့်ပါတယ်။ နွားနို့နဲ့ ဓာတ်မတည့်သူတွေဟာ Lactose ကို သေချာ အစာမချက်ပေးနိုင်ပါဘူး။ ပဲနို့ကတော့ ဒီအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။
  • ပဲနို့မှာ ခန္ဓာက်ိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ Fatty Acids၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့်သတ္တုဓာတ် များအပြင် အရိုးယိုယွင်းပျက်စီးမှုကိုလျှော့ချပြီး သန်မာစေရုံသာမက အရေပြားကိုအားဖြည့်ပေးတဲ့ Isoflavoneဓာတ် လည်း ပါဝင်ပါတယ်။  ပဲနို့မှာပါတဲ့ Lecithin ခေါ်အဆီဓာတ် တစ်မျိုးဟာ ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်ကို အထောက်အကူပြုပါတယ်။
  • ဒါပေမယ့်လည်း ပဲနို့ကိုသောက်မယ်ဆိုရင် ၎င်းမှာပါဝင်တဲ့ သကြားပမာဏ ကိုသေချာချင့်ချိန်ပြီး ရွေးချယ်ဖို့က အရေးကြီးပါတယ်။ ပဲနို့တစ်ဗူးမှာ သကြားပမာဏ (၁၀)ဂရမ်ထက် ပိုပြီးမပါသင့်ပါဘူး။ သကြားပါဝင်မှုမြင့်မား တဲ့ ပဲနို့ဟာ ရေရှည်မှာ ဆီးချိုနဲ့ အဝလွန်ခြင်းရောဂါဖြစ်နိုင်ခြေ ပိုများစေ ပါတယ်။
  • ပဲနို့ဟာ ရင်သားနဲ့ သားအိမ် ပြဿနာရှိသူများကလွဲလို့ လူတိုင်းအတွက် သင့်တော်တဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။ ဒီလိုပြဿနာရှိသူတွေ အနေနဲ့ ပဲနို့မသောက်ခင်မှာ ဆရာဝန်နဲ့ သေချာတွေ့ဆုံဆွေးနွေး တိုင်ပင်သင့်ပါတယ်။

၅။ ပေါင်မုန့်ကြမ်း(Whole Grain Bread)

  • Mပေါင်မုန့် (Bread)ဟာ ဂျုံအနှံတစ်ခုလုံးမှရတဲ့ ဂျုံပေါင်မုန့်(Wholewheat Bread) နဲ့ လုပ်ထားတယ်ဆိုတာကို လူအများ သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဂျုံအစေ့အဆန်တစ်ခုလုံး(Whole Grains) အသုံးပြုပြီး လုပ်ထားတဲ့ ပေါင်မုန့်ကြမ်းဟာလည်း ကျန်းမာရေး ကောင်းမွန်စေတယ်ဆို တာကို သိထားရပါမယ်။ မုယောစပါး၊ ဂျုံ၊ အုတ်ဂျုံ စတဲ့ Whole Grains များဟာ လည်း အလားတူပဲဖြစ်ပါတယ်။ သန့်စင်ထားတဲ့ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်များ ဟာ ဂျုံပေါင်မုန့်(သို့) အစေ့အဆန်များစွာပါတဲ့ပေါင်မုန့် (Multigrain Bread) များနဲ့ အတူတူပဲဖြစ်ပါတယ်။
  • ပေါင်မုန့်ကြမ်းမှာအောက်ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။
    • ဖွဲနု(Bran) - ဖွဲနုဟာ ပေါင်မုန့် အနားသားနေရာမှာ ရှိပြီး အမျှင်ဓာတ်၊ ပရိုတိန်း၊ သံဓာတ်နဲ့ ဗီတာမင်ဘီ တို့ ပါဝင်ကာ ခန္ဓာကိုယ်တွင်း သကြားဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင် ပါတယ်။
    • Endosperm ခေါ် အစေ့အနှံအတွင်းပါဝင်တဲ့တစ်ရှူးတစ်မျိုးဟာ ကာဗွန်ဟိုက်ဒရိတ်ဓာတ်များစွာအပြင် ပရိုတိန်းနဲ့ဗီတာမင်ဘီ ဓာတ် များလည်းပါဝင်ပါတယ်။
    • မျိုးစေ့(Germ) ဟာ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ သတ္တုဓာတ်များ ပြည့်ဝစွာပါဝင်တဲ့အပြင် Free Radicals များ မဖြစ်လာအောင် တားဆီးပေးတဲ့ ဖော့စ်ဖော(Phosphor) အာဟာရဓာတ်များလည်း ပါဝင်ပါတယ်။
  • ပေါင်မုန့်ကြမ်း (၁၀၀)ဂရမ်မှာ ကယ်လိုရီ(၂၅၀)ရှိပြီး တစ်ချပ်လျှင် အမျှင်ဓာတ်(၄)ဂရမ် ပါဝင်ကာ ဒါဟာ ကျန်းမာရေးအရ ဝမ်းသွားဖို့အတွက် အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကြမ်းများဟာ ပိုမိုအချိန်ကြာရှည်စွာ ဗိုက်ပြည့်စေပြီး လေပွခြင်းကိုလျှော့ချပေးတာကြောင့် ကိုယ်အလေးချိန် လျော့ချဖို့ကြိုးစားနေသူများအတွက် ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။  ဒါ့အပြင် ပေါင်မုန့်ကြမ်းမျာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ကိုလက်စ်ထရောလ် လျော့ကျဖို့ကူညီပေးပါတယ်။

၆။ ငှက်ပျောသီး

  • (၁၀၀)ဂရမ်ရှိတဲ့ ခပ်လတ်လတ်အရွယ်ငှက်ပျောသီးတစ်လုံးဟာ (၁၃၂) ကယ်လိုရီရှိတဲ့အပြင် ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီအမျိုးမျိုး၊ ဗီတာမင်စီ၊ ကယ်လ်ဆီယံ၊ ဖော့စဖောရက်စ်၊  သံဓာတ်၊ Beta-Carotene အစရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။
  • ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်စီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်များ ဟာ သွေးပေါင်ချိန်အတွက် အဓိက ကျတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နှလုံးသွေးကြောစနစ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။
  • ငှက်ပျောသီးဟာ ဖောလစ်အက်ဆစ်နဲ့ သံဓာတ်ပြည့်ဝစွာပါဝင်တာ ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗိုက်ထဲကသန္ဓေသား ကြီးထွားဖွံ့ဖြိုးဖို့ အထောက်အကူပြုသလို သွေးအားနည်းရောဂါများကိုလည်း ကာကွယ်ပေး ပါတယ်။
  • ငှက်ပျောသီးမှာ ဂလူးကို့စ်(Glucose)၊ ဖရက်တို့စ်(Fructose)၊ ဆက်ခရို့စ် (Sucrose) ဆိုတဲ့ သကြားဓာတ်(၃)မျိုးပါဝင်ပါတယ်။ ၎င်း သကြားဓာတ်များ ဟာ ခန္ဓာကိုယ်တွင်း သကြားဓာတ် စီးဝင်စေဖို့အတွက်ပိုမိုမြန်ဆန်စေပါ တယ်။ ဂလူးကို့စ်နဲ့ ဖရက်တို့စ် သကြားဓာတ်များဟာ အလျှင်အမြန် စုပ်ယူနိုင်စွမ်းရှိတာကြောင့် အားအင် ချက်ချင်း လိုအပ်နေသူများအတွက် အသုံးဝင်ပါတယ်။ ဆက်ခရို့စ် သကြားဓာတ်ကတော့ တဖြည်းဖြည်း ချေဖျက်ပြီး စွမ်းအင်ကို နည်းနည်းချင်းထုတ်လွှတ်ပေးတာကြောင့် လိုအပ် လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေစေပါတယ်။
  • ငှက်ပျောသီးမှာ Fructo-Oliogosaccharides(FOS) လို့ခေါ်တဲ့ ဓာတ် တစ်မျိုးပါဝင်ပြီး ၄င်းဓာတ်အတွင်း ဖရက်စ်တို့စ်နဲ့ Prebiotics ခေါ် အစာချေစနစ်ကိုပံ့ပိုးပေးတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ Prebiotics ဓာတ် ဟာ ခန္ဓာကိုယ်တွင်းကောင်းကျိုးပြုစေတဲ့သက်ရှိဘက်တီးရီးယား (Probiotics) များကို အာဟာရဓာတ် ပေးစွမ်းပါတယ်။ ချေဖျက်လို့ မရတဲ့ကာဘိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ FOS ဟာ Probiotics များအတွက် အစားအစာအဖြစ်ပြောင်းလဲပေးပြီး အူအတွင်း ၎င်းတို့ရဲ့ လုပ်ဆောင်မှုကို အထောက်အပံ့ပေးပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ မနက်စာ များအပြင် အုတ်ဂျုံကို န်ို့၊သစ်သီးတို့နဲ့ ရောပြီး စားသုံးခြင်း၊ ဒိန်ချဉ်ကိုအသီးနဲ့ရောစားခြင်း၊ အသင့်စားအသုပ်များ၊ ဘလက်ကော် ဖီ၊ အချိုမပါတဲ့သောက်စရာများနဲ့သစ်သီးဖျော်ရည်(သို့) လဖက်ရည်ကြမ်း စတာ တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာအဖြစ်စားသုံးနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပြေးပြေးလွှားလွှားသွားလာလှုပ်ရှားနေရတဲ့ နေ့တစ်နေ့ရဲ့ အစောဆုံး အချိန်များထဲမှာ ရွေးချယ်တတ်မယ်ဆိုရင် ဈေးသက်သာပြီး ကျန်းမာရေးနဲ့ညီညွတ်ကာ ဗိုက်ပြည့်စေတဲ့ စားစရာတွေကို အလွယ်တကူ ရှာဖွေ နိုင်ပါတယ်။ တစ်ခုတော့သိထားရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ လို့ဆိုရာမှာ မနက်စာ ကနေ စလို့ ညစာ အထိ စားသမျှ အစားအစာအားလုံးပါဝင်ပါတယ်။ အရေးကြီးတာကတော့ နေ့စဉ်စားသောက်မှု မှာ အဓိကအစားအစာအုပ်စု (၅)ခု ကို သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စေမှာအမှန်ပါပဲ။

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။