ကလေးငယ်များတွင်တွေ့ရတတ်တဲ့ကင်ဆာရောဂါများ

ကလေးငယ်များတွင်တွေ့ရတတ်တဲ့ကင်ဆာရောဂါများ
  • ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းဖြင့် တစ်နှစ်အသက်ဆက်လက် ရှင်သန်နိုင်မှု နှုန်း ၉၆%  ။ (၂၀၀၁မှ၂၀၁ဝအတွင်းဥရောပသွေးနှင့်ရိုးတွင်းခြင်ဆီအစားထိုးကုသမှုအဖွဲ့အစည်း (Society for Blood and Bone Marrow Transplantation) ရဲ့သွေးရောဂါဆိုင်ရာမှတ်တမ်းများနှင့်နှိုင်းယှဉ်ချက် အရ , ≥(၈၈)% ; ရိုးတွင်းခြင်ဆီအစားထိုးခြင်း ၂၀၁၆ ; ၅၂း၅၃၆-၄၁)
  • မွေးရာပါသွေးအားနည်းရောဂါ(Thalassemia) ခံစားနေရသည့်ကလေးငယ်များအား ရိုးတွင်းခြင်ဆီ အစားထိုးခြင်းဖြင့် ကုသမှုပေးခဲ့ရာမှာ ရက်(၁၀၀)အတွင်းသေဆုံးမှု သုညရာခိုင်နှုန်း ။ (ဥရောပသွေးနှင့်ရိုးတွင်းခြင်ဆီအစားထိုးကုသမှုအဖွဲ့(EBMT)နှင့်နှိုင်းယှဉ်ချက်အရ , ≤၄%; သွေး၂၀၁၃; ၁၂၂: ၁၀၇၂-၈ )

 

ကလေးငယ်များမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါအမျိုးအစားတွေဟာ လူကြီးတွေမှာ ဖြစ်တဲ့ ကင်ဆာနဲ့ သိသိသာသာကို ကွဲပြားခြားနားပါတယ်။  ဒါကြောင့် သင့်ရင်သွေးများအတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ ကုသမှုများကို ဝန်ဆောင်မှုပေးနိုင်ဖို့ ဆစ်မီတဝေ့ကလေးဆေးရုံကြီးရဲ့ ကလေးကင်ဆာအထူးကု ပါရဂူများအပါအဝင် သူနာပြုများနဲ့ ရောဂါဗေဒပညာရှင်များ ပါဝင်တဲ့အဖွဲ့က အသင့်ရှိနေပါတယ်။ သင့်ကလေးငယ်အနေနဲ့ ခီမိုဆေးသွင်းခြင်း ၊ ဓာတ်ကင်ခြင်း ဒါမှမဟုတ် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း စတဲ့ကုထုံးတွေထဲကမှ ဘယ်တစ်ခု လိုအပ်မလဲဆိုတာဇဝေဇဝါဖြစ်စရာမလိုပါဘူး။ တစ်ခုချင်းစီ ၊  အဆင့်တစ်ဆင့်ချင်းစီတိုင်းအတွက် ကျွန်ုပ်တို့သင့်ကိုကူညီအားပေးမှာပါ။ 

တကယ်လို့ သင့်ရင်သွေးငယ် အနေနဲ့ ဆေးရုံမှာ ထပ်ပြီးနေဖို့လိုအပ်တယ်ဆိုရင်လည်း ကလေးငယ်များရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးတဲ့ အစီအစဉ်ဖြစ်တဲ့  “Child Life Project”  ရှိပါတယ်။  ဆစ်မီတဝေ့နဲ့ အော်ရီဂွန်ကျန်းမာရေးနှင့်သိပ္ပံတက္ကသိုလ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအရ ပထမခြေလှမ်းအဖြစ်  ကလေးငယ်နှင့် ၎င်းတို့၏ မိသားစုများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့ သက်သောင့်သက်သာဖြစ်စေရေးကို  အဓိကထားပြီး လုပ်ဆောင်ပါတယ်။

ဆစ်မီတဝေ့ကလေးဆေးရုံဟာ ထိုင်းနိုင်ငံမှာ အကြီးမားဆုံးသောဆေးပညာဆိုင်ရာ စက်ကိရိယာများ ၊ နည်းပညာများဖြင့် နိုင်ငံတကာအဆင့် မီကလေးကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံပေါင်း (၁၂၄)နိုင်ငံမှ လာရောက်ကုသတဲ့ လူနာပေါင်း (၅၉၀၀၀) ကျော်ကို ကုသပေးပြီး နိုင်ငံတကာမှ လူနာကလေးငယ်များအတွက် ကျန်းမာရေးဆိုင်ရာလေကြောင်းပို့ဆောင်မှု မိုင်ပေါင်း(၅၀၀၀၀) ကျော် ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်ပါတယ်။ ကင်ဆာရောဂါအမျိုးမျိုးအပါအဝင် ဖြစ်တောင့်ဖြစ်ခဲရောဂါများအတွက် ကလေးအထွေထွေဆရာဝန်နှင့် ကလေးအထူးကုဆရာဝန် (၁၅၀) ကျော်ပါတဲ့ အဖွဲ့လည်း ရှိပါတယ်။

 

  • သွေးကင်ဆာအုပ်စုများထဲမှတစ်မျိုး ဖြစ်သော (Acute Lymphoblastic Leukemia)
  • သွေးကင်ဆာအုပ်စုများထဲမှတစ်မျိုး ဖြစ်သော (Acute Myelogenous Leukemia)
  • အရိုးနုကင်ဆာ
  • သွေးကင်ဆာအုပ်စုများထဲမှတစ်မျိုး ဖြစ်သော (Chronic Myelogenous Leukemia)
  • ပုံမှန်မဟုတ်သောသိုင်းရွိုက်ကင်ဆာ
  • အရိုးတွင်ဖြစ်တတ်သောကင်ဆာ (Ewing Sarcoma)
  • ကလေးများတွင် အဖြစ်များသော အသည်း  ကင်ဆာ (Hepatoblastoma)
  • ကလေးများတွင်ဖြစ်သောသွေးဖြူဥက အစပြုကင်ဆာ( Hodgkin Lymphoma)
  • Juvenile Myelomonocytic Leukemia (JMML)ခေါ် ကလေးများတွင်ဖြစ်တတ် သည့်သွေးကင်ဆာတစ်မျိုး
  • Medullary Thyroid Cancer ခေါ် သိုင်းရွိုက်ကင်ဆာတစ်မျိုး
  • နာ့ဗ်တစ်သျှူးများတွင်ဖြစ်တတ်သည့် ကင်ဆာ(Nueroblastoma)
  • ကလေးများတွင်အဖြစ်များသောပြန်ရည်ကျိတ်ကင်ဆာ (Non-Hodgkin Lymphoma)
  • ကလေးများတွင်ဖြစ်သော အရိုးကင်ဆာ (Osteosarcoma)
  • ကလေးများတွင်ဖြစ်တတ်သည့် ဦးနှောက်အကျိတ်
  • ကလေးသွေးကင်ဆာ
  • တကျော့ပြန်(သို့)ကြာရှည်ဖြစ်ပေါ်သော နာ့ဗ်တစ်သျှူးများတွင် ဖြစ်တတ်သည့် ကင်ဆာ
  • ကလေးများတွင်ဖြစ်တတ်သည့် မျက်လုံးကင်ဆာ (Retinoblastoma)
  • ကြွက်သားတစ်သျှူးများတွင်ဖြစ်တတ် သည့်ကင်ဆာရောဂါတစ်မျိုး (Rhabdomyosarcoma)
  • ကလေးများတွင်ဖြစ်တတ်သည့် အရေပြားကင်ဆာ
  • ကြွက်သား ၊ ကိုယ်တွင်းအဆီ တစ်သျှူး များတွင်ဖြစ်သောကင်ဆာ (Soft Tissue Sarcomas)
  • Wilms’ Tumor (ကျောက်ကပ် အကျိတ်)

ကလေးကင်ဆာစင်တာနှင့်ပတ်သက်ပြီးပိုမိုသိရှိရန်

ကင်ဆာဝေဒနာရှင်များအတွက် ဆန်းသစ်တီထွင်ကုထုံးသစ်

ကင်ဆာဝေဒနာရှင်များအတွက် ဆန်းသစ်တီထွင်ကုထုံးသစ် - ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းဖြင့် တစ်နှစ် အသက်ဆက်လက်ရှင်သန်နိုင်မှုနှုန်း ၉၆% (BMT)

Haploidentical Bone Marrow Transplantation( ရိုးတွင်းခြင်ဆီအစားထိုးကုသမှု )ဟာ လူနာရဲ့ ကျန်းမာတဲ့ မိသားစုဝင်များရဲ့ Stem Cell ကိုယူပြီး အစားထိုးကုသတဲ့ နောက်ဆုံးပေါ်ကုသမှုနည်းပညာဖြစ်ပါတယ်။ အဆိုပါကုသမှုမှာ လူနာရဲ့ မိဘ ၊ မောင်နှမ ၊ သားသမီး များမှ Donor အဖြစ် ပါဝင်နိုင်မှာပဲဖြစ်ပါတယ်။    ပိုမိုသိရှိရန်

GvHD (Graft vs Host Disease) ခေါ် အစားထိုးကုသပြီးနောက်ဖြစ်တတ်တဲ့ လက္ခဏာရောဂါများကိုကာကွယ်ကုသရန် ဆန်းသစ်ထားသည့် ကုထုံးသစ် - Photopheresis

Photopheresis ဟာ အန္တရာယ်မရှိသလို နာကျင်မှုလည်းမရှိတဲ့ ကုသမှုနည်းလမ်းဖြစ်ပါတယ်။ ၎င်း ကုထုံးမှာ ကိုယ်ခံအားတုန့်ပြန်မှုများကို နှိုးဆွပြီး GvHD ကြီးထွားများပြားလာမှုကို တိုက်ထုတ်ပေးခြင်းနည်းလမ်းဖြင့် ကုသတာဖြစ်ပါတယ်။ အသက်(၂)နှစ်နှင့်အောက် (သို့မဟုတ်) အလေးချိန်(၁၀)ကီလိုဂရမ်နှင့်အောက် ကလေးငယ်များကို ကုသမှုပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။။ ပိုမိုသိလိုပါ က

ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းဖြင့် တစ်နှစ်အသက်ဆက်လက် ရှင်သန်နိုင်မှု နှုန်း ၉၆% (BMT)

   

 

Prof. Suradej Hongeng, M.D., ဟာ အမေရိကန်ကလေးသွေးရောဂါဗေဒနှင့် ကင်ဆာရောဂါဗေဒဘုတ်အဖွဲ့        (American Board of Pedidtric Hematology & Oncology)  မှ ဒီပလိုမာ ဘွဲ့များရရှိခဲ့ပြီး အမေရိကန် နိုင်ငံရဲ့  သွေးရောဂါဗေဒ ၊ ကင်ဆာနှင့် ဦးနှောက် အကျိတ်သုတေသန အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံရှိ လူမှုရေးအဖွဲ့အစည်းများနဲ့ ဆေးရုံပေါင်းများစွာရဲ့ ဆေးဝါးကုသမှုဆိုင်ရာ သုတေသနများ အတွက် ဦးဆောင် စစ်ဆေးရေးမှူး တစ်ဦးလည်း ဖြစ်ပါတယ်။ ထို့အပြင်အမေရိကန်နိုင်ငံရှိ National Institute of Health ရဲ့ ပရောဂျက်မှာ အသင်းအဖွဲ့နဲ့အတူ  ပါဝင်ပြီးတွဲဖက်စစ်ဆေးသူအဖြစ်လည်းပါဝင်ဆောင် ရွက်ပါတယ်။ Prof.Suradej Hongeng,M.D ရဲ့ သုတေသနစာတမ်း (၄၅) စောင်ကို ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများမှာပါ ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

 
   

 

Assoc. Prof. Samart Pakakasama, M.D.,ဟာ ထိုင်းနိုင်ငံရဲ့ကလေးသွေးရောဂါဗေဒနှင့်ကင်ဆာရောဂါ ဘုတ်အ ဖွဲ့ကို ဖြစ်မြောက်အောင်စွမ်းဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ကလေးသွေးရောဂါ ဗေဒနှင့် ကင်ဆာရောဂါဗေဒအထူးပြု ၊ Stem Cell အစားထိုး ကုသမှုအထူးပြု စတဲ့ အသိအမှတ်ပြုလက်မှတ် (၂)ခု ရရှိထား ပါတယ်။ သူဟာလက်ရှိချိန်မှာ ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများမှာ သုတေသနစာတမ်းပေါင်း (၃၀) ကျော်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။  သုတေသနစာတမ်းများကို အားသွန်ခွန် စိုက်မလုပ်ဆောင်ခင်အချိန်က ဆေးဘက်ဆိုင်ရာကျောင်းများမှာ ကထိက အဖြစ်နှစ်အတော်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 
   

 

Pornchanok Iamsirirak, M.D., ဟာ ဆေးပညာဘွဲ့ကို ဂုဏ်ထူးတန်းဒုတိယအဆင့်ဖြင့် ရရှိထားသူဖြစ်ပါတယ်။  ဆက်လက်ပြီး ဒီပလိုမာဘွဲ့ကို ထိုင်းနိုင်ငံရဲ့ကလေးဆေးပညာဘုတ်အဖွဲ့ ၊ ထိုင်းနိုင်ငံရဲ့ ကလေးသွေးရောဂါဗေဒနှင့်ကင်ဆာရောဂါဗေဒဘုတ်အဖွဲ့ခွဲများမှ အသီးသီး ရယူခဲ့ပါတယ်။ သူမရဲ့ ဆေးပညာနယ်ပယ်လက်တွေ့တာဝန်ထမ်းဆောင်မှု အနေနဲ့ Naresuan University Medical School မှာ ကထိကအဖြစ်ဆောင် ရွက်ခဲ့ သလို သုတေသန စာတမ်းများစွာကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် (၂၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နှလုံးသွေးကြောသွေးခဲခြင်း ဆိုင်ရာ ညီလာခံ (The XXIII Congress of the International Society of Thrombosis) မှေ  JSTH Asia Pacific Scholarship ကို ရရှိခဲ့ပြီး သုတေသနစာတမ်းများအတွက် အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။ 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။