ရိုးတွင်းခြင်ဆီအစားထိုးကုသမှုရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြေရှင်းဖို့ Photopheresis ရှိတယ်...

ရိုးတွင်းခြင်ဆီအစားထိုးကုသမှုရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြေရှင်းဖို့ Photopheresis ရှိတယ်...

ရိုးတွင်းခြင်ဆီအစားထိုးကုသမှု(Bone Marrow Transplant) ခံယူပြီးတဲ့ လူနာများဟာ GvHD (Graft vs Host Disease) ခေါ် အစားထိုးကုသပြီးနောက်ဖြစ်တတ်တဲ့ လက္ခဏာရောဂါများ ခံစားရနိုင်ပါတယ်။ အကြောင်းအရင်း ကတော့ Donor ဆီက ထုတ်ယူခဲ့တဲ့ ရိုးတွင်းခြင်ဆီ(သို့) Stem Cell တွေဟာ လက်ခံရယူလိုက်သူရဲ့ခန္ဓာကိုယ်ထဲမှာ လိုက်လျောညီစွာလှည့်ပတ်လုပ်ဆောင်နိုင်မှုမရှိဘဲ (သူစိမ်းတစ်ဦးကဲ့ သို့) ခန္ဓာကိုယ် ကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပါတယ် ။ GvHD ရဲ့ ရောဂါလက္ခဏာတွေဟာ ပြင်းထန်သလို အချိန်ကြာရှည်စွာ ဖြစ်နေတတ်ပြီး အထူးသဖြင့် ကလေးငယ်များမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် Photopheresis (ဆဲလ်အခြေခံကိုယ်ခံအားစနစ်နဲ့ကုသခြင်း) နည်းပညာနဲ့ အဲဒီ ရောဂါလက္ခဏာအခြေအနေတွေကို ကာကွယ်ကုသပေးနိုင်ပါတယ်။

Photopheresis က ဘယ်သူတွေနဲ့သင့်တော်လဲ?

Photopheresis ဟာ GvHD (Graft vs Host Disease) ခေါ် အစားထိုးကုသပြီးနောက်ဖြစ်တတ်တဲ့ လက္ခဏာရောဂါများခံစားနေရတဲ့ လူနာများအတွက် ရွေးချယ်မှုတစ်ခုပါ ။ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေက တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  •  အဖုအပိမ့်ထခြင်း
  • ပုံမှန်မဟုတ်သောသွေးစစ်ချက်အဖြေများ
  • အော့အန်ခြင်း
  • မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း
  • မျက်လုံးနှင့်အရေပြားအဝါရောင်ပြောင်းလဲခြင်း
  • ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း (သို့)ကြွက်သားအားနည်းခြင်း
  • အသက်ရှူရခက်ခြင်း
  • အာခေါင်ခြောက်ခြင်းနှင့်မျက်စိအစိုဓာတ်ခန်းခြောက်ခြင်း

Photopheresis ဆိုတာဘယ်လိုကုသမှုမျိုးလဲ?

Photopheresis ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို တုန့်ပြန်ပေးပြီး GvHD လက္ခဏာများကို ဖြစ်စေတဲ့ Lymphocyte ခေါ်သွေးဖြူဥတစ်မျိုးကို လျော့ကျအောင်ဖိနှိပ်လိုက်ခြင်းအားဖြင့် ကုသတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Photopheresis ကုသမှုအဆင့်ဆင့်

အရင်ဆုံး သွေးဖြူဥ သွေးနီဥခွဲထုတ်ပေးတဲ့ စက်ကိရိယာတစ်မျိုးအသုံးပြုပြီး လူနာရဲ့ သွေးတွေကိုဖောက်ထုတ် ရပါမယ်။ ဒါဟာ သွေးဖြူဥတွေရဲ့ အကျိုးသက်ရောက်မှုကို လျော့ပါးစေပြီး လူနာရဲ့ ရိုးတွင်းခြင်ဆီသစ်ကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ Photopheresis ကုသ မှု လုပ် ဆောင်နေစဉ်အတွင်း ခရမ်းလွန်ရောင်ခြည်အလင်း (Ultraviolet Light) နဲ့ မထိတွေ့ခင် သွေးဖြူဥတွေကို ဆေးအရည် တွေနဲ့ ရောလိုက်ပါတယ်။ သေချာတာက ဒီကုသမှုအဆင့်မှာပဲ ရောဂါဖြစ်နေတဲ့ တစ်နည်းအားဖြင့် မကျန်းမာတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်တာပါ။ အဲဒီနောက် သွေးတွေ ကို လူနာရဲ့ခန္ဓာကိုယ်ထဲကို သွေးပြန်ကြောမှတစ်ဆင့် ပြန်လည်ထည့်သွင်းလိုက်ပါတယ်။

Photopheresis နည်းပညာနဲ့ ကုသမှုဟာ အချိန် (၃) နာရီကနေ (၄) နာရီလောက်ထိ ကြာမြင့်ပါတယ်။ လူနာအများစုအတွက် Photopheresis နည်းပညာနဲ့ အကြိမ်ကြိမ်ကုသမှုလိုအပ်ပြီး စုစုပေါင်း ရက်သတ္တပတ် (၆) ပတ်က နေ (၁၂) ပတ်အထိ ကြာမြင့်တတ်ပါတယ်။ လူနာရဲ့ ရောဂါ လက္ခဏာအပေါ်မူတည်ပြီး ကုသမှု အကြိမ်အရေအတွက်အတိအကျကို သက်ဆိုင်ရာ ဆရာဝန်ကြီးက ဆုံးဖြတ်ပေးပါတယ်။

Photopheresis ရဲ့ဘေးထွက်ဆိုးကျိုးများ

Photopheresis နဲ့ ကုသမှုခံယူလိုက်တဲ့ လူနာအနေနဲ့ လက်ချောင်းများ(သို့)နှုတ်ခမ်းများ စပ်ဖျဉ်းဖျဉ်း ခံစားရခြင်း ၊ ကြွက်တက်ခြင်း ၊ သတိလစ်မူး မေ့ခြင်း  စတာတွေကို နောက်ဆက်တွဲခံစားရနိုင်ပါတယ်။ ဒီထက် ပိုဆိုးလာပြီဆိုရင် သွေးပေါင်ချိန်ကျခြင်း နဲ့ အပြင်းအထန်ဖျားနာခြင်းတွေ ဖြစ်လာ နိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြလာပြီဆိုရင် ဆရာဝန်ကို ချက်ချင်း အသိပေးသင့်ပါတယ်။ ဒီ လက္ခဏာ တွေ သက်သာလာဖို့ ဆရာဝန်က သောက်ဆေး ပေးပါလိမ့်မယ်။

Photopheresis ကုသမှုပြီးနောက်ဘယ်လိုကာကွယ်မှုတွေလုပ်ရမလဲ?

Photopheresis နည်းပညာနဲ့ ကုသမှုခံယူခဲ့သူအနေနဲ့ အဓိက သထိထားဖို့က နေရာင်ခြည်ထိတွေ့မှုကို ရှောင်ရှားဖို့ပါ။ ဒါ့အပြင် အပြင်ထွက်တဲ့အခါ နေပူခံလိမ်းဆေး လိမ်းဖို့နဲ့ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ် ပေးတဲ့နေကာမျက်မှန်တပ်ပြီးမှ ထွက်ဖို့လည်းအကြံပေးပါရစေ။

ဆစ်မီတဝေ့ဆေးရုံမှာရရှိနိုင်တဲ့Photopheresis နည်းပညာ

ဆစ်မီတဝေ့ကလေးဆေးရုံဟာ အာရှပစိဖိတ်ဒေသတွင်းမှာ Photopheresis စက်ကိရိယာအသုံးပြုပြီး အလေးချိန်(၁၀) ကီလို ဂရမ် နဲ့ အောက် က လေးများ နဲ့ အသက်(၂)နှစ်နှင့်အောက်ကလေးများကို ကုသမှုပေးနိုင် တဲ့ တစ်ခုတည်းသောဆေးရုံဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံကြီးရဲ့ ရိုးတွင်း ခြင်ဆီအစားထိုးကုသမှုအစီအစဉ်(The Bone Marrow Transplant Program) မှာဆိုရင်လည်း Photopheresis နည်းပညာနဲ့ပတ်သက်လို့ သေ ချာစွာလေ့ကျင့်သင်ယူထားတဲ့ ကျွမ်းကျင် ဆရာဝန်ကြီးများ ၊ သူနာပြုများနဲ့ လက်ထောက်ကျန်းမာရေး ဝန်ထမ်းများပါဝင်ဖွဲ့စည်းထားတာ ဖြစ် ပါ တယ်။ ဒါ့အပြင် Positive pressure ဖြစ်စေဖို့ HEPA filters ( သေးငယ်သော အမှုန်များစစ်ထုတ် ပေးသောဇကာ) ပါရှိတဲ့ သီးသန့်အခန်းများ ၊ ရိုးတွင်းခြင်ဆီထုတ်ယူနိုင် အောင်စီမံထားတဲ့ ခွဲစိတ်ခန်းများ အပြင် ကလေးလူကြီးမရွေးပြသနိုင်တဲ့ အရည်အသွေးမြင့် ပြင်ပလူနာဆေးခန်း လည်း စီစဉ်ထားရှိပေးပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ ရိုးတွင်းခြင်ဆီကုသမှု နဲ့ ကုသပြီးနောက်ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်ပြီး ပိုမိုသိရှိရန် ကျွန်ုပ်တို့၏စင်တာ ဖေ့ရှ်ကို ဒီကနေဝင်ရောက်လိုက်ပါ။

ဆေးဘက်ဆိုင်ရာ စုံစမ်းမေးမြန်းရန်

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
Leave a medical inquiry*
Leave a medical inquiry*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။