နှလုံးခုန်စည်းချက် မမှန်ခြင်း(AFib) - လက္ခဏာများ၊ အကြောင်းအရင်းများ နဲ့ ကုသနည်းများ

နှလုံးခုန်စည်းချက် မမှန်ခြင်း(AFib) - လက္ခဏာများ၊ အကြောင်းအရင်းများ နဲ့ ကုသနည်းများ

အနှစ်ချုပ်

  • နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ဟာ နှလုံးခုန်နှုန်းမမှန်သော ရောဂါအမျိုးအစားများထဲတွင် အဖြစ်အများဆုံးဖြစ်ပါတယ်။ နှလုံးရဲ့ လျှပ်စစ်အချက်ပြမှုများ ရှုပ်ထွေးသွားသောအခါ နှလုံးရဲ့ အပေါ်ခန်းများဟာ ပုံမှန် မခုန်တော့ဘဲ သွေးများကို ထိထိရောက်ရောက် မညှစ်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။
  • နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ဟာ အသက်ရှူမဝခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း သို့မဟုတ် နှလုံးတုန်ခြင်း စသော သိသာထင်ရှားတဲ့ လက္ခဏာများ ပြတတ်ပါတယ်။ သို့သော် လူအများစုတွင် လက္ခဏာများ မပြတတ်သောကြောင့် စောစောစီးစီး စစ်ဆေးသိရှိရန် အလွန်အရေးကြီးပါတယ်။
  • နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ကို ကုသမှုမခံယူပါက လေဖြတ်ခြင်း နဲ့ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းစတဲ့ ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ AFib ဖြစ်နိုင်ခြေဟာ အသက်ကြီးလာတာနဲ့အမျှ များလာပါတယ်။ အန္တရာယ်ရှိသော အကြောင်းအရင်းလက္ခဏာများ မရှိသူများတွင်ပင် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ရောဂါရှိသူများဟာ လှေကားတတ်ခြင်း သို့မဟုတ် ပေါ့ပေါ့ပါးပါး ပြေးခြင်းကဲ့သို့ နေ့စဉ်လုပ်ငန်းဆောင်တာများတွင်တောင် မထင်မှတ်ဘဲ ခက်ခဲလာနိုင်ပါတယ်။ တချို့လူများတွင် သတိပေးလက္ခဏာများကို ရှင်းရှင်းလင်းလင်း သတိထားမိကြပေမဲ့၊ လူအများစုတွင် ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မဖြစ်ခင်အထိ AFib ရှိကြောင်း သတိမထားမိကြပါ။ ဒါကြောင့် သင့်နှလုံးကို ကာကွယ်ပြီး ကျန်းမာတက်ကြွသော ဘဝကို ထိန်းသိမ်းနိုင်ရန် စောစောစီးစီး သိရှိခြင်းနဲ့ အချိန်မီ ကုသမှုခံယူခြင်းဟာ အလွန်အရေးကြီးပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ဆိုတာ ဘာလဲ?

နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ဟာ နှလုံးခုန်နှုန်းမမှန်သော ရောဂါအမျိုးအစားများထဲတွင် အဖြစ်အများဆုံးဖြစ်ပါတယ်။ ဒါဟာ နှလုံးရဲ့ အပေါ်ခန်းထဲမှ လျှပ်စစ်အချက်ပြမှုစနစ်များ ချွတ်ယွင်းမှုဖြစ်ပြီး ရှုပ်ထွေးသွားခြင်းကြောင့် နှလုံးအပေါ်ခန်းများဟာ စည်းချက်မညီဘဲ တုန်ခါသွားပြီး နှလုံးဟာ သွေးများကို ထိထိရောက်ရောက် ညှစ်ထုတ်ပေးနိုင်စွမ်း မရှိတော့ပါ။

Fib ဟာ အစပိုင်းတွင် ဘာမှမဖြစ်သကဲ့သို့ သတိမထားမိကြပေမယ့် မကုသဘဲထားပါက ဆိုးရွားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွါးလာနိုင်ပါတယ်။

အချို့သောအချက်များဟာ နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ ၎င်းထဲတွင် အသက်ကြီးလာခြင်း၊ မျိုးရိုးလိုက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ နဲ့ အခြားသော နှလုံးရောဂါများ စတာတွေ ပါဝင်ပါတယ်။ သို့သော် ဤကဲ့သို့ အန္တရာယ်ရှိသော အကြောင်းအရင်းလက္ခဏာများ မရှိသူများတောင် AFib ဖြစ်နိုင်ပါတယ်။ ဘယ်သူ့ကိုမဆို သက်ရောက်နိုင်ပြီး၊ အသက်ကြီးလာတာနဲ့အမျှ AFib ဖြစ်နိုင်ခြေ ပိုတိုးလာပါတယ်။

သွေးစီးဆင်းမှုအပေါ် သက်ရောက်မှုနဲ့ ဖြစ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများ

ပုံမှန်အားဖြင့်၊ နှလုံးဟာ သွေးများကို ညှစ်ထုတ်ပေးခြင်းဖြင့် ဦးနှောက်၊ ကြွက်သားများနဲ့ တခြား ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါများကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ပို့ဆောင်ပေး ပါတယ်။ သို့သော် နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ဖြစ်သောအခါတွင် ပုံမမှန်သော လျှပ်စစ်အချက်ပြမှုများဟာ နှလုံးမှသွေးများကို ထိရောက်စွာ ညှစ်ထုတ်ဖို့ ဟန့်တား လိုက်ပါတယ်။ ဒါ့ကြောင့် အောက်ဆီဂျင် ကြွယ်ဝတဲ့သွေးတွေ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းမှု နည်းပါး သွားခြင်းဖြစ်ပါတယ်။

ကုသမှုမခံယူပါက ဖြစ်ပေါ်လာနိုင်တဲ့ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ

  • လေဖြတ်ခြင်း - ပုံမှန်မဟုတ်သော သွေးစီးဆင်းမှုကြောင့် နှလုံးထဲတွင် သွေးခဲများ ဖြစ်ပေါ် လာနိုင်ပါတယ်။ ဤသွေးခဲများဟာ ဦးနှောက်သို့ ရောက်သွားသောအခါ လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။
  • နှလုံးအားနည်းခြင်း - နှလုံးဟာ စည်းချက်မမှန်ဘဲ အဆက်မပြတ် ခုန်နေရသောကြောင့် နှလုံးကြွက်သားများ အားနည်းလာကာ သွေးကို ထိရောက်စွာ ညှစ်ထုတ်နိုင်စွမ်း လျော့ကျ သွားပါတယ်။
  • လူနေမှုဘဝ အရည်အသွေး ကျဆင်းခြင်း - AFib ကြောင့် မကြာခဏ မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်းနဲ့ သက်လုံကျဆင်းခြင်း တို့ ဖြစ်တတ်ပါတယ်။ ဤအခြေအနေများဟာ ပုံမှန်နေ့စဉ်လှုပ်ရှားမှုများနဲ့ တက်ကြွသော ဘဝနေထိုင်မှုပုံစံကို ကန့်သတ်လိုက်ပါတယ်။

လက္ခဏာများနဲ့ ဆေးကုသမှု ခံယူသင့်သော အချိန်

နှလုံးခုန်စည်းချက်မမှန်ခြင်း (AFib) ရဲ့အဖြစ်များတဲ့ လက္ခဏာများမှာ

  • အသက်ရှူမဝခြင်း
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မအီမသာ ခံစားရခြင်း
  • မောပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားအင်မရှိခြင်း
  • မူးဝေခြင်း သို့မဟုတ် မူးမေ့ခြင်း
  • ရင်တုန်ခြင်း (နှလုံးဟာ လှုပ်ရွနေသလို၊ တဒိတ်ဒိတ် ခုန်နေသလို၊ သို့မဟုတ် စည်းချက်မမှန်ဘဲ ခုန်နေသလို ခံစားရခြင်း)

AFib ရှိသူ တစ်ချို့တွင် ဘာလက္ခဏာမှ မပြခြင်းမျိုးလည်း ရှိနိုင်ကြောင်း မှတ်ထားရန် အရေးကြီးပါတယ်။

AFib ဟာ တစ်ခါတစ်ရံတွင် မိနစ်ပိုင်းမှ နာရီပိုင်းအထိသာ ခံစားရပြီး သူ့အလိုလို ရပ်သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အချိန်ကြာလာတာနဲ့အမျှ ဤကဲ့သို့ ခံစားရသော အကြိမ်ရေဟာ ပိုစိပ်လာပြီး ပို၍ ကြာရှည်လာနိုင်ပါတယ်။ လက္ခဏာများ ပိုဆိုးလာတာ သို့မဟုတ် အမြဲတမ်းလိုလို ခံစားနေရပါက ဆေးကုသမှုခံယူရန် အရေးကြီးပါတယ်။ စောစော ရောဂါရှာဖွေပြီး ကုသမှုခံယူခြင်းဟာ လေဖြတ်ခြင်း သို့မဟုတ် နှလုံးအားနည်းခြင်းကဲ့သို့ ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ၊ နှလုံးစင်တာတွင် ပြည့်စုံသော နှလုံးစောင့်ရှောက်မှု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံ၊  နှလုံးစင်တာ  တွင် ပြည့်စုံသော နှလုံးစောင့်ရှောက်မှုများ ပေးနေပါတယ်။ အစောပိုင်း ရှာဖွေတွေ့ရှိခြင်းမှ အဆင့်မြင့် ကုသမှုအထိ၊ လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကုသမှုများကို စီစဉ်ပေးနေပါတယ်။

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများ

  • ပုံမှန် စစ်ဆေးခြင်း - နှလုံးရောဂါ လက္ခဏာများ မပေါ်သေးခင်ကတည်းက စောစောစီးစီး စစ်ဆေးတွေ့ရှိနိုင်ရန် ပုံမှန် စစ်ဆေးမှုများ ပြုလုပ်ပေးပါတယ်။
    • နှလုံးလျှပ်စစ်ဓါတ်စီးကြောင်းတိုင်းတာခြင်း (ECG or EKG) - နှလုံးခုန်စည်းချက်ကို မှတ်တမ်းတင်ပြီး AFib ကဲ့သို့ စည်းချက်မမှန်ခြင်းများကို စစ်ဆေးသော ရိုးရှင်းတဲ့ စမ်းသပ်မှု။
    • ပြေးစက်ပေါ်တွင် နှလုံးစွမ်းဆောင်ရည် စမ်းသပ်ခြင်း (EST) - ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေချိန်တွင် နှလုံးရဲ့ လျှပ်စစ်လှုပ်ရှားမှုကို စောင့်ကြည့်ပြီး မောပန်းခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် စည်းချက်မမှန်ခြင်း စတဲ့ ပြဿနာများကို ဖော်ထုတ်ပေးနိုင်ပါတယ်။
    • နှလုံးအာထရာဆောင်းရိုက်ခြင်း/နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း (Echo) - အသံလှိုင်းများကို အသုံးပြုပြီး နှလုံးပုံရိပ်များ ဖန်တီးကာ နှလုံးကြွက်သားရဲ့ လုပ်ငန်းဆောင်တာနဲ့ ပုံမှန်မဟုတ်သော ဖွဲ့စည်းပုံများကို ဆန်းစစ်ပါတယ်။
  • အထူးကုဆရာဝန်ကြီးများဖြင့် ကုသစောင့်ရှောက်မှု - ကျွန်တော်တို့ရဲ့ အတွေ့အကြုံရှိ နှလုံးအထူးကု ဆရာဝန်များဟာ အကောင်းဆုံး ရလဒ်များ ရရှိစေဖို့အတွက် လူတစ်ဦးချင်းစီနဲ့ ကိုက်ညီသော စောင့်ရှောက်မှု အစီအစဉ်များ လုပ်ဆောင်ပေးပါတယ်။
  • သင့်လျော်သော ကုသနည်းများ - ကျွန်တော်တို့ရဲ့ အထူးကုဆရာဝန်များဟာ ဘေးအန္တရာယ် အကင်းဆုံးနဲ့ အသင့်လျော်ဆုံး စောင့်ရှောက်မှုများ ပေးနိုင်ရန် အမြဲ အာရုံစိုက်ပါတယ်။
    • ဆေးဝါးကုသမှုများ - နှလုံးခုန်စည်းချက် မမှန်ခြင်းကို ထိန်းချုပ်ရန်နဲ့ သွေးခဲခြင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချရန် ဆေးညွှန်းများ ပေးခြင်း
    • Electrical Cardioversion - နှလုံးခုန်စည်းချက်ကို ပုံမှန်ပြန်ဖြစ်စေရန်အတွက် စွမ်းအင်နည်းသော လျှပ်စစ်ရှော့ခ် ပေးခြင်း
    • Catheter Ablation: နှလုံးခုန်နှုန်းကို မမှန်အောင် ပြုလုပ်နေသော ပုံမှန်မဟုတ်သော နှလုံးတစ်ရှူး အနည်းငယ်ကို ရှည်လျားပြီးပါးလွှာသော ပြွန်ကိုအသုံးပြု၍ ပြုပြင်ဖယ်ရှားပေးသော ခန္ဓကိုယ်ကို ထိုးဖောက်ခွဲစိတ်မှုအနည်းဆုံးကုသနည်း
    • အခြားသော ကုသနည်းများ - လူနာတစ်ဦးချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး အသင့်တော်ဆုံး ကုသမှုများကို နှလုံးအထူးကုများမှ အကြံပြုပါတယ်။
  • လူနေမှုပုံစံနဲ့ ကာကွယ်ရေး အစီအစဉ်များ - ရေရှည် နှလုံးကျန်းမာရေးကို အထောက်အကူပြုရန် အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ လမ်းညွှန်မှုများ ပေးပါတယ်။

Get Professional Help Today

Send an inquiry or appointment for Atrial Fibrillation (AFib) treatment.

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်