လိပ်ခေါင်း (Hemorrhoids) ဆိုတာဟာ စအို သွေးထွက်ခြင်းကြောင့် အဖြစ်များ ပါတယ်။ လိပ်ခေါင်းဖြစ်စေတဲ့ အကြောင်းအရင်းများကတော့ အိမ်သာထဲမှာအချိန် ကြာရှည်စွာထိုင်ခြင်း၊ ဝမ်းသွားရာတွင်အားစိုက်ထုတ်ခြင်း၊ ကိုယ်ကာယလှုပ်ရှား ချိန်မှာအားစိုက်ထုတ်ခြင်း၊ လေးလံတဲ့အရာဝတ္ထုများကို မ ခြင်း၊ အဝလွန်ခြင်း၊ အမျှင်ဓာတ်စားသုံးမှုနည်းခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း စတာတွေဖြစ်ပါတယ်။
Piles လို့လည်း နောက်တစ်မျိုးခေါ်သေးတဲ့ လိပ်ခေါင်းဟာ စအိုအတွင်း (သို့) စအိုတစ်ဝိုက်မှာ ရှိတဲ့ သွေးကြောများ ရောင်ရမ်းဖောင်းကားလာရာမှတစ်ဆင့် ဖြစ်ပေါ်ပါတယ်။ လိပ်ခေါင်းဟာ အစုလိုက်ပုံစံ ဖြစ်တတ်သလို မတူညီတဲ့နေရာများ မှာ သီးသန့် ကွက်ပြီးလည်း ဖြစ်တတ်ပါတယ်။
၁။ အတွင်းလိပ်ခေါင်း(Internal Hemorrhoids) - စအိုအတွင်းမှာရှိတဲ့ သွေးကြောများ ရောင်ရမ်းခြင်းကြောင့်ဖြစ်ပြီး အပြင်ဘက်ကနေ မမြင်နိုင်ပါဘူး။ အူမကြီးမှန်ပြောင်းကြည့်ခြင်း(Colonoscopy) နဲ့ ရှာဖွေဖို့လိုပါတယ်။ အတွင်းလိ်ပ်ခေါင်းကို အရွယ်အစား အသေးဆုံးကနေ အကြီးဆုံးအထိ အဆင့်(၄)ဆင့် ခွဲခြားသတ်မှတ်နိုင်ပါတယ်။
၂။ အပြင်လိပ်ခေါင်း(External Hemorrhoids) - ဒီလိပ်ခေါင်းအမျိုးအစားဟာ စအိုအပြင်ဘက်မှာဖြစ်ပေါ်တတ်ပြီး အဲဒီနေရာမှာရှိတဲ့ သွေးကြောများ ရောင်ရမ်းမှုကြောင့် ဖြစ်ရတာပါ။ ဒီလိပ်ခေါင်းကတော့ လက်နဲ့စမ်းနိုင်သလို မြင်သာထင်သာလည်းရှိပြီး ရောင်လာတဲ့အချိန်မှာ ပိုပြီး နာကျင်ပါတယ်။
လူနာတွေအနေနဲ့ အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းကို တစ်ချိန်တည်းမှာ ပြိုင်တူခံစားရလေ့ရှိပါတယ်။
လူနာများအနေနဲ့ ကိုယ့်ရောဂါအခြေအနေအပေါ်မူတည်ကာ အသင့်လျော်ဆုံး ကုသမှုနည်းလမ်းတွေကို Samitivej Virtual Hospital ကနေတစ်ဆင့် အထူးကုဆရာဝန်များနဲ့တိုင်ပင်ရှာဖွေနိုင်ပါတယ်။ ရက်ချိန်းယူရန် ဒီနေရာမှာ နှိပ်ပါ။
ညိုရင့်ရင့်ဝမ်း(မစင်)ထဲမှာ အဖြူရောင်အချွဲများပါလာခြင်း။
ဖော်ပြခဲ့တဲ့လက္ခဏာများဟာ ပြန်မကောင်းလာဘဲ ပိုမိုဆိုးရွားလာမယ်ဆိုရင် စောနိုင်သမျှအစောဆုံး ရောဂါရှာဖွေပြီး ဆရာဝန်နဲ့ပြသဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လိပ်ခေါင်းရောဂါရဲ့လက္ခဏာများနဲ့ အဖုအကျိတ်များဟာ အူမကြီးကင်ဆာနဲ့ ဆက်စပ်နေလို့ပဲဖြစ်ပါတယ်။ မူမမှန်တဲ့လက္ခဏာတစ်ခုကို စောစောစီးစီးသိလေ ပိုမိုအောင်မြင်တဲ့ ကုသမှုအခွင့်အရေးကို ပေးစွမ်းလေ ဖြစ်ပါတယ်။
ဆွေးနွေးတိုင်ပင်မှုအတွက် တိုက်ရိုက်ပြောဆိုလို့ရပါတယ်။ ဒါမှမဟုတ် Samitivej Virtual Hospital မှ တစ်ဆင့် ကျွန်တော်တို့ရဲ့ အထူးကု ဆရာဝန် များနဲ့ အွန်လိုင်းရက်ချိန်းရယူနိုင်ပါတယ်။ ဒီနေရာကိုကလစ်နှိပ်ပါ…
အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန် (သို့) အူမကြီးအထူးကုဆရာဝန် တစ်ယောက်က လိပ်ခေါင်းရောဂါကို ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်နဲ့အူလမ်းကြောင်းအထူးကုဆရာဝန်ဟာ ခွဲစိတ်မှုမပါတဲ့ ကုသမှုများကို သာလျှင် လုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်။ တကယ်လို့ ခွဲစိတ်ဖို့လိုတဲ့ လိပ်ခေါင်း အခြေအနေဆိုရင် အူမကြီးခွဲစိတ်ဆရာဝန်(သို့) အထွေထွေခွဲစိတ် ဆရာဝန်မှ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံမှာ လိပ်ခေါင်းရောဂါကုသပေးသူများဟာ အရည်အသွေး ပြည့်ဝပြီး ကျွမ်းကျင်မှုမြင့်မားတဲ့ ဆရာဝန် များနဲ့ ခွဲစိတ်ဆရာဝန်များဖြစ်ပါတယ်။ ၎င်းဆရာဝန်များဟာ နှစ်ပေါင်း(၂၀) ကျော်အတွေ့အကြုံများနဲ့အတူ နောက်ဆုံး ပေါ်သုတေသနများ၊ လေ့ကျင့်မှုများနဲ့ မျက်ချည်မပြတ်ဘဲ ခေတ်မီပြီး ကမ္ဘာ့အသိအမှတ်ပြု အခံရဆုံး ကုသမှုများကို လုပ်ဆောင်နိုင်သူများဖြစ်ပါတယ်။
သာမန်အားဖြင့် ဆရာဝန်တစ်ယောက် အပြင်လိပ်ခေါင်းကို ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် အတွင်းလိပ်ခေါင်းဆိုရင်တော့ ပုံမှန်မဟုတ်တာတွေဖြစ်လာနိုင်တာ ကြောင့် စအိုလမ်းကြောင်း နဲ့ စအို စစ်ဆေးမှု လိုအပ်ကောင်း လိုအပ်မှာ ဖြစ်ပါတယ်။ တိကျတဲ့ရောဂါရှာဖွေမှုနဲ့ ကုသမှုကိုလိုချင်တယ် (သို့) လူနာရဲ့ လက္ခဏာအပေါ်မူတည်ပြီး ဆရာဝန်က တခြားရောဂါတွေကို သံသယဖြစ်တယ် ဆိုရင် အူလမ်းကြောင်း တစ်လျှောက်လုံးကို ပြီးပြည့်စုံစွာမြင်တွေ့နိုင်တဲ့ အူမကြီး မှန်ပြောင်းကြည့်ခြင်းကို လုပ်ဆောင်မှာဖြစ်ပါတယ်။
ရောဂါရှာဖွေမှုပြီးတဲ့နောက်မှာ အထိရောက်ဆုံးနဲ့ အန္တရာယ်မရှိတဲ့ ကုသမှု နည်းလမ်းကို ဆရာဝန်က အကြံပြုပေးမှာဖြစ်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း ရှင်းပြပေးမှာဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ လာရောက်ကုသတဲ့ လူနာတွေကို အကောင်းဆုံးသော ကုသမှုတွေ ပေးစွမ်း နိုင်ဖို့အတွက် နောက်ဆုံးပေါ်ခွဲစိတ်ကိရိယာများ၊ သန့်ရှင်းပြီး သီးသန့် ဖြစ်တဲ့ စက်ပစ္စည်းများ၊ အထူးနည်းပညာများနဲ့ ဝန်ဆောင်ပေးလျက်ရှိပါတယ်။
လိပ်ခေါင်းရောဂါကုသမှုဟာ ဖြစ်ရပ်တစ်ခုချင်းစီအလိုက် အမျိုးအစားနဲ့ ရောဂါ အတိမ်အနက်အပေါ်မူတည်ပါတယ်။
၁။ ခွဲစိတ်မှုမလိုသည့်ကုသမှု - ဒီနည်းလမ်းဟာ လိပ်ခေါင်း အဆင့်(၁) နဲ့ အဆင့်(၂) ကုသရာမှာ အသုံးပြုပါတယ်။ ခွဲစိတ်မှုမလိုတဲ့ကုသမှုနည်းလမ်း များစွာရှိပါတယ်။
၂။ ခွဲစိတ်ကုသမှု - အတွင်းလိပ်ခေါင်း အဆင့်(၃) နဲ့ အဆင့်(၄)အတွက်ဆိုရင် ခွဲစိတ်ကုသမှုက သင့်လျော်ပါတယ်။
လူနာများအနေနဲ့ ကိုယ့်ရောဂါအခြေအနေအပေါ်မူတည်ကာ အသင့်လျော်ဆုံး ကုသမှုနည်းလမ်းတွေကို Samitivej Virtual Hospital ကနေတစ်ဆင့် အထူးကုဆရာဝန်များနဲ့တိုင်ပင်ရှာဖွေနိုင်ပါတယ်။ ဒီနေရာကိုကလစ်နှိပ်ပါ။.
Chingyiam Panjapiyakul, M.D. ဟာ Endoscopic နဲ့ Laparoscopic နည်းပညာ ခွဲစိတ်ကုသမှု တွေမှာ ကျွမ်းကျင်တဲ့ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ Dr.Pornthep ဟာ Siriraj Hospital Mahidol University ကနေ Faculty of Medicine ဘွဲ့ကို First Class Honors နဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံ Loyola University Chicago Stritch School of Medicine (SSOM) နဲ့ ဂျပန်နိုင်ငံ Kyushu University Hospital တို့မှာ အထူးပြုလေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ပြည်ပအတွေ့အကြုံ (၇)နှစ်ကျော်ရှိပြီး လူသိများတဲ့ ထိုင်းလူမျိုးခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်ကာ လိပ်ခေါင်းကုသမှုကို အထူးပြုလုပ်ဆောင်သူဖြစ်ပါတယ်။ Dr. Pornthep နဲ့ပြသဖို့ ရက်ချိန်းရယူလိုပါက ဒီနေရာမှာကလစ်နှိပ်ပါ။
Pakpong Wathanaoran, M.D. ဟာ အူကျွံခြင်းကိုကုသမှု၊ ကိရိယာအသုံးပြုခွဲစိတ်ကုသမှုနဲ့ ဝမ်းဗိုက်ခွဲစိတ်ကုသမှုတွေမှာ အတွေ့အကြုံ(၁၀)နှစ်ကျော်ရှိတဲ့ အထူးကုဆရာဝန် ကြီးတစ်ဦးဖြစ်ပါတယ်။ သူဟာ ကိရိယာသုံးခွဲစိတ်ကုသမှုပေါင်း (၁၅၀၀) ကျော်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ Dr.Pakpong ဟာ Medicine Siriraj Hospital, Mahidol University ကနေ Second Class Honors M.D နဲ့ ဘွဲ့ရရှိခဲ့ပြီး နောက်ဆုံးပေါ်ဆေးပညာလောကနဲ့ အဆက်မပြတ်ခဲ့ဘဲ Workshops ၊ Seminar တွေမှာ ပါဝင်ခြင်းအားဖြင့် သူ့အချိန်တွေကို ဆေးပညာမှာသာ မြှုပ်နှံ ထားခဲ့ပါတယ်။ Dr. Pakpong နဲ့ပြသဖို့ ရက်ချိန်းရယူလိုပါက ဒီနေရာမှာကလစ်နှိပ်ပါ။
Pornthep Prathanvanich, M.D. ဟာ Endoscopic နဲ့ Laparoscopic နည်းပညာ ခွဲစိတ်ကုသမှု တွေမှာ ကျွမ်းကျင်တဲ့ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ Dr.Pornthep ဟာ Siriraj Hospital Mahidol University ကနေ Faculty of Medicine ဘွဲ့ကို First Class Honors နဲ့ ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံ Loyola University Chicago Stritch School of Medicine (SSOM) နဲ့ ဂျပန်နိုင်ငံ Kyushu University Hospital တို့မှာ အထူးပြုလေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ပြည်ပအတွေ့အကြုံ (၇)နှစ်ကျော်ရှိပြီး လူသိများတဲ့ ထိုင်းလူမျိုးခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်ကာ လိပ်ခေါင်းကုသမှုကို အထူးပြုလုပ်ဆောင်သူဖြစ်ပါတယ်။ Dr. Pornthep နဲ့ပြသဖို့ ရက်ချိန်းရယူလိုပါက ဒီနေရာမှာကလစ်နှိပ်ပါ။
ခရီးသွားကာလကြာချိန်
တခြားနိုင်ငံကနေ ဆေးရုံကိုလာရောက်ကုသမှုခံယူသူများအနေနဲ့ ထိုင်းအစိုးရရဲ့သတ်မှတ်ချက်အတိုင်း ဆေးရုံကွာရန်တင်း (AHQ) (၁၅) ရက် ဝင်ရောက်ရမှာဖြစ်ပါတယ်။ တကယ်လို့ လိပ်ခေါင်းက အရမ်းမကြီးဘူးဆိုရင် ခွဲစိတ်ကုသမှုက ခန့်မှန်း မိနစ် (၄၀)လောက်ပဲ ကြာပြီး ဆေးရုံမှာ တစ်ညနေဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ အဲဒီနောက် ထုံးစံအတိုင်း ဆေးရုံရဲ့ အထူးကု ဆရာဝန်ကြီးမှ တစ်ပတ်အတွင်း နောက်ထပ်ပြသဖို့ ရက်ချိန်းပေးမှာဖြစ်ပါတယ်။ ဆရာဝန်ကခွင့်ပြုတယ်ဆိုရင် လူနာအနေနဲ့ ထပ်မံပြသရမယ့်ရက်ချိန်းကို Samitivej Virtual Hospital ကနေတစ်ဆင့် ဗီဒီယိုကောလ်နဲ့ ပြသနိုင်ပါတယ်။ တကယ်လို့ လိပ်ခေါင်းရောဂါကို ကုသဖို့အတွက်လာရောက်မယ်ဆိုရင် ဘန်ကောက်မှာ အနည်းဆုံး (၁၇) ရက် ( ရက်ချိန်းပြသမှုပါလျှင် (၂၄) ရက် ) နေထိုင်ဖို့ အကြံပြုချင်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံမှာ လူနာများအတွက် သက်သောင့်သက်သာနဲ့ လွယ်ကူ အဆင်ပြေစေဖို့အတွက် Digital Ward ကို ဖန်တီးထားပါတယ်။ လူနာအနေနဲ့ Ipod ကနေတစ်ဆင့် သူနာပြုများရဲ့ အကူအညီကို ရယူနိုင်ရုံမျှမက မီးနှင့် အဲကွန်း အဖွင့်အပိတ်ပြုလုပ်နိုင်ခြင်း၊ လူနာရဲ့နာမည်မှလွဲပြီး တခြားအချက် အလက်များကို ဖော်ပြထားတဲ့ မော်နီတာမျက်နှာပြင်၊ မတော်တဆ ချော်လဲခြင်း၊ ခလုတ်တိုက်မိခြင်း၊ လူနာကုတင်နဲ့ မိနစ်(၃၀) ကင်းကွာသွားရင် သူနာပြုများဆီ အချက်ပြနိုင်တဲ့ Paramount Bed System စတာတွေ ပါရှိပါတယ်။
ဘန်ကောက်ဆစ်မီတဝေ့ဆေးရုံမှာ လာရောက် ဆေးကုသမှုခံယူဖို့လိုအပ်ပါက Samitivej Virtual Hospital မှတစ်ဆင့် အသင့်တော်ဆုံးဆေးကုသမှုနည်းလမ်း၊ ဘန်ကောက်တွင်နေထိုင်ရေး ရက်ပေါင်း ကြာချိန်များကို အထူးကုဆရာဝန်များနှင့် အွန်လိုင်းဆွေးနွေးနိုင်ပါတယ်။ ရက်ချိန်းကို ဒီနေရာမှာနှိပ်ပြီး ရယူလို့ရပါတယ်။
လာရောက်ကုသတဲ့လူနာနဲ့ ကုသပေးမယ့် ဆရာဝန်များအကြား နားလည် သဘောပေါက်အောင် ပြောဆိုဆက်ဆံနိုင်ဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ဆစ်မီတဝေ့ဆေးရုံမှာ ဂျပန်၊ ကိုးရီးယား၊ မြန်မာ၊ တရုတ်၊ အာရပ်၊ အင်ဒိုနီးရှား အပါအဝင် ဘာသာစကားပေါင်းများစွာကို ကောင်းမွန်စွာဘာသာပြန်ပေးနိုင်တဲ့ ဘာသာပြန် များကိုလည်း စီစဉ်ထားရှိပါတယ်။
အထူးကုဆရာဝန်ကြီးများနဲ့ အွန်လိုင်းဆွေးနွေးရန် မေးမြန်းလိုပါက ဒီနေရာမှာ ကလစ်နှိပ်ပါ။
ဆစ်မီတဝေ့ဆေးရုံဟာ ရောဂါရှာဖွေမှုနဲ့ စစ်ဆေးမှုကို အဓိကထားတာကြောင့် ကုသမှုထက် ကာကွယ်မှုကို အလေးပေးပါတယ်။ တကယ်လို့ ကုသမှုလိုအပ် တယ်ဆိုရင် ဆေးရုံဘက်က အထိရောက်ဆုံး ကုသမှုပေးစွမ်း နိုင်တယ်ဆိုတာကို လူနာတွေအနေနဲ့ ယုံကြည်ကြပါတယ်။
ဆစ်မီတဝေ့ဆေးရုံဟာ ၂၀၂ဝခုနှစ်အတွင်းမှာ အရည်အသွေးမြင့် ဆုတံဆိပ် (၄) ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

လူနာများအနေနဲ့ ကိုယ့်ရောဂါအခြေအနေအပေါ်မူတည်ကာ အသင့်လျော်ဆုံး ကုသမှုနည်းလမ်းတွေကို Samitivej Virtual Hospital ကနေတစ်ဆင့် အထူးကုဆရာဝန်များနဲ့တိုင်ပင်ရှာဖွေနိုင်ပါတယ်။ ပိုမိုသိရှိလိုလျှင် (သို့) ရက်ချိန်း ရယူရန် ဒီနေရာကိုကလစ်နှိပ်ပါ။
စုံစမ်းမေးမြန်းရန် (သို့) ရက်ချိန်းယူရန်
*ထည့်သွင်းရန်လိုအပ်သည်။