
ဆရီနာခရင် မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဗဟိုဌာနကို ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ သေသေချာချာလေ့ကျင့်ပျိုးထောင်ထားတဲ့ ကျွမ်းကျင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ရှိရုံသာမက ပိုးဝင်ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး သန့်စင်သောလေကို ကို ပေးနိုင်တဲ့ လေဖိအားမြင့်အခန်း (Positive Pressure Room) ကဲ့သို့သော နိုင်ငံတကာစံချိန်စံညွှန်းမီ ခေတ်မီ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများနှင့် အထောက်အကူပြု အဆောက်အအုံများကိုလည်း စုံလင်စွာ ဖြည့်ဆည်းပေးထားပါတယ်။ အပြင်းစားဓာတုဆေးသွင်းကုသမှု ခံယူနေရတဲ့ လူနာတွေ အပါအဝင် ကိုယ်ခံအားကျဆင်းနေသူများနှင့် ပိုးဝင်ကူးစက်နိုင်ခြေ မြင့်မားတဲ့ လူနာတွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးသန့်အခန်းတွေကိုလည်း အလုံအလောက် စီစဉ်ပေးထားပါတယ်။
ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ဆိုတာကတော့ လူနာရဲ့ ရိုးတွင်းခြင်ဆီအတွင်းရှိ ပုံမှန်မဟုတ်သော ပင်မဆဲလ်များကို ကျန်းမာသန်စွမ်းတဲ့ Stem Cell တွေနှင့် အစားထိုးကုသပေးတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အစားထိုးလိုက်တဲ့ Stem Cell တွေဟာ လူနာရဲ့ ရိုးတွင်းခြင်ဆီအတွင်း ဆက်လက် ရှင်သန် ကြီးထွားလာပြီး သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား နှင့် အခြားပုံမှန် တစ်သျှူးများအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းပေးပါတယ်။ ဒီကုထုံးဟာဆိုရင် ရုတ်တရက်ဖြစ်ပွားတဲ့ ပြင်းထန်သွေးကင်ဆာနှင့် နာတာရှည် သွေးကင်ဆာ၊ ရိုးတွင်းခြင်ဆီ ပျက်စီးပြီး သွေးအားနည်းတဲ့ရောဂါ၊ ပြန်ရည်ကျိတ် ကင်ဆာအချို့နှင့် ထိုင်းလူမျိုးတွေမှာ အဖြစ်များလေ့ရှိတဲ့ သာလာဆီးမီးယားသွေးအားနည်းရောဂါကဲ့သို့သော မျိုးရိုးဗီဇ ဆိုင်ရာ သွေးရောဂါ ဝေဒနာရှင်တွေကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ နည်းလမ်း ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
အခြားသူထံမှ ရိုးတွင်းခြင်ဆီ/ပင်မဆဲလ် ရယူ၍ အစားထိုးကုသခြင်း (Allogeneic Transplant) – ဒီကုထုံးမှာဆိုရင် အသုံးပြုမယ့် Stem Cell တွေကို များသောအားဖြင့် မျိုးရိုးဗီဇချင်း တူညီတဲ့ မိသားစုဝင်တစ်ဦး (အထူးသဖြင့် မွေးချင်း မောင်နှမ) ဆီက လှူဒါန်းမှု ရယူလေ့ရှိပါတယ်။ HLA Matching ဆိုတဲ့ မျိုးရိုးဗီဇ တိုက်ဆိုင်စစ်ဆေးမှုကို သွေးနမူနာများ ရယူပြီး စစ်ဆေးပါတယ်။ အခြားသူထံမှ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုအတွက် Stem Cell လှူဒါန်းနိုင်မယ် အခြားအလှူရှင် အမျိုးအစား တွေလည်း ရှိပါသေးတယ်။
ကင်ဆာဝေဒနာရှင်များအတွက် ခေတ်မီဆန်းသစ်သော ကုသမှုနည်းလမ်းများ
"ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူပြီးနောက် (၁) နှစ်တာအတွင်း အသက်ရှင်သန်နိုင်မှုနှုန်း 92% ရှိပါတယ်။"
မျိုးရိုးဗီဇ တစ်ဝက်တူရိုးတွင်းခြင်ဆီ အစားထိုးကုသမှု (Haploidentical Bone Marrow Transplantation) - မိသားစုဝင်များရဲ့ Stem Cell တွေကို အသုံးပြုပြီး ကင်ဆာဝေဒနာရှင်တွေကို ကုသပေးနိုင်တဲ့ ခေတ်မီဆန်းသစ်တဲ့ကုထုံးတစ်ခု ဖြစ်ပါတယ်။ ကျန်းမာသန်စွမ်း ပြီး လူနာနှင့် တိုက်ရိုက်တော်စပ်တဲ့ ဆွေမျိုးအရင်းအချာတွေ ဖြစ်ကြတဲ့ — မိဘ၊ မွေးချင်းမောင်နှမ သို့မဟုတ် သားသမီးများက အလှူရှင်အဖြစ် လှူဒါန်းနိုင်ပါတယ်။ ပိုမိုလေ့လာလိုပါက
အလင်းပေးစနစ်ဖြင့် သွေးဆဲလ်ကုထုံး (Photopheresis) - ဒါကတော့ အစားထိုးပစ္စည်းများရဲ့ ကိုယ်ခံအား ဆဲလ်တွေက လက်ခံသူရဲ့ ဆဲလ်နှင့် တစ်ရှူးများကို တိုက်ခိုက်တဲ့ရောဂါ (GvHD) ကို ကာကွယ်ဖို့ နှင့် ကုသဖို့အတွက် ခေတ်မီဆန်းသစ်တဲ့ကုထုံးတစ်ခု ဖြစ်ပါတယ်။
အလင်းပေးစနစ်ဖြင့် သွေးဆဲလ်ကုထုံး (Photopheresis) ဟာ ခန္ဓာကိုယ်အတွင်းသို့ ခွဲစိတ်ကုသရန်မလိုဘဲ နာကျင်မှုလည်းမရှိတဲ့ ကုသမှုလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အစားထိုးဆဲလ်များက လက်ခံသူရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါ (GvHD) ဖြစ်ပွားလာခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ကို တိုက်ဖျက်နိုင်ရန် အတွက် ခန္ဓာကိုယ် ကိုယ်ခံအားတုံ့ပြန်မှုကို လှုံ့ဆော်ပေးပါတယ်။ ကျွန်တော်တို့ ဆေးရုံမှာဆိုရင် ဒီကုထုံးနှင့် ကုသမှုခံယူခဲ့ကြတဲ့ လူနာတွေထဲမှာ အငယ်ဆုံးကလေးက အသက် (၂) နှစ်သာ ရှိသေးပြီး ကိုယ်အလေးချိန် အနည်းဆုံး (၁၀) ကီလိုဂရမ်သာ ရှိတဲ့ ကလေးငယ်များပင် ပါဝင်ပါတယ်။ ပိုမိုလေ့လာလိုပါက