အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ရောဂါ ( Irritable bowel syndrome – IBS) ဟာအူမကြီးရဲ့လုပ် ဆောင်ချက်တွေကို ထိခိုက်စေတဲ့ မူမမှန်မှုအခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီရောဂါဟာအမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။
အူမကြီးဟာ IBS နဲ့ ပုံစံတူ လက္ခဏာတွေပြတဲ့ အခြေအနေတွေ ဖြစ်ပွားနိုင်တာကြောင့် လက္ခဏာတွေ ကိုထိထိရောက်ရောက်ခွဲခြားနိုင်ဖို့၊ အူမကြီးကင်ဆာ သို့မဟုတ် အူမကြီး ရောင်ခြင်း တို့လိုပြင်းထန်တဲ့ ရောဂါတွေဆိုရင်သေသေချာချာကုသနိုင်ပါဖို့အတွက် ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေမူကို လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
IBS ရောဂါဟာ စားသောက်မှုပုံစံကိုဂရုတစိုက်အစီစဉ်တကျလိုက်နာခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း အမူအကျင့်တွေကို တိတိကျကျပြုပြင်ပြောင်းလဲခြင်း စတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ထိန်းချုပ်နိုင်ပါတယ်။
အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ရောဂါ ( Irritable bowel syndrome – IBS) ဟာအူမကြီးရဲ့လုပ် ဆောင်ချက် တွေကို ထိခိုက်စေတဲ့ မူမမှန်မှုအခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီရောဂါဟာ နာတာရှည်အခြေအနေတစ်ခုဖြစ်ပေ မယ့် မှန်ကန်တဲ့ ကုသမှုခံယူခြင်းနဲ့ နေစဉ်ဘဝကိုပုံမှန်အတိုင်းဖြတ်သန်းနိုင်ပါတယ်။
ဒီ လက္ခဏာတွေဟာ တခြားအူမကြီးနဲ့ဆက်စပ်နေတဲ့ ရောဂါတွေနဲ့ တူညီမှုရှိနေမှာဖြစ်နိုင်ပေမယ့် IBS ရောဂါဟာ လူနာမှာ အူမကြီးကင်ဆာဖြစ်လာနိုင်ခြေကို မြင့်တက်လာစေခြင်း မရှိပါဘူး။
IBS ရောဂါကို ခံစားရတဲ့လူနာတွေဟာ ယေဘုယျအားဖြင့် အနည်းငယ်သာ မအီမသာ ဖြစ်စေလေ့ရှိပြီး လူနာအနည်းစုမှာသာ ပြင်းထန်တဲ့ လက္ခဏာတွေကိုပြပါတယ်။ ဒါ့ကြောင့် IBS ရောဂါသည်တစ်ချို့ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျော့ချနိုင် ခြင်းနဲ့ လက္ခဏာတွေကိုသက်သာပျောက်ကင်းစေနိုင်ပြီး လူနာတစ်ချို့မှာသာ ဆေးကုသမှုခံယူဖို့လိုအပ်တာပါ။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဆရာဝန်နဲ့သွားရောက်စစ်ဆေးပြီး မှန်ကန်တဲ့ကုသမှုကို လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူနာတွေအနေနဲ့ သူတို့ခံစားရတဲ့ မသက်သာမှုတွေကို IBS လို့လွဲမှားစွာကောက်ချက်ချ မိနေပေမယ့် အမှန်တကယ်မှာ အူမကြီးကင်ဆာ သို့မဟုတ် အူရောင်ရောဂါ (inflammatory bowel disease) တို့လို ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေဖြစ်နေတတ်လို့ပါပဲ။
IBS ရဲ့ လက္ခဏာတွေဟာ အူမကြီးနဲ့ဆက်စပ်နေတဲ့တခြားရောဂါတွေနဲ့ တော်တော်ကြီးတူနေတာကြောင့် ကျန်း မာရေး ဝန်ထမ်းများဟာ လူနာတစ်ဦးချင်းစီရဲ့ လက္ခဏာတွေကို စေ့စေ့စပ်စပ် စဉ်းစားသုံးသပ်မှုပြုရပါမယ်။ အခြား ရောဂါတွေမဟုတ်ဘူးဆိုတာကိုအတည်ပြုဖို့နဲ့ လက္ခဏာတွေပြရတဲ့အဓိကအကြောင်းအရင်းကိုဖော်ထုတ်ဖို့အ တွက် သွေးစစ်တာမျိုးကိုလည်း လုပ်ဖို့လိုအပ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကိုခံစားနေရတဲ့သူတွေဟာ ဆရာဝန်ပြသမှုကို အမြန်ဆုံးလုပ်ဆောင် သင့်ပါတယ်။

IBS ရောဂါဖြစ်စေတဲ့အဓိကအကြောင်းအရင်းတွေကို အခုထိမသိနိုင်သေးပေမယ့် ရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေတဲ့ အကြောင်းအရာများစွားရှိပါတယ်။ ဒီအကြောင်းအရင်းတွေဟာ အစာခြေစနစ်လုပ်ဆောင်မှု (digestive system function) (အူမကြီး ကြွက်သားကျုံခြင်း) နဲ့တိုက်ရိုက်အပြန်အလှန်ဆက်စပ်မှုရှိပါတယ်။ အစာခြေ နေတဲ့အချိန်မှာ အူမကြီးကြွက်သားတွေကျုံ့ခြင်း၊ ဆန့်ခြင်းဟာ အူမကြီး အတွက်ကောင်းမွန်တဲ့ ဘတ်တီးရီးယား (အကျိုးပြု ဘတ်တီးရီး ယား) တွေရဲ့ပုံစံနဲ့ ပမာဏကို မညီမမျှဖြစ်စေခြင်းအပါအဝင် အစာမကြေခြင်း၊ လေပွခြင်း သို့မဟုတ် ဝမ်းချုပ် ခြင်းကိုဖြစ်စေပါတယ်။
IBS ဟာအောက်ဖော်ပြပါ ပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်မှုတွေကို ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုကြောင့်ဖြစ်တဲ့ နာတာရှည် အခြေအနေတစ်ခု ဖြစ်ပါတယ်။
IBS ရောဂါကိုကုသခြင်းနည်းလမ်းတွေကတော့
အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာ ကုသရေး စင်တာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာနဲ့ အသည်း မူမမှန်မှုအားလုံးကို မြန်မြန် ဆန်ဆန်၊ တိတိကျကျ၊ ယုံကြည်စိတ်ချစွာ စောင့်ကြည့်စစ်ဆေးနိုင်ဖို့လိုအပ်တဲ့ ခေတ်မှီ၊ ခေတ်ရှေ့ပြေး ဆေး ဘက်ဆိုင်ရာ ကိရိယာတွေကို အသုံးပြုလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ဟာ ထိုင်းနိုင်ငံတစ်ခုထဲကမဟုတ်ဘဲ ပြည်ပက အတွေ့အကြုံတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာ ကုသရေး စင်တာ ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆန်မီတဝေ့ ဆူခွန်ဗစ်ဆေးရုံ မှာရှိတဲ့ ဂျပန်ဆေးရုံရဲ့ ပထမ ထပ်မှာရှိပါတယ်။

ဆောင်းပါးများ