တစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ်ချင်းထိတွေ့ရတဲ့ အားကစားများ ကစားတဲ့အခါ ကြွက်သားများ၊ အရွတ်များ နဲ့ အဆစ်များမှာ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ထိုကဲ့သို့ ဒဏ်ရာများရရှိပါက ကစားသမားများရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး သူတို့ရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးနိုင်သလို၊ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်နိုင်စွမ်းကိုလည်း လျော့နည်းသွားစေပါတယ်။ ၎င်းဒဏ်ရာများကို အောက်ပါ အုပ်စု နှစ်ခုအဖြစ်ခွဲခြားနိုင်ပါတယ်။
အဆင့် ၁ - ကြွက်သားမပြဲတဲ့ ဒဏ်ရာများဟာ နာကျင်မှု အနည်းငယ်သာခံစားရနိုင်သော်လည်း လုပ်ဆောင်နိုင်စွမ်းကိုတော့ အများကြီး မထိခိုက်နိုင်ပါ။
အဆင့် ၂ - အနည်းငယ် ပြဲပြီး ထိရင်နာတဲ့ ကြွက်သားဒဏ်ရာများဟာ နာကျင်ခြင်း၊ ပွန်းပဲ့ခြင်းများလည်း ခံစားရနိုင်ပေမယ့် လှုပ်ရှားမှုနဲ့ အသုံးပြုနိုင်စွမ်းကတော့ အများအားဖြင့် မထိခိုက်နိုင်ပါ။
အဆင့် ၃ - အရမ်းမပြင်းထန်ပဲအလယ်အလတ် စုတ်ပြဲသောကြွက်သားဒဏ်ရာများဟာ လှုပ်ရှားမှုကို သိသိသာသာ အဟန့်အတားဖြစ်စေပြီး ပွန်းပဲ့ဒဏ်ရာများကိုလည်း ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။
အဆင့် ၄ - ပြင်းထန်တဲ့ ကြွက်သားစုတ်ပြဲ ဒဏ်ရာများဟာ အဆစ်လွဲခြင်း နဲ့ အလွန်အမင်း နာကျင်ခြင်းကို ခံစားရစေနိုင်ပါတယ် ။ ၎င်းဒဏ်ရာများဟာ လူနာရဲ့ နေ့စဉ်ဘဝကို သိသိသာသာ ထိခိုက်စေပြီး ဒဏ်ရာရတဲ့ အင်္ဂါအစိတ်အပိုင်းကို အသုံးပြုနိုင်စွမ်း အလွန်နည်းသွားကာ လှေကားအတတ်အဆင်းလုပ်ဖို့တောင် ခက်ခဲစေပါတယ်။ ၎င်းကဲ့သို့ ဒဏ်ရာမျိုးဟာ အများအားဖြင့် ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။
အဆင့် ၁ ကနေ ၃ အထိ ဒဏ်ရာကုသမှုများဟာ လူတစ်ဦးချင်းစီရဲ့ ကြွက်သားနဲ့ အဆစ် အခြေအနေပေါ်မှာ မူတည်ပါတယ်။ အကယ်၍ ဒဏ်ရာရတဲ့ အင်္ဂါအစိတ်အပိုင်းကို ကုသမှုကောင်းကောင်း ပေးနိုင်ရင် ပုံမှန်အတိုင်း ပြန်နေနိုင်ပါတယ်။ သို့သော် ဒဏ်ရာရထားသော အင်္ဂါအစိတ်အပိုင်းကို အဓိက အသုံးပြုရတဲ့ ဒဏ်ရာရအားကစားသမားများဟာ ပြန်လည်ကောင်းမွန်ဖို့ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။
ဤဒဏ်ရာများဟာ ကြွက်သားများကို အလွန်အကျွံ ဆွဲဆန့်ခြင်းကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများဖြစ်ပါတယ်။ ကြွက်သားများကို ဝန်းရံထားတဲ့ သွေးကြောများ စုတ်ပြဲခြင်းကြောင့် ကြွက်သားညောင်းခြင်းရုတ်တရက်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားကို ဆက်တိုက် အလွန်အကျွံအသုံးပြုခြင်းကြောင့်လည်း ကြွက်သားညောင်းခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ၊ လေးလံသော အလေးများနဲ့ ဝိတ်မခြင်း သို့မဟုတ် ကြွက်သားပွန်းပဲ့ဒဏ်ရာရတဲ့အထိ ထပ်ခါထပ်ခါ လေ့ကျင့်ခန်းလုပ်ခြင်းများ ပါဝင်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိသောကြွက်သားများမှာ ဒူးခေါက်ကွေးကြွက်သား သို့မဟုတ် ပေါင်နောက်ကြွက်သား (hamstring) နဲ့ ပေါင်ရှေ့ကြွက်သား (quadricep) တို့ဖြစ်ပါတယ်။
အရွတ်များ သို့မဟုတ် အဆစ်များကို ထိခိုက်တဲ့ ဒဏ်ရာများဖြစ်ပြီး ဥပမာအားဖြင့် ခြေဖနောင့်အရွတ်ပြဲခြင်း (Achilles tendon) သို့မဟုတ် ခြေကျင်းဝတ်လွဲခြင်း (sprained ankle) ကဲ့သို့သော ဒဏ်ရာများဖြစ်ကာ ခြေကျင်းဝတ်နဲ့ ဒူးတွင် ဖြစ်သော ဒဏ်ရာအများစုလည်း ပါဝင်ပါတယ်။ ဘောလုံးကစားခြင်းကဲ့သို့ အချင်းချင်းထိတွေ့မှုများသော အားကစားများဟာ ခြေကျင်းဝတ်နဲ့ ဒူးကိုဒဏ်ရာ အများဆုံးဖြစ်စေနိုင်ပါတယ်။ ဂေါက်ရိုက်ခြင်းကဲ့သို့ တစ်ကိုယ်လုံး လှုပ်ရှားရပြီး အဆစ်ကိုလိမ်ခြင်း၊ လှည့်ခြင်းများ ပါဝင်သော တစ်ဦးချင်းအားကစားများမှာလည်း ဤကဲ့သို့ ဒူး သို့မဟုတ် ခြေကျင်းဝတ် ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်။
ဒူးဆစ်ဒဏ်ရာရခြင်းအပြင် ပေါင်ရှေ့ကြွက်သား (quadriceps) နဲ့ ပေါင်နောက်ကြွက်သား (hamstring)များကဲ့သို့ ဒူးဆစ်ဖြင့်တွဲလုပ်ရသော ကြွက်သားများနဲ့အရွတ်များ ဒဏ်ရာရခြင်းကို ဆိုလိုပါတယ်တယ်။ ဤအစိတ်အပိုင်းများထဲက တစ်ခုခု ပျက်စီးသွားခဲ့ရင် ဒူးမခိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒူးဆစ်တွေမှာ ကြီးမားသော အရွတ် ၄ ခု ပါဝင်ပါတယ် - အပြင်ဘက်အဆစ်အရွတ် (lateral collateral ligament)၊ အတွင်းဘက်အဆစ်အရွတ် (medial collateral ligament)၊ အရှေ့ခရုစိတ်အရွတ် anterior cruciate ligament နဲ့ နောက်ဘက်ခရုစိတ်အရွတ် (posterior cruciate ligament)တို့ ဖြစ်ပါတယ်။ ဤအရွတ်တွေထဲမှ တစ်ခုခုတွင် ဒဏ်ရာရခြင်း သို့မဟုတ် စုတ်ပြဲခြင်းက အဆစ်လွဲခြင်းကို ဖြစ်စေနိုင်ပြီး အပြည့်အဝ မသက်သာမချင်း လူနာက အားကစားကို မလုပ်နိုင်တော့ပါ။
ဒူးထဲတွင်ရှိသော အရွတ်ပြား meniscus ဟာ ခုန်ခြင်း၊ လှေကားဆင်းခြင်းနဲ့ ပြေးခြင်းများပြုလုပ်သောအခါ ဒူးထဲတွင် ပွတ်တိုက်မှုနဲ့ ထိခိုက်မှုကို လျှော့ချပေးရန် တာဝန်ရှိပြီး ဒဏ်ရာရလွယ်ပါတယ်။ အထက်ကပြောခဲ့သော ဒဏ်ရာအဆင့် ၄ ဆင့်ဟာ ဒူးရဲ့ ဤအစိတ်အပိုင်းကို ထိခိုက်သော ဒဏ်ရာများကို ဖော်ပြဖို့ရန်လည်း သုံးပါတယ်။ ဒါ့အပြင် အဆစ်ကို ချောမွေ့စေတဲ့ ဆိုင်နိုဗီရယ်အရည်(ခေါ်)အရိုးအဆစ်များမှာရှိသောအရည် (synovial fluid) လည်း ဒဏ်ရာရနိုင်ပြီး ဒူးဒဏ်ရာကို ရောဂါရှာဖွေဖော်ထုတ်သောအခါ ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ်အချက်တစ်ခု ဖြစ်ပါတယ်။
အပြေးသမားများကို အများဆုံး ထိခိုက်တတ်သောဒဏ်ရာဖြစ်ပြီး ဒူးခေါင်း (patella) နားတဝိုက်တွင် နာကျင်မှုကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် လှေကားတက်ဆင်းလုပ်သောအခါ သို့မဟုတ် ကြာကြာထိုင်ပြီးမှ ထရပ်သောအခါမျိုးတွင် ဖြစ်တတ်ပါတယ်။ ဒီလို ဒဏ်ရာဖြစ်ရတဲ့ အကြောင်းရင်းများမှာ လေ့ကျင့်သောအခါ လှေကားတက်ဆင်း ပြေးခြင်း သို့မဟုတ် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်စွမ်းမရှိပဲ အပြေးလေ့ကျင့်မှုမှာ အကွာအဝေးကို တိုးမြှင့်ခြင်းများနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလယ်ပိုင်း ကြွက်သားနဲ့ ပေါင်ရှေ့ကြွက်သား (quadriceps) လိုမျိုး ကြွက်သားအုပ်စုများကို ထိခိုက်စေသော ပြဿနာများ သို့မဟုတ် ခြေဖဝါးပြားခြင်း (flat footedness) ဖြစ်နိုင်ပါတယ်။
ဂေါက်ရိုက်သောအခါမျိုးတွင် တင်ပါးရိုး၊ ခန္ဓာကိုယ်အလယ်ပိုင်း၊ ပခုံး သို့မဟုတ် လက်များကို မကြာခဏ လှည့်ရသော အားကစားသမားများဟာ နောက်ကျောကြွက်သားကို အလွန်အကျွံဆွဲဆန့်ရသောကြောင့် ခါးရိုးဆစ် ဒဏ်ရာရနိုင်ပါတယ်။ ဒါကြောင့် ဂေါက်သမားအများစုဟာ တစ်ချိန်ချိန်မှာ ခါးနာကျင်မှုကို ခံစားရတတ်ပါတယ်။
တိုက်မိခြင်း သို့မဟုတ် ပွန်းပဲ့ခြင်းများကြောင့် ကြွက်သားရောင်ရမ်းခြင်း၊ ပြဲခြင်း သို့မဟုတ် သွေးထွက်ခြင်းများ ဖြစ်နိုင်ပြီး ခန္ဓာကိုယ်ထဲရှိ ဘယ်ကြွက်သားအုပ်စုကိုမဆို ထိခိုက်စေနိုင်ပါတယ်။
ခြေဖနောင့်အရွတ်ကြော (Achilles tendon) ဟာ ခြေဖနောင့်ရဲ့ အနောက်ဘက်တွင် ရှိပြီး ခြေကျင်းဝတ် လှုပ်ရှားမှုကို အထောက်အပံ့ပေးရန် ခြေဖနောင့်နဲ့ ခြေသလုံးကို ဆက်ပေးထားပါတယ်။ ခြေဖနောင့်အရွတ်ကြောကို အန္တရာယ် အဖြစ်စေဆုံး အားကစားများမှာ ကြက်တောင်၊ ဘတ်စကတ်ဘောနဲ့ ဘောလုံးကဲ့သို့ ခုန်ခြင်းပါဝင်သော အားကစားများ ဖြစ်ပါတယ်။
ခြေကျင်းဝတ်၊ ဒူး သို့မဟုတ် တခြားဘယ်အဆစ်မှာမဆို အရိုးကျိုးခြင်းများ ဖြစ်နိုင်ပါတယ်။
ဒူး သို့မဟုတ် ပခုံးလိုမျိုးနေရာ အဆစ်လွဲခြင်းများဟာ အားကစားသမားများ အဖြစ်များသော ဒဏ်ရာများ ဖြစ်ပါတယ်။ , are common injuries affecting athletes.
တင်းနစ်နဲ့ ကြက်တောင်လိုမျိုး ပခုံးကို အဆက်မပြတ် လှုပ်ရှားရသော အားကစားများတွင် အဖြစ်အများဆုံး ဒဏ်ရာများဖြစ်ပါတယ်။ ဤကဲ့သို့ ထပ်ခါထပ်ခါ လှုပ်ရှားမှုများဟာ အလွန်အကျွံ အသုံးပြုမှုကြောင့်ရသော ဒဏ်ရာ သို့မဟုတ် အဆစ်ညပ်ခြင်းကို အလွယ်တကူ ဖြစ်စေပြီး ကြွက်သားပြဲခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒဏ်ရာရသောအခါ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း ရှိမရှိနဲ့ လှုပ်ရှားလို့ရမရကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ အောက်ပါ PRICE နည်းလမ်းအတိုင်း အခြေခံ ရှေးဦးသူနာပြုစုခြင်းကို ပြုလုပ်နိုင်ပါတယ်။
အားကစားလုပ်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက ဒဏ်ရာရနိုင်တယ်ဆိုတာ ငြင်းလို့မရပါ။ တခြားကစားသမားများနဲ့ ထိမိခြင်းကြောင့်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ လှုပ်ရှားမှုများကြောင့်ဖြစ်ဖြစ် ဒဏ်ရာမရအောင် ကာကွယ်သော နည်းလမ်းများကို အသုံးပြုသင့်ပါတယ်။ ဒဏ်ရာရသောအခါ မကုသဘဲထားရင် ဒဏ်ရာများဟာ နာတာရှည်ရောဂါဖြစ်နိုင်သောကြောင့် အားကစားထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ဆီက သင့်တော်သော ဆေးကုသမှုကို သေချာခံယူပါ။ အထူးကုဆရာဝန်များက ဒဏ်ရာကို ပြန်လည်ကုသဖို့ နည်းလမ်းများကို အကြံပြုပေးနိုင်ပြီး ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို ပြန်လည်ရရှိစေဖို့ သို့မဟုတ် အရင်ကထက်ပိုမို လုပ်ဆောင်နိုင်စွမ်း မြင့်မားအောင် ကူညီပေးနိုင်ပါတယ်။
ဘန်ကောက်မြို့ရဲ့ ဆစ်မီတဝေ့ ဆေးရုံက FitLAB အဖွဲ့တွင် အားကစားထိခိုက်ဒဏ်ရာ ကုသမှုမှာ ကျွမ်းကျင်တဲ့ ပညာရှင်များ ပါဝင်ပြီး နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ နည်းပညာတွေနဲ့ ကုသပေးပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ဆရာဝန်များ၊ အကြောအဆစ်နဲ့ခန္ဓာကိုယ်လေ့ကျင့်ခန်းလှုပ်ရှားပေးသောပညာရှင်များနဲ့ အားကစားသိပ္ပံပညာရှင်များ ပါဝင်ပြီး သူတို့ရဲ့ နယ်ပယ်တွင် အရည်အချင်းပြည့်ဝစွာ လေ့ကျင့်ထားသော အတွေ့အကြုံရှိသူများဖြစ်ပါတယ်။ သူတို့က အားကစားနဲ့ လေ့ကျင့်ခန်းနယ်ပယ်ကို ကိုယ်တိုင်နားလည်ထားတာကြောင့် ပရော်ဖက်ရှင်နယ်နဲ့ အပျော်တမ်း အားကစားသမား ၁,၅၀၀ ကျော်ကို (၂၀၁၄-၂၀၁၉ ခုနှစ်က အချက်အလက်အရ) ကုသပေးနိုင်ခဲ့ပါတယ်။
အားကစားဒဏ်ရာ မဖြစ်အောင် အကြံဉာဏ်ပေးခြင်း၊ ဒဏ်ရာပြန်မဖြစ်အောင် ရှောင်ရှားနည်းများ ပြောခြင်း၊ ကြံ့ခိုင်မှုအကဲဖြတ်ပေးခြင်း၊ ခွဲစိတ်မှုမလိုဘဲ ကုသပေးခြင်း၊ အချို့သောကိုယ်လက်အင်္ဂါအသုံးပြုခြင်းကိုလျော့ချခြင်းဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲဖို့ အကြံပေးခြင်း၊ ဆေးဝါးအကြံဉာဏ်ပေးခြင်းနဲ့ နောက်ဆုံးပေါ်ပစ္စည်းများဖြင့် ခန္ဓာကိုယ်ကြွက်သားများသန်စွမ်းလာစေရန် လေ့ကျင့်ပေးခြင်းများကို ဤစောင့်ရှောက်မှုထဲတွင် ထည့်သွင်းထားပါတယ်။ ခွဲစိတ်မှုလိုအပ်သော လူနာများဟာ အနည်းငယ်သာခွဲစိတ်ရသော မှန်ပြောင်းခွဲစိတ်မှုကို ခံယူနိုင်ပါပြီ။ ဒီနည်းပညာဟာ ပြန်လည်ထူထောင်ချိန်ကို လျှော့ချပေးပြီး သမာရိုးကျခွဲစိတ်မှုပုံစံများနဲ့ နှိုင်းယှဉ်ရင် ခွဲစိတ်ဆရာဝန်များအား ဒဏ်ရာရဲ့ ရောဂါအခြေအနေကို ပိုပြီးရှင်းလင်းစွာ မြင်စေနိုင်ပါတယ်။ ၎င်းက ကုသမှုဟာ အရင်ကထက် ပိုတိကျပြီး ထိရောက်တယ်လို့ ဆိုလိုပါတယ်။ ဤနည်းလမ်းများဖြင့် ကုသပြီးနောက် ပြန်လည်ထူထောင်ခြင်းဟာ လူနာများ အရင်ကရဖို့ခက်ခဲခဲ့သော ကြွက်သားများရဲ့ ခွန်အားနဲ့ ခံနိုင်ရည်ကို တိုးတတ်လာစေနိုင်ပါတယ်။ ခွဲစိတ်မှုမလိုရင်တောင် ကျွန်တော်တို့အဖွဲ့ရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုဖြင့် သင့်လျော်သော ပြန်လည်သန်စွမ်းရေးအစီအစဉ်များ ပြုလုပ်ပေးနိုင်ပါတယ်။ လူနာက ဒဏ်ရာမရခင်လုပ်ခဲ့တဲ့ အားကစားတွေ၊ လှုပ်ရှားမှုတွေကို အမြန်ဆုံး ပြန်လုပ်နိုင်အောင် အထူးပြုပစ္စည်းတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ သုံးပေးပါတယ်။
ဆောင်းပါးများ