ဓာတ်မတည့်ခြင်းကို ရှာဖွေဖော်ထုတ်ပြီး ကုသနိုင်ဖို့အတွက် ဤစမ်းသပ်မှုဟာ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်နဲ့မတည့်သောအရာကို အတိအကျသိရှိနိုင်ဖို့လည်း ကူညီပေးပါတယ်။
ဤဓာတ်မတည့်မှုဆိုင်ရာစမ်းသပ်မှုကို အပ်ဖြင့်အပေါ်ယံအရေပြားကိုဖောက်၍စစ်ဆေးခြင်း သို့မဟုတ် သွေးစစ်ဆေးခြင်း စသောနည်းလမ်းများနဲ့ ပြုလုပ်နိုင်ပါတယ်။ ဤနည်းလမ်းများဟာ အိမ်ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ ပိုးဟပ်၊ ပန်းဝတ်မှုန်၊ မှို၊ အစားအသောက် သို့မဟုတ် ဆေးဝါးများနဲ့ ဓာတ်မတည့်မှုကို ရှာဖွေပေးနိုင်ပါတယ်။
အပ်ဖြင့်အပေါ်ယံအရေပြားကိုဖောက်၍စစ်ဆေးခြင်း နဲ့ သွေးစစ်ဆေးခြင်းတို့ကို နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ရလဒ်များဟာ အလွန်ကို ဆင်တူနေကြောင်းကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ တစ်ခုချင်းစီတွင် အားသာချက်၊ အားနည်းချက်များ ရှိသောကြောင့် ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားသင့်ပါတယ်။
ဓာတ်မတည့်မှုကို စစ်ဆေးခြင်းအားဖြင့် လူနာနဲ့ ဘယ်အရာ ဓာတ်မတည့်ကြောင်းကို ဆရာဝန်များဟာ အတိအကျ သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရိုးရိုးရှင်းရှင်း ကျန်းမာရေး စစ်ဆေးခြင်း သို့မဟုတ် ရောဂါမှတ်တမ်းကိုသာ ကြည့်ခြင်းထက် ပိုမိုတိကျသော ရောဂါရှာဖွေမှုမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ်နဲ့မတည့်တဲ့အရာများကို သိရှိထားသောအခါ ၎င်းတို့ကို ရှောင်ရှားနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးနဲ့ ကုသခြင်းထက် ပိုမိုမြန်ဆန်စွာ သက်သာလာစေနိုင်ပါတယ်။ ဒါ့အပြင် တချို့ကိစ္စများတွင် ဓာတ်မတည့်မှုကို သိရှိပြီးသောအခါ ဆရာဝန်များဟာ ဓါတ်မတည့်သောပစ္စည်းထည့်သွင်း၍ ကိုယ်ခံအားစနစ်ကိုပြုပြင်သောကုထုံး လို့ခေါ်သော ကုထုံးနဲ့ ကုသဖို့ပါ စဉ်းစားနိုင်ပါတယ်။
ရေရှည် သို့မဟုတ် ထပ်ခါတလဲလဲ ဖြစ်နေသော ဓာတ်မတည့်မှုရဲ့ လက္ခဏာများကို ခံစားရသောအခါ အပ်ဖြင့်အပေါ်ယံအရေပြားကိုဖောက်၍စစ်ဆေးခြင်း ကို ခံယူသင့်ပါတယ်။ ဤလက္ခဏာများမှာ -
လူနာဟာ တစ်ခုခုနဲ့ ဓာတ်မတည့်ပါက ၎င်းအရည်ချခဲ့သောနေရာတွင် နီရဲပြီး ယားယံတဲ့ အဖုလေးများ ထွက်လာပါလိမ့်မယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များမှာ စစ်ဆေးမှုမလုပ်ခင် ၇ ရက်အလိုကတည်းက ဓာတ်မတည့်ခြင်းကို သက်သာစေတဲ့ဆေးနဲ့ အိပ်ဆေးများကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒါမှသာ အတိကျဆုံး ရလဒ်ကို ရရှိနိုင်မှာပါ။
ဤစစ်ဆေးမှုဟာ ရိုးရှင်းပြီး ဘေးအကင်းဆုံး ဓာတ်မတည့်မှု စစ်ဆေးနည်းများထဲမှ တစ်ခုဖြစ်ပေမယ့် ပြင်းထန်သော ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ ရှိပါတယ်။ သို့သော် ဤကဲ့သို့ဖြစ်နိုင်ခြေဟာ လူတစ်သန်းတွင် တစ်ယောက်နှုန်းသာ ရှိပါတယ်။ ဒါကြောင့် ဤစစ်ဆေးမှုကို အသိအမှတ်ပြုထားသော ဆေးရုံများတွင်သာ သက်ဆိုင်ရာ အထူးကုဆရာဝန်များဖြင့် စစ်ဆေးခြင်း၊ ရလဒ်ကို ရှင်းပြခိုင်းခြင်းနဲ့ ကုသမှု ခံယူခြင်းမျိုး ပြုလုပ်သင့်တယ်လို့ အကြံပြုပါတယ်။
ဆောင်းပါးများ