ကျောရိုးပုံမမှန်မှုဆိုတာ ကျောရိုးဟာ ဖြောင့်နေရမယ့်အစား တစ်ဖက်ကို စောင်းနေတာမျိုးဖြစ်ပါတယ်။ ကျောရိုး ဟာ ၁၀ ဒီဂရီထက်ပိုပြီးစောင်းနေတယ်ဆိုရင် ဆေးပညာအရ ဒါကို ကျောရိုးပုံမမှန်မှု ရောဂါလို့သတ်မှတ်ပါ တယ်။
ဒီရောဂါကို အဓိကအားဖြင့် သုံးမျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။
စောင်းတဲ့ဒီဂရီများလာလေ ကျောရိုးပုံမမှန်မှုရောဂါရဲ့ လက္ခဏာတွေဟာ ဆိုးလာလေဖြစ်ပါတယ်။ အရမ်းမ စောင်းသေးတဲ့ အခြေအနေတွေမှာဆိုရင် လူနာဟာ ကျောကုန်းအနည်းငယ်နာတာ၊ ကိုယ်အနေအထားကြည့်ရ ဆိုးတာမျိုးလောက်ပဲ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် စောင်းတာများလာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့တခြား စနစ်တွေကိုပါ ထိခိုက်မူရှိလာပါတယ်။ ထိခိုက်နိုင်တဲ့ အရာတွေကတော့
ကျောရိုးပုံမမှန်မှုကို ကုသရာမှာ အဓိကကျတဲ့ ရည်ရွယ်ချက်သုံးခုရှိပါတယ်။
ကျောရိုးစောင်းနေတဲ့ ဒီဂရီက အရမ်းမများဘူးဆိုရင် ခွဲစိတ်ကုသဖို့မလိုပါဘူး။ ခွဲစိတ်တာအစားလူနာအနေနဲ့ ပုံမှန်စောင့်ကြည့်လေ့လာတာ၊ ကျောအထိန်း (back brace) သုံးတာ၊ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေကိုသုံးတာမျိုးက နောက်ထပ် စောင်းလာနိုင်မှုကို လျော့ကျသွားစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် စောင်းနေတာ ကနေ့စဉ်ဘဝကိုထိခိုက်လာမယ် သို့မဟုတ် ကျန်းမာရေးအပေါ်ဆိုးကျိုးရှိလာမယ်ဆိုရင်တော့ ခွဲစိတ်ခြင်းကိုကုသ မှုပုံစံတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါမယ်။
ကျောရိုးပုံမမှန်မှုအတွက်ခွဲစိတ်ခြင်းဆိုတာ ကျောရိုးတည်ငြိမ်စေဖို့၊ နေရာမှန်မှာရှိနေဖို့တို့အတွက် သတ္တုချောင်း တွေကိုသုံးပြီး ကျောရိုးစောင်းနေတာကို ပြန်ဖြောင့်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ထပ်စောင်းလာနိုင်ခြေရှိမှုကိုလျော့ကျစေပြီး ကျောရိုးပုံမမှန်မှုနဲ့ ဆက်စပ်နေတဲ့တခြားနောက်ဆက်တွဲကျန်းမာ ရေးပြသာနာတွေရှိလာနိုင်မှုကိုလည်း လျော့နည်းစေပါတယ်။ ကျောရိုးပုံမမှန်မှုအတွက် ခွဲစိတ်ခြင်းနည်းလမ်းနှစ်ခု ရှိပါတယ်။

ဖြစ်စဉ်အများစုမှာ ဆရာဝန်တွေဟာ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့၊ နောက်ထပ် ထပ်ပြီးစောင်းလာဖို့ရှိတဲ့ ၄၀ ဒီဂရီထက်ကျော်တဲ့ ခါးစောင်းကလေးငယ်တွေကို ခွဲစိတ်မူလုပ်သင့်မလုပ်သင့် စဉ်းစားဆုံးဖြတ်ကြပါတယ်။
အသက်အရွယ်ဟာလည်း ခွဲစိတ်မူအတွက်ဆရာဝန်တွေစဉ်းစားတဲ့နေရာမှာ ထည့်သွင်းတဲ့အချက်တစ်ခုပါပဲ။ တကယ်လို့လူနာကလေးဟာ အသက် ၁၀ နှစ်အောက်ဖြစ်မယ်၊ ခါးစောင်းတာကလဲ ၃၀ နဲ့ ၄၀ ဒီဂရီကြားမှာရှိ မယ်ဆိုရင် ဆရာဝန်ဟာ ဒီကလေးကိုအရိုးတွေဆက်စရာမလိုတဲ့ ခွဲစိတ်နည်းလမ်းကို အကြံပြုပေးနိုင်ဖွယ်ရှိပါ တယ်။ ဒါပေမယ့်လူနာဟာ ကျောရိုးဖွံ့ဖြိုးမူမရှိတော့တဲ့ အသက် ၁၀ နှစ်အထက်ဖြစ်မယ်၊ ခါးစောင်းမူဟာလဲ ၃၀ နဲ့ ၄၀ ဒီဂရီထက်နည်းမယ်ဆိုရင်တော့ ခွဲစိတ်ဖို့မလိုအပ်ပါဘူး။
5.1 ခွဲစိတ်ဖို့ ဆုံးဖြတ်ချက်မချခင်မှာ ဘယ်အန္တရာယ်အကြောင်းအရာမျိုးကိုထည့်သွင်းစဉ်းစားသင့်သလဲ?
ကျောရိုးပုံမမှန်မှုအတွက်ခွဲစိတ်ခြင်းဟာ အန္တရာယ်များတဲ့ အကြီးစားခွဲစိတ်မူဖြစ်တာကြောင့် ခွဲစိတ်မူလုပ်မလုပ် မဆုံးဖြတ်ခင်မှာ သေချာစဉ်းစားဖို့လိုအပ်ပါတယ်။ ခွဲစိတ်မှုမှာကလေးကို မေ့ဆေး ၄ နာရီကနေ ၆ နာရီကြား ပေးထားရမှာဖြစ်ပြီး ခွဲရမယ့် အရွယ်အစားကလည်းကြီးတာကြောင့် သိသိသာသာသွေးဆုံးရူံးတာနဲ့ရောဂါပိုးဝင်တာမျိုး တွေဖြစ်တတ်လို့ပါပဲ။ ဒါ့အပြင် အာရုံကြောပျက်စီးတာ၊ လေဖြတ်တာတွေအပြင် ဆိုးရွားတဲ့အခြေအနေတွေမှာ ဆိုရင် အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေပါဖြစ်လာနိုင်ခြေရှိပါတယ်။
ဒါ့ကြောင့် ဆရာဝန်တစ်ယောက်အနေနဲ့ ဒီကလေးဟာ ခွဲစိတ်ဖို့လိုအပ်တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် ဖြစ်လာနိုင်စ ရာရှိတဲ့ အန္တရာယ်တွေနဲ့ပတ်သတ်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ ဆေးဘက်ဆိုင်ရာ ခေတ်ရှေ့ပြေးနည်းပညာတွေအရ လက်ရှိမှာအသုံးပြုနေတဲ့ လမ်းပြစနစ် သို့မဟုတ် စက်ရုပ်စနစ် (navigation systems or robotic systems)တို့လို ကိရိယာတွေက ခွဲစိတ်မှုတွေကိုပိုဘေးကင်းစေပြီး အန္တရာယ်ရှိလာနိုင်ခြေ တွေကိုလည်း သိသိသာသာလျော့ချပေးပါတယ်။
ကျောရိုးပုံမမှန်မှုကို မခွဲစိတ်ခင်မှာ ဆရာဝန်က အောက်မှာဖော်ပြထားတဲ့အချက်တွေအပါအဝင် ကလေးဟာ ခွဲစိတ်မှုအတွက်အဆင်သင့်ဖြစ်မဖြစ်အကဲဖြတ်ဖို့ ကျန်းမာရေး စစ်ဆေးမူတွေလုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီလိုမျိုးကျန်းမာရေးစစ်ဆေးမူတွေကနေ ရရှိတဲ့အချက်အလက်တွေဟာ ကျောရိုးပုံမမှန်မှုအတွက် ခွဲစိတ်ခြင်း အစီစဉ်ကို အထောက်အကူဖြစ်စေရုံမဟုတ်ဘဲ ကလေးအတွက် သင့်တော်တဲ့ကြိုတင်ပြင်ဆင်မူကိုလဲ ဖြစ်စေပါ တယ်။
ခွဲစိတ်ဖို့အတွက်ကလေးကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မူတွေလုပ်ပေးပြီးတဲ့နောက်မှာ ခွဲစိတ်ဆရာဝန်က မခွဲခင် မေ့ဆေးဆရာဝန်က မေ့ဆေးထိုးမှာဖြစ်ပါတယ်။ ခွဲစိတ်မူရဲ့ကြာချိန်ဟာ လူနာရဲ့ ကျောရိုးအခြေအနေ ရူပ်ထွေး၊ခက်ခဲမှုပေါ်မူတည်ပေမယ့် များသောအားဖြင့်တော့ ၄ နာရီကနေ ၆ နာရီကြား သာကြာတတ်ပါတယ်။
ခွဲစိတ်ပြီးပြီးဆိုရင် ကလေးကို အစောပိုင်းစောင့်ကြည့်စစ်ဆေးမှုလုပ်ဖို့ ကလေးအထူးကြပ်မတ်ကုသဆောင် (Pediatric Intensive Care Unit (PICU) ကိုခေါ်သွားမှာြဖစ်ပြီး အဲ့ဒီနောက်မှာမှ ရိုးရိုးလူနာခန်းကိုရွေ့ပါမယ်။ ခွဲစိတ်မှုလုပ်ထားတဲ့ကလေးဟာ ၇ ရက်ကနေ ၁၀ ရက်အထိဆေးရုံတက်ရပါမယ်။
ကျောရိုးခွဲစိတ်ခြင်းဟာ အကြီးစားခွဲစိတ်မှုဖြစ်တာကြောင့် ခွဲစိတ်ပြီးနောက်ပိုင်းမှာ အနီးကပ်ပြုစုစောင့်ရှောက်မှု လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆစ်မီတဝေ့ကလေးဆေးရုံဟာ အရေးပါတဲ့ ကြပ်မတ်ပြုစုစောင့်ရှောက်ကုသမှုများ အ တွက် ကလေးအထူးကြပ်မတ်ကုသဆောင် PICU ကိုထားရှိပေးတာဖြစ်ပါတယ်။
ခွဲစိတ်ပြီးတဲ့ကလေးကို ကူးစက်တတ်တဲ့ရောဂါဆိုင်ရာ၊ နှလုံးရောဂါဆိုင်ရာ၊ အသက်ရူလမ်းကြောင်းဆိုင်ရာ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ၊ ကျောက်ကပ်နဲ့ သွေးဆိုင်ရာ ကလေးအထူးကုစတဲ့ အဖွဲ့ ပေါင်းစုံပါဝင်တဲ့ ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ ကလေးအထူးကုပူးပေါင်းအဖွဲ့က ကြည့်ရူ စောင့်ရှောက်မှုလုပ်ပေးမှာဖြစ်ပါတယ်။ ဒီပညာရှင်အဖွဲ့ဟာခွဲလူနာကလေးအနေနဲ့ အမြင့်ဆုံးအဆင့် ဘေးကင်းမှုရှိစေဖို့၊ ဖြစ်လာနိုင်စရာရှိတဲ့နောက်ဆက်တွဲပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့အပြင် နေ့စဉ်ဘဝလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် အချိန်ပြည့်စောင့်ကြည့်ပေးမှာလည်းဖြစ်ပါတယ်။
ကျောရိုးခွဲစိတ်ထားတဲ့ကလေးဟာ ခန့်မှန်းခြေ ၇ ရက်ကနေ ၁၀ ရက်လောက် ဆေးရုံတက်ဖို့လိုပါတယ်။ ခွဲစိတ် ပြီး ပထမ ၁ ရက် ၂ ရက်မှာ ကလေးဟာခွဲစိတ်ဒဏ်ရာကြောင့်နာကျင်မူကိုသိသိသာသာခံစားရမှာဖြစ်ပြီး ဆရာဝန်ဟာကလေးကိုပိုပြီး သက်တောင့်သက်သာဖြစ်စေဖို့အတွက် အနာပျောက်ဆေးကိုပုံမှန်ထိုးပေးမှာဖြစ် ပါတယ်။ ခွဲပြီးတဲ့နောက်မှာကလေးဟာ အနာကထွက်လာတဲ့သွေးကိုထုတ်ဖို့ပိုက်တစ်ချောင်းနဲ့ ဆီးပိုက်တစ် ချောင်းကိုလဲ တပ်ထားရပါမယ်။ ခွဲစိတ်တဲ့နေရာမှာကလေးအနေနဲ့ သွေးထွက်များခဲ့တယ်ဆိုရင် သွေးသွင်းတာ မျိုး လုပ်ဖို့လိုအပ်ပါတယ်။
ခွဲပြီး ၃ ရက်နဲ့ ၄ ရက်မြောက်နေ့တွေမှာ ကလေးအနေနဲ့ ထိုင်နိုင်ပြီဆိုရင်သူရဲ့တစ်ကိုယ်ရေလိုအပ်ချက်တွေကို သူ့ဘာသာလုပ်ဆောင်နိုင်ဖို့အတွက် ဆရာဝန်ဟာ လမ်းစလျှောက်ဖို့တိုက်တွန်းမှာဖြစ်ပြီး ဆီးပိုက်ကိုလည်း ဖြုတ်ပေး ပါမယ်။
ဆရာဝန်က ဆေးရုံဆင်းခိုင်းပြီဆိုရင်တောင် ခွဲစိတ်ထားတဲ့ကလေးဟာ ကျောရိုးတည်ငြိမ်မူကိုအထောက်အကူ ဖြစ်စေဖို့အတွက် ပျော့ပြောင်းတဲ့ခါးအထိန်းကို ၃ လကနေ ၆ လအထိဝတ်ဆင်ထားဖို့လိုအပ်ပါတယ်။ ခွဲထားတဲ့ ဒဏ်ရာကို ကြည့်ရူစစ်ဆေးဖို့အတွက် ဆေးရုံဆင်းပြီး ပထမ ၁ ပတ် ၂ ပတ်အတွင်းမှာ ရက်ချိန်းပြန်ပြတာတွေကို လုပ်ရပါမယ်။ ဒါပေမယ့် ဒီရက်ချိန်းပြတာတွေဟာ အချိန်ကြာလာတဲ့အခါ ဆရာဝန်ရဲ့ အကြံပြုချက်ပေါ်လိုက်ပြီး တစ်လတစ်ခါ၊ သုံးလတစ်ခါ၊ ခြောက်လ တစ်ခါနဲ့ တစ်နှစ်တစ်ခါ ခြားသွားမှာဖြစ်ပါတယ်။
ကျောရိုးပုံမမှန်မှု ခွဲစိတ်ခြင်းကနေ ပြန်လည်ကျန်းမာလာပြီးတဲ့နောက်မှာ ကလေးဟာ နေ့စဉ်ဘဝပုံမှန်လှုပ်ရှားမှု တွေကိုပြန်လုပ်နိုင်မှာဖြစ်ပေမယ့် ပြင်းထန်တဲ့အားကစားနည်းတွေလို ကြီးမားတဲ့သက်ရောက်မူတွေရှိနိုင်တဲ့ ကစားနည်းတွေကိုတော့ ရှောင်ကျဉ်ဖို့လိုပါမယ်။ ကျောရိုးမှာပြင်းပြင်းထန်ထန်ဒဏ်ရာရတာမျိုးမဖြစ်အောင် ဒီလိုရှောင်ရတာဖြစ်ပြီး ခွဲပြီးမှ ဒဏ်ရာထပ်ရတာဟာ မခွဲထားတဲ့လူတွေထက်ပိုပြီးပြင်းထန်ဆိုးရွားနိုင်လို့ပါပဲ။
9.1 ကျောရိုးပုံမမှန်မှု ခွဲစိတ်ခြင်းဟာ အန္တရာယ်ရှိပါသလား?
ခွဲစိတ်မှုတိုင်းဟာ အန္တရာယ်ရှိတာမှန်ပေမယ့် လမ်းပြနည်းစနစ်တွေ၊ IONM လို့ခေါ်တဲ့ ခွဲစိတ်နေစဉ်အတွင်း အာရုံကြောလမ်းကြောင်းတွေကို စောင့်ကြည့်မှုစနစ် (intraoperative neurophysiological monitoring systems)တွေနဲ့ တခြားနည်းလမ်းတွေလို ယနေ့ခေတ် ခေတ်ရှေ့ပြေးကုသမှုနည်းစနစ်နဲ့နည်း လမ်းတွေကို ခွဲစိတ်အတွေ့အကြုံ ၂၅ နှစ်အထက်မှာရှိတဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပေါင်းစပ်ကုသမှုပြုလုပ်တဲ့အခါမှာ ခွဲစိတ်လုပ်ငန်းစဉ်ရဲ့ဘေး အန္တရာယ်ကင်းရှင်းနိုင်မှုဟာ ပိုပြီးတိုးတက်လာပါတယ်။ ဒါ့အပြင်ခွဲစိတ်ပြီးနောက်ပိုင်း မှာ ပြုစုစောင့်ရှောက်မူပေးတဲ့ ပညာရှင်ဆန်ပြီး စည်းကမ်းထိန်းသိမ်းမူရှိတဲ့ အဖွဲ့တွေရဲ့စွမ်းရည်ကြောင့် အချိန်တို တိုအတွင်းမှာ ပြန်လည်နာလန်ထနိုင်မှာလည်း ဖြစ်ပါတယ်။
9.2 ကျောရိုးပုံမမှန်မှု ခွဲစိတ်ပြီးချိန်မှာ သတ္တုချောင်းကိုဖယ်ဖို့ လိုသလား?
ကျောရိုးခွဲစိတ်မှုမှာသုံးတဲ့ သတ္တု ဟာ လူ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီပြီး အန္တရာယ်မရှိတဲ့အမျိုးအစားဖြစ် တာကြောင့် ခန္ဓာကိုယ်ထဲမှာရာသက်ပန်ထားလို့ရပါတယ်။ ဒါ့ကြောင့်လူနာဘက်က ထုတ်ပေးဖို့မတောင်းဆိုဘူး ဆိုရင် ဒီ သတ္တု ချောင်းကို ထုတ်ပစ်ဖို့မလိုပါဘူး။
9.3 ကျောရိုးပုံမမှန်မှုခွဲစိတ်ခြင်းရဲ့ အားနည်းချက်တွေက ဘာတွေလဲ?
ကျောရိုးပုံမမှန်မှုခွဲစိတ်ချိန်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အန္တရာယ်တွေအပြင်ကျောရိုးနဲ့ဆက်ထားတဲ့ သတ္တုဟာ လည်း ကျောရိုးရဲ့ ကွေးနိုင်ဆန့်နိုင်မှုကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ထားတဲ့လူနာတွေမှာ ကျောရိုးဟာ ပိုတောင့်လာတာကြောင့် ကုန်းတာ သို့မဟုတ် ဆန့်တာတွေလို လုပ်ရခက်လာပြီး လှုပ်ရှားမူတွေမှာ အကန့်အ သတ်တွေရှိလာပါတယ်။
ကျောရိုးပုံမမှန်မှုဆိုတာ ကျောရိုးဟာပုံမှန်မဟုတ်ဘဲ စောင်းနေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီအခြေအနေ မှာကျောရိုးဟာ တခြားကိုယ်တွင်းအစိတ်ပိုင်းတွေကို ဖိတာနဲ့တခြားသောနောက်ဆက်တွဲကျန်းမာရေးပြဿနာ တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကျောရိုးပုံမမှန်မှုဟာ ခန္ဓာကိုယ်တည်ဆောက်ပုံကို ဟန်ချက်ပျက်စေပြီး ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုကိုဖြစ်စေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ ခါးစောင်း နေတာက ဆိုးရွားတယ်ဆိုရင် ဆရာဝန်တွေဟာ ပုံမမှန်မှုကို ပြင်ဖို့အတွက် ခွဲစိတ်ဖို့အကြံပြုပေးပါတယ်။ ခွဲစိတ် ခြင်းဟာနောက်ထပ်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်မှုကိုလျော့ချပေးပြီး ကလေးရဲ့ ဘဝအရည်အသွေးကို တိုးတက်လာစေပါတယ်။
ကျောရိုးပုံမမှန်မှုကို ဆစ်မီတဝေ့ ဆေးရုံမှာခွဲစိတ်ဖို့ရွေးချယ်မယ်ဆိုရင် ခေတ်ရှေ့ပြေးခွဲစိတ်နည်းစနစ်တွေ၊ ဘေးကင်းရေးဆိုင်ရာ အမြင့်ဆုံးစံနူန်းတွေရှိတဲ့ ခေတ်အမှီဆုံး ခွဲစိတ်ခန်းတွေမှာ ဆေးဘက်ဆိုင်ရာ ကဏ္ဍပေါင်း စုံက ကလေးအထူးကုပါရဂူတွေပါဝင်တဲ့ ဆေးဘက်ကျွမ်းကျင်ပညာရှင်တွေရဲ့ ကုသစောင့်ရှောက်မူကို ရရှိမှာဖြစ် ပါတယ်။ ဆေးရုံမှာ ကျောရိုးပုံမမှန်မှု ခွဲစိတ်ခြင်းနဲ့ပတ်သတ်တဲ့ ၂၅ နှစ်အထက်အတွေ့အကြုံရှိတဲ့ အရိုးခွဲစိတ်ဆရာဝန်ကြီးတွေအပြင် ကလေးလူနာတွေကို အနီးကပ်စောင့်ကြည့်ကုသမူလုပ်ဆောင်ပေးနိုင်တဲ့ ကလေးအထူး ကြပ်မတ်ကုသဆောင် (PICU) လည်း ရှိပါတယ်။
ဆောင်းပါးများ