ခွဲစိတ်ပြီးနောက် ပြန်ဖြစ်တတ်သော ခါးနာခြင်းများကို ဘယ်လိုကုသနိုင်လဲ?

ခွဲစိတ်ပြီးနောက် ပြန်ဖြစ်တတ်သော ခါးနာခြင်းများကို ဘယ်လိုကုသနိုင်လဲ?

ကျောရိုးဟာ ဦးခေါင်းမှ တင်ပါးဆုံအထိ ဆက်သွယ်ထားသော ခန္ဓာကိုယ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျောရိုးဟာ အာရုံကြောမကြီးကို ကာကွယ်ပေးပြီး ခန္ဓာကိုယ် လှုပ်ရှားမှုအတွက် ခါးကြွက်သားများအပေါ်  မှီခိုရပါတယ်။

 

ကျောရိုးဆိုင်ရာ ဒဏ်ရာများအတွက် ကုသမှုနည်းလမ်းများ

ကျောရိုးဆစ်ဆိုင်ရာရောဂါများဟာ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ပိုအဖြစ်များပါတယ်။ ကုသမှုနည်းလမ်းများစွာရှိပြီး နောက်ဆုံးနည်းလမ်းမှာ ခွဲစိတ်ကုသမှုသာ ဖြစ်ပါတယ်။ အရင်က လူနာများဟာ ခွဲစိတ်ကုသမှုရန် ကြောက်ရွံ့တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အန္တရာယ်ကြီးသော ကိစ္စဖြစ်ပြီး ကုသမှုမအောင်မြင်ခြင်း၊ လေဖြတ်ခြင်း စသော ပြင်းထန်တဲ့ အန္တရာယ်များ ရှိနေသောကြောင့်ဖြစ်ပါတယ်။ သို့သော် အဆက်မပြတ် တိုးတက်လာသော ဆေးပညာဆိုင်ရာ နည်းပညာနဲ့ အတွေ့အကြုံများသော ဆရာဝန်များကြောင့် ကျောရိုးဆစ်ခွဲစိတ်မှုဟာ အရင်ကလို ကြောက်စရာမကောင်းတော့ဘဲ သိသိသာသာကို ပိုမိုဘေးကင်းလာပါတယ်။

ခွဲစိတ်ကုသမှု နည်းလမ်းများဟာ ရောဂါအမျိုးအစား၊ ထိခိုက်မှုနဲ့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဤနည်းလမ်းများထဲတွင် သမာရိုးကျခွဲစိတ်မှုနဲ့ ခန္ဓာကိုယ်တစ်ရှူးများအပေါ် သက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် ရည်ရွယ်သော အနည်းငယ်သာ ခွဲစိတ်ရတဲ့ MIS နည်းပညာဖြင့်ခွဲစိတ်မှုများ ပါဝင်ပါတယ်။

ခွဲစိတ်ပြီးနောက် နာကျင်မှုဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ

ဘယ် ခွဲစိတ်မှုနည်းလမ်းမဆို ခွဲစိတ်မှုပြီးနောက်ပိုင်း ခါးနာခြင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများ  နဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ ခွဲစိတ်မှုကြောင့်သော်လည်းကောင်း ၊ ခွဲစိတ်ပြီးနောက်ပိုင်း ပြုစုစောင့်ရှောက်မှု မလုံလောက်ခြင်း သို့မဟုတ် လူနာရဲ့ နေထိုင်မှု ပုံစံကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဥပမာ- လေ့ကျင့်ခန်းမလုပ်ခြင်း/လေ့ကျင့်ခန်းလွန်ကဲစွာလုပ်ခြင်း သို့မဟုတ် ခွဲစိတ်ပြီးသိပ်မကြာခင် အလုပ်ကြမ်းလုပ်ခြင်းမျိုးကြောင့် ဖြစ်တတ်ပါတယ်။

ခွဲစိတ်မှု ရလဒ်တွေဟာ ခွဲစိတ်မှုအမျိုးအစားအပေါ်လည်း မူတည်ပါတယ်။ တချို့အခြေအနေများတွင် ခွဲစိတ်ပြီးနောက်ပိုင်းမှာတောင် ခါးနာခြင်း ကြာရှည်စွာ ရှိနေနိုင်ပါတယ်။ လူနာတချို့ဟာ အနီးနားရှိ အစိတ်အပိုင်း ရောဂါဗေဒ လို့ခေါ်သော ဘေးနားရှိ အရိုးများ နာကျင်ခြင်းမျိုးကိုတောင် ခံစားရနိုင်ပါတယ်။ ဥပမာ- ၃ နဲ့ ၄ ကြောရိုးဆစ်ကို အောင်မြင်စွာ ခွဲစိတ်ပြီးနောက် နာကျင်မှု ပြန်ဖြစ်နိုင်ပါတယ်။ ရလဒ်အနေဖြင့် လူနာဟာ ခွဲစိတ်မှုမအောင်မြင်ဘူးလို့ ထင်သွားနိုင်သော်လည်း တကယ်တမ်းတွင် အောင်မြင်စွာ ကုသခဲ့သော အရိုးများရဲ့ ဘေးနားရှိ အရိုးများကြောင့် နာကျင်ခြင်း ဖြစ်နိုင်ပါတယ်။

အရိုးပျက်စီး ယိုယွင်းမှု မြန်ခြင်း/နှေးခြင်းဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားပါတယ်။ တချို့အခြေအနေများ ဆရာဝန်ဟာ အရင်ခွဲစိတ်မှုတုန်းက ဘေးနားရှိ ကျောရိုးဆစ်များကို မကုသပေးခဲ့ခြင်းဟာ ထိုအချိန်က ၎င်းအရိုးအဆစ်များဟာ ကောင်းနေသေးသောကြောင့် ဖြစ်ပါတယ်။ ဤကဲ့သို့အခြေအနေမျိုးဟာ နောင်တွင် နာတာရှည်နာကျင်မှုကို ဖြစ်စေနိုင်ပြီး လူနာတွေကို ကိုယ်ရောစိတ်ပါ ဒုက္ခရောက်စေနိုင်ပါတယ်။

ဆရာဝန်ဆီ အကြိမ်ကြိမ်သွားရောက်ပြသခြင်းဟာလည်း အကူအညီမဖြစ်နိုင်ပါ။ ဒါကြောင့် လူနာများစွာဟာ နာကျင်မှုကို လျှော့ချဖို့အတွက် အခြားနည်းလမ်းများကို ရှာဖွေတတ်ကြပါတယ်။ ရလဒ်အနေဖြင့် မသင့်လျော်သော ကုသမှုများမှ ပိုပြီးစိတ်ပျက်စရာကောင်းသော ရလဒ်များသာ ထွက်ပေါ်လာနိုင်ပါတယ်။ နောက်ဆုံးတွင် လူနာတချို့ဟာ နေရာဟောင်းတွင်သာ ခွဲစိတ်မှုထပ်လုပ်ရန် လိုအပ်လာပြီး လူနာနဲ့ သူတို့မိသားစုအတွက် စိုးရိမ်စရာများ ဖြစ်စေပါတယ်။

ကုသမှု အောင်မြင်ခြင်းဟာ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုနဲ့ လူနာရဲ့အခြေအနေပေါ်မှာ အဓိကမူတည်ပါတယ်

ခွဲစိတ်မှုရဲ့အခက်အခဲဟာ လူနာရဲ့စစ်ဆေးမှုရလဒ်များပေါ် မူတည်ပါတယ်။ ဒါကြောင့် ဆရာဝန်များဟာ ဆက်တိုက်နာကျင်နေတဲ့အကြောင်းရင်းကို ရှာဖွေရပါတယ်။ ဤကဲ့သို့လုပ်ဆောင်သောအခါ အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးမှုရှိမရှိ သိနိုင်ဖို့ ပထမဆုံး ခွဲစိတ်မှုကို အသေးစိတ်လေ့လာရပါတယ်။

အကယ်၍ နာကျင်ရတဲ့အကြောင်းရင်းဟာ ကြွက်သားနဲ့ အရွတ်များနဲ့ သက်ဆိုင်ပါက ခွဲစိတ်မှုမှ ကောင်းမွန်သောရလဒ်ကို ရရှိနိုင်ဖွယ်ရှိပါတယ်။ မအောင်မြင်သော ကျောရိုးခွဲစိတ်မှုရောဂါ အများစုဟာ ဤအမျိုးအစားထဲတွင် ပါဝင်ပါတယ်။ အကယ်၍ အကြောင်းရင်းဟာ အာရုံကြောစနစ်နဲ့ သက်ဆိုင်ပါက ဆရာဝန်တွေက ပျက်စီးမှုဟာ တစ်စိတ်တစ်ပိုင်းလား သို့မဟုတ် အမြဲတမ်း ပျက်စီးသွားပြီလားဆိုတာကို စစ်ဆေးပါတယ်။ ပျက်စီးမှုဟာ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါက အာရုံကြောစနစ်ကို ကုသပြီး တိုးတက်ကောင်းမွန်လာစေဖို့ ဖြစ်နိုင်ပါတယ်။

ကနဦးအဆင့်အနေဖြင့် ဆရာဝန်အဖွဲ့ဟာ လူနာတစ်ဦးစီနဲ့ စကားပြောပြီး သတင်းအချက်အလက် အတတ်နိုင်ဆုံး စုဆောင်းကာ မှန်ကန်သော ရောဂါရှာဖွေမှုနဲ့ ထိရောက်သော ကုသမှုအစီအစဉ်ကို ချမှတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကုသမှုမှတ်တမ်းကို အသေးစိတ်အပြည့်အစုံနဲ့ အမြဲ update လုပ်ထားပါ။ ဒါဟာ အလွန်အကျိုးရှိပြီး ဆရာဝန်ကလည်း ပိုမိုမြန်ဆန်စွာ ကုသပေးနိုင်ပါတယ်။

လူနာရဲ့ အသက်အရွယ်ဟာ ကျောရိုးဆစ်ဆိုင်ရာ အခြေအနေတွေကို ကုသရာတွင် အတားအဆီးတစ်ခု မဟုတ်ပါ။ လူနာရဲ့ကြံ့ခိုင်မှု အပေါ်တွင်သာ မူတည်ပါတယ်။ လိုက်နာရမယ့် တစ်ဦးချင်း ကုသမှုလမ်းကြောင်းကို ရောဂါ သို့မဟုတ် ထိခိုက်မှုနဲ့ လူနာရဲ့ ခန္ဓာကိုယ်အခြေအနေအရ ဆုံးဖြတ်ပါတယ်။ တချို့အခြေအနေများတွင် လူနာများဟာ ကာယကုထုံးနဲ့တင် ပုံမှန်ဘဝကို နေထိုင်နိုင်သောကြောင့် ခွဲစိတ်မှု မလိုအပ်ပါ။ သို့သော် ဤနည်းလမ်းဟာ ခန္ဓာကိုယ်အခြေအနေနဲ့ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ်တွင် မူတည်ပါတယ်။

Samitivej, We Care

For further information, please contact:
Revision Spine Center
Samitivej Srinakarin Hospital, 1st floor
Tel: 66 (0) 2378-9000
Call Center: 66 (0) 2378-9000
E-mail: info.srinakarin@samitivej.co.th
Facebook: www.facebook.com/samitivej

Leave a medical inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်