Monochorionic-Monoamniotic (MCMA) Twins

Monochorionic-Monoamniotic (MCMA) Twins

အမြွှာကိုယ်ဝန်အများစုဟာ ပုံမှန်ထက်ပို အန္တရာယ်များပြီး ဘေးကင်းကျန်းမာစွာ မွေးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်ဟာ ကျွမ်းကျင်ဆရာဝန်နဲ့အမြဲတမ်း ပြသတိုင်ပင်နေဖို့အရေးကြီးပါတယ်။ Monochorionic- monoamniotic Twins (သို့) Mo Mo Twins အမျိုးအစား အမြွှာကိုယ်ဝန်ဟာ တွေ့ရခဲ သလို ဗိုက်ထဲက အမြွှာကလေးနှစ်ယောက်စလုံးကိုပါ သေဆုံးစေတဲ့အထိ အန္တရာယ်များတဲ့ ကိုယ်ဝန် ဖြစ်ပါတယ်။ မိသားစုဘဝတစ်ခုကို စတင်တည်ဆောက်တော့မယ့် စုံတွဲများ အနေနဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပိုမိုလေ့လာသိရှိထားဖို့ အရေးကြီး ပါတယ်။

Mo Mo Twins လို့လူသိများတဲ့ MCMA Twins ဆိုတာဘာလဲ?

ရေမြွှာအိတ်တစ်ခုတည်းမှာ အချင်းတစ်ခုတည်း ရှိနေတဲ့ အခြေ အနေဖြစ်ပါတယ်။ MCMA Twins အမျိုးအစားဟာ ဖြစ်တည်ဖို့အလွန်ခက်ခဲပြီး အမြွှာကိုယ်ဝန်အားလုံးရဲ့ (၁)ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ သာမန်အမြွှာကိုယ်ဝန်ဆိုရင် သန္ဓေသားဘဝ ပထမဆုံး(၄)ရက်အတွင်း တစ်ဦးနဲ့ တစ်ဦးခွဲထွက်သွားပြီး အမြွှာနှစ်ယောက်ရဲ့ အချင်းနဲ့ ရေမြွှာအိတ်ဟာလည်း တစ်ယောက်တစ်ခုစီ ရှိကြပါတယ်။ ဒါပေမယ့် MCMA Twins အမျိုးအစား အမြွှာ ကိုယ်ဝန်ကတော့ သန္ဓေသားဘဝ ပထမဆုံး(၈)ရက်အတွင်း ခွဲထွက်တာကြောင့် ရေမြွှာအိတ် တစ်ခုတည်း အချင်းတစ်ခုတည်းကို မျှဝေသုံးစွဲရပါတယ်။ MCMA Twins အမျိုး အစားဟာ သဘာဝအတိုင်း ဖြစ်ပေါ်ပြီး ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တိတိကျကျမသိရပါဘူး။

MCMA Twins ရဲ့ နောက်ဆက်တွဲတွေကဘာတွေလဲ?

MCMA Twins ဟာ သွေးတိုး၊ ဆီးချိုအပြင် (၅၀)ရာခိုင်နှုန်းဟာ လမစေ့ခင်မွေးဖွား ခြင်း အပါအဝင် သာမန် အမြွှာတွေမှာ ဖြစ်လေ့ရှိတဲ့ နောက်ဆက်တွဲရောဂါတွေ အကုန် ဖြစ်န်ိုင်ပါတယ်။ ဒါပေမယ့် အပြင်းထန်ဆုံးနဲ့ အဖြစ်အများဆုံး ဆိုးကျိုး ကတော့ သန္ဓေသားကို ချက်ကြိုးနဲ့ပတ်မိခြင်း ဖြစ်ပါတယ်။ အချင်းတစ်ခုတည်းရှိနေတယ် ဆိုတဲ့ အဓိပ္ပါယ်ကတော့ ချက်ကြိုးနှစ်ခုစလုံးဟာ အချင်းနဲ့ အလွန်နီးကပ်စွာရှိနေပြီး (၆)လက်မလောက်သာ ကွာဝေးတာကြောင့် တစ်ခုနဲ့တစ်ခု ရှုပ်ထွေးဖို့ ပိုမိုလွယ်ကူသွားပါတယ်။ ချက်ကြိုးပတ်မိခြင်းကြောင့် ကလေးနှစ်ယောက်ဆီသွေးပို့လွှတ်မှုကို တားဆီးလိုက်သလိုဖြစ်သွားပြီး သေချာ မကုသဘဲထားမယ်ဆိုရင် သန္ဓေသားနှစ်ဦးစလုံးကို ဆုံးရှုံးလိုက်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ MCMA Twins မှာ သိသာတဲ့ လက္ခဏာပြတာမျိုးမရှိပါဘူ။ ချက်ကြိုးနှစ်ခုဟာ အချင်းချင်း ပတ်မိသွားပြီဆိုတာနဲ့ ကလေးနှစ်ယောက်စလုံး ရဲ့ အသက်ဟာ အန္တရာယ်ရှိပါတယ်။

making an appointment

ရောဂါရှာဖွေမှုနဲ့ ကုသမှု

သန္ဓေသားဟာ အချိန်တိုင်းလှုပ်ရှားနေပြီး ဘယ်အချိန်မှာ လှုပ်ရှားမလဲ မသိနိုင်တာကြောင့် အချိန်မရွေး ချက်ကြိုးပတ်မိသွားနိုင်ပါတယ်။ ဒါကြောင့် MCMA ကို စောစောစီးစီးရှာဖွေခြင်းဟာကလေးနှစ်ယောက်စလုံးကို ဘေးကင်း ကျန်းမာစွာမွေးဖွားနိုင်ဖို့ အဓိကျတဲ့နည်းလမ်းဖြစ်ပါတယ်။ အာထရာစောင်း ရိုက်ခြင်းအားဖြင့် ဒါကို စစ်ဆေးရှာဖွေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်း ကာလ အတွင်း စစ်ဆေးရှာဖွေမှုများအရ အမြွှာနှစ်ယောက် စလုံးဟာ တူညီတဲ့ အချင်း တစ်ခုတည်းရှိနေတယ်ဆိုတာသိရတဲ့အချိန်မှာ ချက်ကြိုးပတ်နေတာ ကိုလည်း ပိုပြီး လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။

ဒီလိုအခြေအနေ ရှိနေတယ်ဆိုတာကို သိရပြီဆိုရင် လူနာအနေနဲ့ အတတ်နိုင်ဆုံး မကြာခဏ ဆရာဝန်နဲ့ ပြသရပါမယ်။ ကိုယ်ဝန်ဆောင်ကာလ (၂၄)ပတ်မှ (၂၆)ပတ် အထိ ရောက်ပြီဆိုရင် မိခင်အနေနဲ့ မိမိရဲ့အခြေအနေအပေါ်မူတည်ပြီး ဗိုက်ထဲကသန္ဓေသားကို တစ်ရက်တစ်ကြိမ် (သို့) တစ်ရက်နှစ်ကြိမ် စစ်ဆေး ကြည့်ရှုဖို့ အကြံပြုလိုပါတယ်။ ဆရာဝန်က ချက်ကြိုးဆီ သွေးစီးဆင်းမှုကို စစ်ဆေးမှာဖြစ်သလို သန္ဓေသားရဲ့ နှလုံးခုန်နှုန်းဘယ်လောက် တည်ငြိမ်လဲ ဆိုတာကိုလည်း ကြည့်မှာဖြစ်ပါတယ်။ မိခင်အနေနဲ့ အမြွှာသန္ဓေသားနှစ်ယောက် လှုပ်ရှားမှု နှေးကွေးလာပြီလို့ ခံစားရတယ်ဆိုရင် ဆေးရုံမှာ ချက်ချင်း လာပြရမှာဖြစ်ပါတယ်။

သန္ဓေသားရဲ့ နှလုံးခုန်နှုန်း သိသိသာသာကျဆင်းနေတယ်ဆိုရင်တော့ ကလေးနှစ် ယောက်စလုံးရဲ့ အသက်ကိုကယ်တင်ဖို့အတွက် အရေးပေါ်မွေးဖွား ကောင်းမွေးဖွားရမှာဖြစ်ပါတယ်။ ဒါကို မိဘများနဲ့ ဆရာဝန်များသေချာဆွေးနွေး တိုင်ပင်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Photo Credit: donnierayjones Flickr via Compfight cc

စပ်လျဉ်းသောဗီဒီယို

Covid-19ကာလအတွင်းဆစ်မီတဝေ့ဆေးရုံရဲ့စီစဉ်ထားရှိမှုများ

  • အွန်လိုင်းဆွေးနွေးတိုင်ပင်မှု - လူနာများအနေနဲ့ မိမိတို့ရဲ့ ဆေးစစ်ချက်ကို ပေးပို့ပြီး Samitivej Virtual Hospital ကနေတစ်ဆင့် ဗီဒီယိုကောလ် ခေါ်ဆိုကာ အထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
  • Covid-19 စစ်ဆေးပေးခြင်း - ဆစ်မီတဝေ့ဆေးရုံဟာ လူနာနဲ့ ကျန်းမာရေး ဝန်ထမ်းများရဲ့ ဘေးကင်းလုံခြုံမှုကိုရှေးရှုပြီး ခွဲစိတ်ကုသမှုမတိုင်ခင်မှာ လူနာအားလုံးကို Covid-19 စစ်ဆေးပေးပါတယ်။ အဆိုပါစစ်ဆေးမှုကို ၂၀၂၁ ခုနှစ် မတ်လအထိ အခမဲ့ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်။
  • သန့်ရှင်းမှုနှင့်ဘေးကင်းလုံခြုံမှု - ဆစ်မီတဝေ့ဆေးရုံတစ်ခုလုံးမှာ ပိုးသတ် နည်းပညာများနဲ့ လုံခြုံစိတ်ချရတဲ့စီမံမှုတွေကို လုပ်ဆောင်ထားပါ တယ်။ ဆေးရုံရဲ့ခွဲစိတ်ခန်းတွေဟာ ရောဂါပိုးမွှားများအန္တရာယ်ကို လျှော့ချ ပေးတဲ့ Laminar Airflow Filtration တပ်ဆင်ထားတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိထားပါတယ်။ ဘတ်တီးရီးယားကာကွယ်မှုနံရံများနဲ့ အထူးပြုလုပ်ထားတဲ့ မှန်သားနံရံ စနစ်ဟာ ဘတ်တီးရီးယားနဲ့ ရောဂါပိုး များကို လျှော့ချပေးနိုင်ပါတယ်။
  • Samitivej PROMPT -  ဒီဝန်ဆောင်မှုဟာ လူနာများအနေနဲ့ အနှောင့်အယှက်မရှိ အနားယူလိုတဲ့ အချိန်ကို မိမိတို့ရဲ့ ဆရာဝန်ဆီ စာပို့ အကြောင်းကြားနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံတက်ခြင်း အတွက် ကနဦးကုန်ကျစရိတ်ကိုလည်း သိရှိနိုင်ပါတယ်။

  • Samitivej PACE – ဒီ Application ထဲ ဝင်ရောက်နိုင်တဲ့ Link ကို လူနာဆီ ပေးပို့မှာဖြစ်ပါတယ်။ လူနာအနေနဲ့ အဆိုပါ Link ကို မိမိတို့ရဲ့ ဆွေမျိုး မိတ်ဆွေများထံ ထပ်မံပေးပို့ပြီး ခွဲစိတ်ကုသမှုအတွင်း အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူနာဟာ ခွဲစိတ်ခန်းအတွင်းဝင်ဖို့ စောင့်နေတယ်၊ Recovery Rooms ထဲရောက်သွားပြီ စတဲ့ အခြေအနေများ ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မှာဖြစ်ပါတယ်။
  • အွန်လိုင်းမှတစ်ဆင့်ရက်ချိန်းပြသခြင်း - ဦးဆောင်ကုသပေးတဲ့ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ လူနာအနေနဲ့ လူကိုယ်တိုင်လာရောက်ပြသရမယ့် ရက်ချိန်းများကို Video Call ကနေတစ်ဆင့် ပြသနိုင်ပါတယ်။

treatment cost estimation

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု) ။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ ကုသမှုစီစဉ်ရေးဆွဲခြင်း။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)

treatment cost estimation

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။