လွယ်ကူရိုးရှင်း၊ အန္တရာယ်ကင်းပြီး ကြောက်စရာမလိုတဲ့ မှန်ပြောင်းကြည့်စစ်ဆေးခြင်း

လွယ်ကူရိုးရှင်း၊ အန္တရာယ်ကင်းပြီး ကြောက်စရာမလိုတဲ့ မှန်ပြောင်းကြည့်စစ်ဆေးခြင်း

အနှစ်ချုပ်

  • မှန်ပြောင်းကြည့်စစ်ဆေးခြင်းနည်းလမ်းဟာ အသက် ၄၅ နှစ် နဲ့ အထက်ရှိသူများ ဒါမှမဟုတ် အစာအိမ်၊ အူမကြီးအပြင် တခြားအစာခြေစနစ် နဲ့ ပတ်သတ်တဲ့ ကင်ဆာရောဂါဖြစ်ပွားမူမျိုးရိုးရှိတဲ့ အသက် ၄၀ နဲ့ အထက်ရှိသူတွေ လုပ်ဆောင်သင့်ပါတယ်။
  • မှန်ပြောင်းကြည့်စစ်ဆေးခြင်းနည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမနည်းလမ်းကတော့ လည်ချောင်းအ တွက်ထုံဆေးဖြန်း ခြင်းနည်းလမ်းဖြစ်ပြီး နောက်တစ်ခုကတော့ မေ့ဆေးသုံးနည်းလမ်းဖြစ်ပါတယ်။ နည်းလမ်းနှစ်ခုစလုံးကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ဦးဆောင်မူနဲ့ လုပ်ရပါမယ်။
  • အစာအိမ်အူလမ်းကြောင်း အထက်ပိုင်း မှန်ပြောင်းကြည့်ခြင်း (gastroscopy) ဟာ ခန့်မှန်းခြေ မိနစ် ၂၀ ကနေ ၃၀ အထိကြာပါတယ်။ အူမကြီးမှန်ပြောင်းကြည့်ခြင်း  (colonoscopy) ဟာ မိနစ် ၃၀ ကနေ ၄၅ မိနစ်ခန့်ကြာပါတယ်။ ဒီနှစ်မျိုးစလုံးအတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

မှန်ပြောင်းကြည့်စစ်ဆေးခြင်းဆိုတာ ဘာလဲ ?

မှန်ပြောင်းကြည့်စစ်ဆေးခြင်းဆိုတာ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို စစ် ဆေးကုသတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမူဟာ ကင်မရာပါတဲ့ ပိုက်ပုံစံ ရှည်ရှည်အချောင်းလေးကို ပါးစပ် ဒါမှမဟုတ် စအိုကနေတစ်ဆင့်ထိုးသွင်းစစ်ဆေးတာဖြစ်ပါတယ်။ သွင်းတဲ့နေရာပေါ်မူတည်ပြီး ဒီလိုခွဲလို့ ရပါတယ်။

။ အစာအိမ်မှန်ပြောင်းကြည့်ခြင်း : အစာပြွန်၊ အစာအိမ်နဲ့ အူသိမ်အထက်ပိုင်းတွေကို စစ်ဆေးခြင်းဖြစ်ပြီး မိနစ် ၂၀ ကနေ ၃၀ အထိကြာတတ်ပါတယ်။

၂။ အူမကြီးမှန်ပြောင်းကြည့်ခြင်း : အူသိမ်အောက်ပိုင်း၊ အူမကြီးနဲ့ အစာဟောင်းအိမ် တို့ကို စစ်ဆေးခြင်းဖြစ်ပြီး မိနစ် ၃၀ ကနေ ၄၅ မိနစ်အထိ ကြာတတ်ပါတယ်။

ဒါ့အပြင် capsule endoscopy လို့ခေါ်တဲ့ ဆေးတောင့်ပုံစံမှန်ပြောင်းကြည့်နည်းကိုလည်း အူသိမ်အလယ်ပိုင်းတွေကို စစ်ဆေးဖို့အသုံးပြုပါတယ်။  ၈ နာရီက နေ ၁၂ နာရီအထိကြာတတ်ပါတယ်။

မှန်ပြောင်းကြည့်စစ်ဆေးခြင်းနည်းလမ်းနှစ်ခုရှိပါတယ်။

၁။ လည်ချောင်းအတွက် ထုံဆေးဖြန်း စစ်ဆေးခြင်း : လူနာအနေနဲ့ စစ်ဆေးပြီးပြီးခြင်း အိမ်တန်းပြန်နိုင်ပါတယ်။

၂။ မေ့ဆေးအသုံးပြုခြင်း : လူနာအနေနဲ့ စစ်ဆေးပြီးပြီးခြင်း မေ့ဆေးအရှိန်ပြေဖို့ နှစ်နာရီလောက် စောင့်ရ ပါမယ်။ စစ်ဆေးချိန်မှာသုံးတဲ့ မေ့ဆေး ဒါမှမဟုတ် ထုံဆေးဟာ အိပ်ချင်မူးတူးဖြစ်ခြင်း၊ အားနည်း ခြင်းနဲ့ ဇဝေဇဝါဖြစ်ခြင်းတွေကိုဖြစ်စေနိုင်တာကြောင့် စစ်ဆေးမူခံယူခဲ့တဲ့လူနာအနေ နဲ့ ကိုယ်တိုင် ကားမောင်းတာမျိုး မလုပ်သင့်ပါဘူး။ ဒါ့ကြောင့် မိသားစုဝင်တစ်ဦးဦး ရဲ့ အကူအညီ နဲ့ အိမ်ပြန်သင့်ပါတယ်။

အစာအိမ်အူလမ်းကြောင်း စစ်ဆေးရန် ညွှန်ပြနေတဲ့ လက္ခဏာများ

  • အသက် ၄၅ နှစ် နဲ့ အထက်ရှိသူများ ၊ ဒါမှမဟုတ် မိသားစုမျိုးရိုးတွင် အစာအိမ် ဒါမှမဟုတ် အူမကြီးကင်ဆာ ဒါမှမဟုတ် အူမကြီးတွင် အသားပို တွေ့ခဲ့ဖူးသူ အသက် ၄၀ ကျော် အရွယ်များ
  • သွေးအားနည်းတဲ့လက္ခဏာတွေ နဲ့ အတူ ဗိုက်အောင့်ဝေဒနာခံစားရခြင်း၊ ဒီလိုခံစားရခြင်းဟာ ကာလရှည် ကိုယ်တွင်းပြည်တည်နာ ဒါမှမဟုတ် အစာအိမ်မှာ သွေးထွက်နေတဲ့ အကျိတ် ရှိနေတယ်လို့ ညွှန်ပြနေလို့ ဖြစ်ပါတယ်
  • အစားအစာစားသောက်မူပုံစံမပြောင်းလဲဘဲနဲ့ ဗိုက်အောင့်ဝေဒနာနဲ့အတူ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းလာခြင်း
  • အစာမျိုရန် ခက်ခဲခြင်း ဒါမှမဟုတ် မျိုချချိန် နာကျင်ခြင်း၊ ဒီလိုဖြစ်ခြင်းဟာ အစာပြွန်မှာပုံမှန်မဟုတ်တာ တစ်ခုခုရှိနေတယ်လို့ ညွှန်ပြနေတာဖြစ်ပါတယ်
  • ကာလရှည် ဗိုက်အောင့်ဝေဒနာခံစားရခြင်း၊ လေပွခြင်း၊ မကြာခဏအန်ခြင်း ဒါမှမဟုတ် အန်ချိန် သွေးပါခြင်း
  • ဝမ်းချုပ်လိုက်၊ ဝမ်းသွားလိုက်ဖြစ်ခြင်း၊ သွေးဝမ်းသွားခြင်း ဒါမှမဟုတ် ဝမ်းအရောင်ကိုပြောင်းလဲစေတဲ့ ဆေးတစ်မျိုးမျိုးမသောက်ဘဲ ဝမ်းအမည်းရောင်များသွားခြင်း တို့ပဲဖြစ်ပါတယ်

အစာအိမ်အူလမ်းကြောင်းဆိုင်ရာ မှန်ပြောင်းကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်

၁။  လူနာ ထုံဆေးပါတဲ့ ပါးလုပ်ကျင်းရည် ဒါမှမဟုတ် အိပ်ဆေးပေးလိုက်ပြီးချိန်မှာ ဆရာဝန်ဟာ ပါးစပ်ကနေ သေးငယ်ရှည်လျားတဲ့ပိုက်လေးတစ်ခုကိုထိုးသွင်းလိုက်ပါမယ်။ ဒီပိုက်မှာအလင်းရောင် ပါတာကြောင့် စစ်ဆေးမူအတွင်း မှာအူလမ်းကြောင်းမှာရှိတဲ့အရာတွေကို ထင်ထင်ရှားရှားမြင်ရစေပါတယ်။

၂။ လူနာဟာဘယ်ဘက်ကိုစောင်းပြီလှဲနေချိန်မှာ မှန်ပြောင်းကိုပါးစပ်ကနေတစ်ဆင့် ထိုးသွင်းလိုက်ပါမယ်။ လွယ်လွယ်ကူကူသွင်းနိုင်ဖို့အတွက် လူနာအနေနဲ့ စိတ်နဲ့ ကိုယ်ကိုလျော့ထားဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဟာ လည်ချောင်းကနေတစ်ဆင့် အစာပြွန်၊ အစာအိမ်၊ အူသိမ်အစပိုင်းအထိကိုစစ်ဆေးမှာြဖစ်ပါတယ်။ စစ်ဆေး နေချိန်မှာ ပုံမှန်မဟုတ်တဲ့ တစ်စုံတစ်ခုကို တွေပြီဆိုတာနဲ့ နောက်ထပ် စစ်ဆေးမူတွေလုပ်ဖို့ အသားစကို ချက်ချင်းထုတ်ယူမှာဖြစ်ပါတယ်။

၃။ စစ်ဆေးနေချိန်အတွင်း အသားပိုသေးသေးလေးတွေတွေ့ပြီဆိုတာနဲ့ ဆရာဝန်ဟာ ကုသမူအနေနဲ့ ဒီအ သားပိုတွေကို ဖြတ်လိုက်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ၂ မိနစ် - ၃ မိနစ်ခန့်သာကြာမှာဖြစ်ပြီးတော့ လူနာအနေနဲ့ သက်တောင့်သက်သာမဖြစ်မူ တစ်စုံတစ်ရာ ရှိမှာမဟုတ်ပါဘူး။

အစာခြေအူလမ်းကြောင်း အထက်ပိုင်း မှန်ပြောင်းကြည်ခြင်း (Gastroscopy, EGD)

အူမကြီးမှန်ပြောင်းကြည့် စစ်ဆေးခြင်း

အူမကြီးမှန်ပြောင်းကြည့် စစ်ဆေးခြင်း  ဆိုတာ အူမကြီးတစ်ခုလုံး မှာရှိတဲ့ ပုံမှန်မဟုတ်တာတွေကို ရှာဖွေဖော်ထုတ် ဖို့အတွက်စအိုကနေတစ်ဆင့်အူမကြီအထိ ကွေးလွယ်ဆန့်လွယ်တဲ့ ပိုက်လေးတစ်ခုကို ထိုးသွင်းစစ်ဆေးနည်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမူမှာ အူသိမ်အဆုံးပိုင်းအထိ စစ်ဆေးခြင်းတွေပါဝင်ပြီး နောက်ထပ်ရှာဖွေကုသမူတွေ အတွက် တစ်သျှူးနမူနာယူခြင်းတွေလည်း ပါဝင်ပါတယ်။ ပုံမှန်ဆိုရင် ဒီစစ်ဆေးမူဟာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိကြာတတ်ပါတယ်။

အူမကြီးမှန်ပြောင်းစစ်ဆေးမူမလုပ်ဆောင်ခင် အနည်းဆုံး ၈ နာရီအတွင်းလူနာကို အစာနဲ့ရေဖြတ်ထားရမှာဖြစ် သလို စစ်ဆေးမူလုပ်ဆောင်မယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း အူတွေသန့်ရှင်းနေစေဖို့ အူသန့်ဆေး သောက်ထား ရမှာလည်းဖြစ်ပါတယ်။

မှန်ပြောင်းစစ်ဆေးမူလုပ်ဆောင်ပြီးတဲ့ လူနာတွေအတွက် လမ်းညွှန်ချက်များ

ထုံဆေးသုံးစစ်ဆေးမူလုပ်ဆောင်ခဲ့တဲ့လူနာတွေအနေနဲ့ ရေစမသောက်ခင် ထုံဆေးပျယ်ဖို့အတွက်ခန့်မှန်းခြေ ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ ခဏစောင့်ဖို့လိုပါတယ်။ အဲ့ဒီနောက် လည်ပင်းမှာထုံနေတာမျိုး၊ မျိုချရခက် တာမျိုးမရှိတော့ဘူးဆိုမှ အစာပျော့တွေကိုစစားသင့်ပါတယ်။

မေ့ဆေးသုံးစစ်ဆေးမူလုပ်ဆောင်ခဲ့တဲ့ လူနာတွေအတွက် ဆေးအာနိသင်ဟာ စစ်ဆေးမူလုပ်ဆောင်ပြီး ၅ မိနစ်က နေ ၁၅ မိနစ်အထိကျန်ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် လူနာအနေနဲ့ အပြည့်အဝသတိပြန်ရတဲ့အချိန်အထိ အနားယူ သင့် ပြီးတော့ အဲ့ဒီနောက်မှသာလျှင် စစ်ဆေးမူရလာဒ်များကို ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

မှန်ပြောင်းကြည့်စစ်ဆေးခြင်းကြောင့် ခံစားရနိုင်ဖွယ်ရှိတဲ့နောက်ဆက်တွဲအခြေအနေများ

၁။ စစ်ဆေးမူပြီးချိန် လည်ချောင်းမှာ ပုံမှန်မဟုတ်တာမျိုးခံစားရနိုင်ပါတယ်။

၂။ စစ်ဆေးပြီးချိန်မှာ မစစ်ဆေးခင်က မဖြစ်တဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းနာကျင်မူမျိုး ဒါမှမဟုတ် အသက်ရူရ ခက်တာမျိုး ကြုံရနိုင်ပါတယ်။

၃။ အသားစ နမူနာထုတ်ယူခံရတဲ့လူနာတွေမှာ ဆိုရင် တံတွေးမှာသွေးအနည်းငယ်ပါလာတာမျိုးလဲ ဖြစ်တတ် ပါတယ်။

အစာခြေစနစ်ကို မှန်ပြောင်းကြည့်စစ်ဆေးခြင်းဟာ ထင်ထားသလောက် ကြောက်စရာမကောင်းပါဘူး။ တကယ် ဆိုဒါဟာ မူမမှန်တဲ့ ရောဂါ လက္ခဏာတွေကိုရှာဖွေဖော်ထုတ်ရာမှာ လျင်မြန်၊ တိကျ၊ ထိရောက်မူရှိတဲ့ နည်းလမ်း တစ်ခုပါပဲ။ တကယ်လို့သင့်မှာ ဒါမှမဟုတ် မိသားစုဝင်များထဲမှာ ဒီလိုမျိုးရောဂါ လက္ခဏာတွေနဲ့ ဆက်နွယ်မူ တွေရှိနေတယ်ဆိုရင် အခြေအနေအမှန်ကို စောစောစီးစီးသိရဖို့အတွက် အထူးကုဆရာဝန်တစ်ယောက်နဲ့ အမြန် ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဒါမှ ကိုယ့် ကျန်းမာရေးကို အကောင်းမွန်ဆုံးဂရုစိုက်မူ လုပ်ဆောင်နိုင်မှာဖြစ်ပြီး အချိန်မီ ကုသမူခံယူနိုင်မှာလည်း ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်