ဝမ်းချုပ်ခြင်း - လက္ခဏာများနဲ့ကုသမှုများ

ဝမ်းချုပ်ခြင်း - လက္ခဏာများနဲ့ကုသမှုများ
  • ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာလိုမျိုး အသက်အန္တရာယ်ရှိတဲ့ ရောဂါ အထိဖြစ်နိုင်ခြေရှိတာကြောင့် ပေါ့ပေါ့ဆဆ မသတ်မှတ်သင့်ပါဘူး။
  • အနောက်တိုင်းပုံစံ အိမ်သာများကိုအသုံးပြုပါက ခြေထောက်နှစ်ဖက် အနည်းငယ်မြှင့်တင်ဖို့အတွက်ခွေးခြေခုံတစ်လုံး ချထားလေ့ရှိပါတယ်။ ဒါဟာ အူမကြီးကိုပွင့် စေဖို့ သင့်လျော်တဲ့ကိုယ်ဟန်အနေအထား ကိုဖြစ်စေပြီး ဝမ်းသွားခြင်း ကို ပိုပြီးလွယ်ကူစေသလို အူမကြီးထဲက အညစ်အကြေးတွေ စုပုံနေမှုကို လည်းလျှော့ချပေးနိုင်ပါတယ်။
  • မည်းနေတဲ့ (သို့) အနီရောင် မစင်များဟာ အစာချေစနစ်သွေးထွက်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်တာကြောင့် သေချာ ရောဂါရှာဖွေစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။

ဝမ်းချုပ်ခြင်းရဲ့လက္ခဏာများ

ဝမ်းချုပ်ခြင်းဟာ လူဦးရေအားလုံးရဲ့ (၁၀) ရာခိုင်နှုန်းခန့်မှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ (၂)ဆ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ လက္ခဏာတွေ တူမှာမဟုတ်ပါဘူး။ အတွေ့ရများတဲ့လက္ခဏာများကတော့ အားစိုက်ထုတ်မှု မရှိတဲ့အခြေအနေမှာ ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းမာကျစ်ခြင်းနှင့်ဝမ်းသွားချိန်ကြာ ခြင်း၊  ပိုမိုကျယ်ပြန့်တဲ့အစာချေဆိုင်ရာပြဿနာများဖြစ်တဲ့ အစာအိမ်အောင့်ခြင်း နှင့် လေပွ လေထခြင်း စတာတွေဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းကိုဘယ်လိုသတ်မှတ်လဲ?

ဝမ်းသွားရာမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေများရှိနေခြင်းကို ဝမ်းချုပ်ခြင်းအဖြစ် သတ်မှတ်ပါတယ်။ တစ်နေ့လျှင် (သို့) (၂)ရက်မှ (၃)ရက် အချိန်အတွင်း (၁)ကြိမ်မှ (၃)ကြိမ် ဝမ်းသွားမယ်ဆိုရင် ကျန်းမာရေး ကောင်းမွန်တဲ့လူတစ်ယောက်အတွက် ပုံမှန် ဝမ်းသွားမှု လို့ ဆိုရမှာပါ။ ဒါဟာ အစာအိမ်အောင့်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ အစာအိမ်ဂတ်စ် စတာတွေနဲ့ မသက်ဆိုင်ပါဘူး။ ပုံမှန်ဝမ်းသွားတဲ့အခြေအနေမှာ မစင် ဟာ လွန်စွာပျော့ပျောင်းပြီး အရမ်းမမာ လွန်း မကျဲလွန်းတဲ့ အနေအထားဖြစ်ပါတယ်။ စားလိုက်တဲ့အစားအစာအပေါ် မူတည်ပြီး ကျန်းမာတဲ့သူတစ်ယောက်ရဲ့ မစင်ဟာ အဝါရောင်ရင့်ရင့်(သို့) အဝါရောင်ဖျော့ဖျော့ရှိပါတယ်။ တကယ်လို့ မစင်ဟာအနီရောင်ဖြစ်နေတယ် ဆိုရင် အစာချေစနစ်မှာ သွေးထွက်နေတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်လို့ မစင်ကြောင့် အိမ်သာခွက်က ရေထဲမှာ အဆီပြန်ပြီးအကြွင်းအကျန် တွေရှိနေတယ်ဆိုရင် မုန့်ချိုအိတ်(ပန်ကရိယ) (သို့) ဆီးအိမ် မှာ ပြဿနာရှိ နေတာ ဖြစ်နိုင်ပါတယ်။

ဝမ်းချုပ်စေသည့်အကြောင်းအရင်းများ

ဝမ်းချုပ်စေတဲ့အဓိကအကြောင်းအရင်း (၃)ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁ ။ ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှု (သို့) စားသောက်မှုပုံစံ ကြောင့် ဝမ်းချုပ်နိုင်ပါတယ်။ အဓိက ကတော့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် လုံလောက်စွာ မစားခြင်း၊ နေ့စဉ် လုံလောက်စွာရေမသောက်ခြင်း စတာတွေ ကြောင့်ဝမ်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းမလုပ်ခြင်းဟာလည်း ဝမ်းချုပ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။

၂ ။ သွေးတိုးရောဂါအတွက်ဆေး၊ အစာအိမ်အောင့်ခြင်းအတွက် အသုံးပြုတဲ့ တချို့ဆေးများ၊ ချောင်းဆိုးပျောက်ဆေး အပါအဝင် ဆေးဝါးတချို့ဟာ ဝမ်းချုပ်စေပါတယ်။ ဒါ့အပြင် ကယ်လ်စီယံ၊ သံဓာတ်၊ ဗီတာမင်၊ တချို့ သတ္တုဓာတ်များ လိုမျိုး အားဖြည့်ဓာတ်တွေဟာလည်း ဒီလိုမျိုး အကျိုးဆက် ရှိပါတယ်။

၃ ။ ဆီးချို၊ သိုင်းရွိုက်ဂလင်းမှဟော်မုန်းထွက်ရှိမှုနည်းခြင်း(Hypothyroidism)၊ တချို့သောဦးနှောက်နှင့်အာရုံကြောရောဂါများကဲ့သို့ ရောဂါအခံများဟာလည်း လူတစ်ယောက်ကို အလွယ်တကူဝမ်းချုပ်စေတဲ့ အကြောင်းအရင်းတစ်ချက် ဖြစ်ပါတယ်။ ထပ်လောင်းပြောရရင်.. ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာရောဂါဖြစ်ဖို့ လမ်းစ အကြောင်းအရင်းတစ်ချက်အဖြစ် မှတ်ယူနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းရဲ့အန္တရာယ်ရှိဘေးထွက်ဆိုးကျိုးများ

နာတာရှည်ဝမ်းချုပ်ခြင်း ခံစားရတဲ့လူနာများဟာ တခြားသော နောက်ဆက်တွဲ ရောဂါပြဿနာများလည်း ဖြစ်ဖို့ လွယ်ကူပါတယ်။ အူမကြီး(သို့)စအို မှာ အနာဖြစ်စေတဲ့ လိပ်ခေါင်း(သို့) စမြင်းခံခြင်း ကြောင့် ဝမ်းသွားရာမှာ သွေးပါခြင်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းဟာ သိုင်းရွိုက်ထုတ်လုပ်မှုလျော့နည်းခြင်း အပြင် အူမကြီးကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက် ဖြစ်ခြင်း(သို့) ဝမ်းသွားတဲ့ပမာဏနည်းပါးခြင်း ကဲ့သို့ ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။

လေ့လာမှုများအရ ဝမ်းသွားခြင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ပြဿနာများဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင် တယ်လို့ ဆိုပါတယ်။ ပုံမှန်ထက် ဝမ်းသွားတာ များနေသလား နည်းနေသလား ဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှု လျော့နည်းခြင်း ဟာလည်း ဆက်စပ် လျက်ရှိကြောင်း သုတေသန စစ်တမ်းများက ဆိုပါတယ်။ အစာချေစနစ်မှာ တွေ့ရတဲ့အူလမ်းကြောင်းပြဿနာ(IBS)ခံစားနေရသူများဟာ ဝမ်းချုပ်ခြင်းရော ဝမ်းလျှောခြင်းပါ ဖြစ်နိုင်တဲ့အပြင် သာမန်လူများ နဲ့ယှဉ်ရင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေပါ ရှိကြောင်း ဆိုပါတယ်။

ဝမ်းချုပ်ခြင်းမဖြစ်စေဖို့အတွက်နည်းလမ်းများ

  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အပါအဝင် အမျှင်ဓာတ်များစွာပါတဲ့ အစား အစာများ စားသုံးခြင်း၊ နေ့စဉ် ရေ (၁.၅)-(၂) လီတာသောက်ခြင်း၊ တစ်ကြိမ်လျှင် မိနစ်(၃၀) နှုန်းနဲ့ တစ်ပတ်လျှင် (၅)ကြိမ်လေ့ကျင့်ခန်း လုပ်ခြင်း စတာတွေဟာ အူမကြီးလုပ်ဆောင်မှုကိုအထောက်အကူ ပြုပါတယ်။
  • နေ့စဉ် ပုံမှန်သန့်စင်ခန်းဝင်တဲ့အလေ့အကျင့်ကိုလုပ်ထားသင့်ပြီး ဝမ်းသွားချင်လျှင်အောင့်မထားပါနဲ့။
  • မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်း၊ စာအုပ်ဖတ် ခြင်းတို့ဟာ အိမ်သာတက်ချိန်ကို ကြာမြင့်စေပြီး ဝမ်းချုပ်ခြင်းရဲ့ ကနဦး အကြောင်းအရင်းတစ်ခုဖြစ်တာ ကြောင့် အိမ်သာတက်ချိန်မှာ ဘာမှမလုပ်ပါနဲ့။ ဝမ်းသွားခြင်းပြီးမြောက်ဖို့ တစ်မိနစ်ထက် ပိုမကြာသင့်ပါဘူး။ တကယ်လို့ ကိုယ်က အိမ်သာတက်တဲ့ အချိန် ကြာနေပြီဆိုရင် ဝမ်းချုပ်ခြင်းဖြစ်နိုင်တဲ့ အန္တရာယ် ရှိ မရှိ သိဖို့အတွက် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများပြုလုပ်ဖို့ အကြံပေးပါရစေ။
  • အိမ်သာကို နည်းလမ်းတကျဘယ်လိုအသုံးပြုရမလဲဆိုတာကို အလေ့ အကျင့်ပြုလုပ်ပါ။ အနောက်တိုင်းပုံစံ အိမ်သာများကိုအသုံးပြုပါက ခြေထောက်နှစ်ဖက် အနည်းငယ်မြှင့်တင်ဖို့အတွက်ခွေးခြေခုံတစ်လုံး ချထားလေ့ရှိပါတယ်။ ၎င်းခုံဟာ အူမကြီးကိုပွင့်စေဖို့ သင့်လျော်တဲ့ ကိုယ်ဟန်အနေအထားကိုဖြစ်စေပြီး ဝမ်းသွားခြင်းကို ပိုပြီး လွယ်ကူစေ သလို အူမကြီးထဲက အညစ်အကြေးတွေစုပုံနေမှု ကို လည်း လျှော့ချ ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းသွားခြင်းကို အထောက်အကူပြုစေတဲ့ အသက်ရှူနည်းလည်း ရှိပါတယ်။ ဝမ်းချုပ်နေသူများအနေနဲ့ အသက်ရှူ ထုတ်ခြင်းမပြုခင် မှာ ခပ်ပြင်းပြင်းအသက်ရှူသွင်းမယ်ဆိုရင် စအို ကို တွန်းအားတစ်ခု ပေးနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အူမကြီးထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပစ်နိုင်ဖို့ အထောက်အကူပြုပြီး အူထဲမှာ ရှင်းလင်းသွားစေမှာဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းအတွက်ကုသမှုနည်းလမ်းများ

တကယ်တော့ ဝမ်းချုပ်ခြင်းကို နေထိုင်မှုပုံစံ၊ ဝမ်းနှုတ်ဆေး စတဲ့နည်းလမ်းများ နဲ့ ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။ ဒါပေမယ့်လည်း တခြားလက္ခဏာတွေဖြစ် တဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မစင်ထဲမှာသွေးပါခြင်း၊ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက်ဖြစ်ခြင်း၊ စအိုမှာအဖုဖြစ်ခြင်း တို့အပြင် မိသားစုထဲမှာ အူမကြီး ကင်ဆာရောဂါရာဇဝင်ရှိသူများ(သို့) အသက်(၅၀) ကျော်မှ ဝမ်းချုပ်ခြင်းကို ပထမဆုံး ကြုံတွေ့ရသူများ အနေနဲ့ အူမကြီးကင်ဆာကဲ့သို့ ပိုမိုပြင်းထန်တဲ့ ရောဂါတွေ ဖြစ်မလာစေဖို့အတွက် ကျန်းမာရေးစစ်ဆေးမှုများကို ချက်ချင်းပြုလုပ် သင့်ပါတယ်။

အမျှင်ဓာတ်ပါဝင်အောင်စားသုံးခြင်း၊ အရည်များများသောက်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ဝမ်းသွားဖို့အတွက်နည်းလမ်းများကိုလေ့ကျင့်ခြင်း၊ ဝမ်းနှုတ်ဆေး သောက်ခြင်း စတဲ့ နေထိုင်မှုပုံစံများဟာ ဝမ်းချုပ်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်း များပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အချိန်တစ်ခုကြာသည့်တိုင်အောင် ဝမ်းနှုတ်ဆေးတွေ သောက်နေပေမယ့် ဝမ်းချုပ်နေသေးတဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်တွင်း အစိတ်အ ပိုင်းများလုပ်ဆောင်မှုကို သိရှိနိုင်ဖို့ စအိုနှင့်အူမကြီး လုပ်ဆောင်မှု စစ်ဆေး ခြင်း(Anorectal Manomety) ကို ဆောင်ရွက်ပေးနိုင်တဲ့ ကျွမ်းကျင် အထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်တော်တဲ့လုပ်ဆောင်မှု ကတော့ အစားဟောင်းအိမ်(Rectum) မှ ညှစ်လိုက်ပြီး စအို(Anus) မှာရှိတဲ့ ကြွက်သားများ ကိုပြေလျော့စေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူနာများမှာ ဒီလိုမျိုး မဖြစ်နိုင်ဘဲ စအိုနေရာမှာ တင်းကျပ်နေတတ်ပြီး အစာဟောင်း( မစင်) များကို စွန့်ထုတ်ဖို့ ခက်ခဲစေပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒီနည်း လမ်းနဲ့ စစ်ဆေးခြင်းဟာ လျှင်မြန်ပြီး နာကျင်မှုမရှိပါဘူး။

ဝမ်းချုပ်ခြင်းအတွက်မအောင်မြင်တဲ့ကုသမှုနှင့် ကြွက်သားအလုပ်မလုပ်ခြင်း (Dyssynergia) အတွက် ရောဂါရှာဖွေမှု

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ ကုသမှုများကိုလုပ်ဆောင် သည့်တိုင် မသက်သာတဲ့ နာတာရှည်ဝမ်းချုပ်လူနာများဟာ ကြွက်သားအလုပ် မလုပ်ခြင်း(Dyssynergia) ကို ခံစားရတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်ဟာ ဝမ်းချုပ် ခြင်းရဲ့ ဆင့်ပွားလက္ခဏာအဖြစ် (၃၀) ရာခိုင်နှုန်းလောက် ခံစားရလေ့ရှိပါတယ်။ ဝမ်းသွားတဲ့အချိန်မှာ တင်းမာနေခြင်း (သို့) စအို ပျော့ပျောင်းမှုမရှိခြင်း စတာတွေ ဟာ မစင်ကို စွန့်ထုတ်ဖို့ အခက်အခဲဖြစ်စေပါတယ်။ စအိုနှင့်အူမကြီး လုပ်ဆောင်မှုစစ်ဆေးခြင်း(Anorectal Manomety) နည်းလမ်းအသုံးပြုကာ Dyssynergia အတွက် ရောဂါရှာဖွေစစ်ဆေးမှုကိုလုပ်ဆောင်နိုင်တဲ့ ဆေးရုံ အများကြီးမရှိပါဘူး။ ဒါပေမယ့်လည်း တိတိကျကျ ရောဂါရှာဖွေနိုင်တဲ့ အချိန်မှာ ဝမ်းနှုတ်ဆေးသောက်ဖို့ ညွှန်ကြားမယ့်အစား ရေရှည်မှာ ပိုပြီး ထိရောက်တဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုအပြောင်းအလဲလေ့ကျင့်ခြင်း (Biofeedback) နည်းလမ်း ကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

စအိုနှင့်အူမကြီး လုပ်ဆောင်မှုစစ်ဆေးခြင်း(Anorectal Manomety)

ဒီနည်းလမ်းနဲ့ စစ်ဆေးဖို့ဆိုရင် လူနာအနေနဲ့ ဝမ်းကိုသဘာဝအတိုင်း (သို့) ဝမ်းချူဆေးသုံးကာ ရှင်းလင်းထားဖို့ လိုအပ်ပါတယ်။ လူနာအနေနဲ့ ဘေးတစ်စောင်း အနေအထားလှဲနေရမှာဖြစ်ပြီး ထုံဆေးထိုး ဖို့မလိုအပ်ပါဘူး။ ဆရာဝန်မှ လူနာရဲ့ စအိုထဲကို ပြွန်ငယ်တစ်ခု ဖြည်းညင်းစွာ ထည့်သွင်းပေးမှာ ဖြစ်ပြီး လူနာရဲ့စအို ကြွက်သားကို ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း တင်းလိုက် လျှော့လိုက် လုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့အတူ စအိုနဲ့ အစာဟောင်း အိမ်လုပ်ဆောင်မှုကို သေချာလေ့လာစစ်ဆေးနိုင်မှာပါ။ တကယ်လို့ လူနာရဲ့ စအိုနဲ့ အူမကြီးလုပ်ဆောင်မှု မှာ တစ်ခုခု ပြဿနာရှိနေကြောင်း တွေ့ရတယ်ဆို ရင် ဆရာဝန်များမှ ဝမ်းနှုတ်ဆေးနဲ့အတူ ခန္ဓာကိုယ်လုပ်ဆောင်မှု အပြောင်းအလဲ လေ့ကျင့်ခြင်း (Biofeedback) နည်းလမ်းကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။ ဒါဟာ ကုသမှုကို (၇၀) ရာခိုင်နှုန်းအထိ အထောက်အကူပြုပါတယ်။

ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများထဲမှာ တစ်ခုအပါအဝင် ဖြစ်တာကြောင့်  နာတာရှည်ဝမ်းချုပ်ခြင်းကို ခံစားနေရပြီဆိုရင် ကျွမ်းကျင်ဆရာဝန်များနဲ့ ရောဂါရှာဖွေကုသမှုများကို ပြုလုပ်ဖို့ အကြံပေးချင်ပါ တယ်။

ဘန်ကောက် ဆစ်မီတဝေ့ဆေးရုံရှိ အသည်းနှင့်အစာချေလုပ်ငန်းဆိုင်ရာ အင်စတီကျု(The Liver and Digestive Institute) ဟာ နောက်ဆုံးပေါ် ခေတ်မီ ဆေးပစ္စည်းများကိုအသုံးပြုကာ အစာအိမ်အူလမ်းကြောင်းနဲ့ အသည်း ကျန်းမာ ရေး ပြဿနာများအတွက် မြန်ဆန်တိကျပြီး ယုံကြည်အားထားရတဲ့ ရောဂါရှာဖွေ စစ်ဆေးမှုများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုဆရာဝန်များ၊ အသည်းအထူးကုဆရာဝန်များဟာ ထိုင်းနိုင်ငံသာမက အခြားပြည်ပနိုင်ငံများမှာပါ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင် ဆရာဝန်များဖြစ်ပါတယ်။ အသည်းနှင့်အစာချေလုပ်ငန်းစိုင်ရာအင်စတီကျူဟာ ထိုင်းနိုင်ငံ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံ၊ ဂျပန်ဆေးရုံရဲ့ ပထမထပ်မှာ တည်ရှိ ပါတယ်။

ဆရာဝန်နဲ့ပထမဆုံး အွန်လိုင်းဗီဒီယိုကောလ်ခေါ်ဆိုတိုင်ပင်မှုအတွက်   ဒီနေရာမှာဆက်လက်လေ့လာနိုင်ပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။