ကလေးများတွင် ဖြစ်ပွားတတ်သော နှလုံးခုန်စည်းချက်မမှန်ခြင်း

ကလေးများတွင် ဖြစ်ပွားတတ်သော နှလုံးခုန်စည်းချက်မမှန်ခြင်း

အနှစ်ချုပ်

  • ကလေးဘဝမှာ ဖြစ်တတ်တဲ့ နှလုံးခုန်စည်းချက်မမှန်ခြင်း ဆိုတဲ့ လက္ခဏာဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပေမယ့် သေသေချာချာ မကုသဘဲ လျစ်လျူရှုထားမိမယ်၊ နှလုံးစည်းချက်မမှန်မှုဟာ ၂၄ နာရီထက်လည်း ပိုပြီး ကြာမြင့်လာမယ်ဆိုရင်တော့ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း (Heart failure) အထိ ဖြစ်သွားစေနိုင်ပါတယ်။ 
  • ကလေးဘဝ နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းရင်းကတော့ မွေးရာပါ နှလုံးရောဂါများ သို့မဟုတ် မွေးဖွားပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နှလုံးအဆို့ရှင်မလုံခြင်း နှင့် နှလုံးကြွက်သား ရောင်ရမ်းခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
  • နေ့စဉ် လူနေမှုဘဝနေထိုင်မှု ပုံစံများကို သင့်တော်သလို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် နှလုံးခုန်စည်းချက်မမှန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

မွေးကင်းစ ကလေးငယ်တွေမှာ နှလုံးခုန်နှုန်းဟာ ပုံမှန်ထက် အလွန်နှေးခြင်း သို့မဟုတ် အလွန်မြန်ခြင်း စတဲ့ နှလုံးခုန်စည်းချက်မမှန်တဲ့ ဝေဒနာကို ခံစားရတဲ့ အကြိမ်ပေါင်းများစွာ ရှိတတ်ပါတယ်။ တချို့ အခြေအနေ မျိုးတွေမှာ ကလေးဟာ နွမ်းနယ်နုန်းခွေနေခြင်း သို့မဟုတ် မရပ်မနား ငိုနေခြင်းမျိုး ရှိနိုင်ပါတယ်။ ဒီလိုအခါ မျိုးမှာ  á€™á€­á€˜á€á€˝á€ąá€Ąá€”္နဲအ မိမိတို့ကလေးငယ်မှာ နှလုံးရောဂါ ခံစားနေရတယ်လို့ လုံးဝ ထင်မှတ်မထားကြဘဲ သာမန် ပုံမှန်အခြေအနေပဲလို့ အမှတ်မှားနေတတ်ကြပါတယ်။

ကလေးငယ်များနှင့် မွေးကင်းစကလေးများတွင် နှလုံးခုန်စည်းချက်မမှန်ခြင်း အဓိကဖြစ်စေတဲ့ အကြောင်းအရင်းများ

ကလေးတွေမှာ နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ မွေးရာပါနှလုံးရောဂါ á€™á€ťá€Źá€¸á€€á€źá€ąá€Źá€„အ် သို့မဟုတ် မွေးဖွားပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြောင်းအရာများကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဆိုပါ အကြောင်းတရား တွေထဲမှာ နှလုံးကြွက်သား ရောင်ရမ်းခြင်း နှင့် နှလုံးအဆို့ရှင်မလုံခြင်းတို့ ပါဝင်ပြီး၊ ဒီမူမမှန်မှုတွေက နှလုံးရဲ့ လျှပ်စီးကြောင်းနှင့် နှလုံးညှစ်အားဆိုင်ရာ လုပ်ဆောင်မှုတွေကို လွဲမှားသွားစေခြင်း သို့မဟုတ် လှုပ်ရှားမှုစနစ်ကို ပျက်စီးသွားစေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီကမှတစ်ဆင့် နှလုံးရဲ့ ထိရောက်စွာ အလုပ်လုပ်နိုင်စွမ်း ကျဆင်းသွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသို့ သွေးလုံလောက်စွာ မပို့လွှတ်နိုင်တော့တဲ့ အခြေအနေ အထိ ရောက်ရှိသွားစေနိုင်ပါတယ်။

ကလေးငယ်များတွင် နှလုံးခုန်စည်းချက်မမှန်ခြင်းဆိုင်ရာ လက္ခဏာများ

နှလုံးခုန်စည်းချက်မမှန်ခြင်းဟာ သိသိသာသာ ထင်ရှားတဲ့ လက္ခဏာများ ပြလေ့မရှိပါ။ သို့သော်လည်း အောက်ပါ အခြေအနေများကို နှလုံးခုန်စည်းချက်မမှန်ခြင်းဆိုင်ရာလက္ခဏာများအဖြစ်သတိပြုမိနိုင်ပါတယ်။ 

  • ကလေးငယ်သည် ငိုယိုနေခြင်း၊ သို့မဟုတ် ကိုယ်လက်လှုပ်ရှား ကစားနေခြင်း မရှိဘဲ အိပ်ပျော်နေချိန် သို့မဟုတ် အနားယူနေချိန်များတွင် ရင်တုန်ခြင်းနှင့် နှလုံးခုန်နှုန်း မူမမှန်ဘဲ အလွန်မြန်နေခြင်း။
  • နှလုံးခုန်သံ စည်းချက်မမှန်ခြင်း၊ မူမမှန်ခြင်းနှင့် ခဏတာ နှလုံးခုန်သံလုံးဝရပ်တန့်သွားသကဲ့သို့ ခံစားရခြင်း။
  • ကလေးငယ်သည် နွမ်းနယ်နုန်းခွေနေဟန် ပေါ်ခြင်း သို့မဟုတ် မူးဝေမိန်းမောချင်သလို ခံစားရခြင်း။

ကလေးငယ်တွေမှာ နှလုံးခုန်စည်းချက်မမှန်တာကြောင့် နှလုံးဟာ ခန္ဓာကိုယ်အနှံ့သို့ သွေးမပို့လွှတ်နိုင်ဘဲ အချိန်ကြာမြင့်စွာ ရပ်တန့်သွားပါက နှလုံးစွမ်းဆောင်ရည် လုံးဝပျက်စီးသွားတဲအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အောက်ပါလက္ခဏာများအနက် တစ်ခုခု သတိထားမိပါက မိဘများအနေဖြင့် ကလေးငယ်အား ဆေးရုံသို့ ချက်ချင်းသွားရောက်ပြသပြီး အရေးပေါ် ကုသမှုခံယူစေသင့်ပါတယ်။

  • ကလေးငယ်သည် ပုံမှန်ထက် ထူးခြားစွာ ဂျီကျခြင်း၊ ချော့မရခြင်း နှင့် ဘာလုပ်ပေးပေး ငြင်းဆန်နေခြင်း။
  • လက်နှင့် ခြေထောက်များ ရုတ်တရက် အားနည်းသွားခြင်း။
  • မူးမေ့သွားခြင်း။
  • အသက်ရှူရပ်သွားခြင်း။
  • ရင်တုန်ခြင်းနှင့်အတူ ရင်ဘတ်ထဲမှာ တင်းကျပ်ကျပ် ခံစားရခြင်း။

နှလုံးစည်းချက်မမှန်ခြင်းကို ရောဂါရှာဖွေ ဖော်ထုတ် အတည်ပြုခြင်း

  • အချို့သော ကလေးငယ်တွေဟာ အုပ်ထိန်းသူများ မသိရှိဘဲ ကဖင်းဓာတ်ပါတဲ့ အဖျော်ယမကာများ သို့မဟုတ် အခြားသော လှုံ့ဆော်ပစ္စည်းများကို သောက်သုံးထားမိခြင်းမျိုး ရှိနိုင်သကဲ့သို့ ဆီးချို သို့မဟုတ် သွေးတိုးရောဂါ ကဲ့သို့သော အခြားကျန်းမာရေး ပြဿနာများ ခံစားနေရတာမျိုးလည်း ရှိနေနိုင်တာကြောင့် ကလေးရဲ့ ဆေးဝါးသောက်သုံးမှုသမိုင်းကြောင်းကို မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်အနှံ့ စစ်ဆေးခြင်းများကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
  • ကလေးငယ်တွင် လက္ခဏာများ ပေါ်ပေါက်လာပါက နှလုံးလျှပ်စစ်ဓာတ်စီးကြောင်းစစ်ဆေးခြင်း (ECG) အီးစီဂျီ ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
  • လက္ခဏာ မကြာခဏ ဖြစ်ပေါ်ပြီး မူမမှန်တဲ့ ကလေးတွေအတွက် Holter monitor ကို တပ်ဆင်ပေးပါမယ်။ မူမမှန်မှုများကို ရှာဖွေဖော်ထုတ်ရန်အတွက် အီလက်ထရုတ်ပါတဲ့ စတစ်ကာအသေးလေးကို ကလေး၏ ရင်ဘတ်တွင် ကပ်ထားပြီး ၎င်းမှတစ်ဆင့် ၂၄ နာရီမှ ၄၈ နာရီအထိ နှလုံး၏ လျှပ်စစ်နှင့် စက်မှုစွမ်းအားဆိုင်ရာ စိစစ်ချက်များကို မှတ်တမ်းတင်စက်သို့ ပေးပို့ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။
  • နှလုံး၏ လုပ်ဆောင်နိုင်စွမ်း ထိရောက်မှုကို ဆန်းစစ်ရန်အတွက် နှလုံးတယ်လီဗေးရှင်းဓာတ်မှန် ရိုက်ကူးစစ်ဆေးခြင်း(Ultrasound)၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့်စစ်ဆေးခြင်း (Echocardiogram) ကိုလည်း ပြုလုပ်ရနိုင်ပါတယ်။

နှလုံးခုန်စည်းချက်မမှန်ခြင်းကို ကုသခြင်း

  • နှလုံးကို ပုံမှန်အတိုင်း မှန်မှန်ကန်ကန် ခုန်စေရန် နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ ဆေးဝါးများကို အသုံးပြုနိုင်ပါတယ်။ အဆိုပါ ဆေးဝါးများတွင် Beta blockers များ၊ Calcium channel blockers များနှင့် နှလုံးစည်းချက်ထိန်းဆေး (Anti-arrhythmic drugs) များ ပါဝင်ပြီး ၎င်းတို့အားလုံးကို သွေးခဲခြင်းမှ ကာကွယ်ရန် သွေးကြောပိတ်တားဆေး (Anticoagulant) များနှင့် ပူးတွဲအသုံးပြု နိုင်ပါတယ်။
  • နှလုံးခုန်နှုန်း ပုံမှန်ထက် နှေးသော ကလေးများအတွက် နှလုံးခုန်စက် (Pacemaker) တပ်ဆင်ခြင်းကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ထိုစက်ပစ္စည်းကို ရင်ဘတ် အရေပြားအောက်တွင် တပ်ဆင်ရပြီး နှလုံးခုန်နှုန်းကို စိစစ်ဆန်းစစ်ကာ လိုအပ်သည့်အခါတိုင်း နှလုံးခုန်နှုန်း ပုံမှန်ဖြစ်အောင် ပြုပြင်ထိန်းညှိပေးမှာ ဖြစ်ပါတယ်။
  • နှလုံးခုန်နှုန်း ပုံမှန်ထက် မြန်သော ကလေးများအတွက်ကတော့ လျှပ်စစ်ဓာတ်အားသုံး နှလုံးစည်းချက်ပြန်ညှိခြင်းနည်းလမ်းကို အသုံးပြုရန် သင့်တော်ပါတယ်။ ကလေး၏ ရင်ဘတ်တွင် အီလက်ထရုတ်ချပ်ပြားများ တပ်ဆင်ကာ ပြင်ပစက်ပစ္စည်းနှလုံးနှိုးဆွစက်မှတစ်ဆင့် နှလုံးထံသို့ လျှပ်စီးနှင့် နှလုံးညှစ်အားဆိုင်ရာ စိစစ်ချက်များ ပေးပို့၍ နှလုံးစည်းချက်ကို ပြန်လည်ပြုပြင် ပေးခြင်း ဖြစ်ပါတယ်။

ကလေးငယ်များ အထူးသဖြင့် မွေးကင်းစကလေးများမှာ နှလုံးခုန်စည်းချက်မမှန်ခြင်းကို ရောဂါအမည်တပ် ခွဲခြားသိရှိရန် ခက်ခဲနိုင်ပါတယ်။ သို့သော် မိဘများနှင့် အုပ်ထိန်းသူများအနေဖြင့် မိမိတို့ကလေးငယ်မှာ ဖြစ်ပေါ်လာတဲ့ မူမမှန်အပြောင်းအလဲများကို မပေါ့ဆသင့်ပါ။ ထို့အပြင် ကလေးငယ်များ အဝလွန်တဲ့ အခြေအနေ မဖြစ်စေဖို့ နေ့စဉ်နေထိုင်မှု ပုံစံများကို ထိန်းညှိပေးခြင်း၊ အဆီနှင့် သကြားဓာတ် လျှော့ချထားပြီး အာဟာရမျှတစုံလင်တဲ့ အစားအစာများကို စားသုံးစေခြင်းနှင့် ပုံမှန်တက်ကြွစွာ ကိုယ်လက်လှုပ်ရှားမှုများဆောင်ရွက်နိုင်ရန် စီစဉ်ပေးခြင်းတို့ကို ပြုလုပ်ပေးရပါမယ်။ ထို့အပြင် နောင်အနာဂတ်မှာ ကျန်းမာရေးပြဿနာများ မဖြစ်ပေါ် စေရန်အတွက် ကလေးရဲ့ကျန်းမာရေးနှင့် အပြုအမူဆိုင်ရာ အပြောင်းအလဲများကို မပြတ်စောင့်ကြည့်ပေးရန် လိုအပ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘက်စုံပြည့်စုံသော ကလေးနှလုံးရောဂါ အထူးကုသဆောင်

ရင်သွေးငယ်များ နှလုံးကျန်းမာရေးနှင့် ပတ်သက်လာပါက အချိန်ကိုက် ကုသမှုခံယူနိုင်ခြင်းနှင့် အထူးကုဆရာဝန်များ၏ အတွေ့အကြုံ ရင့်ကျက်မှုတို့ဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဆစ်မီတဝေ့ အင်တာနေရှင်နယ် á€€á€œá€ąá€¸á€†á€ąá€¸á€›á€Żá€śá€€á€źá€Žá€¸á€™á€žá€Źá€›á€žá€­á€á€˛á€ˇ ကလေး နှင့် မွေးကင်းစကလေး နှလုံးရောဂါ နှင့် နှလုံးခွဲစိတ်ကုသမှုစင်တာ á€™á€žá€Ź နှလုံးခုန်စည်းချက်မမှန်ခြင်း၊ မွေးရာပါ နှလုံးရောဂါများနှင့် နှလုံးကြွက်သား ရောင်ရမ်းခြင်းဝေဒနာများကို ခံစားနေရတဲ့ မွေးကင်းစကလေးများ၊ ကလေးငယ်များနှင့် လူငယ်များအတွက် ကမ္ဘာ့အဆင့်မီ ရောဂါဖော်ထုတ် စမ်းသပ်စစ်ဆေးမှုများနှင့် အဆင့်မြင့် ကုသမှုနည်းလမ်းများကို ပံ့ပိုးပေး လျက်ရှိနေပါတယ်။ 

ဘန်ကောက်မြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကလေးနှလုံးရောဂါ အထူးကု ဆရာဝန်များအဖွဲ့ဟာ ရှုပ်ထွေးတဲ့ နှလုံးရောဂါ အခြေအနေများကို တိကျစွာ ရောဂါဖော်ထုတ် စစ်ဆေးနိုင်ရန်အတွက် အဆင့်မြင့် ကလေးနှလုံးလျှပ်စစ်စီးကြောင်း စစ်ဆေးခန်းများ (ECG) နှင့် နှလုံးအာထရာဆောင်း ရိုက်ကူး စစ်ဆေးခန်းများအပါအဝင် ခေတ်မီစက်ပစ္စည်း နည်းပညာများကို အသုံးပြုထားပါတယ်။ ကလေးငယ်တစ်ဦးရဲ့ နှလုံးဆိုတာ အလွန်ပဲ နုနယ်တာကြောင့် အထူးဂရုစိုက်မှုနှင့် သီးသန့် အထူးကုသမှု နည်းလမ်းများ လိုအပ်တယ် ဆိုတာကို ကျွန်တော်တို့ ကောင်းစွာနားလည်ပါတယ်။ ဒါကြောင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံမှု အပြည့်အဝရရှိစေရန်၊ နာကျင်မှုကို လျှော့ချပေးနိုင်ရန်နှင့် ပုံမှန် လန်းဆန်းတက်ကြွတဲ့ ကလေးဘဝသို့ မြန်ဆန်စွာ ပြန်လည်ရောက်ရှိစေရန်အတွက် ထိုးဖောက်မှုအနည်းဆုံးနည်းပညာဖြင့် နှလုံးခွဲစိတ်ကုသတဲ့ နည်းလမ်းများကို အဓိကထားပြီး သီးသန့်ကုသမှု အစီအစဉ်များကို စနစ်တကျ ရေးဆွဲဆောင်ရွက်ပေး လျက်ရှိနေပါတယ်။

မိမိရဲ့ရင်သွေးငယ်မှာ သတိထားမိတဲ့ လက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိလာပါက သို့မဟုတ် ဘက်စုံစစ်ဆေးမှု ပြုလုပ်လိုပါက ထိုင်းနိုင်ငံရှိ ကျွန်တော်တို့ရဲ့ ကလေးနှလုံးဆေးကုသရေးအဖွဲ့ထံသို့ ဒီနေ့ပဲ ဆက်သွယ်လိုက် ပါ။ ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံကြီး သို့မဟုတ် ဆစ်မီတဝေ့ဆရီနာခရင် ဆေးရုံကြီးရှိ ထိပ်တန်း အထူးကု ဆရာဝန်ကြီးများနှင့် ရက်ချိန်းယူပြီး သေသေချာချာ တိုင်ပင်ဆွေးနွေးလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အဆင့်သတ်မှတ်ချက်