မိမိတို့ရဲ့ကလေးမှာ ခြေထောက်တွေ ကောက်/ခွင် နေတာကို သတိပြုမိတဲ့အခါ တစ်ခုခုမှားယွင်းနေပြီလားဆိုပြီး စိုးရိမ်ပူပန်တတ်ကြပါတယ်။ အမှန်စင်စစ်အားဖြင့် ကလေးငယ်တွေမှာ ခြေခွင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပြီး များသောအားဖြင့် အသက်ကြီးလာတာနဲ့ အမျှ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာတတ်ပါတယ်။ သို့သော်လည်း အချို့သောအခြေအနေတွေမှာတော့ ခြေခွင်ခြင်းဟာ နောက်ခံကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် မိဘတွေအနေနဲ့ သေချာစွာဂရုပြုစောင့်ကြည့်သင့်ပြီး လိုအပ်ပါက မှန်ကန်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုများခံယူနိုင်ရန် အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
“ခြေခွင်ခြင်း” ဆိုတာ ကလေးရဲ့ ခြေထောက်များနဲ့ ဒူးဆစ်တွေ အပြင်ဘက်သို့ အနည်းငယ် ကောက်ထွက်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်စလုံးမှာ ဖြစ်နေနိုင်သလို တစ်ဖက်တည်းမှာလည်းဖြစ်ပွားနိုင်ပြီး ခြေဖဝါးများ အတွင်းဘက်သို့ ကွေးဝင်နေခြင်းနဲ့လည်း တွဲပြီးတွေ့ရတတ်ပါတယ်။ ကလေးက ဖနောင့်နှစ်ဖက် ကို ထိပြီး မတ်မတ်ရပ်တဲ့အခါ ဒူးနှစ်ဖက်ဟာ ပူးမသွားဘဲ ကွာဟနေတတ်ပါတယ်။ အသက်တစ်နှစ်အောက် ကလေးများနဲ့ လမ်းလျှောက်တတ်စကလေးများမှာ အတွေ့ရများပါတယ်။ များသောအားဖြင့်တော့ ဒါဟာ ပုံမှန်အခြေအနေသာ ဖြစ်ပြီး အချိန်တန်လျှင် သဘာဝအတိုင်း ပြန်လည်တည့်မတ်သွားလေ့ရှိပါတယ်။
ခြေခွင်ခြင်းကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်ပါတယ် -
ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်ရဲ့ သားအိမ်ထဲ နေရာကျဉ်းကျဉ်းလေးထဲမှာ ဖွံ့ဖြိုးလာရတာကြောင့် ကလေးရဲ့ ပေါင်ရိုးများ ကွေးညွတ်ပြီး အနေအထားညှိယူရာမှတစ်ဆင့် ဖြစ်ပွားနိုင်ပါတယ်။
ပုံမှန်ထက် စော၍ မတ်တတ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းကဲ့သို့ ဖွံ့ဖြိုးမှု အလွန်မြန်ဆန်သော ကလေးငယ်များနဲ့ ကိုယ်အလေးချိန် ပုံမှန်စံနှုန်းထက် ကျော်လွန်နေသော ကလေးငယ်များတွင် ယာယီအားဖြင့် ခြေခွင်ခြင်း ဖြစ်ပွားနိုင်ပြီး၊ နောက်ပိုင်းမှာ တဖြည်းဖြည်း ပြန်လည်တည့်မတ်သွားတတ်ပါတယ်။
အချို့သော ကလေးတွေမှာ အသက် ၃ နှစ်မှ ၄ နှစ်အရွယ် လမ်းလျှောက်တဲ့အခါ ဘဲသွား သွားခြင်း သို့မဟုတ် တယောပုံစံ ခြေထောက်ဖြစ်ခြင်း လက္ခဏာများ ပြသတတ်ပြီး၊ အသက် ၇ နှစ်မှ ၈ နှစ်ဝန်းကျင် အထိ ကြီးထွားလာတဲ့ အခါမှာ ပုံမှန်ခြေထောက်အနေအထားသို့ သဘာဝအတိုင်း ပြန်လည်ရောက်ရှိသွားလေ့ ရှိပါတယ်။
မိမိတို့ရဲ့ကလေးမှာ အောက်ပါလက္ခဏာရပ်များထဲမှ တစ်ခုခုကို သတိပြုမိပါက မှန်ကန်သောရောဂါရှာဖွေမှု ခံယူနိုင်စေဖို့ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။
အများအားဖြင့် ကလေးတွေမှာ ခြေခွင်ခြင်းဟာ ကြီးထွားလာသည်နဲ့ အမျှ သဘာဝအတိုင်း ပြန်လည်ကောင်းမွန် လာတတ်ပါတယ်။ ခြေထောက်အရိုးတွေဟာ တဖြည်းဖြည်း တည့်မတ်လာလေ့ရှိပြီး ပုံမှန်အားဖြင့် အသက် ၂ နှစ်မှ ၃ နှစ်အရွယ်လောက်ဆိုရင် သိသာစွာ သက်သာလာတတ်ပါတယ်။ အသက် ၃ နှစ်မှ ၄ နှစ်အရွယ်တွင် အနည်းငယ် ပြန်ကောက်သွားသလို ဖြစ်နိုင်ပေမယ့် ပုံမှန်အားဖြင့် အသက် ၇ နှစ်မှ ၈ နှစ်အရွယ်ရောက်တဲ့အခါ ခြေထောက်အနေအထားမှာ ပုံမှန်အတိုင်း ပြန်လည်တည့်မတ်သွားတတ်တာကြောင့် မိဘများအနေဖြင့် ဘာမှ အထူးတလည် လုပ်ဆောင်ပေးဖို့ မလိုပါ။
ပြင်းထန်ခြေခွင်ခြင်းဖြစ်နေပြီး အခြားကုသနည်းလမ်းများနဲ့ မသက်သာခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာတဲ့ လက္ခဏာများပြသပါက ဆရာဝန်က ပြုပြင်ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လမ်းညွှန်နိုင်ပါတယ်။ ခွဲစိတ်ကုသတဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။
အနီးကပ်စောင့်ကြည့်ပေးဖို့ လိုအပ်တဲ့ ပုံမှန်ခြေခွင်ခြင်းမျိုး ဖြစ်စေ၊ ကုသမှုခံယူနေရတဲ့ ခြေခွင်ခြင်းမျိုး ဖြစ်စေ ဆရာဝန်ရဲ့ လမ်းညွှန်မှာကြားချက်တွေကို တိကျသေချာစွာ လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ခွဲစိတ်ကုသမှု ခံယူပြီးချိန် သို့မဟုတ် ခြေထောက်ကွင်း/ဒူးထိန်းကိရိယာများ အသုံးပြုဖို့ လိုအပ်တဲ့ အခြေအနေ တွေမှာ ပိုပြီး လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဆရာဝန်ဟာ ကုသမှုတိုးတက်မှု အခြေအနေကို ဆန်းစစ်နိုင် ခြင်း၊ ကုသမှုအစီအစဉ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပွား အောင် ကာကွယ်နိုင်ခြင်း စတာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေမှာ ခြေခွင်ခြင်းဟာများသော အားဖြင့် ကြီးလာတာနဲ့အမျှ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်သွားတတ်ပေမယ့် မိဘများအနေနဲ့ ကလေးရဲ့ ခြေထောက်အနေအထား ပြောင်းလဲမှုများ၊ လမ်းလျှောက်ပုံနဲ့ အခြားသော လက္ခဏာရပ်များကို ပုံမှန်ဂရုတစိုက် စောင့်ကြည့်ပေးသင့်ပါတယ်။ စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ ရှိပါက သို့မဟုတ် ပုံမှန်မဟုတ်တဲ့ လက္ခဏာများကို တွေ့ရှိရပါက မှန်ကန်တဲ့ ရောဂါရှာဖွေမှုနဲ့ ပြုစုစောင့်ရှောက်မှုများ ရရှိနိုင်ရန် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်၊၊ ဒါမှသာ ကလေးငယ်ဟာ ကျန်းမာသန်စွမ်းပြီး ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များနဲ့ အတူ ကြီးပြင်းလာနိုင်မှာပဲ ဖြစ်ပါတယ်။
ဆစ်မီတဝေ့နိုင်ငံတကာကလေးဆေးရုံကြီးရဲ့ ကလေးခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့ဟာ ဒဏ်ရာအသေးဆုံးခွဲစိတ် ကုသမှုနည်းပညာကို ကျွမ်းကျင်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ မွေးကင်းစကလေးများနဲ့ ကလေးငယ်များ အတွက် အသုံးပြုတဲ့ အဆိုပါနည်းပညာမှာ အလွန်သေးငယ်တဲ့ခွဲစိတ်ကိရိယာများကို အသုံးပြုပြီး ခွဲစိတ်ရာ အကျယ်မှာ ၂ မီလီမီတာမျှသာ ရှိတဲ့အတွက် ဒဏ်ရာရရှိမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကလေးငယ်များကို ပိုမိုမြန်ဆန်စွာ ပြန်လည်နာလန်ထလာစေပါတယ်။
ဒါ့အပြင် ဆေးရုံမှာ Bi-plane နည်းပညာကို အသုံးပြုထားတဲ့ Hybrid ခွဲစိတ်ခန်း (Hybrid Operating Room) လည်း တပ်ဆင်ထားရှိပါတယ်။ ဒီနည်းပညာဟာ ဓာတ်မှန်ပုံရိပ်များကို မျက်နှာပြင်မျိုးစုံမှ တပြိုင်နက်ထဲ ရိုက်ကူးပေးနိုင်တာမို့ အရေးပေါ်အခြေအနေတွေမှာ ချက်ချင်းရောဂါရှာဖွေနိုင်ခြင်းနဲ့ ခွဲစိတ်မှုဆိုင်ရာ ဆုံးဖြတ် ချက်များကို မြန်ဆန်စွာ ချမှတ်နိုင်ခြင်းစတဲ့ ကဏ္ဍတွေမှာ များစွာအထောက်အကူပြုပါတယ်။ ဒီနည်းပညာဟာ ဆေးရုံရဲ့ ခွဲစိတ်ကုသမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရုံသာမက ရှုပ်ထွေးခက်ခဲတဲ့ ခွဲစိတ်မှုမျိုးခံယူဖို့ လိုအပ်တဲ့ လူနာတွေကိုပါ ပိုမိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။
ဆောင်းပါးများ